Wednesday, October 14, 2026

Ingrown Emotions - မြုပ်နေတဲ့ခံစားချက်တွေ


     မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေး ရိတ်တဲ့အခါ အမွှေးပေါက်ရာ ဦးတည်ရာဖက်ကို မရိတ်ဘဲ ဆန့်ကျင်ပြီး လှန်မရိတ်ရပါဘူး။ ဘာလို့လဲဆိုတော့ အဲ့ဒီလို လှန်ရိတ်ခြင်းအားဖြင့် အမွေးအမျှင်တွေဟာ အရေပြားမျက်နှာပြင်ထက်နိမ့်တဲ့ အောက်ထဲထိ ပြတ်တောက်သွားပြီး နောက်ထပ် ရှည်လျားလာတဲ့ အမွေးများဟာ အရေပြားအောက်ထဲကို တိုးဝင်ပြီး Ingrown Hair ခေါ်တဲ့ အရေပြားအောက်မှာ ကြီးထွားလာတဲ့ အမွေးတွေဖြစ်လာတတ်သတဲ့။ 

  • Decision မချရဲတော့တာ၊ လောကဓံနဲ့ ပတ်သက်လာရင် ခံနိုင်ရည်နည်းလွန်းတာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းသွားတာတွေဖြစ်တတ်ပါတယ်။ 
  • No လို့ပြောဖို့ သတ္တိနည်းပါတယ်။ People pleaser တွေဖြစ်လာပါတယ်။ သူများသဘောကျအောင်နေပေးပြီး အနစ်နာခံရတာကို စိတ်ကောင်းရှိတာလို့ ထင်လာတတ်ပါတယ်။ 
  • မတရားမှု၊ ခေါင်းပုံဖြတ်ခံရမှုတွေကို ပြန်တိုက်ခိုက်ဖို့ မဝံ့ရဲတဲ့ သရဲဘောနည်းသူတွေဖြစ်လာကြပါတယ်။ တချို့ကျတော့လည်း အချိန်ကာလတစ်ခုရောက်မှ လမ်းမှားရောက်ပြီး အလွန်အမင်းပုန်ကန်တတ်တဲ့ (Late boomer rebelllion) ဖြစ်တတ်ပါတယ်။ 
  • ငယ်ငယ်က အခြေအနေကြောင့် Perfectionist တွေဖြစ်လာတာများပြီး အမှားသေးသေးလေးလုပ်မိမှာကိုတောင် အလွန်ကြောက်ကြပါတယ်။ ရေရှည်မှာ Anxiety Disorder (စိုးရိမ်စိတ်လွန်စိတ်ရောဂါ) ဖြစ်တတ်ပါတယ်။ 
  • ခံစားချက်ကို မျိုသိပ်လွန်းတတ်ပြီး ပေါက်ကွဲတာမျိုးလည်း ဖြစ်တတ်ပါတယ်။ 
  • ကိုယ်ပိုင် Identity မရှိဖြစ်တတ်ပါတယ်။ 

    အဲ့ဒီလိုပဲ လက်သည်း၊ ခြေသည်းအစွန်းတွေကိုလည်း လိုအပ်တာထက်တိုအောင်၊ ထောင့်တုံးအောင် မလှီးဖြတ်ရဘူးလို့ဆိုပါတယ်။ ထောင့်တုံးအောင် လှီးဖြတ်ခြင်းအားဖြင့် ကြီးထွားလာတဲ့ ထောင့်စွန်းတွေက အသားနုထဲတိုးဝင်ပြီး ခြေစွယ်ငုပ်ခြင်း(Ingrown toenail) ဖြစ်တတ်ပါသတဲ့။ 

    အမွေးအမျှင်တွေကို ဦးတည်ရာကို ဆန့်ကျင်ပြီး လှန်ရိတ်တဲ့အခါ သာမန်ထက်ပိုပြီး ပြောင်ရှင်းနေတတ်ပါတယ်။ လက်နဲ့ ကိုင်ကြည့်ရင် ချောမွတ်မွတ်ဖြစ်နေတတ်ပြီး သပ်ရပ်နေသယောင်ထင်ရပါတယ်။ ခြေသည်းလက်သည်းတွေကိုလည်း ထောင့်စွန်းတွေကို လှီးထားရင် ဝန်းဝန်းဝိုင်းဝိုင်းနဲ့ သပ်သပ်ရပ်ရပ်ပုံစံ၊ ညီညီညာညာပုံစံမျိုး မြင်ရတတ်ပါတယ်။ ဒါပေမယ့် အတွင်းထဲမှာ အချိန်မရွေးဒုက္ခပြန်ပေးလာမယ့် ထိုးဆွလာမယ့် ဝေဒနာအသစ်တွေက ဖုံးကွယ်နေတတ်တာမျိုးပါ။ 

ထားပါတော့ ကျနော်ပြောချင်တာက အမွေးအမျှင်နဲ့ ခြေသည်းလက်သည်းတွေမဟုတ်ပါဘူး။ 

ကလေးဘဝမှာ မိဘတွေက သူတို့ရဲ့ ဘဝအခြေအနေကြောင့်သော်လည်းကောင်း၊ မသိနားမလည်ဘဲ ဆောင်ရွက်ခဲ့မိတဲ့ Parenting ကြောင့်သော်လည်းကောင်း သာမန်ထက် အပိုးကျိုးအောင်၊ လိုအပ်သည်ထက် ငြိမ်ဝပ်ပိပြားအောင် လုပ်တာမျိုးခံခဲ့ရတဲ့ ကလေးတွေ အရွယ်ရောက်လာတဲ့အခါ ဖြစ်တတ်တဲ့ စိတ်ပြဿနာတွေအများကြီးရှိပါတယ်။ 

    ကျနော်ကိုယ်တိုင်လည်း "ဘယ်သူနဲ့ ရန်ဖြစ်ဖြစ်၊ ဘယ်သူမှားမှား မင်းကိုပဲ ရိုက်မှာ" ဆိုတဲ့ အဓိပ္ပာယ်ကင်းမဲ့ဆုံး Emotionally Suppressed Childhood က ကြီးလာတဲ့ လူတစ်ယောက်အနေနဲ့ လောကဓံနဲ့ ရင်ဆိုင်တဲ့အခါ မလွယ်ပါဘူး။ စာအများကြီး ဖတ်ခဲ့လို့သာ ကိုယ်တိုင်တောင်မသိဘဲ အတော်အသင့် Recover ပြန်လုပ်နိုင်ခဲ့တယ်ထင်ပါတယ်။ ခုချိန်ထိ Decision တစ်ခုချမယ်ဆိုရင် အတော်လေး တွေဝေမိနေတုန်းပါပဲ။

မိုးသက်ဦးလွင်

၁၄/၁၀/၂၀၂၆ (ဗုဒ္ဓဟူး - 15:10)



 

My Blog List