မနေ့က ပြောထားတဲ့ အမျိုးသားအထိမ်းအမှတ် ဥယျာဉ်ထဲမှာ တိုက်ကားတို့ ဘာတို့ မြင်းကမ္ဘာတို့
ဘာညာတွေရှိသေးတယ်..။ ဒါပေမယ့် ကျွန်တော်တို့က အဲဒီကိုရောက်ရင် ဓါတ်ပုံရိုက်ဖို့လူ မချန်ဘဲ အား
လုံး ၀င်ဝင်ဆော့လို့ ဓါတ်ပုံ တစ်ပုံမှ မရှိခဲ့ဘူး..။ နောက်တစ်ခါရိုက်မယ်ရိုက်မယ်နဲ့..နောက်တော့ အထဲ
ကလက်မှတ်ရောင်းတဲ့ ကောင်မလေးတွေနဲ့သာ ခင်လာတယ်. ဓါတ်ပုံက မရိုက်ဖြစ်ပါဘူး.။
ထားပါတော့ .. အဲဒီက နေရာလေးတွေကို ပြမယ်.. ။ သိပ်တော့ အစီအစဉ်မကျဘူး ထင်ရဲ့..။
အဲဒါ က အ၀င်ဝ ပါ.. ကစားကွင်းဘက် က အ၀င်ဝလည်းရှိတယ်..။ ဒါပေမယ့်.
. ကျွန်တော့်ဆီပုံမရှိဘူး .။
ဆရာဂူဂဲလ်မှာ လည်း ရှာမရဘူး..။ ဂန္ဒ၀င်ဆည်းဆာလေး ဆီမှာတော့ရှိတယ်..။ ဒါပေမယ့် သူကလောလော
ဆယ် စာမွဲ ဖြေနေတော့.. အွန်လိုင်းမတက်ဘူး..။ နောက်မှပေါ့ဗျာ..။
အဲဒီမှာ .. မှတ်မှတ်ရရ လောကနတ်ရုပ်ကြီးရှေ့မှာ ဓါတ်ပုံရိုက်သေးတယ်.. ။ ဒီပုံတွေက လူမပါပုံ
တွေပေါ့.။
သီလရှင် တွေပါ.. ဟိုးနောက်မှာ ရွှေပလောင် ၀တ်စုံ. (တာအောန်း)နဲ့ အမျိုးသမီးကြီးကိုလည်း တွေ့မှာပေါ့.။
အဲဒီမှာ သူတို့တင်မကဘူး .. ။ရှေ့မှာ ဘုန်းကြီးနဲ့ ကိုရင်လေးတွေပါသေးတယ်..။ တပည့်တော်တို့
(ဟုတ်ပေါင် မှားကုန်ပီ..) ကျွန်တော်တို့ နဲ့ ဘုန်းဘုန်းတစ်ပါးက အတူတူစကားပြောနေတုန်း အဲဒီ သံဃာ
အုပ်စုကြီးရောက်လာတာပါ.။ ကျွန်တော်တို့နဲ့ စကားပြောနေတဲ့..ဘုန်းဘုန်းက လှမ်းမြင်တော့. “ ဟာ
တို့ ဂေါတမ တပ်မတော်က အုပ်စုလိုက်ကြီးချီတက်လာပါလား ဟ..” ဆိုတော့ ကျွန်တော်နဲ့ သူငယ်ချင်း
ပြုံးမလိုဖြစ်သွားရာက နေ. နောက်က သီလရှင် အုပ်စုကြီးကိုမြင်ပြီး ဘုန်းဘုန်းက “ ဟ.. ရဲမေတွေလည်း ပါ
သေးသကိုး ..” ဆိုတော့ . မနေနိုင်ပဲ ၀ါးလုံးကွဲရယ် မိကြတယ်.. ။
ကျွန်တော့်အကျင့်က ခရီးသွားရင်ပဲဖြစ်ဖြစ်.. တစ်နေရာရာကိုရောက်ရင်ပဲဖြစ်ဖြစ် ရဟန်းသံဃာတော်
များနဲ့တွေ့ရင်..စကားပြောချင်တဲ့အကျင့် တစ်ခု ရှိတယ်.။ သွားမပြောရရင်ကို မနေနိုင်တာ.။ အဲဒီလို ပြော
ပြီး ဘုရားအကြောင်းတရားအကြောင်းတွေ ပြောရင်းကနေ.. ဘုန်းကြီးစိတ်တွေဝင်..။ပြီးတော့ အိမ်ပြန်
ရောက်တာနဲ့ အမေ့ကို ဒကာမကြီးလို့ မှားခေါ်တော့တာပဲ..း)...။ ပြောရင်းဆိုရင်း ကိုယ့်အကြောင်းတွေက
ပါလာပြန်ပြီ..။
ပင်းတယဂူ သေးသေးလေး..
ဒီစာရေးမှ သတိထားမိတာ...။ အခု ကျွန်တော် ဒီကိုမလာခင်တစ်ခေါက်သွားခဲ့တုန်းက အဲဒီအုန်းပင်
လိုလိုလေးတွေတောင်..အရိပ်ရပင်တွေဖြစ်ကုန်ပြီ..။ အုပ်အုပ်မှိုင်းမှိုင်းနဲ့.ဖြစ်ကုန်ပြီ..။ အောက်မှာတောင်
ခုံတန်းလေးတွေ ဘာတွေချထားပြီ...။ နောက်ဆုံးအကြိမ်သွားခဲ့တုန်းက သိပ်ကိုလှပတဲ့ဇာတ်လမ်းလေးဖြစ်
ခဲ့သေးတယ်..။ အဲဒါက....(ပြောရင်ကောင်းမလားမသိဘူး... အင်း.. ပြောတော့ဘူးကွာ...).။
အဲဒီအရင်ကလည်း အဲဒီပင်းတယ ဂူမှာ ဇာတ်လမ်းလိုလိုဖြစ်ဘူးတယ်... ။ ဆယ်တန်းပြီးခါစဖြစ်မယ်
ထင်တယ်..။ အဲဒီဂူထဲကို သူငယ်ချင်း နှစ်ယောက်ဝင်ပြီးတော့. အထဲဝင်မယ်အလုပ်မှာ..ဂူပေါက်ဝမှာကောင်
မလေးတွေက ဘုရားရှိခိုးနေလို့.. အပြင်မှာထွက်ပြီးရပ်စောင့်နေကြတယ်..။ ပြီးတော့ အဲဒီမှာလက်ဆော့ပြီး.
အဲဒီက ..မိန်းခလုတ်ကို အပေါ်တင်ကြည့်တော့ မီးလာတယ်ဆိုတာ သိရတယ်. (ဂူထဲမှာ မီးဖွင့်မထားဘူး.
ကျွန်တော်တို့ တင်လိုက်မှလင်းသွားတာ..)နောက်တော့ မှ နဂိုအတိုင်းပဲပြန်ထားလိုက်မယ်ဆိုပြီးတော့. ပြန်
ချထားလိုက်တယ်..။ ပြီးတော့ ဘုရားမရှိခိုးပဲထွက်လာရော.. ။ ဂူထဲလည်း မ၀င်ဖြစ်ဘူး..။
ခနနေတော့ အပြင်ဘက်က ..ထိုင်ခုံလေးမှာထိုင်နေတုန်း..ခုနကကောင်မလေးတွေ ထွက်လာတယ်။
အစ်ကိုက ဘယ်ကလဲ ဘာညာနဲ့ စကားတွေပြောကြ..။ အပြန်အလှန် အီးမေးလ်တွေဖုန်းနံပတ်တွေလဲ.၊
လိပ်စာတွေတောင်း..။ သံယောဇဉ်တွေဖြစ်..။ နောက်................
အဲဒါက စိတ်ကူးထဲမှာပါ..။တကယ့်အပြင်မှာက... သူတို့ကို ဂူထဲဝင်အောင် မီးဖွင့်လိုက်ပြီးတော့မှ
ဂူထဲရောက်မှ မီးပိတ်ပြီးထားပစ်ခဲ့တယ် ဆိုပြီး လာကွိုင်ရှာ တာ..။ စွာသလားမမေးနဲ့ ရှမ်းမလေးတွေဗျာ..။
ရှမ်းလိုရော ဗမာလိုရော.. ပြောလိုက်တာမှလည်း စုံစီနဖာပဲ..။ ကျွန်တော့်သူငယ်ချင်းက ရှမ်းလိုမသိတော့
သူက တစ်ခါပဲ နာတယ်.။ ကျွန်တော် မောင် ကပြားက.. ရိပ်ဖမ်းသံဖမ်းက လည်း သိတော့.. နှစ်ခါ နာရ
တာပေါ့..။ မနည်းတောင်းပန်လိုက်ရတယ်..။နောက်နောင် ခြေဆော့လက်ဆော့ မဆော့တော့ပါဘူး ဆိုတာ
လည်းမှတ်ထားလိုက်တယ်.။ ကိုယ့်ကိုယ်ကို လည်း ကတိပေးထားလိုက်တယ်.။ (အဲဒီကတိကလည်း ခဏ
ခဏ ပေးနေရတယ်.:P)
မန္တလေး ကျုံးနဲ့မြို့ရိုး (အထဲမှာ မြနန်းစံကျော်ရွှေနန်းတော်.)
ဟိုးတောင်ပေါ်မှာရွှေတိဂုံဘုရားနဲ့ ဒီဘက် က ကမ္ဘောဇသာဒီ(ထင်တာပဲ..)တစ်ခြမ်းပေါ်နေတာက
မြို့တော်ခန်းမ...
အဲဒါအင်းလေးကန်..အဲဒီလှေက အသစ်လုပ်ထားတာ..(ဘဒူမှလျှောက်မပြောနဲ့နော်.. ပထမဆုံးလုပ်ထား
တဲ့လှေ အခုမြင်နေရတဲ့လှေ ကျွန်တော်တို့ကြောင့်.. မြုပ်သွားတာ.. အခု အသစ်လုပ်ထားတယ်..ပန်းတွေ
နဲ့..)
ဂုတ်ထိပ်တံတား..
ခါကာဘိုရာဇီတဲ့..(ထိပ်မှာရွှံ့တွေနဲ့..:P)
ပုပ္ပါးတောင်..
ကမ္ဘောဇသာဒီဟုထင်ပါတယ်...။
ကန်တော်ကြီး က ကျွန်တော့်အတွက်တော့ အမှတ်တရ များစွာရှိတဲ့နေရာလေးပါ..။
ကန်တော်ကြီးကိုခန ထားပြီးတော့..ဟိုးဘက်ကိုဆက်ကြရအောင်..။
ပြင်ဦးလွင်မှာ ပြည်ချစ်ဘုရားလို့ခေါ်ကြတဲ့..မဟာအံ့ထူးကံသာ မြတ်စွာဘုရားရှိပါတယ်..။ ဘာဖြစ်လို့
ဒီလိုခေါ်ကြသလဲ ဆိုတော့.. ဒီဘုရားကြီးကို မြန်မာ နိုင်ငံက နေတရုတ်နိုင်ငံရွှေလီမြို့ကိုပင့်ဆောင်တဲ့အခါ
မှာ..ယခု စံပယ်တော်မူနေတဲ့ကုန်းတော်ရဲ့အောက်တည့်တည့်နေရာမှာ ကားတိမ်းမှောက်ခဲ့ပါတယ်.။
တိမ်းမှောက်ပေမယ့်..ယာဉ်မောင်း ၂ဦးစလုံး မည်သည့် ဒဏ်ရာမှ မရခဲ့ဘူး..။
ထပ်မံပင့်ဆောင်ဖို့ ကရိန်းယာဉ်များနဲ့ မပေမယ့် လုံးဝ မလို့မရခဲ့ပါဘူး.။ အဲဒါနဲ့ပဲ..အဲဒီကျတော်မူ
တဲ့နေရာမှာပဲ.ယာယီစံကျောင်း ဆောက်လုပ်ပြီးသတင်းသုံးခဲ့ပါတယ်..။ခုနှစ်သက္ကရာဇ်တွေတော့ကျွန်တော်
မမှတ်မိတော့ပါဘူး..။ နောက်တော့ အခု ဘုရားကုန်းတော်ပေါ်ကိုပင့်ဆောင်ပူဇော်ခဲ့ကြတာပါ..။ဘုရားကြီး
ရဲ့ ထူးခြားချက်တွေကတော့အများကြီးပါ..။ အားလုံးကို မမှတ်မိပေမယ့် ကျွန်တော်သိသလောက်မှတ်မိသ
လောက်ပြောရမယ်ဆိုရင်.. မြွေဆိုးမြွေဟောက် ရှားပါးလွန်းတဲ့ ပြင်ဦးလွင်လိုနေရာမျိုးမှာ မြွေကြီးတွေ
ဘုရားဖူးလာတာတို့..။ ဘုရားကြီး ပရိဝုဏ်အတွင်းမှာ တစ်ခြား ဓါတ်နန်းတွေနတ်နန်းတွေ ၊ဘာညာတွေ
ဆောက်လုပ်လို့လည်းမရပါဘူး..ခွင့်လည်းမပြုပါဘူး..အဲဒါကတော်တော်ထူးခြားတဲ့အချက်ပါ..။
မဟာအံ့ထူးကံသာပြည်လုံးချမ်းသာဆုတောင်းပြည့် မြတ်စွာဘုရားကြီး..
မဟာအံ့ထူးကံသာပြည်လုံးချမ်းသာဆုတောင်းပြည့်မြတ်စွာဘုရားကြီး...
အဲဒီဘုရားကြီးကိုဖူးပြီးတာနဲ့.. အဲဒီရဲ့အောက်တည့်တည့်မှာ BE Fall လို့ခေါ်ကြတဲ့. ပွဲကောက်ရေ
တံခွန်ရှိပါတယ်....။ အဲဒီရေတံခွန်ပုံကလည်း ငယ်ငယ်ကတည်းက..သွားသွားဆော့နေကြနေရာလေး
ပါ..။ ဆယ်တန်းပြီးတော့..သူငယ်ချင်းတွေနဲ့ အဲဒီရေတံခွန်လူရှင်းတဲ့နေရာ အေးအေးဆေးဆေးလေးတွေမှာ
ဂစ်တာတီး ကြတာကိုလည်း မှတ်မိနေသေးတယ်..။ သူငယ်ချင်းတွေက ဘယ်သူမှ ကောင်းကောင်းမတီး
တတ် ၊ သီချင်းတွေကလည်းအစအဆုံးမရဆိုတော့..။ ကိုယ်ပဲတီး ကိုယ်ပဲ ဆို..ဖြစ်ရတာကိုမှတ်မိနေတယ်။
ခုတော့ သူတို့တွေတောင် ဘယ်ဆီတွေရောက်ကုန်ပြီလဲ..။
ဒါက ဂူဂဲလ်မှာရှာထားတဲ့ပုံတွေပါ...။ ကိုယ့်ဖာသာရိုက်တဲ့ပုံက Soft Copy မရှိလို့ Scan ပြန်ဖတ်ပြီး
တင်ပေးလိုက်ပါတယ်.။
ဘယ်က မင်းသားလဲ မသိဘူး .း)
နောက်ထပ် ပြင်ဦးလွင်မှာလည်စရာ ပိတ်ချင်းမြှောင်နဲ့.တရုတ်သတ်သတ်လွတ်ငါးပါးသီလကျောင်း
ရှိပါသေးတယ်....ပုံတွေလည်းသိပ်များနေပြီ..။ နောက်ရက်ပေါ့.. . ။ စီးယူ အဂဲန်း...

ရှုခင်းတွေကြည့်ရင်းမဟာအံ့ထူးကံသာဘုရားကြီး
ReplyDeleteဖူးသွားတယ်ဗျို့......
သူ့ကိုယ်သူ မင်းသားတဲ့.. :P
ReplyDeleteစိတ်ကူးထဲမှာတော့ ရှမ်းမလေးတွေနဲ့ ဇာတ်လမ်းလေးတွေဖြစ်..
တကယ်က ဟိဟိဟိ သနားစရာ...
လှေကြီးအစ်ကိုတို့ကြောင့် မြှပ်သွားတာကို လျှောက်အော်ပစ်မယ် :P :P
ဆယ်တန်းတုန်းက..စိုးစံဘော်ဒါမှာနေခဲ့တာတွေပြန်သတိရမိတယ်ဗျာ...ကန်တော်ကြီး စိန်ရတုပွဲပြီးကတည်း မေမြို့ကို..သီးသန့်မရောက်ဖြစ်တော့ဘူး.မန်းလေးဆင်းမှ ဖြတ်သွားတာလောက်ပဲရှိတော့တယ်...တရုတ်နှစ်သစ်ကူးကျရင်တော့.သွားဖြစ်မယ်ထင်တာပဲဗျာ...
ReplyDelete