Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, December 28, 2011

နေရစ်ခဲ့တော့ သူငယ်ချင်း............

(၂၅-၁၂-၂၀၁၁ တွင် တိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ရင်း အသက်ပေးလှူသွားသော သူငယ်ချင်းတစ်ဦးအား
ဂုဏ်ပြုရေးဖွဲ့ပါသည်.)

လေကြမ်းလှိုင်းထန်၊ လောကဓံနှင့်
လမ်းမှန်ကိုရွေး၊ ဘ၀ပေးကာ
အသွေးအသား၊
အများပြည်သူ၊ ပေးဆပ်လှူသည့်
ထမ်းယူတာဝန်၊ ရွက်ကျေပွန်ရင်း
စစ်နွံနက်နက်၊ ၀ဲဂယက်မှာ
တစ်ခက် ကြွေလွင့်ရပြန်ပြီ.........။

စစ်သားကောင်းတို့..
အလောင်းမြေခ၊ ပျက်ကြွေရလည်း
ရဲကမသေ၊
သေက ငရဲမလား၊ ဆိုရှိထားသည့်
စကားသစ္စာ၊ ရှိသည့်ရာတိုင်း
ဝန်တာကျေပွန်၊ အားစိတ်သွန်သည့်
ပြည့်မွန်ချစ်စွာ၊မင်းရှိရာကို
ငါသည်ဦးညွတ်လိုက်ပါ၏......။

နယ်ပယ်မသိ၊ဆုံး မရှိသည့်
တိုင်းပြည့်ငြိမ်းရေး၊ မပြီးသေး၍
မဝေးလှစွာ၊ ရွှေပြည်သာရေး
တောပြာစိမ့်စမ်း၊ အသွင်ဆန်းသည့်.
ငြိမ်းချမ်းပျိုမြစ် ၊နေရာသစ်မှာ
နေရစ်ခဲ့တော့ သူငယ်ချင်း......။
             ကျွန်တော့် သူငယ်ချင်း ကျော်ဇေယျာလွင်ဆွဲထားသော Band of Brothers ဇာတ်ကား မှပုံဖြစ်ပါသည်..။ခဲပန်းချီလေ့လာ
လိုသူများအတွက်တင်ပေးလိုက်ပါသည်...........။



ရေးသားသူ : မိုးသက် // 3:13 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List