Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Thursday, February 23, 2012

Why!

ဘာ့ကြောင့်လဲ....
မဖြစ်နိုင်ဘူးဆိုတာ  .. လောကကြီးမှာမရှိဘူးတဲ့..
တကယ်ပဲလား....။
လူပဲ.
ဘယ်အရာမှမတည်မြဲတာကို ကျွန်တော်သိပြီးသားပါ..။
ဒါပေမယ့်...
စောဒက တက်ချင်တယ်..။
မြဲမြံနေတဲ့သူတွေအများကြီးကြားမှာ..
ကျွန်တော်တို့က ဘာဖြစ်လို့များ.. လွင့်စင်သွားတာလဲ..။
တွဲထားတဲ့လက်တွေမမြဲလို့လား..။
တစ်ဖက်ဖက်က များလွှတ်လိုက်မိလို့လား..။
နှစ်ခုလုံး မဟုတ်ဘူး..။
ဒါဆိုဘာ့ကြောင့်လဲ..။

စိုင်းစိုင်းရဲ့ ကမ္ဘာခြားခဲ့တာ မင်းနဲ့ငါ ကို.. ခင်ဗျားတို့နားထောင်ဖူးလား..။
အချစ်နှစ်ခုပေါင်းစပ်တဲ့အခါ မိဘ အသိုင်းအ၀ိုင်းရဲ့စွက်ဖက်မှုတွေမပါရင် သိပ်ကောင်းမှာနော်... တဲ့..။
သူမ .. လိမ္မာပါတယ်... ။
မိဘစကားကို မြေ၀ယ်မကျနားထောင်လိုက်နိုင်တဲ့အချိန်မှာ..
ကျွန်တော်ဆိုတဲ့ ငတေတစ်ကောင်က...
ယောက်ျားတန်မဲ့.. ၄၈ နာရီတိတိ ငိုကြွေးနေတုန်း........။

နင်မမှားပါဘူး...
ငါမမှန်ခဲ့တာ..။
ငါ့မိဘတွေစကားကိုတော့ ငါ အကြိမ်ကြိမ်လျှစ်လျူရှုခဲ့ဖူးတယ်.။
ဒါပေမယ့်..
ငါ့မိဘဆိုတဲ့ အရာသာမရှိခဲ့ရင်...
နင်ဒီစာကိုဖတ်နေတဲ့အချိန်မှာ..
ငါ့လူ့လောက မှာမရှိတော့ဘူး. ... .. ။
Bon jovi  ရဲ့. " I'll be There for you." ထဲမှာပါတယ်...
" True Love is suicide.. " အချစ်စစ်ဆိုတာ ကိုယ့်ကိုယ်ကိုသတ်သေခြင်းတဲ့.. ။
ငါ့ကိုယ်ငါသတ်သေမယ့် အချစ်ကို ငါကိုယ်တိုင်ရွေးခဲ့တာပဲ....။
ငါနင့်ကို ဘယ်တော့မှ မမုန်းပါဘူး.။
ဘယ်တော့မှလည်း မေ့မှာမဟုတ်ဘူး.။
ဘာဖြစ်လို့လဲဆိုတော့..
နောက်တစ်ယောက်ကို ချစ်စရာမကျန်အောင်ချစ်ပစ်လိုက်လို့ပါ..။

စိတ်ချပါ..
နင့်မျက်ဝန်းတွေနဲ့ဝေးရာ.
အမှတ်တရပုံရိပ်တွေနဲ့ဝေးရာ
ငါချစ်တဲ့..နင်နဲ့
နင်ရှိတဲ့ပြင်ဦးလွင်..
အဲဒီနေရာကို ငါပြန်မသွားတော့ဘူး.။
စိတ်ချပါ...။ 
ငါ့မျက်နှာကို ဒီတစ်သက် နင်ပြန်မမြင်စေရပါဘူး.. . ။





ရေးသားသူ : မိုးသက် // 8:46 AM
အမျိုးအစား:

9 comments:

  1. ဟိုက်ရှား.. ခံစားချက်တွေပြင်းလားချည် လား သူငယ်ချင်းရ

    ReplyDelete
  2. ဟိုက် ထိပြန်ပြီလာကွယ်
    ချစ်သူတိုင်းပေါင်းရပါစေကွယ်..

    ReplyDelete
  3. မောင်လေးရေ၊ ပေါက်စက ဘာဖြစ်တာလဲ? မိဘတွေက တချိန်ချိန်ကျရင် သဘောတူလာအောင် ကြိုးစားပေးလို့ရပါတယ်။

    မောင်လေးလဲ မတော်တဲ့သူမှမဟုတ်ပဲ။ တော်လို့ပဲ ရုရှားရောက်လာတာလေ။ မိဘတွေက ကိုယ့်သားသမီး အပေါ်တကယ် နှစ်နှစ်ကာကာချစ်တဲ့သူဆိုရင် သဘောတူလာကြမှာပါ။

    အခုအချိန်ထပ်ဆက်ကြည့်ပါဦး။ မှီသေးတယ်။ ဇွဲမလျှော့လိုက်နဲ့နော်။ ဇွဲလျှော့လိုက်ရင် တကယ်မချစ်ဘူးထင်လိမ့်မယ်။ တနေ့နေ့ ရည်မှန်းချက်တွေ ပြီးမြောက်ရင် သူ့မိဘတွေ လက်ခံလာပါလိမ့်မယ်။ ငယ်သေးတာလည်း ပါမှာပေါ့၊ မောင်လေးရယ်။

    စိတ်မညစ်နဲ့နော်။ စာပဲ ကြိုးစား။ အစ်မပြောဆို ပြောပေးမယ်လေ။

    ReplyDelete
  4. စိတ်မကောင်းလိုက်တာ...အယ်နီ ဒီ ကိုလာဖတ်တေနကြ ကွန့်မန့်တော့တခါမှမပေးဖူးပါဘူး ဒါ ပထမဆုံးပဲ မောင်လေးကအဲပဒီညီမလေးကိုတော်တော်ချစ်တာပဲလို့အမြဲတွေးမိနေတာ ......ဒီလောက်ချစ်တတ်တဲ့ သူတွေဘာလို့ဝေးရမှာလဲ ...အားတင်းထားပါ...အခုလိုအချိန်မှာစိတ်ဓာတ်တွေကျပြီး ရည်မှန်းချက်တွေလွဲချော်အောင်တော့ဘယ်တော့မှမနေပါနဲ့ မလုပ်ပါနဲ့နော် ......ကိုယ်ဘာလုပ်လုပ် ကိုယ့်မိသားစုနောက်မှာအမြဲရှိနေတယ်ဆိုတာကို သတိရနော် .....ကိုယ်ပျော်၇ွင်ရင်သူတို့ဝမ်းသာတယ် ...ကိုယ်သောကရောက်ရင်သူတို့ ရင်နာကြရတယ် အဲ့ဒီတော့ကိုယ်နဲ့ထပ်တူ ကျတဲ့ မောင်လေးမိသားစုအတွက် အမြဲတွေးပါနော်...စိတ်လိုက်မာန်ပါမလုပ်နဲ့နော် fighting!! အဆင်အမြန်ဆုံးပြေပါစေလို့ဆုတောင်းပေးပါတယ်။ ဟိုညီမလေးလဲမောင်လေးရဲ့ ချစ်ခြင်း မေတ္တာတရားကိုနားလည်ခံစားနိုင်ပါစေ

    ReplyDelete
  5. ဒီပို့စ်ကို ဖတ်ပြီး စိတ်မကောင်းဘူး မောင်လေး.. အားတင်းထားပါ.. စိတ်မညစ်နဲ့လို့မပြောချင်ပါဘူး.. ဒါပေမဲ့.. စိတ်ဓါတ်ကျသွားရင် ကျန်နေတဲ့အရာတွေအားလုံးကို ဘယ်လိုဆက်တိုက်မလဲ.. ဒီတော့ ဇွဲမလျှော့နဲ့... စိတ်အေးအေးထားပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်မလဲဆိုတာတွေးပါ.. မောင်လေးကိုချစ်ခင်တဲ့ အကိုတွေအမတွေရှိတယ်.. တစ်ခုခုဆို အားလုံးဝိုင်းကူ အကြံပေးကြမှာပါ..

    Cheers Bro.

    WL

    ReplyDelete
  6. ညီလေးရေ အချစ်ဆိုတာကို ညီလေးဘ၀ ရည်မှန်းချက်တွေနဲ. မရောလိုက်ပါနဲ.။ အချစ်ကြောင်. ခံစားပြီး ဘာမှ ရေရေရာရာ မလုပ်တော.တဲ.ယောက်ကျားလေးတွေကို အစ်ကို မကြိုက်ဆုံးဘဲ။

    ReplyDelete
  7. အင်... ငါ့မောင် တကယ်ဖြစ်နေတာလား?
    စိတ်မကောင်းလိုက်တာ...

    တခုတော့ ပြောပြချင်တယ်..လူတိုင်းလိုလိုဟာ ငယ်ရွယ်စဉ် ကြုံတွေ့တဲ့အချစ်တွေကို အရမ်းမျှော်လင့်ထားတတ်တယ်။ အဲ့ဒါ ပြတ်တောက်သွားတဲ့အချိန်မှာ အရာအားလုံးဆုံးရှုံးသွားသလိုပဲ.. ဒါပေမယ့် တို့တွေ သတိမေ့နေတာက နောင်တချိန်မှာ သူ့ထက်ပိုပြီးပြည့်စုံမယ့် အချစ်တွေ့နိုင်တယ်ဆိုတာလေ...

    မိဘအသိုင်းအ၀ိုင်းကြောင့်ဆိုတာ အကြောင်းပြချက်သက်သက်ပါ။ အချစ်စစ်မှန်ရင် အားလုံးငြိယူလို့ရတယ်။

    ငါ့မောင် နောင်တချိန်အချစ်စစ်နဲ့တွေ့တဲ့အခါကျရင် ခုချိန်ခံစားနေရတာတွေကို ဟာသတခုလို ကိုယ့်ဟာကိုယ် ပြန်ရီမိလိမ့်မယ်.. အမပြောတာယုံ :D

    ReplyDelete
  8. ဘာတွေဖြစ်ရပြန်တာလဲ..

    ဒီကဗျာက..အငှားခံစားချက်နဲ့ရေးထားတာ
    ဖြစ်ပါစေဟယ်..

    ReplyDelete
  9. အသည်းကွဲ ကဗျာတွေမဖတ်ချင်ဖူးဆို မှ..လာဖတ်မိတယ်...ကဗျာလေးကောင်းတယ်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List