၂၆-၅-၂၀၁၀ ..။ မှတ်မှတ်ရရ အဲဒီနေ့ က ဗုဒ္ဓဟူးနေ့....။
အဲဒီနေ့က ကျွန်တော်တာဝန်မှူးကျသည်..။ အချိန်က ည ၁၀ နာရီထိုးလုနီးပါပြီ..။
တာဝန်မှူးတစ်ယောက်ရဲ့ဝတ္တရားများအတိုင်း .တပ်ရင်းအိမ်ထောင်သည်လိုင်းခန်း များ..ကြက်ခြံဘက်ကို တပ်ရဲ ၂ ယောက်
တပ်ရဲတပ်ကြပ်ကြီးတစ်ယောက်.အပါအ၀င် တာဝန်ကြပ်ကြီးတစ်ယောက်နှင့်လိုက်လံစစ်ဆေးပါသည်..။ ကြက်ခြံ အမှတ်(၂) ပြီးတော့
မပြီးပြတ်သေးသော ဆောက်လုပ်ရေးလုပ်ငန်းများလုပ်ဆောင်နေသည့်.ဂျီအီးအလုပ်သမားတန်းလျား..။
ဂျီအီးတန်းလျားရောက်တော့ အလုပ်သမား ခေါင်းဖြစ်သည့် ဦးခင်ဇော်မှ ဆီးကြိုပါသည်..။
“ အော် ဗိုလ်ကြီးတို့ ကြွပါခင်ဗျ..။”
“ နေခင်းက ဒီမှာ ဧည့်သည်တွေရောက်တယ်ဆို...”
“ ဟုတ်ကဲ့ ဗိုလ်ကြီး.ရောက်ပါတယ်ခင်ဗျ လင်မယားနှစ်ယောက်နဲ့ ကလေး ၂ယောက်ပါပါတယ်.”
“ဧည့်စာရင်းရောတိုင်ပြီးပြီလား..”
“ဟုတ်ကဲ့ ဧည့်စာရင်းက တိုင်မလို့ပါ ညနေက သူတို့လည်း ပျဉ်းမနားဘက် သွားတာနဲ့ မတိုင်ဖြစ်လိုက်ဘူး.အဲဒါမနက်ကျမှ
တိုင်မလို့ပါ..”
“အင်း ..ဒါဆိုရင်လည်း အခု ကျွန်တော်တို့ကိုစာရင်းပေး..ဆရာ မြင့်သူ အဲဒီ ဧည့်သည်တွေကို စာရင်းယူလိုက်ပါဦး..”
ကျွန်တော့်စကားအဆုံးမှာ ဆရာ မြင့်သူက ဧည့်သည်နှစ်ယောက်ကို ခေါ်ခိုင်းလိုက်ပါသည်..။
အခန်းထဲမှ အိပ်မှုံစုံမွှား ဖြင့် လင်မယားနှစ်ယောက်ထွက်လာသည်..။ အသက် ၁၂ နှစ်ခန့် ကလေးမလေး ၁ ယောက် ၇ နှစ်ခန့်
ကလေးမလေး တစ်ယောက်ပါထွက်လာသည်..။
ဆရာ မြင့်သူက လိုအပ်သည့်အချက်အလက်များမေးသည်..။
“ နာမည်..”
“ဆန်းမြင့်ပါဆရာကြီး..”
“ မှတ်ပုံတင်နံပါတ်က ..”
“../---(နိုင်)------”ပါ ဆရာကြီး ”
“ဟုတ်ပြီ ခင်ဗျားမှတ်ပုံတင်ပြပါ...”
စစ်ဆေးချက်များ မှန်မမှန် ပြန်တိုက်စစ်ဆေး ခြင်းဖြစ်ပါသည်..။
“ ခင်ဗျား မိန်းမ နာမည်က ......”
“ အ၀င်းပါ ဆရာကြီး...”
အမျိုးသမီးက ဘေးမှ ၀င်ပြောသည်မို့ ..ဆရာ မြင့်သူက မိန်းမဘက်သို့လှည့်မေးလိုက်သည်...။
“ ခင်ဗျားမှတ်ပုံတင် နံပတ်ကို ပြောပါ...”
“ ဒီမှာ ဆရာကြီး ကျွန်မ မမှတ် တတ်လို့..”
ဆရာမြင့်သူက “ ကျွတ်” စုတ်တစ်ချက် သတ်လိုက်ပြီးမှ မှတ်ပုံတင်ကို ယူကာ အချက်များကိုဖြည့်စွက်သည်..။
“ကလေး ၂ ယောက်ကရော...”
“ ဟုတ်ကဲ့ သူတို့ကတော့ မှတ်ပုံတင် မလုပ်ရသေးပါဘူး..”
“ အတန်း ကရော ဘယ်နှတန်းရောက်ပြီလဲ...”
“ ကျောင်းမထားဘူးရှင့်...”
“ ဟာဗျာ...ခင်ဗျားကလည်း ...”
ဆရာ မြင့်သူ ကအံ့သြသွားဟန်ဖြင့်ဆိုသည်.. ”
“ ကျောင်းကထွက်ခိုင်းလိုက်တာလား .”
“ မဟုတ်ဘူးရှင့် လုံးဝ မထားတာပါ .. သူတို့ကလည်း မနေချင်ဘူးလေ..ပြီးတော့ သူတို့ကြီးရင်လည်းဒီအလုပ်ထဲပဲ သွင်းမှာဆိုတော့
လိုလည်း မလိုလို့ပါ...”
အ၀င်းဆိုသော မိန်းမက အေးအေးဆေးဆေးပင်ပြန်ဖြေပါသည်..။
ဘုရားဘုရား ကျွန်တော် ဖျားသွားသည်..။ဒီခေတ်ကြီးထဲမှာ ကျောင်းလုံးဝမနေတဲ့ သူတွေရှိသေးတယ်လား..။ တကယ်ပင်
အံ့သြစွာကြည့်တော့ မ၀င်းကလည်း သူ့သမီးများကို ပီတိဖြာသောမျက်လုံးများဖြင့်ကြည့်နေပြန်သည်ပဲ...။ဒီမိဘတွေ တကယ်ပဲ နား
မလည်ကြလေရော့လား..အတတ်သင်စေ ဆိုတဲ့ မိဘ၀တ္တရားတွေဘယ်ရောက်သွားပြီလဲ..။
ယနေ့ခေတ်အခါသည် ပညာ ခေတ်ဖြစ်ပါသည်..။ အရင်ခေတ်ကလို ဂုဏ်ဒြပ်ခြင်း ယှဉ်ပြိုင်မှုထက် ပညာ ခြင်းယှဉ်ပြိုင်မှုများက
ပိုမိုမြင့်မားလာပါသည်..။ကျွန်တော့်ရင်ထဲမှာ အသည်းထဲမှာ ခိုင်မြဲစွာ မှတ်ယူထားသော အချက်တစ်ချက်ရှိပါသည်..။အဲဒါက လူသား
တစ်ယောက်ရဲ့တာဝန်ကျေပွန်မှုပင်ဖြစ်ပါသည်...။အဲဒါကတော့ လူတစ်ယောက် ၏ မျိုးဆက်သစ် သားသမီးသည် အဲဒီလူထက် သာ
ကိုသာရမည် ..(၀ါ) လူတစ်ယောက်သည် မိမိတို့ထက် သာလွန်သောသားသမီးကို မွေးထုတ်ပေးနိုင်ရမည် ဆိုတာပဲ ဖြစ်ပါသည်...။
ကျွန်တော့်အဆို ကို ကျွန်တော် မှန်ကန်သည်ဟု ယုံကြည်ပါသည်..။ကျွန်တော့်ခံယူချက်က ဒီလိုပဲဖြစ်ပါသည်..။
ခုခေတ်ကြီးထဲမှာ ကိုယ်ကိုယ်တိုင် အဆင့်မြင့်ပညာတွေမသင်ခဲ့ မတတ်ခဲ့ရပေမယ့်..မိမိသားသမီးတွေကို ဘွဲ့တွေ၊ ဒီဂရီတွေ
Certificate ယူခိုင်းနေကြတဲ့ မိဘတွေ ကိုမြင်ရတော့ ကျွန်တော်သူတို့ အတွက် ၀မ်းသာရသည် လေးစားရသည်..။မျက်မှောက်ခေတ်
အခါမှ ပညာရေးလမ်းစများကလည်း အဘက်ဘက်မှာပွင့်နေပါပြီ...။ ဟိုးကျေးလက်တောရွာလေးများမှာပင် မင်္ဂလာပါသံတွေ ညံနေ
ပြီ..။ကမ္ဘာကိုလည်းရွာကြီးတစ်ရွာသဖွယ်ချိတ်ဆက်ဆက်သွယ်နေကြပါပြီ..။ဒီလိုခေတ်အခါမျိုးမှာ သားသမီးအတွက်တာဝန်ကျေသော
မိဘများကို ကျွန်တော် လေးစားဦးညွတ်မိပါသည်...။
စောစောက မိဘမျိုးကရော...။
ကိုဆန်းမြင့်က ရေးတတ်ဖတ်တတ်ရုံသာဖြစ်သည်..။ မိခင်ဖြစ်သူမ၀င်းကတော့ မိမိမှတ်ပုံတင်နံပတ်ကိုပင် မှန်ကန်အောင်မဖတ်
တတ် ၊ မမှတ်တတ် ဆိုကတည်းက သူ့အခြေအနေကိုခန့်မှန်းနိုင်သည်...။မိမိကိုယ်တိုင် ပညာ မတတ်ခဲ့သည့်အပြင် ပညာ၏ တန်ဖိုးကို
နားမလည် သားသမီးကို လည်း ပညာသင်ပေးရကောင်းမှန်းမသိ သည့်အတွက် သမီးလေးများ၏ အနာဂါတ်မှာ မတွေးဝံ့စရာပင်ဖြစ်
နေသည်..။ (အရွယ်လေးတွေက ကျွန်တော့် ညီမငယ်နှင့် မတိမ်းမယိမ်းတွေ..)
ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲ ချင်ပါသလား..။သို့တည်းမဟုတ် လူသားမျိုးနွယ်ကြီးကို မြှင့်တင်ချင်ပါသလား...။ အများကြီးလုပ်
စရာမလိုပါ..။မိမိသားသမီးကို မြှင့်တင်ခြင်းဖြင့်သာ လူသား မျိုးနွယ် ကြီးကို မြှင့်တင်ပါ..။မြတ်စွာဘုရားရှင်ဟောကြားထားခဲ့သော
အကြောင်းအရာတစ်ခုကို ပြောပြပါမည်.. မိဘထက်သာလွန်မြင့်မြတ်သော သားကို “ အတိဇာတ ”သားဟုခေါ်သည်.. ။ မိဘ နှင့်
ထပ်တူ ထပ်မျှ ရှိသော သားသမီးကို “ အနုဇာတ” သားဟုခေါ်သည်...။မိဘထက်နိမ့်ကျသော သားကို “ အ၀ဇာတသား”ဟု ခေါ်
ပါသည်..မိဘတစ်ဦးချင်း က မိမိထက်သာလွန်သော အ၀ ဇာတ သားသမီးများကို မွေးထုတ်ပေးကြမည် ဆိုပါလျှင် ယခုခေတ်ပြောပြော
နေသော “Generation ကျသွားတယ်”ဆိုသည့်စကား ပျောက်ကွယ်သွားလိမ့်မည်ထင်ပါသည်..။ခဲယဉ်းသောအရာတစ်ခု မဟုတ်ပါ.။
လူသား တိုင်း ဒီပို့စ်လေးကို ဖတ်သင့်သည်ဟုထင်ပါသည်..။(ကျွန်တော့်အနေဖြင့် အင်္ဂလိပ်ဘာသာ၊ ရုရှားဘာသာ တို့ဖြင့်ရေးသား
ဖြန့်ဝေရန်လည်း အစီအစဉ်ရှိပါသည်....။)
တစ်ခုတော့ရှိပါသည်.. ။ မိဘဖြစ်သူက သိပ်တော်သိပ်မြင့်သော..ကမ္ဘာကျော်ပုဂ္ဂိုလ် ကြီးတစ်ဦးဖြစ်နေရင်ရော...။
ဒါက ချွင်းချက်ပဲဖြစ်ပါသည်..။ဆရာမင်းသိင်္ခ ၏ စကား အတိုင်းပြောရလျှင် ချွင်းချက်များကို ဦးစားမပေးပါ..။ ချွင်းချက်များကို
ဦးစားပေးလျှင်ကျွန်တောသည်လည်း ချွင်းချက်ဦးစားပေးသောလူတစ်ဦးဖြစ်သွားပါလိမ့်မည်..။
အထက်ပါဆောင်းပါးကို ဖတ်သော စာဖတ်သူများသည်..။ အိမ်ထောင်ရှိသူ၊ လူလွတ်၊ သားသမီး ရှိသူ.မည်သူမဆိုဖြစ်နိုင်ပါသည်.။
သို့ရာတွင် စာဖတ်ပြီးသူတိုင်းအောက်ပါ အချက်များကိုလေးနက်စွာစဉ်းစားသင့်ပါသည်...။
* ငါလူသားတစ်ယောက်ရဲ့တာဝန်ကျေရဲ့လား ..
* ငါလူသားတစ်ယောက်ရဲ့တာဝန်ကျေနိုင်ပါ့မလား...
* ငါတာဝန်မဲ့လူသားဖြစ်နေပြီလား...။

0 comments:
Post a Comment
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......