Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, February 1, 2012

အဲဒီနေ့က.....



         “ ကိုမိုး မြန်မြန်မောင်းဦး..တော်ကြာနောက်ကျနေလို့. အဘိုးလေးနဲ့ ပြဿနာတက်နေဦးမယ်..”
        “ မင်းကလည်း အခု လာတာကို ပြဿနာတက်နေလောက်ပြီ. ဘာလဲ မင်းက ကြောက်တာလား..
စောစောက တော့ တစ်မျိုး..”

        “ အာမဟုတ်ပါဘူး.. ကိုမိုးကလည်း .ကျွန်တော်က ဘာကိုကြောက်ရမှာလဲ..ကျွန်တော်ပြောပြီးသားပဲ..
အဆိုးဆုံးထိတွေးပြီးသားပါဆိုမှ....”
       “ အေး..ပြီးတာပဲ.. ”
      တူဝရီးနှစ်ယောက်..(တူဝရီးဆိုသော်လည်း . အသက်အရွယ်က မတိမ်းမယိမ်းဆိုတော့ညီအစ်ကိုလိုငယ်
ငယ်လေးကတည်းက..နေလာတော့.. ကိုမိုး၊ ကိုတိုး လို့ပဲခေါ်သည်..။)ရန်ကုန်-မန္တလေးလမ်းမကြီးပေါ်မှာ
ဆိုင်ကယ်တစ်စီးနှင့်..ခရီးနှင်နေကြသည်..။ပုံစံတွေက မြင်တာနှင့်ပင်လူရယ်ချင်စရာ..။ ကျွန်တော်က
ရှပ်အကျီင်္အဖြူ ၊ ပုဆိုးနှင့်.၊ ကိုမိုးက . ဂျင်းဘောင်းဘီ.. အကျီင်္ကိုယ်ကျပ်နှင့်..၊ ဘယ်လိုမှ မအပ်စပ်သော စတိုင်အသီးသီးစီဖြင့်..။ ပြာယီးပြာယာထွက်လာရတာလည်းဖြစ်.. ၊ အိမ်က မသိအောင်ခိုးထွက်လာတာ
လည်းဖြစ်တော့...၊ဒီပုံစံနှင့်ထွက်မှာ မရိပ်မိမည်ကိုး..။ ခိုးထွက်လာတယ်ဆိုသော်လည်း.မလုပ်နဲ့လို့သေ
ချာပြောထားသည်ကိုမှ တမင်လုပ်လာသည် ဆိုတော့. ခိုးထွက်လာသည်ဟု မပြောဘဲဒဲ့ထွက်လာသည်ဟု
ပြောရမလား..။
       ပွင့်ပွင့်လင်းလင်းပြောရလျှင် ကျွန်တော် မန္တလေးမှ အဘိုးအဘွားတို့ကို အဖေ အမေတို့ထက်ပင်ပို
ကြောက်ရသည်..။ဘော်ဒါဆောင် ထောင်ထားသည့်အတွက် စည်းကမ်းကြပ်သည်.။ ကျွန်တော့်ကို ငယ်ငယ်
လေးကတည်းကပင် မကြာခဏ စာသင်ရန်သွားရသည်.။ ကျွန်တော်တို့ အမျိုးတွေက ထုံးစံတစ်ခုရှိသည်..။
ငယ်ငယ်လေးကတည်းက ဆူခံရမည်ကို ရိုက်မည်ထက်ကြောက်ကြသည်..။အဘိုးလေးက ဆူလည်းဆူ၊
ရိုက်လည်းရိုက်တတ်သည်..။ ပြီးတော့ အပြစ်ပေးသည်က ရှိသေးသည်..။ အဆောင်ရှိ ကျောင်းသား၊ကျောင်း
သူများ အိပ်ယာထနောက်ကျလျှင်ဖြစ်စေ..၊ အခြားအပြစ်တစ်ခုရှိသည်ဖြစ်စေ..၊ ရပ်ကွက်ပတ်ပြေးရသောထုံး
စံရှိသေးသည်..။ မယုံမရှိပါနှင့်.. ။ ရပ်ကွက်ထဲကလူများကတော့ ဒီမြင်ကွင်းကိုရိုးနေပြီဖြစ်သည်..။ နေ့ခင်း
ကြောင်တောင်လည်း ပတ်ပြေးရပါသည်..။ တစ်ခါက အဆောင်သန့်ရှင်းရေး မလုပ်သဖြင့်. ၊ အပေါ်ထပ်ရှိ
ကျွန်တော် အစ်မ ဆေးကျောင်းသူပင်.ကလေးများနှင့်ရော၍ ပတ်ပြေးရဖူးသည့် သာဓက ရှိဖူးသည်..။ ထိုကဲ့
သို့သော. ကြိမ်ဒဏ်.၊ အပြစ်ဒဏ်များကိုကျွန်တော် ငယ်ငယ်လေးကတည်းက အင်မတန်ကြောက်ခဲ့သည်.။
တတ်နိုင်သမျှလည်း အပြောလွတ်အောင်နေခဲ့သည်.။ အကင်းပါးပါး.၊စာကိုမှန်မှန်လုပ်..၊ အိပ်ယာစောစော
ထ.၊ စသဖြင့်ဖြစ်သည်.။
     ဒီလိုမြေ၀ယ်မကျ နားထောင်လာပါလျက်နှင့်..။မင်းက ဘာကြောင့်ယခုလို အိမ်က မသိအောင်ခိုးထွက်.၊
(ဟုတ်ပေါင်) အိမ်က သိသိနဲ့ ဒဲ့ထွက်လာရတာပါလဲ..ဟု မေးလျှင်. ဖြေစရာအဖြေ တစ်ခုသာရှိပါသည်.။
ကြောက်စရာများကိုတောင်လျစ်လျှူရှုနိုင်အောင် ကြီးမားသော စွမ်းအားတစ်ခုကြောင့်လို့ သာဖြေစရာရှိပါ
သည်..။ စာဖတ်သူများသိလောက်ပါပြီ..။ ဘာစွမ်းအားနည်း..။ ဘယ်သူ့ထံမှလာသနည်း..။ထပ်မံမေးလျှင်
ကား ဖြေပေးရပါမည်.။ကျွန်တော်ချစ်သူ. “ မေ” ဆိုသော..ပညတ်ချက်တစ်ခု၏ အာကာသတွင်းနက်ကြီး
များ(Black Holes) များထက်များစွာကြီးမားသော. ဆွဲငင်အား တစ်ခု ကြောင့်..ဟုတိတိကျကျ ဖြေရပါ
လိမ့်မည်..။

+++++++++++++++++++++++++++++++++++++++++++++++++++++++
              တကယ်တမ်း ဒီဖြစ်ရပ်က ကျွန်တော် မေမြို့မှာကတည်းက စတာဖြစ်သည်..။ သူမ ဆီလာပါ
မည်ဟု ကတိပေးထားကြောင့် အဖေ့ ထံရင်ဖွင့်မိသည်.။ (အဖေက သူမနှင့်ပတ်သတ်သောကိစ္စများတိုင်ပင်
ရာတွင် အမေ့ထက်ပင်ပွင့်ပွင့်လင်းလင်းရှိသည်..) ။ အဖေက တော့ သိပ်စိတ်ချဟန်မတူ..။
  “ ငါ့သား မင်း ဆိုင်ကယ်မစီးတာပိုကောင်းလိမ့်မယ်.. သွားခါနီးလာခါနီး တစ်ခုခုဖြစ်နေမယ်..(ဒီကိုလာခါနီး
အချိန်ဖြစ်သည်.) ၊ မင်းသွားချင်တယ် ဆိုရင် ဦးသိန်း တို့ကိုကားနဲ့လိုက်ပို့ခိုင်းလေ. ..”
    “ အာ ..ဖေကြီးကလည်း . ဘိုးလေးကိုလိုက်ပို့ခိုင်းရင်. ကျွန်တော်က ပေါက်စနဲ့ဘယ်လိုတွေ့တော့မှာ
လဲ.. ဖြစ်သေးပါဘူး ဖေကြီးရာ..”
     အဖေက အနည်းငယ်စဉ်းစားဟန်ပြုလိုက်ပြီးမှ..
    “ အေးကွာ.. မင်းသွားချင်လည်းသွားပေါ့. အပြန်အဖေ့အတွက် စဥ့်ကိုင်က ပဲလှော်ဝယ်လာခဲ့.ကွာ..”
    ကျွန်တော် စိတ်သက်သာရာရသွားပါသည်.. ။ အဖေ့ဆီက ပါမစ်ရပြီဆိုတော့. အဘိုးလေးတို့ကို အဖေ့
အလုပ်ကိစ္စဖြင့်သွားမည် ဟု. .ပြော၍သွားလျှင်ရနိုင်မည်ထင်သည်..။
    မန္တလေးကိုရောက်ပြီး အထုပ်အပိုးတွေချခါမှ ကျွန်တော့်အထင်နှင့် အမြင် တက်တက်စင်အောင်လွဲသွား
ပြီတာ သိလိုက်ရတော့သည်..။အဘိုးလေးက အိမ်ပေါက်ဝကနေဆီးပြောသည်..။
     “ မိုးသက် မင်းအဖေ ဖုန်းဆက်တယ်.. . ။ မင်းကိုဘယ်မှ မလွှတ်ပါနဲ့တဲ့...။ မင်းကောင်မလေးဆီသွားမ
လို့ဆို... ပစ္စည်းတွေသွားပေးမလို့ဆို..။ ငါ့ကိုပေး..ငါသွားပေးပေးမယ်..”
       သွားပြီ.။ အဘိုးလေးက ပြောပြောဆိုဆိုနှင့်.. လက်ထဲက အထုပ်ကို ယူသွားသည်.။ အထုပ်ထဲမှာ နတ်
သမီးလေးလိုလှသော ဗီနိုင်းတစ်ချပ်..။ ဓါတ်ပုံအယ်လ်ဘမ် တစ်ခု..။ ချစ်သူဖတ်ဖို့ ကျွန်တော့်စာမူပါသော.
စစ်တက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းစာအုပ်.၊ သူ့အတွက်အမှတ်တရပေးရမည့်.. ကျွန်တော် ရေးခဲ့သောနေ့
စဉ်မှတ်တမ်းစာအုပ်.. ။
       ညနေ ထမင်းဝိုင်းကျတော့ အဘိုးလေးက ဆူပါတော့သည်..။
     “ လူကြီးတွေက မင်းတို့ကို ဒုက္ခရောက်မှာစိုးလို့.. ၊ မဖြစ်သင့်တာ မဖြစ်ရအောင် တားတာနော်..။မင်း
တို့က လူကြီးတွေလက်နဲ့ရေးတာကို ခြေနဲ့ဖျက်မယ်ဆိုရင်တော့ ငါတို့က မင်းတို့ကို သည်းခံမှာမဟုတ်ဘူး.။
ငါတို့အမျိုးက“ ဟင်း ”. ဆိုပြီးနှာခေါင်းရှုံ့မိရင်လှည့်မကြည့်တတ်တဲ့အမျိုး ကွ ..”
     အဘိုးလေးပြောတဲ့ နောက်ဆုံးစကားကို တစ်နေရာရာမှာကြားဖူးသလိုပင်.. ။ စဉ်းစားနေရင်း. ပင်သတိ
ဖြတ်ခနဲရသည်..။ သူမ ရဲ့ မေမေပြောဖူးတဲ့စကားပဲ.. ။ “ ဟင်း ”. ဆိုပြီးနှာခေါင်းရှုံ့မိရင်လှည့်မကြည့်တတ်
တဲ့အမျိုးတွေဆိုတော့.. ကျွန်တော်နှင့်သူမ များ အမျိုးတော်နေမလား။ တောင်တောင်အီအီတွေ လျှောက်
နေသေးသည်..။
   ညရောက်တော့ ကျွန်တော် အတူတူအိပ်သည့် ဦးလေး ၂ယောက်ကို ရင်ဖွင့်မိသည်.။ ကျွန်တော် ဒီတစ်
ခေါက် သူမနှင့်တွေ့တာ နောက်ဆုံးလည်းဖြစ်သွားနိုင်ကြောင်း..။ သူမကို ထိုပစ္စည်းများ ကိုယ်တိုင်သွားပေး
လိုကြောင်း .. ဘာညာ နည်းနည်းပါးပါး ငိုပြလိုက်သည်.။ နောက်ဆုံးတွင်...အနှီ ဦးလေး ၂ယောက်အနက်က
စိတ်မြန်လက်မြန်.. ၊ အဆူခံရသည်ကိုအရေထူနေပြီဖြစ်သော ကိုမိုးက ကျွန်တော့်ကိုမနက်ဖြန် ကျောက်
ဆည် သို့ ပို့ပေးရန်. သဘောတူလိုက်ရာမှ ကျွန်တော်တို့ ယခု မန္တလေး-ကျောက်ဆည် ခိုးကြောင်ခိုးဝှက်
ခရီးစဉ် စတင်ဖြစ်ပေါ်လာခြင်းပင်ဖြစ်ပါသည်..။
    ကျောက်ဆည် ကိုရောက်ခါနီးလာပြီဖြစ်သည်..။ နေကလည်း တစ်ဖြည်းဖြည်းမြင့်တက်လာပြီ..။ ချွေးတစ်
လုံးလုံးနှင့် ညီအစ်ကိုတူဝရီးနှစ်ယောက် ကျောက်ဆည်မြို့ထဲဝင်မိကြသည်..။
         “ စကားဝါဆောင်ဟုတ်တယ်နော်.....”
         “ ဟုတ်တယ် ကိုမိုး..”
      ကျောက်ဆည်.. မှာ ရေမြောင်းကြီးလား၊ ချောင်းကြီးလား မသိ.. တစ်ခုရှိသည်..။ အဲဒီ ချောင်းလိုလို
မြောင်းလိုလို ကြီးဘေးက လမ်းထဲဝင်သွားရသည်.။ (ကျွန်တော်မှာ လာချင်သူဖြစ်သော်လည်း ၊ လမ်းကို
မသိပါ.။ ဆရာ မိုးက ရောက်ဖူးသူဖြစ်၍ ကံကောင်းစွာ လမ်းမမှားခြင်းဖြစ်ပါသည်..။)
       ကျောက်ဆည်နည်းပညာ တက္ကသိုလ် ဆိုတဲ့ ဆိုင်းဘုတ်ကြီး.ကိုလှမ်းမြင်ရတဲ့အချိန်ရောက်မှာ လမ်း
ဘယ်က လမ်းကျဉ်းလေးတစ်ခုထဲ ၀င်ရသည်..။ ထိုလမ်းကလေးဆုံးမှ ပေါက်စ နေတဲ့ စကားဝါဆောင်ကို
ရောက်သည်..။(ပေါက်စ ဆိုတာ သူမက ကလေးလေးလို ဖြစ်လို့ချစ်စနိုးနဲ့ခေါ်တဲ့နာမည်ဖြစ်သည်.။)
အဆောင်ထဲဝင်ခါနီးမှ သူမပြောထားတာကို သတိရမိသည်..။ “ အဆောင်ကအဘွားကြီးက ယောကျာ်းလေး
တွေဧည့်တွေ့လာရင် သိပ်မကြိုက်ဘူးနော်.၊စကားကြည့်ကြပ်ပြော. နင်ပြောခံရလိမ့်မယ် ” ဆိုတာဖြစ်ပါ
သည်..။ဒါကိုတော့ စိုးရိမ်စရာမရှိပါ..။ နှုတ်ချို၊ သျှိုတစ်ပါး ရဲ့အကျိုးကို ကျွန်တော် ခံစားရပေါင်းများပါပြီ.။
ဒါပေမယ့်အဆောင်ထဲ ၀င်ကတည်းက အဆောင်ထဲက..မိန်းမကြီးတစ်ယောက်ထွက်လာပြီး.
  “ ဘယ်သူနဲ့တွေ့ချင်လို့လဲ..မသိဘူးရှင့်”
   ကျွန်တော်နဲနဲကြောင်သွားပါသည်..။ တယ်ဟုတ်တဲ့ငါပါလား..။ ငါ့ကိုပြောတဲ့ပုံက တစ်မျိုးပဲ. ။ လူကြီးတစ်
ယောက်ကို ပြောတဲ့ပုံနဲ့.. မိန်းမကြီးလေသံက အစချိုနေသည်..။ ချက်ခြင်းပင်သတိရသွားတာက ကျွန်တော်
ဝတ်ဆင်ထားသည့်ပုံစံ ပါ.။ပုဆိုး အသစ်နှင့် ရှပ်အကျီင်္အဖြူကို တိုက်ပုံ လိုလို ဂျာကင်ပါးပါးလေး.(သူမ ကန်
တော့ထားတာ..) ကို ၀တ်ထားသည်.။ ပါဝါမျက်မှန်လေးကလည်းတပ်ထားဆိုတော့..။ ဆရာပေါက်စ လိုလို
ဘာလိုလို. ..ဖြစ်နေသည်ကို သတိရမိသည်..။
      “ ဟုတ်ကဲ့. ကျွန်တော်..မေဇော် နဲ့ တွေ့ချင်လို့ပါခင်ဗျာ...”
      စာဖတ်သူများ အလိုအလျောက်နားလည်ရမည်မှာ ကျွန်တော့်လေသံ ချိုပြီးသားဖြစ်ကြောင်းပါ..။
     “ ဟုတ်ကဲ့ ခနထိုင်စောင့်ပါဦးရှင့်..”
     ခဏ ကြာတော့ သူမထွက်လာသည်..။ သူငယ်ချင်းများလည်းပါလာသည်.။
     “ ဘယ်သွားကြမှာလဲ.. ”
    “ နေဦးဟ..ငါက အိမ်က မသိအောင်ခိုးထွက်လာတာ..အချိန်သိပ်မရဘူး..မေဇော်ရ.. ။နင့်ကိုဒါတွေလာ
ပေးတာ..”
     မနက်ခင်းအစောကြီး အဘိုးလေးမနိုးခင် ပြန် “ မ” လာသော ကျွန်တော့်အထုပ်လေးကို သူ့လက်ထဲ
ထည့်လိုက်ပါသည်..။ကျွန်တော် တို့ ပလန်ချထားသော.. ရွှေကူကြီးဘုရားကိုသွားလည်မည့် အစီအစဉ်
အစား.ကျောင်းနားက ပွင့်သစ်စ ဆိုတဲ့ဆိုင်ကလေးမှာ.Breakfast စားခြင်းဖြင့်သာကျေနပ်ခဲ့ရပါတော့သည်.။
      အပြန်လမ်းမှာတော့. တစ်ချိန်လုံးစကားမပြောတဲ့ကိုမိုးက စကားစဆိုသည်..။
    “ မင်းကိုပို့ပေးရမှာမို့.. နန်းရှေ့ ကအတန်းကို ငါဖျက်လိုက်တယ်ညီလေး..။ ”
    “ အားနာစရာကိုမိုးရာ.. အစ်ကိုမအားရင်လည်း ကျွန်တော့်ဖာသာလာတာပေါ့..အခု အစ်ကို့ကျောင်းသား
တွေမျှော်နေရော့မယ်..”
     ကိုမိုးဘာမှ မပြောပါ.။
     အိမ်ပြန်ရောက်တော့ ဘာမှ မပြောပဲ. . အိမ်ထဲဝင်ကြသည်..။ ကျူရှင်ရှိသည့်ဘက်က မ၀င်ပဲနောက်ဖေး
ဘက်က ၀င်တော့ ထမင်းလာစားနေသည့်. ဂိုက်ဆရာမ ကလှမ်းပြောသည်..။
    “ အယ် မိုးသက်ရေ..နင်တို့ ပြန်လာပြီလား.. ဒီမှာ မိုးမီးလောင်နေပြီ .. ” တဲ့..။
   ကျွန်တော် မဖြုံတော့ပါ.. ။ ကိုယ်လုပ်ချင်တာ လုပ်လာခဲ့ ပြီးပြီဆိုတော့ စိတ်ထဲမှာပျော်နေခြင်းဖြစ်ပါသည်။
အပေါ်ထပ်ကို တက် အ၀တ်အစားလဲ ပြီးဆင်းလာတော့ အောက်ထပ်မှာ အဘိုးလေးက  စောင့်နေသည်. ။
အမျိုးများလည်း စုံစုံလင်လင်ရောက်နေကြပါသည်..။ ညီလာခံမှာလူစုံနေပြီဆိုတော့.. ဘယ်သူ့ကိုသေဒဏ်ချ
မလို့လဲ ဆိုတာ တွေးကြည့်နေစရာပင်မလိုပါ..။
   “ ဟေ့ကောင် မြန်မြန်ဆင်းလာခဲ့. မင်းကိုစောင့်နေတာ...”
   အဘိုးလေး၏ လေသံမာမာကို ကြားရသည်.။ အောက်ကိုရောက်တော့..အဘိုးလေးက တစ်ခွန်းတည်း
သောစကားကို ပြောလိုက်သည်...။
   “ ဟေ့ကောင် မင်းအိတ်ယူပြီး ပြန်တော့.. နောက်ထပ် ဘယ်တော့မှ တို့အိမ်ကို မလာခဲ့နဲ့ ”တဲ့....။
          ကျွန်တော် တစ်ခုခုကိုပြောပြလိုသောဆန္ဒ ရှိသော်လည်း ..မပြောဖြစ်ပါ.။ အပေါ်ထပ်ကိုတက်ပြီး
အ၀တ်အစားထည့်သည့် ကျောပိုးအိတ်ကို တက်ယူသည်.။ ပြန်ဆင်းလာပြီး အဘိုးလေးနှင့်အဘွားလေးကို
ရှိခိုးကန်တော့ပါသည်.။ အဘိုးလေးက မျက်နှာတင်းနေသော်လည်း အဘွားလေးက တော့မျက်ရည်တွေကျ
နေသည်..။
      “ ငါ့မြေးလေး မင်းကိုအဘွားလေးတို့ကပြောသားပဲ.။ မင်း ထိုက်နဲ့မင်းကံပဲကွယ်....”
      ကျွန်တော့်ကိုအဘွားလေးပြောသည့်အချိန်မှာ ကျွန်တော် ၀မ်းနည်းသလိုဖြစ်မိပါသည်.။ သို့သော် ကျွန်
တော် နောင်တမရခဲ့ပါ.။ ပြောလိုသော စကားများကိုတော့ ပြောဖြစ်ခဲ့ပါသည်...။
      “ အဘွားလေးတို့နဲ့ အတူတူ နေခဲ့တဲ့ တစ်လျှောက်လုံး အဘွားလေးတို့ အဘိုးလေးတို့ စကားကို ကျွန်
တော် မြေ၀ယ်မကျနားထောင်ခဲ့ပါတယ် အဘွားလေး... ဒီတစ်ခေါက်ကတော့ ကျွန်တော် နားမထောင်ခဲ့မိ
ပါဘူး..။ ဘာဖြစ်လို့လဲဆိုတော့.. ဒီတစ်ခေါက်က ကျွန်တော်နဲ့ သူနဲ့နောက်ဆုံးအကြိမ်တွေ့တာလည်းဖြစ်
သွားနိုင်လို့ပါ..အဘွားလေး..။ ဒီနေ့ခရီးကိုသွားရင် သတ်ပစ်မယ်ဆိုရင်တောင် ကျွန်တော် သွားမှာပါအဘွား
လေး..၊ ဒီတစ်ခု တော့ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ...”
      ရဲရဲတောက်စကားတွေပါ.။ အရင်က မော် မကြည့်ရဲခဲ့တဲ့ မြေးဖြစ်သူက ဒီလိုပြောနေတယ်ဆိုတော့.
အိမ်ကလူတွေအံ့သြနေကြသည်..။ နောက်တော့ကျွန်တော်နှုတ်ဆက်ပြီး ပြန်ခါနီးတွင်... အဘိုးလေးက
စကားတစ်ခွန်းထပ်ပြောသည်.....။
    “ သဘက်ခါလောက်ကျရင် . မျက်မှန်လုပ်ဖို့ ပြန်လာခဲ့ပေါ့.. ” တဲ့..။
+++++++++++++++++++++++++++++++++++++++++++++++++++++++
        ကျွန်တော်ဒီဖြစ်ရပ်တွေအကြောင်းသူမကို ဖြစ်ကြောင်းကုန်စင် ပြောမပြခဲ့ပါ..။ခပ်ပါးပါးလောက်သာ
သိသည်ဆိုရုံမျှသာ ပြောပြခဲ့ပါသည်.။ ကျွန်တော့်ကြောင့် သူမ စိတ်မကောင်းဖြစ်မှာကိုလည်းကျွန်တော်မလို
လားပါ..။လူကြီးတွေစိတ်ဆိုးလည်းခဏဆိုတာ သိထားတာလဲ ပါပါသည်..။ သူမကတော့ ထိုနေ့ကိုကျွန်တော့်
အတွက်ရေးပေးခဲ့သည့်စာအုပ်လေးထဲမှာပြည့်စုံစွာရေးသားခဲ့ပါသည်.။
+++++++++++++++++++++++++++++++++++++++++++++++++++++++
     မှတ်မှတ်ရရ ဖြစ်နေခဲ့သည့် ထိုနေ့ကို ဟိုတစ်နေ့က ဖေ့စ်ဘွတ်မှာ ညီမလေးတစ်ယောက်က အဲဒီနေ့
အကြောင်းကိုပြန်ပြောပါတယ်.။ စိတ်ထဲမှာ မှတ်မှတ်ရရ ပြန်သတိရလာလို့. ဒီစာလေးကိုပြန်ရေးမိတာပါ.။



ရေးသားသူ : မိုးသက် // 11:30 AM
အမျိုးအစား:

7 comments:

  1. ဟဟဟ.... အချစ်အတွက်ဆို အသက်ပင်သေသေပေါ့
    အင်း... တွဲလက်လေးတွေ ခိုင်မြဲပါစေ :D

    ReplyDelete
  2. ကြည့်ရတာ ကောင်မလေးနဲ့က ရားစီးမကျ ချစ်ချစ်မကျဖြစ်မယ်ထင်တယ်။ :)

    ReplyDelete
    Replies
    1. ကရားစီး ဆိုတာဘာတုန်း အစ်မ..း) တားနားလည်ဘူး...။
      ကိုရီးယားလိုပြောတာလား..။

      Delete
  3. ပိန်းပါပေ့ ငါ့မောင်ရယ် ရားစီး ဆိုတာ ရည်းစားလို့ ပြောတာပေါ့။

    ReplyDelete
    Replies
    1. အော် တိဘူး.. ကရားစီးလို့ ဖတ်လိုက်တာပါ... ခွိခွိ(ရှက်ရှက်ဖြင့်ရယ်သည်.။)
      First Love မဟုတ်ပေမယ့်.. Last Love ပေါ့အစ်မရာ.။ R ကြီးသီချင်းထဲက
      နောက်ဆုံးရင်ခွင်.. ဆိုတာမျိုး.. ..။(တော်တော်အမြင်ကတ်နေရော့မယ်...)

      Delete
  4. ပာားပာား နာမည်ပြောင်ရပြီကွ
    နောက်ဆိုငါတို့လဲ
    ကိုမေမြို့မိုးကြီးကို တွံတေးသိန်းတန်လို့ခေါ်မှပဲ.....:)

    ReplyDelete
  5. ဘာပဲပြောပြော ကြည်နူးစရာလေးတွေ အပြည့်နဲ့ပါလားမောင်လေးရေ..

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List