ဒီအပတ်ကတော့ ကံဆိုးတယ်ပြောမလား ကံကောင်းတယ်ပြောမလားမသိပါဘူး.။တစ်ခုခု လုပ်ရရင်
ပျော်နေတတ်တဲ့ ကျွန်တော် ဒီလ တော်တော် ပျော်စရာတွေများတယ်..။ အလုပ်တွေရှုပ်တာကိုပြောတာပါ။
စာတွေကလည်း အသစ်တွေသင်တော့ နောက်ကနေ အူစိန်ဘော့နှုန်းနဲ့လိုက်နေရပါတယ်..။ပြီးတော့ ကျွန်
တော်တို့. အွန်လိုင်း မှာတွေ့ကြတဲ့ ညီအစ်ကိုမောင်နှမတွေ ပေါင်းပြီးတော့. YOFL ဆိုတဲ့ လူမှုရေးအသင်း
လေးတစ်ခုကလည်း ထောင်လိုက်တာဆိုတော့.. အဲဒီအတွက် ဘလော့ရေးရ..၊ လိုဂိုဒီဇိုင်းထုတ်ရ..၊အလှူ
ငွေ ကောက်ရ.. .၊စသဖြင့်စသဖြင့် တွေက လည်း များနေတာ ဆိုတော့..တော်တော်ကို လိပ်ပတ်မလည်
တဲ့ လပေါ့ဗျာ..။ ပို့စ်ကလည်း အားတဲ့အချိန်လေး ရေးမယ်လုပ်လိုက်..ခေါင်းထဲပေါ်လာတာက ပျောက်သွား
လိုက်နဲ့..ဖြစ်နေရင်း...။ ချစ်မကြီး သမံစီး..နဲ့ ချစ်ညီလေး ချော့ကလတ် က တဂ်ပေးလာတဲ့.အကြောင်း
လေးတွေကို တွေ့တော့. ခေါင်းစဉ်လေး မြင်တာနဲ့တင်.စေ့စေ့တွေးရေးရေးပေါ်လာတာတွေရှိတာနဲ့ ရေး
ဖြစ်ခဲ့ပါတယ်..။တစ်ခုလောက်တောင်းပန်ချင်တာက. ဟိုးရှေ့ရှေ့ ကရက်စွဲများက ကျွန်တော် မြန်မာပြည်
မှာကျန်ခဲ့တဲ့ ဒိုင်ယာရီစာအုပ်များထဲမှာ ကျန်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်ရက်စွဲတွေ အတိအကျ အစ်မ
အိန်ဂျယ်လို ဖော်ပြမပေးနိုင်တာ ခွင့်လွှတ်ပါနော်..။ကဲ စပါပြီ..။
အမှတ်တရ . မှတ်မှတ်ရရဖြစ်နေတဲ့ အရွယ်..မှတ်မိနိုင်တဲ့အရွယ်မှာ စပြီးမှတ်မိတဲ့နေ့က..ကျွန်တော်
လေးနှစ်သားလောက်က . အဖေ ကျွန်တော့်စကားနဲ့ဆေးလိပ်ဖြတ် လိုက်တဲ့နေ့ပါ..။ လုံးဝ မထင်ထားခဲ့ပေ
မယ့် အဖေ ကျွန်တော့်ရဲ့စကားတစ်ခွန်းတည်းနဲ့ ဆေးလိပ်ဖြတ်ခဲ့ပါတယ်..။ အဲဒီနေ့ အကြောင်းကိုပြန်တွေး
တိုင်း အဖေ့ကိုပြန်သတိရမိတယ်.။ (ကျွန်တော်ဒီစာကိုရေးနေတဲ့အချိန်မှာ အဖေ ပြင်ဦးလွင်မှာ ကျန်းမာရေး
မကောင်းဖြစ်နေတာကို သတိရမိတယ်..)
ပိုပြီးအမှတ်တရ ဖြစ်ရတဲ့ ၀မ်းနည်းစရာကောင်းတဲ့နေ့တစ်ခုက အဖေ့ မျက်လုံးထိခိုက်ခဲ့တဲ့နေ့ပါ..။
အဲဒီနေ့က အဖေနဲ့ အဖေ့ရုံးကဦးကိုကြီးတို့ အိမ်မှာ ခန်းဆီးစအစိမ်းလေးတွေတပ်နေတယ်..။ တပ်နေရင်းနဲ့
သွပ်နန်းကြိုးကို..ပလာယာနဲ့တင်းလိုက်ရာကနေ..သွပ်နန်းကြိုးစက ပြတ်ထွက်ပြီး အဖေ့ ဘယ်ဘက်မျက်လုံး
သူငယ်အိမ်တည့်တည့်ကို လက်ဆစ်တစ်ဝက်လောက် စိုက်ဝင်သွားတယ်..။ကျွန်တော်က ကြမ်းပြင်ပေါ်မှာ
တင့်ကားရုပ်လေးတွေနဲ့ဆော့နေတာ.. ။ အဖေက ကျွန်တော်လန့်သွားမှာစိုးလို့လားမသိဘူး.။ခပ်အုပ်အုပ်
ပဲအော်တယ်..အ ဆိုတဲ့အသံကိုကြားတော့ ကျွန်တော်မော့ကြည့်လိုက်တာ.. ။ အဖေက မျက်လုံးကိုအုပ်ထား
တယ်.။ သွေးတွေက လက်ကြားထဲကစီးလို့.။ သွပ်နန်းကြိုးက နုတ်လို့မရလို့.. ပလာယာနဲ့ဖြတ်ပြီး
(အဲဒီတုန်းက မေမြို့မှာ ၂စီးပဲရှိတဲ့ ) ဘောက်စ်ဝက်ဂွန်ကားလေးနဲ့ဆေးရုံကိုပို့တယ်.။ ကျွန်တော့်အသက်အဲ
ဒီတုန်းက လေးနှစ်လောက်ပဲရှိဦးမယ်.။ ထူးခြားတာက ကျွန်တော် အဲဒီဖြစ်စဉ်ကို သေသေချာချာကိုမှတ်မိ
နေတာပါ..။ ကံကောင်းလို့ အဖေ မျက်စိ မကွယ်ခဲ့ဘူး.။ ဒါပေမယ့် ဘယ်ဘက်မျက်လုံးက ပါဝါတော်တော်
များသွားတယ်.။ မျက်လုံးနှစ်ဖက်က ဘယ်ညာ ပါဝါမညီဘူး.။ အခုချိန်အထိ အဖေ့ခမျာ မျက်ကပ်မှန်ရော
မျက်မှန်ပါတပ်နေရတယ်..။အဲဒီနေ့ကိုတော့ တစ်သက်မမေ့တဲ့နေ့ပါ ..။
နောက်ထပ်အမှတ်တရတစ်ခုက ... သူငယ်တန်းတုန်းက ဆရာမတွေကို ဂရင်းညီနောင်ပုံပြင်တွေပြောပြ
ခဲ့ဖူးတာ မှတ်မိနေတယ်..။ ကျွန်တော်က လေးနှစ်သားကတည်းက စာအုပ်ခပ်ထူထူတွေဖတ်နေပြီဆိုတာကို
မှတ်မိတယ်.. ။ အမေက အရေးမသင်ခင် အဖတ်ကို အရင်သင်ခဲ့တယ်ဆိုတာပြောပြတယ်..။ သူငယ်တန်း
အခန်းထဲမှာ သူများတွေ ၀လုံးကိုအံကြိတ် ရေးနေတဲ့အချိန် ကျွန်တော်က . ဆရာစိုးမြင့်ဝင်းရဲ့ အလှပန်းချီ
ဒုဋ္ဌ၀တီ ဆိုတဲ့စာအုပ်ကို. လွယ်အိတ်ထဲထည့်သွားလို့ ဆရာမ က အမေနဲ့တိုင်လို့ရိုက်ခံရတာ မှတ်မိသေး
တယ်.။ (ပြောမရဘူးနော်.. ဂင်းနစ် စံချိန် ထဲပါရင်ပါနေမှာ..)အဲဒီတုန်းက ဆရာမတွေကို ပုံပြင်ပြောတာ
ကျောင်းအုပ်ဆရာမကြီးက မုန့်ဖိုး ၅၀ ကျပ် ဆုချတာ မှတ်မိသေးတယ်.။ ၁၉၉၅ တုန်းက ၅၀ ဆိုတာ..တော်
တော် တန်ဖိုးရှိသေးတယ်ထင်တယ်.။ ဘာလုပ်ပစ်လိုက်လဲတော့ မမှတ်မိတော့ဘူး.။
နောက်ထပ် အမှတ်တရတစ်ခုက .. ကျွန်တော် ၁ တန်းနှစ်မှာ လည်ချောင်းထဲ ၁၀ ပြားစေ့ဝင်တယ်..။
ဆေးရုံရောက်ပြီး ခွဲခါနီး.. ညှပ်နဲ့လည်းထုတ်လို့မရတော့ဘူး .. ။ ခွဲခန်းထဲဝင်ခါနီးမှ.. ကျွန်တော့်အချစ်ဆုံး
အဒေါ်အငယ် က. လက်ရဲဇက်ရဲနဲ့ ဆွဲထုတ်လို့ .. မခွဲခဲ့ရ ပါဘူး..။ (ကလေးတုန်းက ကျွန်တော်သိပ်မဆော့
ဘူးနော်..)
နောက်ထပ် ၂ တန်းလား ၃ တန်း လားမသိဘူး.. နှာခေါင်းထဲကို ခဲဖျက်ဝင်ဖူးတယ်..။ ဒီလိုပဲ ဆရာမ
တွေပြာယီးပြာယာနဲ့.ဆေးခန်းပို့ရတယ်.။ နှာချေဆေးမှုန့်နဲ့ထုတ်ရတယ်.။ မှတ်မှတ်ရရ..နောက်ထပ် တစ်
ပတ်လောက်ပဲကြာမယ်.။ပြောင်းဖူးစေ့ထပ်ဝင်တယ်.။အတန်းမှူးက စိတ်တိုပြီး နားရင်းအုပ်လိုက်တာ ပြန်
ထွက်လာတယ်...။
မြန်မာစာနဲ့ ပတ်သတ်ပြီး ပထမဆုံးယုံကြည်မှုရှိခဲ့တဲ့အမှတ်တရလေးက ၇ တန်း နှစ်မှာပါ..။ကျွန်တော်
ကဗျာ ၊ စာစီစာကုံး.၊ ဆု တွေစုစုပေါင်း ၆ ဆုရခဲ့တဲ့နေ့ပေါ့.။ အဲဒီနေ့က.. ကျောင်းအုပ်ကြီးတွေ .၊ပညာရေး
မှူးတွေနဲ့ စကားပြောခဲ့ရတယ်..။ ကျွန်တော်က စကားပြောရင်..ဘရွတ်ရွှတ်တောက်ပြောတတ်လို့ ..ဘာ
များ ပေါက်ကရပြောဦးမလဲ နဲ့ အခန်းထောင့်က ဆရာမတွေ ခနခနလာလာပြောကြတာ.. မှတ်မိသေးတယ်။
၁-၈-၂၀၀၃ ..။
အဲဒီနေ့က အမှတ်တရနေ့စွဲလေးတွေထဲက တစ်ခုပေါ့..။ ကျွန်တော်ရဲ့ First Love နဲ့ဆုံတွေ့ခဲ့တဲနေ့
ပေါ့..။ ဥမ္မာဒန္တီ ကိုမြင်လို့ ပုဏ္ဏားကြီး တွေ နှာခေါင်းတွေ နားရွက်တွေထဲ ထမင်းတွေထည့်တာ ဖြစ်နိုင်တယ်
ဆိုတာလက်ခံလိုက်တဲ့နေ့.....။(ခုတော့ မေ့သွားပါပြီ..။ အဲဒါ ကလေးတုန်းကပါ..။)
*-၁၀-၂၀၀၄ ..။
ကျပန်းစကားပြောပြိုင်ပွဲ ဗဟိုအဆင့်ထိ ပြိုင်ခဲ့ရတဲ့နေ့ပါ..။ ကံဆိုးစွာနဲ့.. အခက်ခဲဆုံးနဲ့အကြောက်ဆုံး
ခေါင်းစဉ်ကျပြီး..ရန်ကုန်မြို့ကြီးကနေ တပ်ခေါက်ပြန်ခဲ့ရတယ်..။ ပထမဆု..ရန်ကုန်တိုင်းက လူတကာအ
ကုန်ချစ်တဲ့.. စူပါဒဂုံ(၁)က ကောင်မလေး..၊ဒုတိယဆု ရခိုင်ပြည်နယ်က..ကောင်မလေး .၊ ကျွန်တော်က
တော့ ၁ ကနေ ၅ အတွင်းပင်မ၀င်ခဲ့ပါခင်ဗျား..........။
*-၃-၂၀၀၆ ..။
ဆယ်တန်းစာမေးပွဲ ..။ အင်္ဂလိပ်စာဖြေမယ့်နေ့ပါ..။ မနက်စောစော..စာထနွှေးပြီးယုံကြည်မှုရှိစွာနဲ့..
အားရပါးရ သမ်းလိုက်ရာမှ..ပါးချိတ်ပြုတ်ပြီး..ပါးစပ်ပြန်ပိတ်လို့မရတော့ဘူး..။ကျွန်တော်နေ့တဲ့ ၅ လွှာက
ဆင်းပြီးတော့..အောက်ဆုံးထပ်ကိုသွားရတယ်.။အောက်ဆုံးထပ်မှာကျွန်တော့်အဘိုးလေး ရှိတယ်.။ခက်
တာက ၂ ထပ်က ကောင်မလေးတွေအိပ်တဲ့အထပ်..။(ယောက်ျားလေးအဆောင်သပ်သပ်ပေမယ့်ကျွန်တော်
က ကိုယ့်အိမ်ကလူဖြစ်လို့.. ငါးလွှာမှာတက်နေတာပါ...)..။ကျွန်တော်လည်း ပိတ်လို့မရလို့လျှာကြီးတန်းလန်း
သွားရေတွေကျနေတဲ့ ပါးစပ်ကြီးနဲ့ခေါင်းးကို တဘက်ကြီးနဲ့အုပ်ပြီးဆင်းရတယ်..။အောက်ရောက်တော့..
အဘိုးလေးကို ရှင်းပြမယ်အပြုမှာ မြင်တာနဲ့တန်းသိတဲ့ အဘိုးလေးက ကားထုတ်ပြီး.. ၇၇ လမ်းပေါ်က
ဒေါက်တာ သန်းမြင့်ဆေးခန်းကို သွားပြီး လုပ်ရပါတယ်..။ ကံကောင်းလို့ ကျွန်တော် အင်္ဂလိပ်စာဖြေလိုက်
ရတာပါ..။ ဒါကတော့လုံးဝအမှတ်တရပါပဲ.. ။အခု အချိန်သူငယ်ချင်းတွေနဲ့နေလို့ ကျွန်တော်သမ်းချင်လို့
သမ်းရင်တော့ လက်ဝါးလေးနဲ့အုပ်ပြီး ခပ်အုပ်အုပ်ပဲသမ်းပါတယ်.. ။ သူငယ်ချင်းတွေကတော့ ယဉ်ကျေးလှ
ချည့်လို့ ထင်မလားမသိဘူး ..။ တကယ်တော့ ကိုယ့်အကြောင်းနဲ့ကိုယ်ပါ..း) ။
ဆယ်တန်း အောင်စာရင်းထွက်တဲ့နေ့....။ သွားမကြည့်ဖြစ်ပါဘူး..။ပြင်ဦးလွင်ရောက်နေလို့ပါ.။ မနက်ခင်း
အစောကြီး..မန်းလေးက ဖုန်းဆက်ပါတယ်.။ ရူပတစ်ဘာသာတည်းဒီပါတယ် ဆိုတဲ့အကြောင်းပြောပြီးလှမ်း
ဆူပါတယ်.။ တော်တော်စိတ်ဓါတ်ကျသွားပါတယ်..။ အဲဒီနေ့က တကယ်ကို ထမင်းမစားနိုင်ပါဘူး..။ ညနေ
မှ အဖေက လက်ဆောင်စာအုပ်တစ်အုပ်ပေးပါတယ်.။ ဒေါက်တာခင်မောင်ညိုရဲ့ အကောင်းဆုံးကိုသာပေး
ပါတဲ့..။ အဲဒီနေ့ကလည်း အမှတ်တရပါပဲ. ။ ကျွန်တော့်အနာဂါတ်တွေပြောင်းလဲသွားမယ့်နေ့လို့လဲ ပြော
လို့ရပါတယ်.။ ကျွန်တော်တက်ချင်ခဲ့တာက သွားဆရာဝန်ပါ..။ဒါပေမယ့် အမှတ်မမီပါဘူး..။ ကျွန်တော်
စစ်တက္ကသိုလ်ကို ပဲရွေးချယ်ဖြစ်ခဲ့တဲ့နေ့ပေါ့...။ ဒါပေမယ့် ကျွန်တော်ခုချိန်မှာ ကျွန်တော့်ဆုံးဖြတ်ချက်မှန်
ကန်တယ်ဆိုတာ သိသွားပါပြီ..။
မှတ်မှတ်ရရဖြစ်နေတဲ့ တစ်နေ့က .ကျွန်တော် စင်ပေါ်တက်ပြီး သီချင်းဆိုတဲ့နေ့ပါ..။R ဇာနည်ရဲ့.နတ်
သမီးပုံပြင်သီချင်းလေးကို ဆိုဖြစ်ခဲ့ပါတယ်.။ စင်အောက်က လက်ခုပ်သံတွေဆိုတာ မဆန်းတော့ပေမယ့်
သီချင်းဆိုခဲ့တာက ပထမဆုံးအကြိမ်ပါ..။ကိုယ့်နာမည်ကိုအော်ခေါ်တဲ့အသံလောက် နားထောင်ကောင်း
တာမျိုးမရှိခဲ့ဖူးဆိုတာ သိခဲ့ရတဲ့နေ့လေးပါ...။
ဗိုလ်လောင်းတုန်းက ဆိုတော့ အသားက နေလောင်ထားလို့မဲနေပါတယ်ဆိုမှ.
နောက်ထပ် တစ်ခု က ၂၈-၉-၂၀၀၉ကျွန်တော့်စာမူ မဂ္ဂဇင်းမှာ စပါတဲ့နေ့ပါ..။ မှတ်မှတ်ရရ..အဲဒီနေ့က
တနင်္လာနေ့ပါ.. ။ မဂ္ဂဇင်းစာအုပ်ကိုကိုင်ပြီးသူငယ်ချင်းတွေကိုလိုက်ကြွားတယ်.။ တျာချင်းကဗျာလေးပါ.။
အဖေ့ ဌာနပေါ်တက်ပြီး မဂ္ဂဇင်းစာအုပ်လေး ပေးလိုက်တယ်.။ ပထမဆုံးရတဲ့စာမူခလေးကို အဖေ့ကိုကန်
တော့လိုက်ပါတယ်.။ မုတ်သုံ(ပြင်ဦးလွင်)နာမည်နဲ့ရေးတုန်းကပေါ့..။
နောက်ထပ်အမှတ်တရ နေ့စွဲတစ်ခုက ကျွန်တော် ကျောင်းဆင်းတဲ့နေ့..။ အဖေက ကျွန်တော့်ကိုပြုံး
ပြီးကြည့်တယ်..။ ကျွန်တော်က အရာရှိ အခန်းအနားတက်ဝတ်စုံ(Service Suit)နဲ့..။အမေ.၊အဖေ၊ညီမလေး
နဲ့ဓါတ်ပုံတွေရိုက်ကြတယ်.။ သူငယ်ချင်းအချင်းချင်း မျက်ရည်စက်လက်နဲ့နှုတ်ဆက်ကြတယ်..။
နှင်းခချယ်ရီလွမ်းပန်းချီဆိုတဲ့ကဗျာလေးကို ရေးပြီး သူငယ်ချင်းအချို့ကိုလက်ဆောင်ပေးခဲ့တယ်.။
ကျော်ဇေယျာလွင်ရဲ့ ပန်းချီပုံလေးနဲ့ပေါ့..။
သုံးမိုးရာသီ၊အားမာန်ချီ၍
ပြည်နယ်ပြည်မ၊
မြို့ပြမြို့ငယ်၊
တောင်စွယ်မြေပြန့်၊ပြည်အနှံ့မှ
ခြေဆန့်ပညာ၊ရှာမှီးလာသည့်
မေတ္တာစီးဆင်း၊သူငယ်ချင်းတို့
ညီရင်းအစ်ကိုသဖွယ်ပင်..။
ချယ်ရီတောတန်း၊၀န်းကျင်ဆန်း၌
ကြမ်းတမ်းလေ့လာ၊စစ်ပညာကို
ကောင်းစွာတတ်မြောက်၊ဆုံးခန်းရောက်သော်
တစ်ထောက်ခိုရာ၊ဤမြေလွှာကို
စွန့်ခွာသွားကြရတော့မည်။
ငါ့နှလုံးသား၊သည်းပွတ်ကြားတွင်
မှတ်သားဖုံဖုံ၊ကြိုးကြောင်းစုံနှင့်
ကြုံဆုံသမျှ၊မှတ်တရတို့
ရင်မှအသိ၊ဖြေမချိပဲ
တွေးမိလေတိုင်း၊စိတ်စဉ်လှိုင်းတွင်
မှုန်မှိုင်းပြေးလွှား၊အတိတ်ရထားတွက်
ခံစားအားငယ်၊သောကကြွယ်၍
မျက်ရည်လည်မိနေဆဲပင်...။ ဆိုတဲ့ကဗျာလေးပါ...။
အဲဒီနေ့ကို တွေးမိတိုင်း ပြန်ဆွေးမိပါတယ်..။
နောက်ထပ်တစ်နေ့ကတော့ ရတီမှာ ဆုံတဲ့နေ့ပါ။အဲဒီနေ့အကြောင်းကတော့.အရင်ကဇာတ်လမ်းလေး
မှာ ရေးပြီးသားနော်..။ အဲဒီသီချင်းလည်း မဆိုဖြစ်တော့တဲ့နောက်. ကျွန်တော့်ရဲ့သုံးနှစ်သုံးမိုးအခွေ လည်း
ပျက်သွားပြီးတဲ့နောက်..ဆရာဝန် အဆိုတော်.၊အင်ဂျင်နီယာအဆိုတော်တွေ နည်းတူ.။ စစ်သားအဆိုတော်
ဖြစ်ရေး စီမံကိန်းလည်း တစ်ခါတည်းပျက်သွားခဲ့တာပေါ့ဗျာ..:P..။
ကျွန်တော့် ဂန္ဒ၀င်ဆည်းဆာလေး ရဲ့မွေးနေ့လည်း အမှတ်တရပါပဲ.. မေလ ၃ ရက်နေ့မွေးပေမယ့်
ဘယ်သူမှ မအားကြလို့.. ၁ ရက်နေ့မှာ လုပ်ဖြစ်ကြတာပါ..။ သူငယ်ချင်းတွေနဲ့ ကိတ်မုန့်လှီးကြတယ်.။
ကန်တော်ကြီးကိုသွားတယ်..။ ဂျွမ်းပျံနေအောင်ဆော့ခဲ့ကြတယ်..။
နောက်ထပ်တစ်ရက်.. .ရေးပြီးသားနော်.. ။ ရထားပေါ်က အမှတ်တရ.။
နောက်ထပ်အမှတ်တရနေ့စွဲတစ်ခုက... ကျွန်တော့်ရဲ့ သူမနဲ့ ကန်တော်ကြီးထဲကိုသွားလည်တဲ့နေ့..။
(ဓါတ်ပုံတွေကြည့်ပြီးသားနော်.. ရှေ့ပို့စ်တွေမှာရှိတယ်.).။ဘယ်တော့မှ မေ့လို့မရမယ့်နေ့ထဲက တစ်နေ့ပေါ့.။
အဲဒီနေ့က.. မိုးတွေအရမ်းရွာတယ်...။ပြီးတော့ မိုးရေတွေထဲမှာ သူမနဲ့ကျွန်တော်နဲ့ သပိတ်ကျင်းက ညီမ
လေးတွေနဲ့ဓါတ်ပုံ တွေရိုက်ကြတယ်..။ အဲဒီနေ့က .............................။ ထားပါတော့. အဲဒီနေ့လည်း
အမှတ်တရနေ့ပဲ..။ သိပ်ကိုပျော်ခဲ့တဲ့နေ့ပေါ့.။
နောက်ထပ်နေ့စွဲတစ်ခု က မြန်မာနိုင်ငံကနေ ထွက်လာခဲ့တဲ့နေ့..ပေါ့ဗျာ..။ ချစ်တဲ့ နိုင်ငံတော်ကြီး၊
ချစ်တဲ့ မွေးရပ်မြေ ပြင်ဦးလွင်..၊ချစ်တဲ့မိသားစု. ၊ ပြီးတော့ ချစ်တဲ့ သူမ..။ အားလုံးကိုနှုတ်ဆက်ခဲ့ရတဲ့နေ့
ပေါ့..။
နိုင်ငံခြားသားတွေရှေ့မှာ သီချင်းဆိုခဲ့ရတဲ့.. Concert နေ့လေးကလည်း အမှတ်တရပဲလေ..။
ကျွန်တော်က လိဒ်တီး. ၊ဝေလျှံဦး က ရစ်သမ်တီး. ဟိန်းဇင်မိုးက သီချင်းဆို . ခဲ့တာပါ..။ ကျွန်တော့်ရဲ့
Favorite Song လေးဖြစ်တဲ့.. ကိုထီးရဲ့ပျောက်ဆုံးနေသောနိဗ္ဗာန်ဘုံသီချင်းကို ဂစ်တာလေးနဲ့တီးပြီး
သွင်းထားတဲ့ဟာလေးကိုပဲတင်ပေးလိုက်ပါတယ်..။
အသံတော်တော်လေးကို တိုးတယ်.. ဂိတ်ဆုံးထိသာပို့တော့..း)
နောက်ထပ် အမှတ်တရတွေအများကြီးရှိပေမယ့် ကျွန်တော့်အတွက် မမေ့နိုင်တဲ့နေ့လေးတွေကိုပဲ
ကျွန်တော် ရေးဖြစ်တာပါ.. ။နည်းပညာဘလော့လေးကိုရေးခဲ့တဲ့.. ၅-၁၀-၂၀၁၁ ရက်နေ့နဲ့.. နွေးထွေး
တဲ့ ရသဘလော့အသိုင်းအ၀ိုင်းလေးထဲကိုဝင်လာခဲ့တဲ့.. ၁၀-၁၂-၂၀၁၁ ကိုရော မေ့လို့ရမယ်ထင်လို့လား။
အားလုံးကိုကျေးဇူးတင်ပါတယ်..။ ကျွန်တော့်ကို လက်တွဲခေါ်ခဲ့ကြတဲ့ အစ်ကိုတွေအစ်မတွေ.. အားလုံးကို
လည်းကျေးဇူးတင်ပါတယ် ..။ ကျွန်တော့်ကိုတဂ်ဖို့ မေ့ခဲ့တဲ့ မမ သမံစီး ကိုလည်း ကျေးဂျူးပါလို့..။အော်
မေ့တော့မလို့.. အစ်ကိုတွေအစ်မတွေအပြင်..။ ရှားပါးညီလေး..ချော့ကလတ်ကိုလည်း ကျေးဇူးတင်ပါတယ်
လို့. ပြောပါစေနော်..။ အားလုံးကိုယ့်ရဲ့အမှတ်တရ နေ့စွဲလေးများကို သိမ်းဆည်းပြီး ပျော်ရွှင်ဖွယ်ရာ မနက်
ဖြန်များကိုကြုံတွေ့နိုင်ကြပါစေ.ဗျာ...။

စကင်ဖတ်ထားတော့ ခပ်ဝါးဝါးရယ်..။

အဖေ ကို ချစ်တဲ. သားပေါ. ငါညီလေးက။ သီချင်းအဆိုလည်ကောင်းတယ်။ စာအရေးအသားလည်းကောင်းတယ်။ တိုင်းပြည်က အားထားရတဲ. နိုင်ငံ.သားကောင်းတစ်ယောက်ဖြစ်ပါစေ။
ReplyDeleteအဆိုတော်က အနီးရိုက်ချက် အဝေးရိုက်ချက်တွေနဲ့ပါလား။ ငယ်ငယ်တုန်းကရှိသမျှကို နှာခေါင်းထဲထည့်နေတာလား? :P
ReplyDeleteပီားးဖတ်သွားတယ်ကိုကြီးရေ
ReplyDeleteတချိန်လုံးမိုက်ခဲနေတာပဲဗျို့..။
အဆိုတော်တော်ဝါသနာပါပုံရတယ်..။
နောက်ပြီးတော့ကန်တော်ကြီးမှာသူမနဲ့သွားလည်တဲ့အပိုဒ်က
အဲဒီနေ့က ......................မှာ
ကွက်လပ်ကြီးဖြည့်ဦး..စပ်စုတယ်တော့ထင်နဲ့
ဝါသနာကြီးတာ...ပီားးပီားး(စတာ..နော့)
ရီရလို့သေတော့မယ် အပေါက်မှန်သမျှ ၀င်တယ်ထင်တယ် ဟိဟိဟိ
ReplyDeleteပါးစပ်ထဲလည်းဝင် နှာခေါင်းထဲလည်းဝင်... ဟဟဟ
အင်းးအခုမှဘဲအဆင်ပြေတော့တယ်
ReplyDeleteသူတော်ကောင်းတွေကောမက်ပေးချင်တော့
နတ်ကောင်းနတ်မြတ်တွေကူညီတယ်ဆိုတာ
ဒါမျိုးနေမှာ :P
မောင်မိုးရေ..
အမှတ်တရလေးတွေကတော့တကယ်
လွမ်းစရာလေးတွေပါဘဲလေ..
ကျောင်းဆင်းကာနီးနှုတ်ဆက်ကဗျာလေးနဲ့
ပန်းချီပုံလေးက တကယ်ကိုလွမ်းစရာလေးပါ...
Very Nice ..
ReplyDeleteအရမ်းအရေးအသားကောင်းပါတယ် အားပေးသွားပါတယ် ဟီးးးးဟီးးးးးးးးးး(ရယ်လျက်)
ReplyDeleteဟိုက် ဦးလေးရယ် တော်သေးတာပေါ ဘောလုံးကြီး မ၀င်လို့ ..ခိခိ အမှတ်တရတွေ ဖတ်သွားပါတယ်
ReplyDeleteတေနတ်လဲကိုင်တယ် ဂီတာလဲတီးတယ် စာလဲရေးတယ်
ReplyDeleteအဲဒါကောင်းတယ်
သမ်းတာတောင် မေးပြုတ်တယ်ဆိုတော့ လူရှေ့သူရှေ့များ အားပါးတရ ရယ်လိုက်မိရင် မတွေ့ဝံ့စရာကြီးပါလား...း)ပြောင်းဖူးစေ့ ထုတ်နည်းကိုတော့ ဦးဟန်ကြည် ကျကျနန မှတ်သွားပါသဗျား...မောင်ကျောင်းသား မျောက်လောင်းလေးတွေ အနှီလို ပေါက်ပေါက်ရှာရှာ ကမြင်းရင် ထုတ်ပေးရအောင်လို့...
ReplyDeleteကျောင်းဆင်းပွဲကဗျာကို ဖတ်ပြီး အတော်လေးကို ဘ၀င်ကျသွားတယ်...ဒီဘက်ခေတ်မှာက လေးချိုးတို့ တျာချင်းတို့ သံချိုတို့ဆိုတာ ရေးနိုင်တဲ့လူ အတော်ရှားနေပြီ... OK, well done! Attaboy...Keep on going!