“ ဟေ့ကောင်..မလွတ်စေနဲ့..ဒီခွေးမ .. တောက်.... ငြိမ်းဇော်.မင်းတံခါးကိုပိတ်ထား..ငါနဲ့..မျိုးဝင်းအထဲကိုဝင်မယ်..”
“ မိုးသက် မင်းက ဘာလုပ်နေတာလဲ.. မင်းလည်း တံခါးကိုပိတ်ထားလေ..”
“ ဟုတ်ကဲ့အစ်ကို ”
ခပ်ငေါက်ငေါက် အသံဖြင့် ပြောခံရသောကြောင့် ..ကျွန်တော် လည်း ကြောက်ကြောက်ဖြင့် တဲခါးကိုပိတ်ထားပြီးလက်ဖြင့်ကိုင်ထား
ရသည်..။အစ်ကိုတွေကိုငယ်ငယ်ကတည်းက ကြောက်ရသည့်ညီတစ်ဦးပီပီ.. အစ်ကိုခိုင်းသမျှ လုပ်ရသည်.။
အခု ကိစ္စမှာကျွန်တော် မပါဝင်လိုပါ..။ ဒီကိစ္စက လည်းကြာတော့ကြာပြီဖြစ်သည်.။မီးဖိုခန်းထဲကို ညဘက်ဆိုလျှင် ပြတင်းပေါက် မှ
ခွေးမ တစ်ကောင် ၀င်ဝင်လာသည်...။အိုးခွက်များ.၊ လှန်လှောပြီး..စားသောက်ကာ.၊ထွက်သွားတတ်သည်.။ သူထွက်သွားလျှင် ပန်းကန်
တစ်ချပ် နှစ်ချပ်ကွဲတတ်သည်.။ တစ်ရက်နှစ်ရက်မဟုတ်တော့ အစ်ကို လုပ်သူများက သည်း မခံချင်တော့..။ ဒါကြောင့်ပင် စောင့်ဖမ်းခဲ့
ကြသည်..။ ခွေးမကလည်း လည်သည်.။ စောင့်ဖမ်းသော တစ်ရက် နှစ်ရက်တွင်ရောက်မလာ..။ သုံးရက်လောက်စောင့်ကြည့်တော့.။
မလာလောက်တော့ဘူး ဟု မှတ်ယူလိုက်ကြသည်.။
ဒီနေ့ က မန်ယူပွဲရှိသည်..။ ညီအစ်ကိုတစ်တွေ မန်ယူပွဲကို ဧည့်ခန်းထဲတွင်ကြည့်နေတုန်း ဖြစ်သည်..။ ည ကသိပ်မနက်သေး.ပါ။
ခပ်စောစောလောက်သာရှိသေးသည်..။ သေချာအောင်.အိုးတွေခွက်တွေ ပန်းကန်ပလုံးတွေကို ဧည့်ခန်းနှင့် .နံရံတစ်ချပ်ခြားသော
ထမင်းစားခန်းထဲတွင်ထည့်ထားသည်.။အေးအေးဆေးဆေး ကြည့်နေချိန်မှာပင်.. ဘေးခန်းထဲက..ဂလုံးကနဲ.. အိုးတစ်လုံးလှပ်သံ
ကြားရသည်.။ ညီအစ်ကို ၄ ယောက်စလုံး..ခေါင်းထောင်သွားကြသည်. ။ဘယ်သူလဲ ဝေခွဲနေချိန်.. ။ လှမ်းမြင်ရသော.မှန်ချပ်ကြီး
ထဲမှာ ခွေးမ ကို လှမ်းမြင်လိုက်ရသည်..။ အဲဒီမှာ ဇာတ်လမ်းက စခြင်းဖြစ်သည်..။
အခန်းတံခါး ပိတ်ထားရင်း..။ အခန်းထဲကိုလှမ်းကြည့်သည်.။ ခွေးမ ၏ တစ်ဂီးဂီးမာန်ဖီသံ. .. အစ်ကိုကြီးကိုရဲလွင်၏ ဆဲ
ရေးသံများကိုတစ်ချက်တစ်ချက်ကြားရသည်..။
ဧည့်ခန်းက အကျယ်ကြီးဖြစ်သည်..။ ဧည့်ခန်းနှင့်.ထမင်းစားခန်း မှာနံရံခြားပြီး .. တံခါးရွက်မရှိသော .အပေါက်များဖြင့်
ပိတ်ထားသည်..။ခွေးမက ဟိုဟိုသည်သည် ပတ်ပြေးနေသည်.။ အပေါက်ဝက ကျွန်တော်ကိုင်ထားသော...တံခါးပေါက်ကို လက်ဖြင့်
တစ်ချက် တစ်ချက် လာလာကုတ်သည်..။ဟနေသော အထဲကိုလှမ်းမြင်နေရသည်..။ မျက်လုံးရဲရဲတွေ..။ သတ္တ၀ါတစ်ကောင်.. ။အထူး
သဖြင့် အသားစားသတ္တ၀ါများ သေဘေးနှင့်ကြုံလာရလျှင်
မျက်လုံးတွေရဲလာတတ်သည်.ဟု ကြားဖူးသည်.။ အလုံပိတ်ထားသော
ဧည့်ခန်းတစ်ခန်းထဲက ခွေးတစ်ကောင် ၏အသက်လုပွဲ.. ။
ကိုရဲလွင်အော်ဟစ်သံများ. ကျယ်လောင်လာသည်..။ မိသွားပြီထင့်..။ ခွေးမ ၏ တစ်ဂိန်ဂိန်အော်ဟစ်နေသံများကိုလည်းကြား
ရသည်။ ဖွင့်လိုက်ရမလားဖွင့်လိုက်ရမလား.။ စိတ်ထဲမှာ မချင့်မရဲဖြစ်လာသည်.။ အစ်ကို များဆူမှာကိုကြောက်မိ၍ မဖွင့်ရဲ..။
တုတ်ဖြင့် တစ်ချက်ပြီးတစ်ချက်ရိုက်သံများကို ထပ်ကာထပ်ကာကြားရသည်.။ ခွေးမ ၏ ငယ်သံပါအောင် အော်ဟစ်သံများကို ကြား
ရပြီးငြိမ်သက်သွားတော့သည်.။
“ ရပြီ.. ဖွင့်လိုက်တော့.... ”
အထဲက အစ်ကိုကြီးအသံကြား မှ..။ စိတ်မချမ်းသာစွာတံခါးဖွင့်လိုက်သည်.။ အစ်ကိုကြီးက အောင်နိုင်သူအပြုံးနှင့် ၀ါးရင်း
တုတ်ကိုကိုင်ကာရပ်နေသည်..။ ခပ်လှမ်းလှမ်းမှာ ခွေးမအလောင်းက သွေးအိုင်ထဲမှာ..။ ပိုပြီးရုပ်ပျက်ဆင်းပျက်နိုင်တာက..ဦးနှောက်
တွေပါထွက်နေတာက ပိုဆိုးသည်..။
ကျွန်တော်နှင့် ကိုငယ်ဟု ကျွန်တော်ခေါ်သော. ကိုမျိုးဝင်းတို့က မျက်နှာ မကောင်းကြ.။ ကိုရဲလွင်ကတော့ ငါ့များ ဘာမှတ်
နေလဲ ..လုပ်နေသေးသည်.။
“ မိုးသက်.. ဒီခွေးသေကောင်ကို သွားမြှုပ်ချည် .. သွား..။ ”
လူက စိတ်မကောင်းစွာဖြင့်.. ခွေး မကြီးအလောင်းကို ယူရန်သွားစဉ်မှာ.ပို၍ ၀မ်းနည်းစရာတစ်ခု ကြုံရပြန်သည်.. ။ နို့ပျဉ်းတွဲ
များဖြင့်သားသည် မိခင်ကြီး ဖြစ်နေပါပကော..။
“ ကိုရဲ ကြီ.း.. ခွေးမကြီးက ကလေး မအေကြီးဗျာ. သနား ပါတယ်.... ”
ဆူခံရလျှင်လည်း ဆူပါစေတော့..။ ကျွန်တော် စိတ်မကောင်းမှုကို ဟန်မဆောင်နိုင်ပဲ ပြော မိသည်. ။ ပြောပြောဆိုဆိုနှင့်..ခွေးမ
အလောင်းကို အိပ်ထဲထည့်ဖို့..။ အမြီးကိုထ အဆွဲမှာ. စောစောက ဦးနှောက်များထွက်နေသော.. ခွေးမသည်.. သွေးရူးသွေးတမ်းနှင့်
ထပြေးတော့သည်..။
“ ဟ.. ဟ လိုက်ပါဦးဟ.. ဘယ်ပြေးတာတုန်း မသိဘူး..။ မသေသေးဘဲကိုး..။ ”
“ထားလိုက်ပါ အငယ်ကောင်ရာ.. ငါတို့ ရှင်းရတာ အေးတာပေါ့.. သေမှာပါပဲ.. မနက်မှ ရှာပြီးမြုပ်လိုက်ပေါ့..။ဒီခြံထဲကနေမထွက်
ပါဘူး...၊ မင်းနဲ့မိုးသက်နဲ့.. ဒါဆို ဧည့်ခန်းထဲက ကော်ဇော်ကိုလဲလိုက်တော့.. ပြီးရင်..အဲဒီနံရံက သွေးတွေကိုသုတ်လိုက်ဦး..”
ခွေးမက နံရံကို ကုတ်ခြစ်ထားသည်လား မသိပါ.။ သွေးတို့ဖြင့်အစင်းကြောင်းများထင်နေသည်.။
အဲဒီည ကဘောလုံးပွဲဆက်မကြည့်ဖြစ်တော့ပါ.။ စိတ်ထဲမှာ.. သူ့ကိုသတ်တာ ငါအလိုတူအလိုပါများဖြစ်သွားပြီလား ဆိုတာ.
စိတ်ထဲမှာ အလိုလို စွဲနေသည်..။ စိတ်မကောင်းချင်းကြီးစွာဖြင့် ..အိပ်ယာဝင်ခဲ့တော့သည်.။
နောက်ရက်မနက် .. ကျွန်တော်နှင့်..ကိုမျိုးဝင်း. အိပ်ယာမှ စောစောထသည်..။ နေပင်မထွက်သေး..။ ဓါတ်မီးတစ်လက်စီ
ယူပြီး .. ခြံအနှံ့လိုက်ရှာကြသည်..။
“ မင်းဟိုဘက် ကော်ဖီပင်တန်းတွေနားသွားရှာ..။ ငါ က ဒီဘက်ရေစင်ဘက်ကပတ်မယ်.. တွေ့ရင်အော်ခေါ်လိုက်..”
လမ်းခွဲပြီး.. ဆက်ရှာကြသည်.။ မတွေ့မတွေ.. ။ ဆက်ရှာသည်..။ ရေစင်ကြီးအောက်.။ ပြီးတော့.။အိမ်သာဖက်..၊ နောက်...
အုတ်ခဲတွေပုံထားသည့်နေရာများ....။
“ မိုးသက်ရေ.. မိုးသက်..ဒီမှာဟေ့.. ”
ကိုမျိုးဝင်းကလှမ်းခေါ်သံကိုကြားရသည်.။ ဟိုဘက်အခြမ်းမှာဖြစ်သည်..။
အနားမရောက်ခင် ကိုမျိုးဝင်းပုံစံကိုကြည့်ကတည်းက..ခွေးမကြီးသေနေပြီဆိုတာ သိရသည်...။စိတ်မကောင်းသည့်ပုံဖြင့် ဓါတ်
မီးဖြင့် ထိုးကြည့်နေသည်..။ ဓါတ်မီးအောက်မှာလှုပ်လှုပ်ရွရွလေးတွေတွေ့သည်..။ ဘာတွေလဲ..။
အနားနားရောက်တော့ မြင်လိုက်ရသည့်..မြင်ကွင်းကိုကြည့်ပြီးရင်ထဲမှာ နင့် ကနဲခံစားလိုက်ရသည်..။ ခွေးပေါက်ကလေး..လေး
ကောင်..။ အသက်မရှိတော့သည်.. ခွေးမကြီးအလောင်းက နို့ကို.. အငမ်းမရစို့နေကြသည်..။ ဒီခွေးမကြီးက သေပြီးရက်နဲ့..ပဲ.. သား
သမိးဇောနဲ့ပြန်လာတာလား..။ဒါမှ မဟုတ်.. ။ သားသမီးတွေရှိတဲ့နေရာထိ ရောက်လာပြီးမှ သေဆုံးသွားတာလားကျွန်တော်မခန့်မှန်း
တတ်..။ သေချာတာတစ်ခုကတော့..အဲဒီအချိန်မှာ ကျွန်တော့် မျက်ဝန်းမှာ.မျက်ရည်စ များ ခိုတွယ်လာခြင်းပါ..။
ခွေးပေါက်ကလေးများကို ခက်ခက် ခဲခဲ ဖယ်ရှားပြိးမှ..။ခွေးမကြီးအလောင်းကိုမြုပ်နှံရသည်..။ကျွန်တော်နှင့်ကိုမျိုးဝင်း ခွေး
ကလေးများကို ယူဆောင်လာကာ... နို့ဘူးတိုက်၍ ခက်ခက်ခဲခဲ မွေးကြသည်..။ ဟိုအမျိုးသည်အမျိုးတွေနှင့်.. အချို့ကမွေးလိုသည်
ဆို၍ပေးလိုက်ကြရာ.. အိမ်မှာ တစ်ကောင်ကျန်နေသည်..။ ထိုခွေးကို ကိုမျိုးဝင်းက မွေးထားသည်..။နောက်တော့ ထိုကိစ္စကို အားလုံး
ကမေ့မေ့ပျောက်ပျောက်ဖြစ်သွားကြသည်...။
နောက် ငါးလလောက်ကျတော့.. အစ်ကိုကြိးကိုရဲလွင် မင်္ဂလာဆောင်သည်..။ သူ့မိန်းမကလည်း သူ့သူငယ်ချင်းထဲကပဲဖြစ်
သည်..။ အစ်ကိုကြီးက နေရာတကာ လက်ပါတတ်တာကလွဲရင်အသောက်အစားမရှိ.. ၊နာမည်ပျက်ကလည်း မရှိဆိုတော့..မိန်းမ
ကကံကောင်းသည်ဟု ဆိုရမည်..။သူ့မှာ ဆိုးတာက နေ၇ာတကာ လက်ရဲဇက်ရဲနိုင်တာ တစ်ခုပဲရှိသည်.။တစ်နှစ်လောက်ကျတော့
သူတို့ကလေးရသည်..။ ယောက်ျားလေး.. ။ ကလေးက အတော်ပင်ချစ်စရာကောင်းသည်....။ကလေး မွေးပြီး ၄ ရက်ပဲရှိသေးသည်..။
ကိုရဲလွင်ကြီး.ပျဉ်းမနားကိုတက်ပြီး..ပစ္စည်းသွားဝယ်သည်..။ ညနေပိုင်းကျတော့...ဖုန်းလာသည်..။
“ ဟုတ်ကဲ့.. ကိုရဲလွင်အိမ်ကလားမသိဘူးရှင့်...”
“ ဟုတ်ကဲ့ သူမရှိဘူးခင်ဗျ.. သူပျဉ်းမနားကိုသွားပါတယ်...ကျွန်တော်သူ့ညီပါ..မှာစရာရှိတာမှာခဲ့လို့ရပါတယ်...”
“ မဟုတ်ဘူးရှင့်.. မြို့မဈေးနဲ့ ဆွာလမ်းဆုံကြားထဲမှာ ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်လို့..ကျွန်မတို့ ဆေးရုံကိုရောက်လာပါတယ်.
အဲဒါ ပြည်သူ့ဆေးရုံကြီး (ကုတင်-၁၀၀၀)ကိုလာခဲ့ပေးပါ..”
ဟာ..။ကို ရဲလွင်ဆိုင်ကယ်မှောက်တယ်တဲ့.. ဘယ်လိုဖြစ်ရတာလဲ..။ သူ့မိန်းမကခုမှမီးတွင်းထဲမှာ..ကလေးက ၄ရက်သားလေး.။
အစ်ကိုကတော့ ဆိုင်ကယ်ကို သေချာမစီးဘူး ဟု .ဒေါပွသလိုလိုဖြစ်မိသေးသည်..။ သူ့အတွက်စိတ်ပူနေရသည်.. ။ မတော်တဆ
ကျိုးပဲ့သွားရင် မကောင်းပါ..။ မိဘမွေးထားတုန်းက ညီအစ်ကိုလေးယောက်လုံး ထောင်ထောင်မောင်းမောင်း..တကယ့်ယောကျာ်း
တွေချည်း....။ဘာမှ တော့မဖြစ်လောက်ပါဘူးဟုဆိုကာ. ချက်ခြင်းလာခဲ့မည်.. ဟုပြော၍ ဖုန်းချလိုက်သည်..။
အဲဒီနေ့ကလည်း ကျွန်တော်နဲ့ ကိုမျိုးဝင်း တို့နှစ်ယောက် အတူတူသွားဖြစ်ကြသည်..။ (ကိုမျိုးဝင်းမှာ ညီအစ်ကိုများထဲတွင်
ကျွန်တော့်နှင့်စိတ်တူကိုယ်တူဖြစ်သည်..။ မဟုတ်မခံစိတ်ရှိသော်လည်း..အနုပညာသမားပီပီ.အရာရာကို နားလည်မှုရှိတတ်သည်..)
ကုတင် ၁၀၀၀ ကိုရောက်တော့ ပြင်ပ လူနာဌာနကိုသွားကြသည်..။ အစ်ကိုကြီးနဲ့တွေ့ရင်အခွင့်ရတုန်း ဟောက်လိုက်ဦးမှပဲ..ဟု
ဆိုကာညီအစ်ကိုနှစ်ဦး.. အထဲသို့ဝင်မိကြသည်..။
“ ဆရာမ ခုန က ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်တဲ့..ကိုရဲလွင်..ဘယ်အဆောင်မှာလည်းဆရာမ..”
“ ကျွန်မလည်း မသိဘူးရှင့်..ခနလေးနော်.. မေးပေးမယ်....”
သူနာပြုဆရာမက ..ခန်းဆီးစနောက်ကို ခေါင်းဝင်၍ မေးသည်..။
“ ကျွန်မနောက်ကိုလိုက်ခဲ့ကြပါ.....”
ကိုမျိုးဝင်းနှင့်ကျွန်တော့်ကို.. ဆရာမကခေါ်သွားသည်..။
အခန်းတစ်ခန်းထဲကို ၀င်မိတော့..။ အပေါက်ဝမှာ ဆရာဝန်နဲ့သူနာပြုတွေအုံနေ၍ ခက်ခက်ခဲခဲ တိုးဝင်ရသည်..။
“ ဒီအခန်းထဲမှာ ကိုရဲလွင်ဆိုတာရှိလား..”
သူတို့ သူနာပြုအချင်းချင်းမေးသည်..။
“ ဒီမှာလေ.. ဆိုင်ကယ် အက်ဆီးဒင့်ဖြစ်တဲ့တစ်ယောက်ကိုပြောတာမဟုတ်လား..”
ဆရာမ အပြောမှာ ကျွန်တော်ကြက်သေသေသွားသည်..။ ဟာ အဲဒါ ကိုရဲလွင်လား..။ သူပြောမှ သတိထားမိသည်..။
ခုနက အုံနေကြတာ ကိုရဲလွင်ဖြစ်နေသည်..။ အောက်မှာလည်း သွေးတွေ ..။ ခြေထောက်က ဂျင်းဘောင်းဘီက ကွဲထွက်
နေသည်..။ ဘယ်လောက်များအရှိန်ပြင်းလိုက်ပါလိမ့်..။ တစ်ဖြည်းဖြည်းနှင့် ကျွန်တော်တို့ရဲ့အကြည့်တွေက ကိုရဲလွင်
ခေါင်းကို ရောက်သွားသည်..။ အလို........ ဦးနှောက်တွေထွက်နေသည်..။ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အဖြစ်အပျက်ကို
ခေါင်းထဲမှာ ရိပ်ကနဲ ပြန် သတိရလာသည်..။ ကိုမျိုးဝင်းနှင့်ကျွန်တော် တစ်ယောက်ကိုတစ်ယောက်ကြည့်မိကြသည်..။
“ ဒေါက်တာ လူနာအခြေအနေက ဘယ်လိုရှိလဲဒေါက်တာ..”
“ ကျွန်တော်တို့လဲ အတတ်နိုင်ဆုံး ကယ်တင်နေပါတယ်..။ဒါပေမယ့်ခုထိ သတိ ပြန်လည်မလာသေးဘူး...”
ဆရာဝန်ပြောသည့်..စကားများကို ကို ရဲလွင် မကြားနိုင်တော့ပါ..။
အဲဒီ ည ကျွန်တော်တို့ ဆေးရုံမှာ စောင့်ကြသည်..။ မနက် ခင်း..၃ နာရီခန့်တွင်ကိုရဲလွင်ဆုံးသည်....။
သူ့သားကလေးက လေးရက်သား ဆိုတော့.. ဖအေကိုပင် မမှတ်မိနိုင်သည့်အရွယ် ဖြစ်သည်..။
ကိုရဲလွင်ဆုံးပြီးကျွန်တော် နှင့် ကိုမျိုးဝင်း ဘာသာတရားကို ဖိလုပ်သည်..။ နောက် နှစ်မှာ .ကိုမျိုးဝင်းသာသနာ့ဘောင်ကို ၀င်သွား
သည်..။ကျွန်တော်လည်း သံဝေဂ ရမိသည်..။
အကြင်သူသည်...မကောင်းမှု တစ်စုံတစ်ရာကိုပြုအံ့.. ထိုအရိပ်သည်..နွားနောက်မှ လှည်းဘီးသည်ထပ်ချပ်မကွာလိုက်သကဲ့သို့
ထို အကုသိုလ်အရိပ်ဆိုးသည်..ထပ်ချပ်မကွာလိုက်၏..။ဗုဒ္ဓဘာသာဝင်တိုင်းယုံကြည်သက်ဝင်ကြသော...ကံ၊ကံ၏အကျိုးကိုမျက်မှောက်
ဘ၀၌ ပင်ခံစားကြရ၏..။ပြုသူအသစ် ၊ဖြစ်သူအဟောင်းဖြစ်ရာ..အသစ် ပြုခဲ့သူဖြစ်သော..ကိုရဲလွင်သည်..သူပြုခဲ့သောအကုသိုလ်
အကျိုးဆက်အဟောင်း ကို.. ဘ၀မကူးပဲခံရသည်..ဟုပင်ကျွန်တော် ယုံကြည်လိုက်ပါတော့သည်...။

ကိုယ်ပြုသမျှကံကိုယ့်ထံပြန်လာတာပဲဗျာ....
ReplyDeleteအသက်တခုချင်းတိုင်းအတွက် စိတ်မကောင်းပါ .. (စစ်ပွဲတွေလည်း သွားသတိရမိပါတယ်)
ReplyDeleteအားလုံးငြိမ်းချမ်းကြပါစေ ..