ရထား..။
ကျွန်တော်တို့ အားလုံးရထား စီးဖူးကြသည်..။
ခြေညောင်းလက်ဆန့် လူပင်ပန်းသက်သာသောကြောင့် အရေးကြီးခရီးစဉ်များမှ အပ ရထားကိုစီးကြသည်...။
ကျွန်တော်သည် ရထား အရေး မပါသောမြို့တစ်မြို့ဖြစ်သည့် တောင်ပေါ်မြို့ ပြင်ဦးလွင်ဇာတိဖြစ်ပါသည်..။ ပြင်ဦးလွင်တွင်
ကုန်တင်ခြင်းမှ အပ ရထားကို စီးလေ့စီးထ မရှိကြပါ..။ အဝေးပြေးလိုင်းကားမျိုးစုံ ဖြင့် သွားလာရအဆင်ပြေသောမြို့ဖြစ်သောကြောင့်
ဖြစ်ဟန်တူပါသည်...။ထို့ကြောင့် ကျွန်တော် ရထားကို ငယ်စဉ်အခါက မစီးခဲ့ဖူးပါ...။ကျွန်တော်၇ထားစစီးဖူးသောအချိန်သည်
ကျောင်းပြီးသောအခါမှ တာဝန်ကျရာနေပြည်တော်သို့ သွားသောအခါတွင်မှ ရထားကိုစတင်စီးဖူးခြင်းဖြစ်ပါသည်...။
ရထားစီးရာတွင် လူမျိုးစုံ အဆင့်အတန်းမျိုးစုံတို့ဖြင့်တွေ့ကြုံ ဆက်ဆံရသည်..။ ပြည်သူနှင့်တ စ်သားတည်းဖြစ်သည့် ပြည်သူ့သား
တစ်ဦးဖြစ်သည့်အတွက် သူတို့၏ ဘ၀မျိုးစုံကို ရင်းနှီးကျွမ်းဝင်ရှိအောင် လေ့လာရာတွင်ရထားသည် ကျွန်တော် ၏ အားထားရာ တစ်ခု
ဖြစ်လာခဲ့ပါသည်..။ယာယီတာဝန်ဖြင့် သွားရာတွင်ဖြစ်စေ ကိုယ်ရေးကိုယ်တာ ကိစ္စဖြင့် ခရီးထွက်ခွာရာတွင်ဖြစ်စေ ရထားဖြင့် သွားလာ
ရခြင်းကိုကျွန်တော် နှစ်ခြိုက်မိသည်..။ အမျိုးမျိုးသော လူများနှင့် အတူ စကားပြောမည် .. ။ သူတို့ပြောသောစကားများကိုနားထောင်
မည်..။ သူတို့ ၏ အခြေအနေဘ၀များကိုကျွန်တော် သိခဲ့ရသည်..။
တဖန်ရထား စီးခြင်းမှ ကျွန်တော်ပညာ များစွာရရှိခဲ့သည်..။မိတ်ဆွေသင်္ဂဟ များစွာဖြင့်လည်းဆုံဆည်းခဲ့ရသည်..။(ကျွန်တော်၏
စာပေလောကတွင် လက်ဦးဆရာ ဟုပြောရမည့် စာရေးဆရာမ ပင်မြင့်စံ(ရွှေဘို) ကိုလည်း ကျွန်တော်နေပြည်တော်ဘူတာတွင်စတင်
ရင်းနှီးမိခြင်းဖြစ်ပါသည်...။) မြန်မာလူမျိုးတို့၏ ခင်ရာဆွေမျိုး ၊ ရောက်လေရာအရပ်တွင်မိတ်ဆွေဖွဲ့တတ်ခြင်းကို ရထားပေါ်တွင်အများ
ဆုံး တွေ့ရှိရသည်ဟု ဆိုက မမှားနိုင်ပါချေ...။ မကြုံဖူးသော အတွေ့အကြုံသစ်များ ၊ မတွေ့ဖူးသော အဖြစ်အပျက်များ ၊ မသိသေး
သော အကြောင်းအရာများကိုလည်း တွေ့မြင်ခဲ့ ရရှိခဲ့ဖူးသည်...။
၂၀၁၀နှောင်း ပိုင်းက ဖြစ်ပါသည်...။
ခန့်မှန်းခြေ ပြောရလျှင်နိုဝင်ဘာ.လောက်က ဖြစ်မည်ထင်ပါသည်..။(ကျွန်တော့်ဒိုင်ယာရီစာအုပ်အဟောင်းမှာ အိမ်တွင်ကျန်
နေခဲ့ခြင်းကြောင့် ရက်စွဲ အတိအကျ ဖော်ပြမပေးနိုင်သည်ကိုနားလည်ပေးပါရန်..)ကျွန်တော် ယာယီတာဝန်တစ်ခု ဖြင့် မန္တလေးသို့
လာရသည်..။ကိစ္စ ၀ိစ္စများ ပြီးသော အခါ မွေးရပ်မြေသို့ နေ့ချင်းပြန် သွားခဲ့ပါသည်..။အိမ်မှာ အမေနှင့်အဖေကို ကန်တော့ ၍ ပြန်ခါ
နီးတွင် ကျွန်တော့် ဂန္ဒ၀င်ဆည်းဆာ လေးထံ နှုတ်ဆက်ရန်သွားခဲ့ပါသည်...။
သူ့အိမ်ကိုရောက်တော့ သူ့မေမေမှ အထုပ်တစ်ထုပ်ဖြင့် ကျွန်တော့်အားကန်တော့စေပါသည်...။(ကျွန်တော်နှင့်သူမှာကျောင်း
နေဘက်ဖြင့်လင့်ကစား သူ့ကိုကျွန်တော် ကွန်ပျူတာ၊သင်ပေးခဲ့ဖူးသည်..မေတ္တာဒါနပေါ့ဗျာ...:P )
“ နင့်အတွက် အနွေးထည်ဝယ်ထားတာ ..တစ်ခါတည်းဖောက်ဝတ်ကြည့်ဦးလေ...”
ကျွန်တော်ကလည်း သူ့စကားကို နားထောင်သူဖြစ်ရာ သူပြောသည့်အတိုင်းပင်လိုက်နာရပါသည်...။
“ လိုက်တယ်...ပိုခန့်သွားသလိုပဲ..”
“ အမယ် ..နဂိုရှိလို့ နဂိုင်းထွက်တာပါဟာ...ဒါပေမယ့် နင်ဝယ်ပေးတာက အထူကြီးပဲ.. နေပြည်တော်မှာနေဒီလောက်ပူတာ
ငါက ဘယ်မှာသွားဝတ်ရမလဲ..”
“ အာ ခုပဲဆောင်းဝင်တော့မယ်.. ချမ်းရင်ဝတ်ပေါ့.. ပြီးတော့ နင်ပြန်လာရင်လည်း ၀တ်လို့ရတာပဲ..”
“ အဲဒါတွေ..သိပါတယ်..အမြင်ကတ်လို့ တမင်ကတ်ပြောနေတာ...”
သူက လက်သီးကိုဖွဖွဆုပ်ကို ထုဟန်လုပ်ပြပါသည်..။သူမကို မကြာမီသင်တန်းဖြင့်ပြန်လာရမည်ဟု ကတိပေးပြီး ကျွန်တော်နှုတ်
ဆက်ပြီး ပြန်လာခဲ့ပါသည်..။ မန္တလေး မှ အပြန်တွင် ကျွန်တော်ထုံးစံအတိုင်းရထားစီးပါသည်...။ ကျွန်တော့် ခုံဘေးတွင် ရဟန်းတော်
တစ်ပါး..။ကျွန်တော့်ရှေ့တည့်တည့်တွင် သား အမိနှစ်ဦး..။ ကလေး မလေးမှာ ၉ တန်း ဆယ်တန်းအရွယ်ဖြစ်ပါသည်..။
ကျွန်တော်ရထားစီးလျှင် အရပ်ဝတ်ဖြင့်သာစီးလေ့ရှိပါသည်..။ ယူနီဖောင်းဖြင့်စီးလျှင်. မိမိ၏အသွားအလာ အနေအထိုင်ကို
အထူးဆင်ခြင်ရပါသည်..။ ပြည်သူများ အထင်အမြင်သေးစေသည့် မိမိဂုဏ်သိက္ခာကျဆင်းစေသည့် အပြုအမူမျိုးဖြစ်သွားပါက မိမိ
အတွက်ရော မိမိ အလုပ်အတွက်ပါမကောင်းသောကြောင့်ဖြစ်ပါသည်..။(အရပ်ဝတ်ဖြင့်စီး၍ ဖြစ်သလိုနေမည်ဆိုသောစိတ်တော့ မရှိ
ပါ..။ မတော်တဆ မိမိ သတိမထားမိသောအမှားမျိုးရှိနိုင်ကြောင်း ယူဆမိ၍ဖြစ်ပါသည်...။)
ခရီးစဉ်စထွက်တော့ ကျွန်တော်က ရွှေတောင်ကုန်းရိပ်သာထွက်ပီပီ ရဟန်းတော်များကို ကြည်ညိုတတ်သည့်အားလျှော်စွာ
မိမိကိုယ်ကိုယ် မိတ်ဆက်ပါသည်...။ဘုန်းဘုန်းမှ ရန်ကုန်သို့ကြွရန်ဖြစ်ကြောင်းမိန့်တော်မူပါသည်...။(ကျွန်တော်စီးသောရထားမှာ
မန္တလေး-ရန်ကုန် အစုန်ရထားဖြစ်ကြောင်းပါ..)ဆက်လက်၍ ဘုန်းဘုန်းနှင့်ကျွန်တော် အပေးအယူမျှနေစဉ် ရှေ့မှ မိခင်ဖြစ်သူက
လည်း ကျွန်တော်တို့စကားဝိုင်းထဲ ၀င်လာပါသည်..။
“ ကျွန်မ တို့က တောင်ငူကို ပြန်မလို့ပါ..စစ်ကိုင်းက အမေဆုံးလို့လေ...အဲဒါစစ်ကိုင်းက ပြန်လာတာ..”
“ သြော်..သြော်..”
သူတို့အတွက် သက်ပြင်းချမိပါသေးသည်..။ ဒီခရီးကသူတို့အတွက်တော့ အပူခရီးပေပဲ ..။
“ ဒကာလေးက ဘုရားတရားအကြောင်း အတော်သိသားပဲ .. မင်းတို့ အရွယ်တွေ..ခုခေတ် သိပ်စိတ်မ၀င်စားကြတော့ဘူးနော်..”
“ မှန်ပါ့ဘုရား.. တပည့်တော်က ကိုရင်တစ်ခါတစ်ခါ ၀တ်ရင် .. ၂၈ ရက် တစ်လ ၀တ်တာဘုရား.. တပည့်တော်ရဲ့မိခင်ကလည်း
ငယ်ငယ်ကတည်းက ပရိတ်ကြီး (၁၁) သုတ်တို့ဘာတို့ကို နှုတ်တိုက်ချပေးထားတယ်ဘုရား..”
“ သြော်..သြော် ..တော်တဲ့ အမေ ပေပဲ..”
ကျွန်တော်ပြောရင်းပင် အမေ့ကိုသတိရမိပါသည်..။စောစောက မိခင်ပြောသည့် သင်္ခါရတရားများနှင့်ဆက်စပ်ကာ.သက်ပြင်း
ခိုးချမိပါသည်..။ဆယ်တန်းပြီး ကတည်းကကျွန်တော်သင်္ကြန်ရောက်တိုင်းဝစီပိတ် တရားစခန်းများ အမေနှင့်အတူ ၀င်ခဲ့သည့်အကြောင်း
များတွေးမိပါသည်..။ တရားစခန်းနားမှာ မဏ္ဍပ်ထိုးထား၍ တရားထိုင်ရာတွင်စိတ်ပျံ့လွင့်ကြောင်းတွေ ပြန်မြင်မိသည်..။
“ အင်း..ဟင်း.. အမေ.”
မျက်နှာချင်းဆိုင်က ကလေးမလေးက ညည်းငြူလာသည်..။ မိခင်က နဖူးကိုစမ်းရင်းကျွန်တော်တို့မမေးပါပဲနှင့်ဆိုသည်...။
“ ကျွန်မ သမီးက သူ့အဖေ ရှိတဲ့ ရွှေတောကိုသွားရင်းနဲ့ ငှက်ဖျားမိလာခဲ့တာလေ..ဒုက္ခပါပဲ ရှင်..အဖျားတက်လာပြီထင်တယ်.”
ကျွန်တော်ငှက်ဖျားတက်တာကိုတစ်ခါမှ မမြင်ဖူးပါ.. ကလေးမလေးကတော့ တစ်ဆက်ဆက် တုန်ရင်းညည်းငြူနေသည်..။
ဇာတ်ကားတွေထဲမှာ ကျော်ဟိန်း ငှက်ဖျားတက်ရင်း ဂန့်သွားတာကြည့်ဖူး၍ စိုးရိမ်မိသည်ကတော့အမှန်ပါ...။
“ဘယ်လိုလုပ်ကြမလဲ.. ဒါဆိုရင်.”
ဘေး ကလမ်းဟိုဘက် က ခုံမှ လူကြီးတစ်ယောက် ..
“ ခနနေ မုန့်သည်လာမှာလေ အဲဒီအခါ လေးပက်ပြားတစ်ပြားလောက်တိုက်လိုက်... သက်သာသွားလိမ့်မယ်...”
ကျွန်တော်ကလည်း ဒုံးဝေးသည်..။
“ လေးပက်ပြားဆိုတာ ... အရက်ကိုပြောတာလား..”
“ ဟုတ်ပ မောင်ရာ.. အာမီရမ်ရှိရင်ပိုကောင်းမယ်..ဒါပေမယ့် ဒီရထားပေါ်မှာတော့ ဂရမ်းတွေပဲရှိမယ်..”
“ အာ အရက်ကတော့...”
ကျွန်တော် တွေဝေသွားပါသည်.. ။ ဘေးက ဘုန်းဘုန်းကတော့ အားပေးချင်ပုံမရပါ.. ။ ရဟန်းတော်များအဖို့ ဘေးကြပ်နံကြပ်
ကိစ္စတွေရှိသည်မဟုတ်ပါလား..။ ယခု အချိန်မျိုးတွင် ဘုန်းဘုန်းနှုတ်ဆိတ်နေခြင်းသာ အမှန်ဆုံးဖြစ်ပါသည်..။
ရထားက နေပြည်တော်ဝင်ခါနီးနေပါပြီ..။ တပ်ကုန်းနားက MRTV အဆောက်အုံကိုတောင် မြင်နေရပြီဖြစ်သည်..။
ရှေ့ကမိခင်ဖြစ်သူ ကတော့သူ့သမီးလေးကို ပြုစုတုန်း..။
“ နေပြည်တော်မှာ နားရင်နားလိုက်ပါလား.. ပြီးမှ ရထားဆက်စီးပေါ့...”
“ ရပါတယ်ရှင် နားနေရင်လည်း ကရိကထများဦးမှာပါ... ဒီအတိုင်းပဲ ဆက်စီးသွားလိုက်မယ်.. တောင်ငူမှာက မြို့ခံဆိုတော့..
ဟိုရောက်မှပဲ သူ့ကို နားခိုင်းလိုက်ပါ့မယ်... ”
မိခင်ကလည်း ကျွန်တော့်ကိုအားနာ၍သာပြောနေရသည်... သူ့သမိးလေးကတော့ တုန်သထက်တုန်နေသည်....။
ဘေးနားကလူတွေကလည်း .. ဆေးလာပေးသူပေး.ရေနွေးကြမ်းလာပေးသူကပေးပါသည်...။ထိုမျှလောက်နှင့် သူမမနွေးထွေး
နိုင်မှန်းကျွန်တော်သိပါသည်....။ ခုလိုအချိန်အခါမှာ ဘယ်သူမှ အနွေးထည်ယူမလာဘူးဆိုတာလည်းကျွန်တော်သိပါသည်...။
ကျွန်တော့်အထင်မမှားလျှင် ဒီတစ်တွဲလုံးမှာ အနွေးထည်ပါသူ ကျွန်တော် တစ်ဦးတည်းသာရှိလိမ့်မည်..။သို့ရာတွင်...။
ကျွန်တော် တကယ်ပဲချီတုံချတုံဖြစ်နေပါသည်...။ ချစ်သူကိုယ်တိုင် နဖူးနှင့် ခြေဖမိုးထိမတတ်ကန်တော့ခဲ့သည့် အကျီင်္လေး
ကိုကျွန်တော် ပေးရမည်လား...။
သူတို့သားအမိကိုကြည့်တော့လည်း သာမာန်အောက်ခြေလူတန်းစားများဖြစ်ဟန်တူပါသည်....(ကျွန်တော်မှာလည်းချမ်းသာ
သူမဟုတ်ပါ...။သို့ရာတွင် မိမိထက်နိမ့်ကျသူကို အမြဲတမ်းကြည့်ရှုရမည်ဟူသော ဖခင်၏ သြ၀ါဒကို ရင်ဝယ်ပိုက်ထားသူဖြစ်ပါသည်.)
ကျွန်တော် အမှန်ကန်ဆုံးဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါသည်...။ ကျောပိုးအိတ်အတွင်းမှ ဖောက်ပြီးသားပါဆယ်ထုပ်ကလေး
အတွင်းမှ အနွေးထည်အသစ်ကလေးကို (သူတို့မမြင်အောင် )ထုတ်လိုက်ပါသည်..။
“ ရော့ရော့ .. ဒီအနွေးထည်ဝတ်ထားရင် အဆင်ပြေမယ်ထင်တယ်....”
မိခင်ဖြစ်သူမှာ ၀မ်းသာသွားဟန်တူသော်လည်း ...။ အားနာ စွာဖြင့်ပင်ငြင်းပယ်ပါသည်...။
“ မဟုတ်တာ ကလေးရယ်... မယူပါရစေနဲ့.. အန်တီတို့လည်းတော်ကြာရောက်တော့မှာပဲဥစ္စာကို...”
“ ရပါတယ်အန်တီ...နေပြည်တော်မှာ အနွေးထည်မလိုမှမလိုပဲ.. ကျွန်တော် ကအိမ်ကအဟောင်းလေးတွေယူလာတာပါ..
ကျွန်တော် ကလက်ဆောင်ပေးတယ်လို့ သဘောထားလိုက်ပေါ့ ဗျာ...ပြီးတော့ ရော့...”
အိမ်မှ ထွက်လာတုန်းက အမေ ထည့်ပေးလိုက်သော ငွေရှစ်သောင်းထဲမှ.. သုံးသောင်းကို ထုတ်ကာ ပေးလိုက်ပါသည်..။
“ အန်တီ့ အမေ အတွက်အကူငွေနဲ့ ညီမလေး ကိုဆေးကုဖို့ကျွန်တော်လှူပါတယ်အန်တီ...”
ဒီတစ်ခါ မိခင် ဖြစ်သူ မငြင်းနိုင်တော့ပါ..။မျက်ရည်များပင်ဝဲတက်လာပါသည်..။
“ ကျေးဇူးတင်ပါတယ်. ..သားရယ်...အန်တီ..”
သူမ စကားဆက်မပြောနိုင်ပါ.. ။ ကျွန်တော်သည်လည်း အနုပညာသမားပီပီ စိတ်မခိုင်သူဖြစ်ရာ.. ခေါင်းကိုငုံ့နေရပါသည်..။
ရထားကတော့ နေပြည်တော်ဘူတာကို ၀င်နေပါပြီ...။
“ အန်တီ.. ဒါက ကျွန်တော့် ရုံးဖုန်းနံပတ်ပါ.. ပြန်ရောက်ရင် အခြေအနေကို ကျွန်တော့်ဆီ ဖုန်းဆက်ပါဦးနော်... ကျွန်တော့်နာ
မည် မိုးသက်ပါ...”
ကျွန်တော် သူတို့ကို ပြောရင်း ပေါ့သွားသော ကျောပိုးအိတ်ကိုလွယ်လိုက်ပါသည်...။
“ သားရယ်ေ တာင်ငူကိုရောက်ရင် အိမ်ကိုဝင်လာပါဦး..”
ကျွန်တော့်ကိုသူတို့လိပ်စာကို ပြာပြာသလဲ ရေးပေးပါသည်...။
“ သွားပါဦးမယ် အန်တီ.. အစစအရာရာ အဆင်ပြေပါစေဗျာ... ဘုန်းဘုန်း တပည့်တော်ကြွတော့မယ်ဘုရာ့.. အဲ..”
ဆင်းခါနီးမှ ကျွန်တော် စကားမှားသွား၍ ဘုန်းဘုန်းနှင့် ဘေးနားမှ ကြားသူအချို့ရယ်ကြပါသည်...။ ကျွန်တော်မှာလည်း ရှက်
ရှက်ဖြင့်..ဘူတာရောက်သောအခါဆင်းလာခဲ့ပါတော့သည်...။ဘူတာမှာ တပည့်ကျော် ကျော်လင်းက အဆင်သင့်ဆီးကြိုနေပါသည်.။
“ ဗိုလ်ကြီး မျက်နှာပြုံးလို့ပါလား ဘာတွေပီတိဖြစ်လာတာလဲ .. ဧကန္တ ကောင်မလေး နဲ့ပြင်ဦးလွင်မှာလည်လာတယ်ထင်တယ်..”
သူ့အမေးကိုကျွန်တော် မဖြေမိပါ...။ ကျွန်တော်ဘာကြောင့်ပြုံးတာကိုကျွန်တော်သာသိပါသည်..။
ချစ်သူရဲ့ အမှတ်တရ လက်ဆောင်ကို ကျွန်တော်သိပ်ကြိုက်ပါသည်.. ။ ကြိုက်သည်ဆိုတာထက် ကျွန်တော်သူပေးသောပစ္စည်း
မှန်သမျှကို (အတိုအစမှန်သမျှ) မြတ်နိုးစွာသိမ်းထားလေ့ရှိပါသည်...။ အခုနောက်ဆုံးပေးခဲ့သည်.. အနွေးဂျာကင်လေးကိုလည်းကျွန်
တော်..ဂုဏ်ယူစွာဝတ်ဆင်ရန်ဆန္ဒရှိမိခဲ့ပါသည်...။ သို့ရာတွင် ကျွန်တော့်ဂျာကင်လေးမှာ ရန်ကုန်-မန္တလေး အစုန်ရထားနှင့်အတူ
တောင်ငူမြို့သို့ ပါသွားခဲ့ပါပြီ...။ဒီအတွက် ချစ်သူမှ ငြူစူလျှင်လည်းခံရပါမည်..။ သို့ရာတွင် သူမသည်လည်း ပြည်ချစ်သားတစ်ဦး၏
ပါရမီ ဖြည့်ဖက်လောင်းလျာတစ်ဦးပီပီ.. ကျွန်တော့်ကိုနားလည်လိမ့်မည်ဆိုတာကျွန်တော် အလိုလိုသိပါသည်...။
ကျွန်တော် တပ်ပြန်ရောက်ပြီးနောက်ရက်မနက်မှာတောင်ငူမှ အားလုံးအဆင်ပြေကြောင်းဖုန်းဆက်ပါသည်..။ ကျွန်တော့်ကိုလည်း
အလွန်ပင်ကျေးဇူးတင်ကြောင်း ..၊ တောင်ငူသို့ရောက်လာပါက မည်သည့်အချိန်ပင်ဖြစ်စေ လာရောက်ပါရန် .၊ ပြောပါသည်...။
ဒီခရီးသည် ကျွန်တော့်အတွက် သမားရိုးကျ ရထားစီးခရီးစဉ်တစ်ခု ဖြစ်ပါသည်..။ သို့ရာတွင်..ဘ၀တွင် အဖိုးမဖြတ်နိုင်သည့်
ပီတိ တစ်မျိုးကို ရရှိခဲ့သည့် ဘယ်တော့မှ မမေ့တော့မည့်ရထားခရီးတစ်ခု ဖြစ်ကြောင်းပါခင်ဗျား.....။

ကိုယ့်ချစ်သူပေးလိုက်တဲ့
ReplyDeleteလက်ဆောင်လေးကို
လိုအပ်နေတဲ့သူတယောက်ကို
လိုအပ်နေတဲ့အချိန်မှာ
စေတနာပြတ်သားစွာနဲ့
ကူညီပေးခဲ့တဲ့
စိတ်ဓါတ်လေးကို
လေးစားပါတယ်မောင်မိုး..