Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, February 15, 2012

ဖျား၂ လီ...ဖျား..

          ခုမှ နေကောင်းတယ်.။ ဟိုတစ်နေ့က ဖျားနေတာလေ.။ ပြည်ထောင်စုနေ့က . ပြန်ပြီးသက်သာပေမယ့်.
ထပ်ဖျားသွားတယ်.။ ဖြစ်ပုံက မသေကောင်းမပျောက်ကောင်းပဲ.။ ဒါပေမယ့်  ကျေနပ်သလိုလိုပဲ. ။ဘာဖြစ်လို့
လဲဆိုတော့.။ ကျွန်တော်ဖျားနေတဲ့အ ချိန်မှာ.. ပြင်ဦးလွင်မှာပေါက်စလဲ တစ်ပြိုင်နက်တည်းဖျားနေတာ.။
လူက နေသာမကောင်းတာ . ။ ဖျားတာတောင်အတူတူဖျားရတော့ ကျေနပ်သလိုလိုဖြစ်နေသေးတယ်.။
          သူဖျားတာကိုကျွန်တော်အစက မသိပါဘူး.။ပြည်ထောင်စုနေ့က အွန်လိုင်းမတက်လို့ ဖုန်းဆက်မလို့
လုပ်တော့ ဖုန်းက ပိုက်ဆံကုန်နေပြီ..။ဖုန်းကလည်းဒီမှာဟိုဟိုသည်သည်သွားတာကလွဲလို့ဆက်စရာမရှိတော့

ပိုက်ဆံလည်း မဖြည့်ဖြစ်ဘူးဖြစ်နေတာ. ။ အဲဒါနဲ့ ပြင်ဦးလွင်ကအစ်မတစ်ယောက်ကိုဖုန်းဆက်ခိုင်းလိုက်မှ
ပေါက်စဖျားနေတယ်ဆိုတာ သိရတယ်။အဲဒါနဲ့ ကျွန်တော် ဖုန်းကဒ်သွားဖြည့်ဖို့ အနွေးထည်ထူထူထပ်ပြီးတော့
အဆောင်ဘေးက ကုန်တိုက်ကိုသွားပါတယ်.။  အောက်ထပ်ကို ဆင်းဆင်းချင်း အရင်ရက်များနဲ့မတူ အရမ်း

အေး တာကို သတိထားမိတယ်.။ ဖျားထားခါစမို့လို့ ကိုယ်ခံအားနည်းနေတာ လို့ ထင်မိပေမယ့်..။အပြင်မှာပါ
လူတွေ ရှင်းနေတာကိုတွေ့မှ အပူချိန် မကြည့်ခဲ့မိတာကိုသတိရမိတယ်.။ ကုန်တိုက်ကိုလည်း ရောက်ရော.
ဖုန်းကဒ်ဖြည့်တဲ့. စက်က အလုပ်မလုပ်ပါ ဆိုတဲ့ .. စာကပ်ထားတယ်.။ သေရောဗျာ.။ ဟိုးဘက် မြေအောက်ရ
ထားဘူတာ ထိသွားဖြည့်ရတော့မယ်. .။  သိပ်တော့ မဝေးပါဘူး.။ လမ်းလျှောက်ရင်..၁၅ မိနစ်လောက်တော့
လျှောက်ရတယ်.။ ဒီအတိုင်းသွားလို့တော့ တော်တော်အေးမယ့်သဘောရှိတာနဲ့..အဆောင်ပေါ်ပြန်တက်ပြီး
အနွေးထည်နောက်တစ်ထပ်ပြန်ထပ်ရတယ်.။ အခန်းထဲရောက်မှ Desktop ပေါ်ကိုကြည့်လိုက်မှ.. -28 ဒီဂရီ
ဖြစ်နေမှန်းသိတယ်ဗျာ..။


အနုတ်၂၈ တဲ့..



         အဲဒါနဲ့ကျွန်တော် အနွေးထည်သုံးထပ်လောက်ထပ်ပြီး . မြေအောက်ရထားဘူတာမှာ ဖုန်းကဒ်သွားဖြည့်
တယ် .။ သူငယ်ချင်းတွေကို အဖော်ခေါ်ပေမယ့်အေးလွန်းတော့ မလိုက်ချင်ဘူးထင်တာနဲ့ အားနာပြီး မခေါ်
တော့ပဲ တစ်ယောက်တည်းပဲထွက်လာတယ်.။အသွားကတော့အေးအေးဆေးဆေးပဲ.။အေးချက်ကတော့ ပိုး
စိုးပက်စက်ပဲ.။ မျက်နှာတွေကွဲထွက်တော့မယ်.။ ဒါတောင် တစ်ကိုယ်လုံးမှာ မျက်နှာ တစ်ခုပဲဖော်ထားတာ။
ခြေထောက်တွေထုံကျဉ်ကုန်တယ်.။ ဥဒ္ဒိစ္စအလွန်.၊ကမ်းကုန်နေပြီ.. ချစ်လုံ့လ၊ချစ်ဝီရိယ များ ဆိုတာကို သွား
သတိရလိုက်သေးတယ်.။ 
         အပြန်ကျတော့.။ ကျွန်တော်တို့ အဆောင်မရောက်ခင်.. ထင်းရှုးတောလိုလိုနေရာလေး တစ်ခုရှိတယ်.။
အဲဒီနေရာက လူနည်းနည်းပြတ်တယ်.။ခါတိုင်းတောင်လူပြတ်တယ် ဆိုတော့ .အဲဒီနေ့က ပိုဆိုးတယ်.။ ရုရှား
တွေတောင် အပြင်မထွက်ကြတာကိုတွေ့တယ်. ။ အပြန်ခရီးဆိုတော့ လူက နည်းနည်းထုံချင်နေပြီ..။ အဲဒီ
ထင်းရှုးတောလေးထဲလည်းရောက်ရော..။ ခြေထောက် မှာတစ်ခုခု တင်းသလို ဖြစ်သွားတယ်။ ဒါပေမယ့် ထုံ
နေတော့ မသိသာဘူး.။ နောက်တစ်လှမ်းလှမ်းလိုက်မှ. တင်းတင်းကြီးနဲ့ညွတ်ကျသွားပြီး ကြွက်တက်မှန်းသိ
တော့တယ်. ။ ကျောင်းမှာ ကြွက်တက်ရင်. ရေခဲနဲ့ကပ်တာ မြင်ဖူးတယ်.။ ခုဟာက အေးပြီးတက်တာဆိုတော့
ဘာလုပ်ရမှန်းမသိဘူး.။ တော်တော်နဲ့လဲ ပြန်မထနိုင်ဘူးဖြစ်နေတယ်. ။ ပတ်ဝန်းကျင်မှာလည်းအကူအညီ
တောင်းစရာလူမရှိဘူး.။ ကူညီကြပါဦး..လို့ ရုရှားလိုအော်သေးတယ်.။ ကံဆိုးချင်လို့လားမသိဘူး ဘယ်သူမှမရှိ
ဘူး..။ သေချာတာက ကျွန်တော် နောက်ထပ် ၅ မိနစ်လောက်ဆိုရင် သွေးခဲပြီးသေနိုင်တယ်ဆိုတာ သတိ
ထားမိတယ်.။ စိတ်ကိုတင်းပြီးမရရအောင်ထတယ်.။ မလှုပ်မရှားပဲ ခနလောက်ငြိမ်လိုက်လို့လားမသိဘူး.။မျက်
လုံးတွေဝါးနေတယ်.။ မရရအောင်ထတယ်.။ ငယ်ငယ်ကတည်းက အခက်အခဲကြုံရင်ရွတ်နေကျ.. ယဿာနု
ဘာဝတော ယက္ခာ၊ နေ၀ ဒေဿန္တိ ဘီသနံ ကို ပါးစပ်ကတမ်းရွတ်မိတယ်.။ ဘုရားတရားကိုအာရုံပြုပြီးတော့
စိတ်ကိုတင်းပြီးတော့မှ ထတယ်.။ သွေးတော့နည်းနည်းပူသွားပြီလို့ထင်တယ်.။ ခြေသလုံးကိုစမ်းကြည့်တော့ 
ထောက်နေတဲ့ကြွက်သားအလုံးကြီးကရှိသေးတယ်.။ ခြေထောက်ကို ခေါက်ပြီးတော့..ထိုင်ပြီး နှိပ်နယ်ကြည့်
တော့ ပြန်ကျသွားတာကို ၀မ်းသာအားရတွေ့တယ် ..။ ပြန်မတက်ပါစေနဲ့လို့ ဆုတောင်းပြီး.။ အဆောင်ကို 
ထော့ကျိုးနဲ့ပဲလျှောက်ပြီးပြန်လာခဲ့တယ်.။ 
         အဆောင်ပြန်ရောက်တော့ ဖုန်းတောင်မဆက်အားဘူး.။ ကျွန်တော် အားပြတ်ပြီးလဲမလိုလိုဘာလိုလို
ဖြစ်သွားတယ်.။ ကွန်ပျူတာကို Ubuntu စမ်းတင်တာ အိပ်ရေးပျက်ရက်တွေများနေပြီလေ.။ ဖုန်းဆက်ပြီးနား
လိုက်တယ်. ..။ညနေစောင်းကြီးအိပ်လိုက်လို့ လားမသိပါဘူးဗျာ. ။ ပြန်နိုးလာတော့ ကိုယ်တွေပူနေပြီ..။ 
ဗိုလ်ချုပ်မွေးနေ့မှာလဲ စာမရေးလိုက်နိုင်ဘူး.။ ခုတောင် ဘာသာရပ်နဲ့ဆိုင်တဲ့ဝေါဟာရတွေသင်နေလို့ 
အတန်းကို မပျက်ချင်လို့လိုက်နေတယ်.။ခုတော့ကောင်းသွားပါပြီ.။လူကတော့အားမရှိချင်သလိုဖြစ်နေတယ်။
ဒါပေမယ့် နားလို့မရဘူး ဗျာ. ။ ဘလော့ကိုတော့ နေ့တိုင်းဖွင့်ဖြစ်တယ်.။ သူများတွေရေးထားတာတွေလိုက်
ဖတ်ရင်း..။ အားကျတယ်.။ မတင်နိုင်ရင်လည်း အားနာမိတယ်.။ ဗိုလ်ချုပ်မွေးနေ့တုန်းက ဖေ့ဘွတ်ခ် ပရိုဖိုင်
မှာ ဗိုလ်ချုပ်ပုံလေးတင်လိုက်သေးတယ်.။ ခုတော့ နေကောင်းလာပါပြီ.။ စာတွေများလာပြီဗျာ.။ ရက်တွေကျဲ
မှာကြောက်တယ်.။ ပေါက်စလည်းနေကောင်းသွားပြီလို့ပြောတယ်.။  
          အခုရေးတဲ့အချိန် .-4 ဒီဂရီပဲရှိတော့တယ်. ဟိဟိ. မကြာမီ ဘောလုံးထွက်ကန်နိုင်ပါလိမ့်မည်...။ အော်
ပြောဖို့ တစ်ခု ကျန်သွားသေးတယ်.။ ကျွန်တော်ဖျားနေတုန်းကာလက..အဖျားပျောက်သွားတာ .. အစ်မ
အော်တန်..ရဲ့ ဗယ်လင်တိုင်းနေ့ သီချင်းဆိုပြိုင်ပွဲမှာ ဖျားရက်ကြီးဝင်ပြိုင် လိုက်တာ ချွေးထွက်သွားလို့လို့ထင်
ပါတယ်။  ပထမဆုကတော့ US က ကို Holystar က ရသွားပါတယ်.။ ကျွန်တော်က ဒုတိယ.. ။ တတိယက 
ကျွန်တော်နဲ့စာသင်ခန်းတစ်ခန်းတည်း ...ဘေးချင်ကပ်လျက်က ဝေလျှံဦး ကရသွားတယ်. ။ တစ်ကမ္ဘာလုံးက
မြန်မာတွေစုပြီးပြိုင်တာပါ.။ အယောက် ၃၀ ပြိုင်ရပါတယ်.။ ဒုတိယနဲ့တတိယကို တစ်ဆောင်တည်းအတူတူ
နေတဲ့ သူငယ်ချင်းနှစ်ယောက်ရသွားတယ်ဆိုရင်.. ချက်ရွန်းထဲကလူတွေ စိတ်ဆိုးနေမလားမသိဘူး ဟီးဟီး.။
ကျွန်တော့်ရဲ့. ရေကုန်ရေခန်းပြိုင်ခဲ့တဲ့. ပွဲစဉ်တွေက..
၁- မိုးသက် Vs လွမ်းပို..(မိုးကုတ်သူ သူငယ်ချင်း ကောင်မလေးပါ..။ ပြောမနာဆိုမနာတွေ..။ မပြိုင်ခင်ကတည်းက နာတော့သွားပီ. ဆိုတဲ့သူလေ..)
စိုင်းစိုင်းရဲ့..နွေရာသီလမ်းခွဲသီချင်းနဲ့ ဖြုတ်လိုက်တယ်.။ 
၂- မိုးသက် Vsနတ်သမီးလေး( L လွန်းဝါရဲ့ ရင်ဘတ်ထဲကလူ သီချင်းနဲ့ နိုင်ပါတယ်..)
၃- မိုးသက် Vs ကိုကျားပေါက်( ပွဲမစခင်ကတည်းကပထမရမယ်လို့တစ်ပေးထားတဲ့အစ်ကိုပါ.။ ဂစ်တာနဲ့ကိုယ်
တိုင်တီးပြီးဆိုတာပါ.။ သိပ်ကိုကောင်းတယ်.။မထင်မှတ်ပဲနဲ့နိုင်ခဲ့ပါတယ်.။ ဒါပေမယ့်ကျွန်တော့်နောက်ဆုံး
လက်နက် အဖြစ်ထားထားတဲ့. ဖိုးကာရဲ့ လမ်းခွဲသီချင်းကိုထုတ်သုံးလိုက်ရတယ်...အဲဒီသီချင်းက ကျွန်တော့်
အပိုင်ဆုံးလို့ပြောရမယ့် Master Piece ..။)
၎-ဆီမီးဖိုင်နယ်ပါ..မိုးသက်Vsကိုဇော်ဖြိုး (ဖိုးကာရဲ့ င့ါရဲ့လျှို့ဝှက်ချက် သီချင်းနဲ့ နိုင်ခဲ့ပါတယ်.။ )
၅- ဖိုင်နယ်ပွဲပါ.. မိုးသက် Vs ကို Holystar (ဖိုးကာရဲ့ တိုးတိုးလေးပြောပါနဲ့ပြိုင်ပါတယ်.. ကိုဟိုလီစတားဆိုတဲ့
သီချင်းကိုတော့နာမည်မသိပါဘူး.။ ကျွန်တော်ရှုံးသွားပါတယ်။ )
           ပြီးခဲ့တဲ့ ဟက်ပီးနျူးရီးယားတုန်းက တစ်ပွဲလုပ်ပါသေးတယ်။ ကျွန်တော်ပန်းခြံလိုက်သွားလို့ မပါလိုက်ရ
ပါဘူး.။ အဲဒါနဲ့ဒီပွဲကျတော့ ဖျားနေရင်းနဲ့ မလွတ်ချင်လို့ ၀င်ပြိုင်လိုက်တာပါ.။ဆုကတော့ ဘာရဦးမလဲ မသိ
သေးပါဘူး.။ ပြီးခဲ့တဲ့တစ်ခေါက်တုန်းကတော့ .ဒေါ်လာ ၁၇၅-၁၅၀-၁၀၀ လားမသိဘူး ပေးတယ်..။ခုတော့မသိ
ပါဘူး.။ ၀ါသနာပါရင်လာခဲ့ကြပါဦး.. ။ဒီမှာ အသေးစိတ်သွားဖတ်နိုင်တယ်နော်. ။ အဲဒီထဲမှာ နာမည်က မှား
နေသေးတယ်.။ ကျွန်တော့်နာမည်ကို မိုးယံထက်လို့ရေးထားတာ ဟိဟိ..။ ကဲတော်ပြီဗျာ..အိမ်စာတွေလည်း
များတယ်.။ စာလုပ်လိုက်ဦးမယ်နော့..။ ဒီလဂစ်တာဝယ်ပြီးရင်..ကျွန်တော်လည်း မချိုမချဉ်..ဟုတ်ပေါင်မှားလို့
မချိုချဉ်လို Youtube Channel လေးတစ်ခုလောက်လုပ်ဖြစ်မယ်ထင်တယ်. ။ See You ပါ..။ဒီလောက်နဲ့ပဲကျေနပ်
ကြပါဦးလို့..။




ရေးသားသူ : မိုးသက် // 1:54 PM
အမျိုးအစား:

10 comments:

  1. ခုမှ ဒီဘလော့ဂ်ကိုဖတ်ဖူးတာ.. ပထမဆုံးကောမန့်ပါ.. တော်သေးတာပေါ့..နေကောင်းသွားလို့.. ကျန်းမာရေးက အရေးကြီးတယ်.. ဂရုစိုက်ပါ..Bro..
    ဖျားသာဖျားနေတာ.. Activities ကတော့ တော်တော်များသားနော်..
    အဲ့ဒီ့နိုင်သွားတဲ့ သီချင်းတွေကို ဘယ်မှာနားထောင်လို့ရမလဲ.. တင်ပေးပါအုံး..
    ပို့စ်အသစ်များကိုလည်းစောင့်မျှော်နေတယ်.. =)

    WL

    ReplyDelete
  2. အေးတဲ့ရာသီမှာနေဖို့က အာရှသားတွေအတွက်မလွယ် ဘူး..
    ခြေထောက်ကြွက်တက်ရင်သိပ်ခံရဆိုးတယ်...
    ကျမ်းမာရေးဂရုစိုက်အုံး..
    သီချင်းဆိုဆုရသွားတဲ့သူကိုလဲ congrats ပါလို့...
    -28 ကိုပြချင်တာလား ချစ်သူလေးနဲ့ပုံကိုပြချင်တာလား..
    နှစ်ခုလုံးကြည့်သွားတယ်..း)

    ReplyDelete
  3. ဖျားပေလို့ပဲ မဖျားရင် ပထမရရင်ရနေမှာ..
    ဒါနဲ့ ပုံက weather ကို ပြချင်တာလား Desktop background ကိုပြချင်တာလား :P :P

    YouTube Channel လုပ်မှာတော့ အားပေးတယ်.. ဆုတောင်ရထားတာ ဆိုတော့ သီချင်းတွေတော့ နားထောင်ချင်သေးတယ် လုပ်လိုက်စမ်းပါ :D :D

    ReplyDelete
  4. အချစ်တွက်နဲ့ အသက်ကိုစွန့်မယ် ဆိုတာ၊ ဒီလို ပိစိ မျိုးနေမှာ :P

    (မှတ်ချက်.. ပေါက်စနဲ့ အတွဲညီအောင် ပိစိလို့ နာမည်ပေးလိုက်သည်)။

    ReplyDelete
  5. ဟုတ်တယ် မမြတ်ကြည်ပြောသလိုဘဲ
    ပေါက်စနဲ့နာမည်ချင်းလိုက်အောင်
    ပိစိလို့ခေါ်ပြီ..

    ပိစိရေ..ဟဲဟဲ ဇွဲကတော့မသေးဘူးဘဲ
    သေရင်သေပစေဆိုတဲ့ဇွဲ ဟိဟိ
    အချစ်အတွက်ပြောပါတယ်..
    နောက်ခါအပြင်ထွက်ရင်
    မျက်နှာပါတဝက်လောက်ပါအုပ်လို့ရတဲ့
    mask လေးတခုတပ်သွားလေ..
    အဲတာဆို မျက်လုံးလေးဘဲပေါ်နေတော့
    အေးတာနဲနဲသက်သာတာပေါ့
    အမတို့စီမှာအရမ်းအေးရင်လည်း
    အဲလိုmask တပ်ပြီးမှသွားတာဘဲ
    မျက်နှာလေတိုးရင် အရမ်းအေးတာ..

    ခင်တဲ့အမ ပစ်ပစ်

    ReplyDelete
  6. ကြွားတာဆိုလည်း ကြည့်သွားပါတယ် ....:P အရမ်းအေးတဲ့ ဒေသမှာ ကျန်းမာရေး ဂရုစိုက်ပါ မောင်လေးရေ... ဒီတစ်ခါ ဆုရရင် မုန့်ကျွေးနော်....:):)

    ReplyDelete
  7. နေကောင်းသွားပြီလား
    ကြွက်တက်ရင်ရိုက်လိုက်အကိုရေ
    ထန်းရေလေးနဲ့မြည်းရအောင်..:P
    သီချင်းဆိုပြိုင်ပွဲမှာဒုတိယဆုရတာဂုဏ်ယူပါတယ်...

    ReplyDelete
  8. နေကောင်းသွားပြီဆိုလို့လဲ ဝမ်းသာပါတယ်
    ဆုရလို့လဲ ဝမ်းသားဂုဏ်ယူပါတယ်

    ReplyDelete
  9. အဲဗျ ဒုတိယရတယ်ပေါ့ အဆိုကောင်းပဲ....ဟုတ်မှာပါ ငချွတ်လေးထဲက သီချင်းဆိုလာတာ ဆိုတော့လဲ :P

    ReplyDelete
  10. လင့်ပျောက်နေလို့မနည်းရှာယူရတယ်ကော
    တွေ့မယ်တွေ့တော့မောင်မင်းကြီးသားကဖျားနေရေား))
    ကဲ ဘာဘဲပြောပြော မြန်မြန်နေကောင်းပြီး များများဟဲနိုင်ပါစေကြောင်းးးးး)

    ခင်မင်လျှက်
    အမ
    ဒိုးကန်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List