Monday, January 23, 2012

ကျွန်တော်.လိမ္မာနေဆဲပါ အဖေ.....



























         အဖေရေးပေးတဲ့စာကိုတော့ ချွေတာစာ..လို့သာ ခေါင်းစဉ်တပ်လိုက်ချင်ပါတယ်.. ။ ဘာဖြစ်လို့လဲဆို
တော့ အဖေ ရေးပေးတဲ့စာထဲမှာ..ချွေတာဖို့ အကြောင်းတွေ အများကြီးပါနေလို့ပါ..။အဖေ ပေးလိုက်တဲ့စာ
လေးကို..နံရံမှာကပ်ထားပါတယ်..။ အိပ်ယာထတိုင်းကြည့်ပါတယ်..။ အိပ်ယာဝင်ခါနီးတိုင်းလည်း ကြည့်ပါ
တယ်..။အိပ်ယာထတိုင်းကြည့်တာ က..အဖေမှာထားတာနဲ့ လွတ်မှာစိုးလို့..တစ်နေကုန်ဘာမှမလုပ်ခင်
ကြည့်တာ ဖြစ်ပါတယ်..။ အိပ်ယာဝင်ခါနီးတစ်ခါကြည့်တာက.. ဒီနေ့တစ်နေကုန် အဖေမှာထားတဲ့ ထဲက
ဘာတစ်ခု ကျိုးသွားပြီလဲဆိုတာ ပြန်ကြည့်တာဖြစ်ပါတယ်..။
       အဖေ့စာကို ဖတ်ပြီး ကျွန်တော့်ကို ပြောစရာတစ်ခုရှိမယ်ထင်ပါတယ်.။ အပေါ်ဆုံးက သားသားဆိုတာ
ပါ..။ ဟင်..ဒီအသက်ဒီအရွယ်ကြီးရောက်နေပြီ..သားသားတဲ့..။ဘာညာပြောမလားတော့မသိပါဘူး.။ ဒါပေ
မယ့် အဖေက ထူးထူးခြားခြားစာထဲမှာ ရေးရင် ငယ်ငယ်ကခေါ်တဲ့အတိုင်း သားသားလို့ရေးပါတယ်..။ အိမ်
မှာတော့..နာမည်ကိုခေါ်ပါတယ်.။ (စိတ်မကြည်ရင်တော့ .ဟေ့ကောင်.ပေါ့..။) အိမ်မှာက ညီမလေးနဲ့ကျွန်
တော် မောင်နှမ နှစ်ယောက်တည်းရှိတာပါ..။
     အဖေ က ကျွန်တော့်နဲ့ပတ်သတ်ပြီး တော်တော်ကိုရည်မှန်းထားခဲ့ပါတယ်..။ ငယ်ငယ်လေးကတည်းက

ကျွန်တော်နဲ့စကားပြောရင်..။အင်္ဂလိပ်လိုတွေ ပြောပြတယ်..။ News Week, Times မဂ္ဂဇင်းတွေကို အိမ်
မှာဝယ်ထားပါတယ်...။ ဒါကတော့ ဆက်ဒမ်ဟူစိန်..။ ဒါကတော့ ယာဆာအာရာဖတ်..စသဖြင့်ပေါ့ဗျာ.။နိုင်ငံ
ခေါင်းဆောင်တွေကို ငယ်ငယ်လေးကတည်းက သိနေခဲ့ပါတယ်..။ အဲဒီအချိန်က ကျွန်တော်ကျောင်းတောင်
မနေသေးဘူး...။ငယ်ငယ်လေးကတည်းက ကျောင်းမှာ မေမေနဲ့လိုက်သွားပြီးဆရာမတွေကိုပြောပြောပြတာ
တွေကိုမှတ်မိနေသေးတယ်..။ တစ်ခါကလည်း အင်္ဂလိပ်စာ အီဒီယံတစ်လုံးကို အဖေက ကျွန်တော်တို့ဆရာမ
ရေးပေးထားတာကို မှားတယ်ဆိုလို့..ကျွန်တော်ကျောင်းမှာ ဆရာမနဲ့ငြင်းခဲ့တာကိုမှတ်မိနေပါသေးတယ်...။
       အဖေတို့ငယ်ငယ်က သိပ်ကိုချို့တဲ့ပါတယ်.. ။အဘိုးက သတင်းစာပို့ရပါတယ်...။ မေမြို့မှာ သတင်းစာ
ပို့တဲ့ ဦးစိန်တုတ်. ဆိုရင် မသိတဲ့သူမရှိသလောက်ပါပဲတဲ့..။ ဘာဖြစ်လို့လဲဆိုတော့.အဘိုးအမြဲပြောခဲ့တဲ့
စကားတစ်ခွန်းရှိပါသတဲ့..။ ကိုယ့်ထက် မြင့်တဲ့သူတွေအများကြီးကိုမြင်နေပါစေ..။ကိုယ့်ထက်နိမ့်ကျတဲ့သူတွေ
ကိုရှာဖွေကြည့်ရှုရမယ် .. ဆိုတဲ့စကားအတိုင်း အဘိုးက ပြင်ဦးလွင်မှာ ပရဟိတ လုပ်ငန်းတွေကို လုပ်ဆောင်
ခဲ့လို့ ဖြစ်ပါတယ်..။
          အဖေတို့ မောင်နှမတွေက မွေးချင်း(၇)ယောက်ရှိပါတယ်..။ ယောက်ျားလေး(၄)ယောက်၊မိန်းက
လေး (၃) ယောက် ဖြစ်ပါတယ်.။ အဖေက အကြီးဆုံးဖြစ်ပါတယ်..။အဖေတို့ မောင်နှမတွေက ကျောင်းမှာ
အမြဲတမ်းပညာထူးချွန်ကြသူများဖြစ်ကြပါတယ်..။ ၁၉၇၄ ခုနှစ်မှာ အဖေက မေမြို့(ယခု-ပြင်ဦးလွင်ပေါ့ဗျာ)
အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းကနေ.. ၂ဘာသာဂုဏ်ထူးနဲ့အောင်မြင်ခဲ့ပါတယ်.။အဲဒီအချိန်
တုန်း..က အမှတ်အမြင့်ဆုံးဖြစ်တဲ့..ကျောင်းက ရန်ကုန်က (RIT)ကျောင်းဖြစ်ပါတယ်..။အဖေနဲ့အတူတူ
ဆယ်တန်းအောင်ခဲ့တဲ့..လေးဘာသာဂုဏ်ထူးရှင် .အဖေ့သူငယ်ချင်းက..ဗထူး မှာဗိုလ်သင်တန်းလျှောက်ခဲ့
ပေမယ့်..အဖေကတော့..RIT ကိုသာ ဆက်တက်ခဲ့ပါတော့တယ်..။
        ကံဆိုးစွာနဲ့ပဲ.. အဖေဒုတိယနှစ်အရောက်မှာ..အဘိုးဆုံးပါတယ်..။ မိသားစုတစ်ခုလုံးရဲ့စီးပွားရေးကို
တာဝန်ယူထားရတဲ့.အဘိုးမရှိတော့တဲ့အတွက်..သားကြီးဖြစ်တဲ့..အဖေက..မိသားစုအရေးအတွက်..ကျောင်း
ထွက်လိုက်ရပါတယ်.။အဖေ မေမြို့ကိုပြန်ရောက်တော့.. ကျန်တဲ့မောင်နှမတွေက တစ်ပိုင်တစ်နိုင်ကျောင်း
တစ်ဖက်နဲ့အလုပ်လုပ်နေကြတာကို တွေ့ရပါတယ်..။ အဖေကိုယ်တိုင်ကတော့ စိတ်ဓါတ်ကျခြင်းများစွာနဲ့
အမှတ်(၂)လေ့ကျင့်ရေးတပ်ထဲကို ၀င်သွားပါတော့တယ်..။ အချိန်ကတော့.၁၉၇၆-၇၇ ပြည်တွင်းစစ်မီး
လောင်ကျွမ်းနေချိန်ဖြစ်ပါတယ်..။
       အဖေက လေ့ကျင့်ရေးတပ်မှာ တပ်ခွဲမှူး.၊အိပ်ဆောင်မှူးအစရှိသဖြင့်လုပ်ရပါတယ်..။ဆယ်တန်းအောင်
ဆိုတာ အဲဒီအချိန်တုန်းက အင်မတန်ရှားပါးလွန်းလို့ဖြစ်ပါတယ်.။ အဲဒီသင်တန်းက ဆင်းပြီးတဲ့နောက်မှာ
အဖေဟာ.. ခလရ(၄၂) (လားရှိုး)မှာ တာဝန်ထမ်းဆောင်ရပါတယ်..။ ဒီလိုနဲ့ တပ်ရင်းမှာ ၄ နှစ်လောက်
နေနေတုန်းမှာပဲ..အဖေဟာ..မန်းတက္ကသိုလ်ကနေ..စာပေးစာယူနဲ့..ဆက်တက်ပါတယ်.။ရူပဗေဒအထူးပြုနဲ့
ပါ..။အဲဒီမှာ သုံးလတစ်ခါ Practical လုပ်ဖို့ မန္တလေးကို ဆင်းရပါတယ်..။ အဲဒီအခါခရီးစရိတ်အတွက်..တပ်
ရင်းမှူးဆီကနေ အပိုဆောင်းချေးငွေခေါ်တဲ့ ငွေကိုချေးရပါသတဲ့..။အဲဒီချေးငွေကလည်း ယနေ့ခေတ်လို့တပ်
ရင်းရံပုံငွေက လည်းများများစားစားမရှိလေတော့..ပညာသင်ထောက်ပံ့စရိတ်မရှိတဲ့အတွက်..ပြန်ဆပ်ရပါ
တယ်..။ဒီလို ပြန်ဆပ်တဲ့အခါ..အဲဒီငွေ.၂၀၀ ကျပ်ကို အဖေတို့မောင်နှမတွေ..အလုပ်လုပ်ပြီးအလီလီဆပ်ကြ
ရပါသတဲ့...။အဲဒီလို အခက်အခဲတွေကြားထဲကနေ အဖေ.၁၉၈၀ ပြည့်နှစ်မှာ. သိပ္ပံဘွဲ့(ရူပဗေဒ)ကိုရရှိခဲ့ပါ
တယ်..။ အော်..အရေးကြီးတာတစ်ခု ပြောဖို့ကြံခဲ့ပါတယ်..။ အဲဒီလို စာသင်နေရင်းကာလမှပဲ.. မိုးကုတ်မြို့
ကရှမ်းမလေး တစ်ယောက်နဲ့တွေ့ပြီးချစ်ကြိုက်မိခဲ့ပါတယ်..။ ဟုတ်ကဲ့..ကျွန်တော့်အမေပါပဲ...။
      အဖေနဲ့အမေဟာ ချစ်သူတွေဖြစ်ခဲ့ကြပေမယ့် အဖေက ဘွဲ့ရပြီးသည့်တိုင်အောင် အမေနဲ့လက်မထပ်
ဖြစ်ကြသေးပါဘူး..။ မိသားစု တာဝန်တွေမပြီးသေးတဲ့အတွက်ကြောင့်ပါ..။ သိပ်မကြာခင်မှာပဲ..အဖေဟာ
တပ်ကြပ်ကြီး/စာရေး အဆင့်နဲ့..စစ်တက္ကသိုလ် ၊ရူပဗေဒဌာန ကိုပြောင်းရွှေ့ရပါတယ်..။ အဲဒီမှာပဲ.. အဖေ
ရတဲ့ တပ်ကြပ်ကြီး လစာ နဲ့ အဖေ့မောင်နှမ ၅ ဦး(၁ဦးကွယ်လွန်)ကို ၅ ဦးစလုံးဘွဲ့ရသည်အထိကျောင်းထား
ပေးခဲ့ပါတယ်..။(မှတ်ချက်..။ အဖေ့ မောင်နှမများ အားလုံးဝိဇ္ဇာဘွဲ့များဖြစ်သည်..။ အဖေတစ်ယောက်တည်း
သာသိပ္ပံဘွဲ့ဖြစ်သည်..။အိမ်တွင်ဘွဲ့ရပြီးသူ သုံးဦးစလုံး အဖေ၊ အမေ၊ ကျွန်တော်.. သုံးဦးစလုံးရူပဗေဒနှင့်
ကျောင်းပြီးသူများသာဖြစ်ပါတယ်..။ညီမလေးကတော့ ဘယ်လိုလာဦးမည်မသိ..)
       ဒီမှာထူးခြားတာ တစ်ခု ပြောရပါဦးမယ်.. အဖေနဲ့ အမေ ရည်းစားဘ၀က အမေ နေတဲ့ လမ်း(၈၀)ပေါ်
ကအဆောင်ကို အဖေက ညဘက် သူငယ်ချင်းများနဲ့ဂစ်တာ လာလာတီးကြောင်း. အဖေ့သူငယ်ချင်းများ
အိမ်ကို လာလည်တဲ့အခါတိုင်း ပြောပြလေ့ရှိပါတယ်.။ ထူးခြားတာက ကျွန်တော် ဂစ်တာ စတီးပါပြီးဆိုတဲ့
အချိန်က စလို့ အဖေက ကျွန်တော့် ဂစ်တာကို တစ်ခါမှတောင် ကိုင်မကြည့်ခဲ့တာပါပဲ.. ဘာဖြစ်လို့လဲဆိုတာ
တော့ ကျွန်တော်မသိသလို့ .မေးလည်း မကြည့်ခဲ့တာပါ..။
     အမေနဲ့ အဖေ လက်ထပ် မယ့်ဆဲဆဲမှာ.. အဖေတို့ မေမြို့အိမ်ကို ညနေစောင်းကြီး ရှမ်းလူမျိုး လူတစ်
ယောက် ရောက်လာပါတယ်..။ ပြီးတော့.. အဖေ့ကို “ ကိုဇော်ဝင်းတို့ အိမ်က ဒီအိမ်လား ” လို့ မေးပါတယ်
တဲ့..။အဖေက ဟုတ်မှန်ကြောင်းပြောတဲ့အခါ..အိမ်ထဲကို တစ်ချက်လှမ်းကြည့်ပြီး..အဖေ့ကို တစ်ချက် အကဲ
ခတ်ကာ ဘာမှ မပြောပဲ ပြန်သွားခဲ့ပါတယ်..။နောက်မှ အဖေ သိရတာက ထို လူက အမေ့အစ်ကို ဖြစ်ပြီး
အဖေ့အကြောင်းစုံစမ်းရာမှာ .မေမြို့က ကုလား လူမျိုးဖြစ်တယ်လို့..ကြားရတဲ့အတွက် တိတ်တစ်ဆိတ် လာ
စုံစမ်းရင်း အိမ်ထဲမှာ. ဘုရားစင်ကိုတွေ့တော့ တန်း ပြန်သွားတာလို့ သိရပါတယ်တဲ့.. ။အမေ့ဘက်ကဆွေ
မျိုးတွေက .. ဆွေကြီးမျိုးကြီးတွေဖြစ်ကြပါတယ်..။အမေတို့ အစ်ကိုတွေကြားရတာက အဖေ့မှာ အိမ်ထောင်
နဲ့ ကလေး များပါရှိပြီးသားလို့ ကြားလို့လိုက်လာ ရခြင်းဖြစ်ပါတယ်တဲ့...။
        သားကြီးဖြစ်တဲ့..ကျွန်တော့်ကို.၁၉၉၀ ဇူလိုင် ၂၀ ရက်နေ့မှာမွေးတာဖြစ်ပါတယ်..။ ၁၉ရက်နေ့မှာ
မမွေးရကောင်းလား လို့ ကျွန်တော်ငယ်ငယ်က အမေ့ကို မေးဖူးပါတယ်.။ ဗိုလ်ချုပ်နဲ့တကွ..တိုင်းပြည်ခေါင်း
ဆောင်ကြီးတွေလုပ်ကြံခံရတဲ့နေ့...၊မြင့်မြတ်ပေမယ့်..ဆုံးရှုံးမှုကြီးမားတဲ့နေ့ ၀မ်းနည်းစရာကောင်းတဲ့နေ့မို့
မမွေးတာပါလို့ .အမေကပြန်ပြောပြပါတယ်...။
         အဖေက သိပ်စည်းကမ်းကြီးပါတယ်.. ။ ပညာလည်းအင်မတန်တော်ပါတယ်..။ သူ့သူငယ်ချင်း(၄ဘာ
သာဂုဏ်ထူး ထွက်ပြီး တပ်မတော်ထဲ ဗိုလ်သင်တန်းလျှောက်ခဲ့တဲ့ သူ) ယခုအချိန်မှာ အကြီးအကဲတစ်
ယောက်ဖြစ်နေတဲ့အချိန်မှာ..သူကသာမာန်အခြားအဆင့်ဘ၀နဲ့.. နေနေရတဲ့အတွက်..ကျွန်တော့်ကို အရာ
ရှိ အင်မတန်ဖြစ်စေချင်ပါတယ်..။ ကျွန်တော်ငယ်ငယ်က အင်မတန်ပျော့ပါတယ်..။ ကျွန်တော့်အမေဘက်
က ၀မ်းကွဲအစ်ကိုတွေက လက်ရွေးစင်ဘောလုံးသမားများဖြစ်ပါတယ်..။ ကိုမျိုးမင်းသန့် ဆိုရင်. မြန်မာ့လက်
ရွေးစင်အသင်းမှာ ပါခဲ့ဖူးပါတယ်.(ကြားဖူးမယ်ထင်ပါတယ်...).။ဒါပေမယ့် ကျွန်တော်ငယ်ငယ်က စာအုပ်က
လွဲရင် ဘာအားကစားမှ မက်မက်မောမောမရှိခဲ့ဖူးပါဘူး..။ ရွယ်တူ သူငယ်ချင်း မရှိလေတော့ စာအုပ်တွေနဲ့
ချည်းကြီးပြင်းခဲ့ရပါတယ်..။ဒီအတွက်ကြောင့် အဖေက ကျွန်တော် စိတ်ဓါတ်ပျော့ညံ့မှာအင်မတန်ကြောက်
ပါတယ်..။ ဒါပေမယ့် ကျွန်တော်က အဖေ့သွေး ပါတယ် ပြောရမှာပါ..။
           ဆယ်တန်းပြီးခါစက ကျွန်တော် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်ကို တက်ချင်ပေမယ့် အမှတ်မမီ
လို့မတက်ခဲ့ရပါဘူး..။ကျွန်တော် အဲဒါနဲ့စစ်တက္ကသိုလ်ကို အဖေ့ အကြံပြုချက်နဲ့လျှောက်ပါတယ်.. ။ သိပ်ကံ
ကောင်းပါတယ်..။ စစ်တက္ကသိုလ် အပတ်စဉ်(၁) ကနေ အပတ်စဉ်(၅၄) အထိ ကျွန်တော့်လိုကံကောင်းသူ
လက်ငါးချောင်းပြည့်မည်မထင်ပါ..။ ဘာဖြစ်လို့လဲဆိုတော့. အဖေက ကျွန်တော့် မေဂျာမှာဓါတ်ခွဲခန်းမှူးဖြစ်
နေလို့ပဲဖြစ်ပါတယ်..။ တစ်ချို့သူငယ်ချင်းများ ဘိတ် ၊ မြစ်ကြီးနား..။ ဟိုးဘက်ကျိုင်းတုံ စသဖြင့် . မိဝေးဖဝေး
လာတက်နေရတဲ့အချိန်မှာ..ကျွန်တော်က မိဘ အရိပ်အောက်မှာပဲ စာသင်ခဲ့..၊ ကျောင်းပြီးခဲ့လို့ပဲဖြစ်ပါ
တယ်..။ဒါပေမယ့် .. အဖေက ကျွန်တော့်ကို အခွင့်အရေးတစ်ရပ်လိုသဘောမထားစေခဲ့ပါ..။ Under
Training ကာလ ၄ လ လုံး အဖေ ကျွန်တော့်ဆီ တစ်ရက်မှလာမတွေ့ခဲ့ပါခင်ဗျား..။ “ ငါ့သား မင်းမပျော့နဲ့
မင်းတစ်ယောက်တည်း မဟုတ်ဘူး..အားလုံးအတူတူပဲ ..သူများလုပ်ရင် မင်းလည်းလုပ်နိုင်ရမယ်..” ဆိုတဲ့
စကားနဲ့ပဲ ကျွန်တော့်ကိုအားပေးခဲ့ပါတယ်..။ တစ်ပတ်တစ်ခါ Outpass ရတိုင်း အိမ်ပြန်ရတယ်ဆိုတဲ့အခွင့်
အရေး တစ်ခု ကိုတော့ကျွန်တော် အပြည့်အ၀ ရခဲ့ပါတယ်.။စစ်တက္ကသိုလ်မှာ ထုံးစံတစ်ခုရှိပါတယ်..။ အဲဒါ
က ဆန်ရင်းကိုနာနာဖွပ်တဲ့ ထုံးစံပါ..။ စစ်သား သားသမီး..။အရာရှိကြီးတွေရဲ့သားသမီး..။စတဲ့သူတွေကို
နာနာဖွပ်တဲ့ထုံးစံပါ..။ အပြင်မှာ ဘယ်လိုပဲနေခဲ့နေခဲ့.. မာန်မာနတွေကိုချိုးပစ်တဲ့သဘောဖြစ်ပါတယ်...။
အပြစ်ပေးတဲ့အခါတိုင်းမှာ.အရာရှိကြီးများရဲ့သားသမီး တွေ၊ စစ်သားသားသမီးတွေကို..အရင်ဆုံးစံနမူနာပြ
အနေနဲ့အပြစ်ပေးတတ်ပါတယ်..။ကျွန်တော် ကတော့ သုံးနှစ်လုံးလုံးအထူးစပယ်ရှယ်အနေနဲ့ နာနာနှက်ခံ
ခဲ့ရကြောင်းပါ..။
         အဖေရော အမေရောဟာ အင်မတန်ရိုးသားတတ်ကြသူတွေပါ..။အလွန်အမင်းအားနာတတ်တဲ့အ
တွက်..စိတ်ပညာပိုင်းကကြည့်မယ်ဆိုရင်..အပြင်စွဲ များတဲ့သူတွေလို့ပြောနိုင်ပါတယ်.။ အနစ်နာခံပြီးသူတစ်
ပါးကို ကူညီတတ်ခြင်းဖြင့်.မိမိကို ထိခိုက်မှန်းမသိထိခိုက်ပါတယ်.။အဖေ ကကျွန်တော်ကိုငယ်ငယ်လေးက
တည်းက သူ့စိတ်ကြိုက်ပုံစံသွင်းခဲ့တယ်ဆိုတာ ကျွန်တော် ဒီအသက်အရွယ်ရောက်မှ သိလာပါတယ်.။ အံ့
သြဖို့ကောင်းတာက စစ်တက္ကသိုလ်မှာသင်ပေးတဲ့ နေထိုင်ကျင့်ကြံမှုစည်းကမ်းတွေဟာ.ကျွန်တော်အိမ်မှာ
လုပ်ရိုးလုပ်စဉ်တွေဖြစ်နေတာပါပဲ..။ ပြင်ဦးလွင်လို မကြီးမသေးမြို့လေးမှာမွေးပေမယ့်..ကျွန်တော့်အိမ်မှာ
နေထိုင်ပုံဟာ. မြို့ကြီးပြကြီးကကလေးတွေလို နေခဲ့ရတယ်ဆိုတာ ကျွန်တော်သိလာရပါတယ်.။ ၄ တန်းနှစ်
ကစပြီး အိမ်မှာဇွန်းခက်ရင်းနဲ့ စားရတယ်..။ ဇွန်းကို ခဲတံလိုကိုင်.. ၊ခက်ရင်းကို ဓါးလိုကိုင်ဆိုတာကို စစ်
တက္ကသိုလ် မရောက်ခင်ကတည်းက အဖေသင်ပေးထားခဲ့တယ်..။ နက်ကတိုင်စည်းနည်း ကျွန်တော်သိထား
ခဲ့တယ်.။ စစ်ချီသီချင်းတွေ ကျွန်တော်ကလေးဘ၀ကတည်းက အလွတ်ရနေခဲ့တယ်..။၈ တန်းနှစ်က စပြီး
ဒိုင်ယာရီရေးရတယ်..။တစ်နေ့လုပ်သမျှကို တစ်နေ့ချရေးခြင်းအားဖြင့်..ကိုယ့်မကောင်းတာ၊ကောင်းတာဘာ
လုပ်ခဲ့သလဲ ဆိုတာကိုသိအောင်လို့ လို့ အ ဖေက ပြောပါတယ်.။ သေချာတာကတော့ ကျွန်တော်ခုချိန်ထိ
ဒိုင်ယာရီမပျက်ရေးနေခဲ့တာပါပဲ..။ အဖေက ကျွန်တော်ကိုစာသိပ်ရေးစေချင်ပါတယ်.။ ဗိုလ်မှူးကြီးသောင်း
ဝေဦးတို့..၊ ဗိုလ်မှူးကြီးတင်သန်းဦး တို့ အကြောင်းတွေကို ပြောပြပါတယ်.။ဆရာကြီး ထီလာစစ်သူအကြောင်း
လည်းပါတာပေါ့..။ ကျွန်တော် စရေးဖူးတဲ့ကဗျာလေးကို အဖေခုထိ သိမ်းထားသေးတယ်.။၉ တန်းတုန်းက
ရေးတဲ့ကဗျာလေးပါ..။(မဂ္ဂဇင်းမှာ စာမူစပါတုန်းက . ပထမဆုံးရတဲ့ စာမူခကို အဖေ့ကိုကန်တော့တော့အဖေ
မျက်ရည်တွေဝဲနေတာ တွေ့ပါတယ်..။ မုတ်သုံ(ပြင်ဦးလွင်) ကလောင်အမည်နဲ့ရေးတုန်းကပေါ့..)
         ကျွန်တော့်ဘ၀မှာ အဖေအမှတ်တရလုပ်ပေးခဲ့တဲ့ထဲကမှ အထင်ရှားဆုံးတစ်ခုက ကျွန်တော် ၄ နှစ်
သားတုန်းက. အဖေက မေမြို့ရေသရောက်ကုန်းမှာရှိတဲ့ ပျားမွေးမြူရေးစခန်းကို သွားရပါတယ်.။ ညနေမိုး
ချုပ်မှ ပြန်ပြန်လာတတ်ပါတယ်.။ အဲဒီမှာ အမေက ကျွန်တော့်ကိုမှာပါတယ်.။ သားကိုချစ်ရင် အဖေဆေးလိပ်
မသောက်နဲ့ လို့ ပြော ခိုင်းပါတယ်.။ ပြောရင် စားချင်တာ ၀ယ်ကျွေးမယ်လို့လည်းပြောပါတယ်..။ ကျွန်တော်
ကလေးကတည်း က အစားအသောက်ကို သိပ်မက်မက်မောမော မရှိလှပါ..။ဒါပေမယ့် အမေပြောခိုင်းတော့
လည်းပြောရပါတယ်..။အဖေက မိကျောင်းစက်ဘီးလေးကို မပြီး အိမ်ထဲဝင်လာတော့..အဖေ့ခြေထောက်ကို
ပြေးဖက်ပြီး.လေးနှစ်သား ကျွန်တော်က . အဖေသားကိုချစ်ရင်ဆေးလိပ်မသောက်နဲ့တော့ လို့ တစ်ခွန်းပြော
လိုက်ပါတယ်.။ အဲဒီအခါ အဖေက ကျွန်တော့်ကိုတစ်ချက် ကြည့်လိုက်ပါတယ်..။ပြီးတော့ ပွေ့ချီလိုက်ပြီး..
“ အေး ” လို့ တစ်ခွန်းပြောလိုက်ပါတယ်.။ အဲဒီ“ အေး ”ရဲ့ နောက်ပိုင်းမှာ အဖေ လုံးဝဆေးလိပ်မသောက်
တော့တာ ယနေ့ထိပါပဲ..။
           ကျွန်တော် ကျောင်းဆင်းပြီးနောက်ပိုင်းမှာ. အဖေကျွန်တော့်ကို အဓိက ထားမှာတာက.. အောက်
ခြေမလွတ်ဖို့..၊ အရက်သေစာမသောက်စားဖို့.နဲ့ မိမိ ပတ်ဝန်းကျင်ကို၊ မိမိ အသိုင်းအ၀ိုင်းကို ဂုဏ်သိက္ခာ
ကျအောင်မလုပ်ဖို့ကို အမြဲမှာလေ့ရှိပါတယ်.။ ကျွန်တော် သင်္ကြန်ရောက်ခါနီး တပ်ကိုပြန်တော့..ယူနီဖောင်း
ဖြင့်ရထားမစီးလို့..အဖေက ဘာလို့ မစီးတာလဲ မေးတော့.. ကျွန်တော်က .. အနေအထိုင်မှားသွားရင်.ကျွန်
တော်ရော.. Officer Corp ကြီးတစ်ခုလုံးရော၊ စစ်သားတွေအားလုံးပါ သိက္ခာကျမည်စိုးလို့  လို့ ဖြေလိုက်
တော့ အဖေက ဒါမှ ငါ့သား လို့ ပခုံးကိုဖက်ပြီး ဆိုဖူးပါတယ်.။
      ကျွန်တော့် မှာအဖေ့ဆီက ပါလာတဲ့ဗီဇ တစ်ခုရှိပါတယ်..။ အဲဒါက လိမ်ညာတာကို အင်မတန်မုန်းတာ
ပါ.။ကိုယ်ကိုယ်တိုင် မရိုးမသားမလုပ်သလို မိမိကိုမရိုးမသားလုပ်လျှင်လည်း  အဲဒီလူကို သည်းမခံပါဘူး.။
သည်းမခံဘူးဆိုတဲ့နေရာမှာ ရိုင်းပြစွာ..ပြုလုပ်ခြင်းမဟုတ်ပါ.။လုံးဝ မဆက်ဆံတော့တာကိုဆိုလိုတာဖြစ်
ပါတယ်..။ပြီးတော့ အဖေက လူတိုင်းအပေါ်မှာ ကိုယ်ချင်းစာတတ်တဲ့စိတ်လေးတစ်ခုကို ကျွန်တော့်ကိုလက်
ဆင့်ကမ်းပေးထားပါတယ်..။ဟိုးအပေါ်မှာတင်ထားတဲ့စာလေးကတော့ ..ကျွန်တော် လေယာဉ်ပေါ်ကို
မတက်ခင်.. အဖေက ပြာယီးပြာယာနဲ့ရေးပေးခဲ့တဲ့စာလေးဖြစ်ပါတယ်....။ အဖေ့စကားကို အားလုံးမဟုတ်
ရင်တောင် အားလုံးနီးပါးတော့နားထောင်နေပါတယ်..အဖေ.. လို့.. ။ ဒါပေမယ့် အိပ်ရေးပျက်နေတာကလွဲ
ရင်ကျန်တာ အားလုံး တော့နားထောင်ပါတယ်..။
       အဖေ့ကို ဒီနေရာကနေ စကားလေးတစ်ခွန်းပြောချင်ပါတယ်...။အဖေ့စကားတွေကိုအားလုံးနားထောင်
ချင်ပါတယ်.အဖေ .။ ဒါပေမယ့် .အဖေ့သားက ကမ္ဘာ့လူဦးရေ..သန်း(၆၀၀၀)ကျော်ထဲမှာ မထင်မရှားမွေး
လာပြီး မထင်မရှားသေဆုံးသွားရမှာကို မလိုလားဘူးအဖေ.....ခွန်အားရှိသလောက်.. အစွမ်းရှိသလောက်
တော့ ပျံသန်းပါရစေ အဖေ..။ ဒါပေမယ့် ကျွန်တော်ခုချိန်ထိတော့.. လိမ္မာနေဆဲပါပဲအဖေရယ်.လို့ မြန်မာ
ပြည်က အဖေ့ဆီ ပြောလိုက်ချင်ပါတယ်...။






ရေးသားသူ : မိုးသက် // 1:00 PM
အမျိုးအစား:

8 comments:

  1. ဒီစာလေးက သိပ်ထိရှပါတယ် မိဘနဲ့သားသမီးကြားမှာ ပေါင်းကူးတံတားလေးတွေပေါ့ဗျာ
    မိဘတွေမျက်စိမှာ ကျနော်တို့တွေက တချိန်လုံးခလေးပိစိလေးတွေ အတောင်အလက်စုံတယ်လို့ကိုယ်က မြင်တယ် သူတို့ကတော့ သူတို့လက်ထဲမှာပဲရှိနေသေးတယ်လို့မြင်တတ်တယ်။ ခင်ဗျား အဖေက သိပ်ကိုကြင်နာတတ်မယ့်လူပါပဲ အမြော်အမြင်လည်းရှိသလို သိပ်ချစ်တတ်တဲ့အဖေတယောက်ဆိုတာ ကျနော် မြင်မိတယ်။ ကျနော့အဖေလည်း အဲ့လိုဆုံးမစာတွေ အမြဲပြောရေးပေးတတ်တယ်။ မိဘကို ကျေးဇူးဆပ်ပါဗျာ.....

    ReplyDelete
  2. မိဘကျေးဇူးဆပ်နိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ပါစေ

    ReplyDelete
  3. အဖေ့ဆီကဆုံးမစာလေး..:)
    အားကျတယ်အကိုရေ
    ညီတို့တော့ဒီတစ်သက်အဲဒီလိုစာမျိုးလေးဘယ်တော့မှမရနိုင်တော့ဘူး
    အဖေ့ကျေးဇူးကောင်းကောင်းဆပ်နိုင်ပါစေဗျာ..။

    ReplyDelete
  4. မိဘနဲ့ သားသမီးမေတ္တာလေးကို အထင်းသားမြင်ရတယ် :D

    ReplyDelete
  5. What a beautiful connection between father and son!

    ReplyDelete
  6. အဖေ့ခြေထောက်ပြေးဖက်ပြီး သားကိုချစ်ရင် ဆေးလိပ်မသောက်နဲ့တော့ ဆိုတဲ့နေရာရောက်တော့ မျက်ရည်ဝဲသွားတယ်...

    ReplyDelete
  7. ကောင်းလိုက်တဲ. ဆုံးမစာလေးဘဲ ငါ.ညီ အဲ.အတိုင်းဖြစ်အောင်ကြိုးစားနော်

    ReplyDelete
  8. သားရေလာရောက်ဖတ်ရှုသွားတာနောက်ကျပေမယ့်
    စာပိုစ်လေးကအသက်ဝင်တော.ဖတ်ရင်းနဲ.ဘာလို.လည်းမသိ
    မျက်ရည်စို.လာလို.....အားပေးလျှက်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List