နှစ်ဟောင်းကျန်ရစ်၊ နှစ်သစ်ရောက်လျှင်
စိတ်ဟောင်းစွန့်ပစ်၊ စိတ်သစ်စမည်ပင်
လန်းလန်းရွှင်ရွှင်၊ အားအင်နိုးထ
စိတ်မှရွှင်စွာ၊ ကိုယ်ကျန်းမာ
ချမ်းသာစွာရှိကြပါလို့လေး...။
ကျန်းမာရွှင်ပျ၊ ရှိကြသောခါ
လုပ်ခွင်လှပ၊ တက်ကြွကြသည်သာ
အားတက်ဖွယ်ရာ၊ မြူးစွာနိုးထ
ကင်းပပြဿနာ၊၀န်းကျင်မှာ
ခြင်းရာသာတိုးတက်သည်နှင့်လေး...။
ဝန်းကျင်တိုးတက်၊ကောင်းခြင်းဆက်လျှင်
မြန်ပြည်ကျိုးတွက်၊ဦးရွက်ကြမည်ထင်
မြန်မြန်လျင်လျင်၊ရွှင်စွာကြိုးပ
မုချအောင်မြင်၊ တိုင်းတစ်ခွင်
မျက်မြင်သာထင်ရှားပါလို့လေး..။
မြို့ခွင်ကျေးရွာ၊ စည်ပင်သာလျှင်
ညီစွာဖျဖျ၊ ကြိုးကုတ်ကြသည်ပင်.
တို့အားတို့အင်၊ ကျွမ်းကျင်မှုပြ
စံပြနည်းနာ၊တို့လိုက်နာ
ခေါင်းဆောင်ရာလေးမြတ်ပါလို့လေး...။
နှစ်သစ်ကယ်ပြည်ရွာ၊ ကောင်းစွာစည်တော့မည်..။
ချစ်မြတ်ဖွယ်ပီစွာ၊ကောင်းစွာတည်တော့သည်..။
စိတ်ဟောင်းစွန့်ပစ်၊ စိတ်သစ်စမည်ပင်
လန်းလန်းရွှင်ရွှင်၊ အားအင်နိုးထ
စိတ်မှရွှင်စွာ၊ ကိုယ်ကျန်းမာ
ချမ်းသာစွာရှိကြပါလို့လေး...။
ကျန်းမာရွှင်ပျ၊ ရှိကြသောခါ
လုပ်ခွင်လှပ၊ တက်ကြွကြသည်သာ
အားတက်ဖွယ်ရာ၊ မြူးစွာနိုးထ
ကင်းပပြဿနာ၊၀န်းကျင်မှာ
ခြင်းရာသာတိုးတက်သည်နှင့်လေး...။
ဝန်းကျင်တိုးတက်၊ကောင်းခြင်းဆက်လျှင်
မြန်ပြည်ကျိုးတွက်၊ဦးရွက်ကြမည်ထင်
မြန်မြန်လျင်လျင်၊ရွှင်စွာကြိုးပ
မုချအောင်မြင်၊ တိုင်းတစ်ခွင်
မျက်မြင်သာထင်ရှားပါလို့လေး..။
မြို့ခွင်ကျေးရွာ၊ စည်ပင်သာလျှင်
ညီစွာဖျဖျ၊ ကြိုးကုတ်ကြသည်ပင်.
တို့အားတို့အင်၊ ကျွမ်းကျင်မှုပြ
စံပြနည်းနာ၊တို့လိုက်နာ
ခေါင်းဆောင်ရာလေးမြတ်ပါလို့လေး...။
နှစ်သစ်ကယ်ပြည်ရွာ၊ ကောင်းစွာစည်တော့မည်..။
ချစ်မြတ်ဖွယ်ပီစွာ၊ကောင်းစွာတည်တော့သည်..။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
ReplyDeleteအေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေ မေမြို့မိုးရေ။
Happy New Year !!!
မေတ္တာဖြင့်
အန်တီတင့်
ကဗျာလေးကမှတ်သားစရာတွေရတယ်
ReplyDeleteနှစ်သစ်မှာပျော်ရွှင်ခြင်း အောင်မြင်ခြင်းတွေပြည့်ဝပါစေ
နှစ်သစ်ဆုတောင်းလေးပေါ့နော် :D
ReplyDeleteအသံတွေမှားနေတယ်
ReplyDeleteအသံနဲ့ ပတ်သက်ရင် ကောင်းကောင်း နားမလည်သေးပါဘူးခင်ဗျာ။ ကာရံနောက်ကို လိုက်ပြီးရေးထားတာမို့ပါ ကျေးဇူးတင်ပါတယ်ဆရာ။
Delete