Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, February 10, 2012

သားနေမကောင်းဘူး


          မနေ့က မာစတာတန်းပြီးသွားတဲ့အစ်ကိုကြီးတွေ မြန်မာနိုင်ငံကိုပြန်သွားကြတယ်..။ ကျွန်တော်ရယ်.ကျွန်တော်တို့ အပတ်စဉ်က ကျောင်းသားခေါင်းဆောင်ရယ်. ကျန်တဲ့အစ်ကိုကြီး (Ph.D, D.Sc) တွေလိုက်ပို့ကြ တယ်..။ လေဆိပ်ကတော်တော်ဝေးတယ်ပြောတယ်.။ ကျွန်တော်အရင်တစ်ခေါက်က ဂါဒီယန်ရှိတဲ့ .. MIET ကျောင်းကို သွားတုန်းက ကားမူးထားတာကို အမှတ်မရှိပဲ လိုက်သွား မိပါတယ်.။ လိုက်သွားမိတဲ့ .ကျွန်တော့် အမှားလို့ပဲ ပြောရမယ်..။
          ကျွန်တော်က ငယ်ငယ်တုန်းက ကားမူးတတ်တယ်။ မူးတာမှ ပိုးစိုးပက်စက် ခွက်ခွက်လန်အောင်ကို မူးတာ..။ အမေက မိုးကုတ်သူဆိုတော့ ဟိုးကလေးလေးကတည်းက နွေကျောင်းပိတ်ရက်တိုင်း မိုးကုတ်ကို  မိသား စုသုံးယောက် ပြန်ကြတယ်.။ မိုးကုတ်လမ်းကလည်း သိတဲ့အတိုင်းပဲ…။နာမည်ကြီးလေ.၉၉၉ ကွေ့ဆိုလား..။ တစ်ခါမှတော့ရေမကြည့်ဖူးဘူး..။ ကိုယ့်ကိုယ်ကို တောင် မနည်းထောင်အောင်လုပ်နေရတယ်..။မိုးကုတ်  ကပြီးတော့ အနောက်ပိုင်းနဲ့အရှေ့ပိုင်းနဲ့ကထပ်သွားရသေးတယ်.။ မန်း- မိုးကုတ်လမ်းအတိုင်းသွားရင် မိုးကုတ်အနောက်ပိုင်း (ကျပ်ပြင်)ကိုရောက်တာ..။အမေတို့က အရှေ့ပိုင်း(ရေပူ)ဆိုတော့..ဟိုးဘက်ကိုထပ်သွားရ သေးတယ်.လေ.။ ထားပါတော့ ပြောချင်တာတွေတောင်ဘေးရောက်ကုန်ပြီ.။ ပြောချင်တာက ကျွန်တော်ငယ်ငယ်က ကားမူးတတ်တဲ့အကြောင်း..။ ငယ်ငယ်က သိပ်ပျော့တာလဲ ပါမှာပေါ့..။အဖေက ကျွန်တော်ပျော့တာကို သိပ်မကြိုက်ဘူး.။ အဖေက ကားမူးရင် ဆူပါတယ်.။ ယောကျာ်းလေးဖြစ်ပြီး ဒီလောက်လေး တောင်ခံနိုင်ရည်မရှိဘူးလား ဘာညာပေါ့ဗျာ.။အမေကတော့ ကားမူးရင် သူကိုယ်တိုင်ပြုစုပါတယ်.။ နည်းလမ်းမျိုးစုံ နဲ့လုပ်တယ်။ ဘီဆစ် ဆိုတဲ့ ဆေးပြားသေးသေးလေးတိုက်တယ်.။ ချက်ပေါက်ကို ပလာစတာကပ်ရတယ်ဆိုလို့ ကပ်ပေးတယ်.။ မရ.ရေးချ မရတဲ့အဆုံး အမေလည်းလက်လျှော့သွားတော့တယ်.။ နောက် အသက်နည်းနည်းကြီးလာတဲ့ အခါကျတော့ ကျွန်တော်ကား သိပ်မမူးတော့ဘူး .။ တစ်ယောက်တည်း ခရီးသွားရတာမျိုးတွေရှိလာလို့ ထင်ပါတယ်။ အားကိုးမယ့်သူမရှိတော့ စိတ်က တင်းတတ်သွားတာကြောင့်လဲ နေမှာပေါ့.။ ပြီးတော့ ဆယ်တန်း ယုန် အခန်းမှာ ဘိုင်အိုသင်တဲ့. ဆရာကြီး ဦးမိန်းခင်မောင်ဦး ဆက်စပ်ပြီးပြောပြဖူးတဲ့. ကားမူးတယ်ဆိုတာ .. ဦးနှောက်ထဲမှာရှိတဲ့.. Cerebrospinal Fluid က လူလှုပ်လို့ လိုက်လှုပ်တာဖြစ်ကြောင်း..။အားမရှိ ၊တဲ့အခါ အစာမရှိ တဲ့အခါမှာအဲ ဒီ Cerebrospinal Fluid ကပိုကျဲပြီး ကားပိုမူးကြောင်း ရှင်းပြတော့ ကိုယ်ကိုယ်ကို တော်တော် ထိန်းနိုင်လာတယ်.။ နောက်ပြီးစစ်တက္ကသိုလ်ကိုရောက်တော့.။ လုံးဝ မမူးသလောက်ဖြစ်သွားတယ်..။ကျွန်တော် က တပ်ခွဲဂျွမ်းဘားအဖွဲ့(Acrobat & Gymnastics) မှာ ပါလိုက်သေးတဲ့အတွက်ဖြစ်မယ်ထင်တယ်.။
          အဲဒါနဲ့ပဲ ဒီကိုရောက်ခါစ က ဂါဒီယန်ရှိတဲ့မီးရပ်ကျောင်းကို သွားပါတယ်.။ အဲဒီကျောင်းက တော်တော်ဝေးပါတယ်.။ မြေအောက်ရထားနဲ့လမ်းဆုံးအောင်စီးသွားပြီးမှ ဟိုဘက်ကို ကားထပ်စီးရတယ်.။ ကျွန်တော်    သွားတော့.အဲဒီလိုပဲ ကားစီးပြီးသွားပါတယ်။  မော်စကိုကလမ်းတွေ သိပ်ကောင်းပါတယ်..။ကားက ငြိမ်နေတာပဲ.။ ဒါပေမယ့် ဆိုးတာတစ်ခု ကလမ်းပိတ်တာပါ..။ယာဉ်ကြောပိတ်ဆို့တာပေါ့ဗျာ.။ ၄၅ မိနစ်လောက် မောင်းရ မယ့် ခရီးကို ၂ နာရီလောက်ကျတော့ လူက အီလာတယ်.။ ပိုဆိုးတာက ကားစက်သံတိုးတိုးလေးက အသံနိမ့်လှိုင်းဖြစ်နေတာပါပဲ. ။ ကျွန်တော်တို့ ရူပ သဘောတရားအရ.. အ သံ က နိမ့်လေ၊ Vibration များလေ၊ ဝေး ဝေးသွားလေပါပဲ.။အဲဒီအခါကျတော့ အဲဒါ ငြင်ငြင်သာသာ Vibration လေးက ပိုမူးစေတယ်.။ တစ်ဖြည်းဖြည်းနဲ့ချွေးစေးတွေပြန်လာတယ်.။ အကျီင်္တွေချွတ်ပစ်ရတယ်.။ စွပ်ကျယ်လေးနဲ့နေတယ်.။ ကံကောင်းစွာနဲ့. ဘာ မှ မဖြစ်ခဲ့ဘူး.။ဒါပေမယ့် တော်တော်မှတ်သွားတယ်.။ နောက်တစ်ခါ အဲဒီကျောင်းကိုသွားရင် မြေအောက်ရထားတစ်ဆင့် ၊ မြေပေါ်ရထားတစ်ဆင့်နဲ့ပဲသွားတော့တယ်.။ ကားဆို ရင် ကျွန်တော်လက်ရှောင်တယ်.။
          မနေ့က ကျတော့ အစ်ကိုကြီးတွေကိုလည်း နှုတ်ဆက်ချင်.။ လေဆိပ်ကိုလိုက်ပြီးတော့ ဓါတ်ပုံကလည်းရိုက်ချင်ဆိုတော့.။ ခပ်ပေါ့ပေါ့ပဲ.. ။ မနက်စာတောင်စားမသွားဘူး..။ လမ်းမှာ ဒါမှ မဟုတ်လေဆိပ်ကျမှ KFC ဆိုင်သွားမယ်.ဆိုပြီး ဘာမှ စားမလာခဲ့ဘူး.။ ကားဘီးစလိမ့်မှ ဖျက်ကနဲသတိရလိုက်တာက.. ငါကားများမူးနေမလားမသိဘူးဆိုတာကိုပါပဲ..။လမ်းမှာ IR ကပါလာတဲ့ ရုရှားဆရာမကြီးက ချော့ကလတ်တွေလိုက်ဝေတယ်.။ အဲဒါတွေစားရင်းနဲ့လိုက်လာတာ ..။ လမ်းမှာအစ်ကိုကြီးတွေက..စကားတွေဘာတွေပြောနေတုန်းက အေးအေးဆေးဆေးပါပဲ.။ ခက်တာက လမ်းပိတ်တာနဲ့တိုးတာပဲ..။ ကားက ငြိမ့်ငြိမ့်လေးသွားလိုက်.တုံ့ကနဲရပ်သွား   လိုက်နဲ့ဆိုတော့.. လူက ဇာတိပြလာတယ်.။ စကောထဲဇီးဖြူသီးထည့်လှိမ့် တာမဟုတ်ဘဲ. နို့ဆီခွက်ထဲ. ဆီးဖြူသီးထည့်ပြီးခလောက်သလို ဖြစ်ကုန်တော့တာပဲ.။ တစ်ကားလုံး ကလူတွေမူးလာပုံရတယ်.။ ကျွန်တော်လည်း သိလိုက်တယ်.။ ငါတော့ စပြီလို့..။ချွေးစေးတွေပြန်လာပြီ…။ ဖုန်းကိုနားကြပ်တပ်ပြီးသီချင်းဖွင့်လိုက်တော့.. တိုက်တိုက်ဆိုင်ဆိုင်.ကိုထီးရဲ့“ ဒီတောင်ကို မောင်ဖြိုမယ် မြင်းမိုရ်မို့လား ” နဲ့တည့်တည့်တိုးနေတယ်.။ လူက မူး နေတယ်ဆိုတော့ သီချင်းတွေလည်းခံစားလို့မရ..တစ်ပုဒ်ပြီးတစ်ပုဒ်ကျော်ရင်းကျော်ရင်းနဲ့..စိတ်မရှည်လို့ နားမထောင်တော့ဘူး.။ အကျီင်္တွေက စောစောကတည်းကချွတ်လိုက်ပြီ..။ လူက ပျို့ချင်သလိုဖြစ်နေတယ်.။ ခေါင်း ကလည်း နောက်ကျိနေတယ်.။ အန်ချင်စိတ်ပေါက်လာပေမယ့်. စိတ်ထဲမှာ.. “ Never Surrender .. Never Surrender ” လို့ ဖွဖွရွတ်တယ်.။ ဟိုးရှေ့မှာလေဆိပ်က လှမ်းမြင်နေရပြီ..။ ဒါပေမယ့် တကယ်တမ်းသွားရ   တော့ မိနစ်၄၀ လောက်ထပ်မောင်းလိုက်ရတယ်.။ လေဆိပ်ကို ရောက်ရောက်ချင်း သန့်စင်ခန်းကို ပြေးလိုက်မှ ပြဿနာက ရှင်းသွားတော့တယ်. ။
         မချိပြုံးလေးနဲ့.. :P
     မော်လမြိုင်တက္ကသိုလ်မှ ကျောင်းဆရာအစ်ကိုကြီးများနှင့်..(ရိုက်တဲ့သူကလည်းဝါးအောင်ရိုက်တတ်တယ်..)
      မျက်မှန်တပ်လိုက်တာ..လူက အိုစာသွားတယ်...ဇရာဆိုတာ ဒါထင်ပါရဲ့.. အော်ဒုက္ခဒုက္ခ..
ကလေးပေါက်စလေးကိုအသည်းယားလို့ရိုက်ထားတာ.။ (မဆီမဆိုင် ..သူ့ကိုသတိရတယ်... ခုတစ်လော ကလေးလေးတွေကိုမြင်ရင် အဖေ စိတ်တွေပေါက်နေတယ်.။ ငါ့သမီးလေးသာဆို ဘယ်
လောက်ကောင်းလိုက်မလဲ ဆိုပြီးတော့ အတွေးတွေဝင်နေတယ်.. ။)
မဆီမဆိုင်ဇွတ်တော်ထားတဲ့ နယ်သား နဲ့...
လေ ဆိပ်ပေါ်ကနေလှမ်းရိုက်ထားတာ..။
အပြန်ကျတော့ ကျွန်တော် တို့ ကားကို မြို့ထဲဝင်ရုံအထိပဲမောင်းပါတော့တယ်.။အဲဒီကနေ မြေအောက်ရထားစီးပြီးတော့ ပြန်လာခဲ့ပါတော့တယ်.။ ပြန်လာတော့ လူကခေါင်းတွေကိုက်နေတာနဲ့..ရေချိုးလိုက်တယ်.။ ပိုဆိုးသွားတာထင်တယ်.။ ကျွန်တော့် စာကြည့်စားပွဲက. ပြတင်းပေါက် ဘေးမှာလေ..။ လေလုံအောင်တိပ်တွေ ကပ်ထားပေမယ့် ဘယ်နားက ဟနေမှန်းမသိတဲ့ လေအေးအေးလေးတွေက ၀င်နေတယ်.။ စာရိုက်တာ စာ ကျက်တာလုပ်ရင်. .ညာဘက်တစ်ခြမ်း ထုံလာတယ်.။ အဲဒီပြတင်းပေါက် နားမှာထားတဲ့ရေဘူး က တစ်ခြမ်းခဲသွားတယ်.။ ညာဘက်တစ်ခြမ်း နှာစေးတယ်..။ လက်တွေကိုက်နေတယ်..။ ဒီပို့စ်တောင်မှ ကျွန်တော် နားနား ပြီးတင်ထားရတာ..။ အစ်ကိုတွေ အစ်မတွေကိုအားနာလို့ပါ..။ ရေးချင်ပေမယ့်.. စိတ်သွားတိုင်း လူက မပါနိုင်ဘူးဖြစ်နေတယ်.။ ချစ်သူလာမှ ချွဲတော့မယ်.. ။ တော်ပြီနော်.။ သားနားတော့မယ်.။ သားနေမကောင်းဘူး.။

  



ရေးသားသူ : မိုးသက် // 3:56 AM
အမျိုးအစား:

7 comments:

  1. ခေါင်းမူးနေလို့ဓါတ်ပုံတွေဒီလောက်ပဲရိုက်ခဲ့တာထင်တယ်...ပီားးပီားး:P
    သားရေနေမကောင်းရင်ဆေးသောက်...:D

    ReplyDelete
  2. သူများတွေ ပြန်တဲ့အချိန် ကျန်ခဲ့ရတဲ့ အလွမ်းတွေကို ကိုယ်ချင်းစာမိပါရဲ့ ..မောင်လေးရေ... ဘာပဲဖြစ်ဖြစ် အချိန်တန် အိမ်ပြန်ရမယ့်သူတွေမို့ အားတင်းထားပါလို့...

    ReplyDelete
  3. ကားမူးတတ်တာ မမနဲ့တူလယ်ကွယ်
    ကျန်တာတော့အိန်ဂျယ်ပြောသလိုပဲ:P

    ReplyDelete
  4. သူက အိုပြီတဲ့ ငါဘယ်နားသွားနေရမလဲ... >.<

    ReplyDelete
  5. နေမကောင်းတဲ့ကြားက မိုးကုတ်ခရီး
    ရှမ်းပြည်အနှံ့အရှေ့ပိုင်းအနောက်ပိုင်းကိုရောက်အောင်
    လိုက်ပို့ပေးလိုက်တဲ့အတွက်ကျေးဇူးပါမေမြို့သားရေ။
    မိုးကုတ်လမ်းကအကွေ့ပေါင်းကိုးသုံးလုံးတော့
    အဒေါ်ပြောလို့ကြားဖူးတယ်။ ရောက်ဘူးချင်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. တကယ်တော့ ငါ့မောင်လေးက မျက်မှန်တပ်လည်း မအိုပါဘူး။ မတပ်ကတည်းက အိုစာနေတာ။ ခွိခွိ အမြန်ဆုံးနေကောင်းပါစေ။

    ReplyDelete
  7. ဓာတ်ပုံရိုက်တဲ့ သူက ပြောတယ်
    ဝါးအောင်ရိုက်မှ အဆင်ပြေမှာမို့ပါတယ်.:P

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List