Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, February 17, 2012

ညစ်လို့ရေးတဲ့စာ...



          ခုတစ်လော ဘာတွေအလိုမကျဖြစ်နေလဲမသိဘူး.။ စိတ်ထဲမှာ တစ်ခုခု ခံပြင်းသလိုလို၊ဒေါသထွက်သ
လိုလိုဖြစ်နေတာ.။ အတန်းသွားတော့လည်း စိတ်တွေပျံ့နေတယ်.။ နွေရောက်တော့မှာမို့လို့လားတော့မသိ..။
မစားချင်မသောက်ချင်၊ စကားမပြောချင် ၊ ဖြစ်နေတာ။ပို့စ်ရေးဖို့ကတော့ .. ကွန်မန့်လေးတွေကိုပြန်ကြည့်ရင်

ရေးချင်စိတ်ထပ်ပေါ်လာပြန်ရောဖြစ်နေတယ်.။
          ဗုဒ္ဓဟူးနေ့က ကျွန်တော်တို့ ကျောင်းက ပရော်ဖက်ဆာကြီးရူပကျောင်းသားအသစ်များကို လာကြည့်
တယ်.။ စာတွေပြန်မေးတယ်.။ ပွဲကိုပျက်ခံနေတာပါပဲ.။ သူက အသက်ကြီးတော့ စကားသိပ်မပီဘူး.။ ရူပဗေဒ
Terms တွေက သင်တာသိပ်မကြာသေးဘူးလေ.။ မနည်းလိုက်ရတယ်။ပြီးတော့Quantum Mechanics
တွေပြန်မေးတယ်.။ အဲဒါတွေကရသေးတယ်.။ နောက်ပိုင်း ပထမနှစ်လောက်က ဟာတွေက ခေါင်းတွေတစ်
ဗြင်းဗြင်းကုတ်ပြီးစဉ်းစားရတယ်.။ လူတော့ တော်တော်ရူးချင်သွားတယ်.။ ကျွန်တော်တို့ ရူပဗေဒ ဘာသာက
ရုရှားမှာ အဆင့်အမြင့်ဆုံးပဲ.။ ဆေးတွေ ဘာတွေတက်မလာနဲ့.။ ဒီမှာ တစ်ခု အားကျဖို့ကောင်းတာက.သင်တဲ့
ဆရာတွေ ၊ဆရာမတွေက ကိုယ်တိုင် ပညာရှင်ကြီးတွေဖြစ်နေတာပါ.။ ကျွန်တော်တို့ ကျောင်းက တင်သိပ္ပံ
ပညာနဲ့နိုဘယ်လ်ဆုရသူ ၂၄ဦးရှိတယ်.။ကျောင်းက နိုင်ငံတကာအာကာသစခန်းနဲ့တိုက်ရိုက်အဆက်အသွယ်
ရှိတယ်.။ အဲဒီက ပို့တဲ့.ဥက္ကာခဲတွေကို ဒြပ်ခွဲရတယ်..။ စာတွေဘာတွေ မသိလို့သွားမေးရင်.ဆရာလုပ်သူက
စာကြည့်တိုက်ကိုသွားပြီးငှားရမယ့်စာအုပ်ပြောတယ်.။ အဲဒီစာအုပ်ကိုရေးသူက တစ်ခြားသူမဟုတ်ဘူး .။ အဲဒီ
ဆရာကိုယ်တိုင်ပဲ.။အဲဒီလို အစဉ်အလာကြီးကြီးမားမားနဲ့.ကမ္ဘာ့အဆင့်ရှိတဲ့ကျောင်းကိုရောက်သွားတာကံ
ကောင်းတယ်ပြောရမလားကံဆိုးတယ်ပြောရမလားမသိဘူး.။တော်တော်တော့ လိုက်ရမှာပေါ့. ။တစ်ခုကံ
ကောင်းသွားတာက ကျွန်တော်တို့ကျောင်းမှာပဲ Ph.D တက်နေတဲ့အစ်ကိုကြီးတွေ.၊ D.Sc တက်နေတဲ့အစ်
ကိုကြီးတွေရှိနေတာပါ.။
        စကားကပြောရင်းနဲ့ ဘယ်ရောက်သွားတယ် မသိဘူး . ။ ခုတစ်လော ကျွန်တော်ဒုက္ခနဲနဲများနေတယ်.။
ဒီက ရုရှားတွေက ရေသိပ်မချိုးကြဘူး.။ ခုတစ်လောရေပူ ခဏခဏပြတ်နေတယ်.။ အဲဒီတော့ ကျွန်တော်ရေ
ချိုးချိန်တွေ ကိုးလိုးကန့်လန့်တွေဖြစ်ကုန်တယ်။အိပ်ယာထထချင်းရေမချိုးရရင် မနေတတ်တာ စစ်တက္ကသိုလ်
မှာကတည်းက အကျင့်လိုဖြစ်နေတော့.အိပ်ယာထလို့ရေမချိုးရရင်.တစ်နေကုန် ယားသလိုလို.၊ ဘာလိုလို
ဖြစ်နေတာ.။လူက စိတ်ရှုပ်ပါတယ်ဆိုမှ. ပေါက်စဆီဖုန်းဆက်တော့..ကလေးမကဘွဲ့ယူပြီး ချောင်းသာ၊ကျိုက်
ထီးရိုး၊ကျိက္ခမီ၊ စက်စဲ ဘာညာ သွားလည်မယ်နဲ့လာကြွားနေတယ်.။ဟိုတစ်နေ့က ဆရာတွတ်ရဲ့..ကျိုက်ထီး
ရိုးခရီးကိုဖတ်ပြီး သွားချင်နေတာပါဆိုမှ.. လာကြွားနေတယ်.။ ဂယ်လေတယ်.။ သွားကြ .။သွားနိုင်သူတွေ
သွားကြ၊လည်ကြ.၊ ဒါတောင် အင်္ဂါဂြိုဟ်ထိ တက်လည်ကြ..။ လူက စိတ်ညစ်နေပါတယ်ဆိုမှ.။ အဲဒီကလေး
ပြန်လာမှ ရင်ခွင်ထဲထည့်ပြီး လောင်ချာနဲ့ထုဦးမယ်.း(.။
        ခုတစ်လောနားထောင်ဖြစ်တဲ့သီချင်းတွေ..လည်းလူလိုပဲ စိတ်ညစ်တဲ့သီချင်းတွေများတယ်.။ လင်းလင်း
ရဲ့နွေအိပ်မက်ထဲ ဆိုတဲ့သီချင်းလေး တော်တော်ကြိုက်နေတယ်။သီချင်းက ကိုယ့်ကိုယ်ကို သတ်သေတဲ့
Gloomy Sunday နဲ့တောင်နည်းနည်းဆင်နေသလိုပဲ.။
                                                        နွေအိပ်မက်ထဲ
                                         (နားမထောင်နဲ့ကြိုက်သွားရင်တာဝန်မယူ..)
      မိန်းကလေးအဆိုတော်တွေထဲမှာ ၀ိုင်းစုကိုကြိုက်တယ်.။ ၀ိုင်းစုနဲ့ပေါက်စနဲ့တစ်ခါတစ်ခါတူသလိုထင်ရ
တယ် ။ ဒါပေမယ့် မတူဘူး ။ ကလေး ဆန်တာလေး တစ်ချက်တစ်ချက် တူချင်တာ. ။ ပြီးတော့အသံ..။
ဝိုင်းစု အသံက ပီပီသသထွက်တယ် .။ ပီပီသသဆိုတယ်.။ အဲဒါကို ကြိုက်တာ.။ တစ်ချို့ဗမာအဆိုတော်မမ
တွေလုပ်သံကြီးတွေနဲ့ မပီအောင်ဆိုနေတာကို မကြိုက်ဘူး.။ဟိုးတစ်နေ့ မCandy တင်ထားပေးတဲ့
ဒီထက်မက သီချင်းလေးလည်းတော်တော်ကြိုက်တယ်.။ သင့်ခရု . မချိုချဉ်..။
      နောက်ပိုင်းကို သိပ်အားတော့မယ်မထင်ပါ.. ။အပျော်အပါးများလျှော့ရပါတော့မယ်.။ အပျော်အပါးဆို
တာက. ဗွီဒီယို ကြည့်တာတွေလျှော့ရတော့မယ်.။ ဘလော့ကိုတော့ ပုံမှန်လေးပဲ ဆက်သွားပါမယ်။မအား
တော့ဘူးဆိုတာက . အခု ဘာသာရပ်နဲ့ပတ်သတ်တာတွေစသင်နေတာမို့လို့ပါ.။ နွေကျောင်းပိတ်ရက်.
ပီတာစဘတ်ကိုသွားမယ်စိတ်ကူးထားပါတယ်...။လောလောဆယ်တော့. ..ဟိုဘက်အခန်းမှာ မွေးနေ့ပွဲလုပ်
နေတဲ့အတွက်.ကြွရောက်ချီးမြှင့်လိုက်ပါဦးမယ်..(ဟီဟီ. တွေ့သွားမှ ထောမနာပြုခံနေရဦးမယ်.။)
အားလုံးပဲ ဂွတ်နိုက်..။
   
      
    



ရေးသားသူ : မိုးသက် // 7:58 AM
အမျိုးအစား:

8 comments:

  1. ဟယ်..ကိုပိစိ
    ကိုယ့်ဘာသာစိတ်ညစ်နေတာနဲ့
    ပေါက်စကိုရင်ခွင်ထဲထည့်
    လောင်ချာနဲ့ထုတာ ဘာမှဆိုင်ဘူးရယ်

    စိတ်ညစ်သလိုလိုဘာလိုလိုနဲ့
    ကြော်ငြာဝင်တာဘဲ..

    ReplyDelete
  2. အမလေး.. ကိုယ့်ကိုကိုယ်တော့ မသတ်သေလိုက်ပါနဲ့ ကျိုက်ထီးရိုး မသွားရလို့ ဟဟဟ

    သူ့မလဲ ညစ်ရတာနဲ့ ဖျားရတာနဲ့ သူ့ချည်း ရှုပ်နေပါလား >.<

    ReplyDelete
  3. လောင်ချာနဲ့ထုမတဲ့ ကြောက်စရာ :P
    ဟုတ်ပါ့ကွယ်၊ နေမကောင်းလိုက်၊ ညစ်လိုက် (ကန်ဒီကို ထောက်ခံသည်)
    မင်းသားနဲ့မင်းသမီး သီချင်းဆိုတဲ့ အခန်းလေး ဘယ်တော့ရောက်မလဲ?

    ReplyDelete
  4. ညီလေးရေ စာလည်း လုပ်နော်။ ကျန်းမာရေးလည်း ဂရုစိုက်၊

    ReplyDelete
  5. ဘယ်နေ့ရေးရေး မပေါက်စအကြောင်းနည်းနည်းတော့ပါရမှ...ကြွားတာလား
    ကိုတွံ့တေးသိန်းတန်ကြီး

    ReplyDelete
  6. ဘလော့လည်းဂင်း၊ စာလည်းလုပ် ကျန်းမာရေးလည်း ဂရုစိုက်ညီလေးရေ။။ ဟိုတလောက အနှုတ် ၃၄ ထိ ဆင်းသွားတယ်။။ သူတို့လူမျိုးတွေတောင် မာလကီးယား ကုန်တယ်ဆိုပဲ။။ :P

    ReplyDelete
  7. အပေါ်က ညီမလေးCandy ပြောတာထောက်ခံတယ်.. သူတစ်ယောက်တည်း ညစ်တာနဲ့ဖျားတာနဲ့ ရှုပ်နေတယ်..
    အရမ်းကြော်ငြာအားကောင်းတာပဲ..
    အားလုံးကို (ဘလော့ဂ်လဲရေး..စာလဲလုပ်..ဗီဒီယိုလဲကြည့်နိုင်..ပိစိကိုလည်း ဒီ့ထက်မကကြွားနိုင်..) လုပ်နိုင်ပါစေ..
    ကျန်းမာရေးတော့ ဂရုစိုက် Bro..


    WL

    ReplyDelete
  8. နွေအိပ်မက်ထဲ နားထောင်သွားတယ်.....သီချင်းကို ကြိုက်သွားပြီ.....:)

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List