Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, February 19, 2013

ဒီည...



ည...
သက်ပြင်းနဲ့သက်မ
တစ်လှည့်စီ ချ ရတဲ့ ည...။


တစ်ရာ့တစ်ကြိမ်မြောက် စီးမျောလို့..
စိတ်ထဲမရောမိဖို့..
မနောမှာ စွဲနေတဲ့ Album တစ်ခု
ထပ်တစ်လဲလဲ ရှုမိ နေတဲ့ည..။


လွမ်းရချည့် ကျွမ်းရချည့်..
မသိ..မသိခြင်းတွေနဲ့...
မရှိ. မရှိ တဲ့သူကို တမ်းတ နေမိတဲ့ည..။


ကြွေရချည့် သေရချည့်..
အဖြေကမရှိတဲ့ ပုစ္ဆာသက်သက်နဲ့...
တစ်ရွာ၊ တစ်ကမ္ဘာရယ်နဲ့..
အခါခါညည်းမိတဲ့ည...။


သူ ဆွဲသား ခဲ့တဲ့စည်းတစ်ကြောင်းတဲ့..
မြင်လို့တောင် မကောင်း...
ရင်ဘတ်အဟောင်းထဲက..
ပြောင်းလဲ မှုက အသစ်...
အစစ်မှ အစစ်လို့..
ဖြစ်တည်မှုတွေ ကိုယ်တိုင်သိနေတဲ့ည...။


နိမိတ်ပုံ ဆိုညည်း..
လေထဲက ဂစ်တာကိုတီးလို့...
စိတ်ထဲကပဲသီချင်းဆို..
ရူးသလိုလို ဖြစ်မိတဲ့ည...။


သွေးလန့်လို့ယောင်ယမ်း..
မျှော်မှန်းကာ တမ်းတ..
ရင်မှာ တစ်သသ နဲ့..
အလွမ်းတွေဖုန်ထ..
ကိုယ့်ရင်ကိုယ် သပ်ချ နေရတဲ့ည...။


အလွမ်းကိုကျောခင်း..
လေညှင်းကခြုံလွှာ..
ဆောင်းညကမ္ဗလာနဲ့        
နှင်းတွေကြားမှာထိုင်ပြီး
တောင်းပန်ကာတိုးလျှိုး
တစ်ခုသော မိုးကို တမ်းတ ခဲ့တဲ့ည...။



ရေးသားသူ : မိုးသက် // 5:31 PM
အမျိုးအစား:

14 comments:

  1. တစ်ခါထဲ အိပ်မပျော်သွားပါနဲ့ ဦးဗျာ အစ်ကိုရေ....................
    ဒီကဗျာလေး အတော်ကောင်းတယ်
    စကားလုံးတိုတိုလေးနဲ့ တခါထဲ
    စာဖတ်သူကို ရင်ကိုထိအောင်
    စူးစူးရှရှ ရေးသွားတယ်

    ReplyDelete
  2. သူ ဆွဲသား ခဲ့တဲ့စည်းတစ်ကြောင်းတဲ့..
    မြင်လို့တောင် မကောင်း...
    ရင်ဘတ်အဟောင်းထဲက..
    ပြောင်းလဲ မှုက အသစ်...
    အစစ်မှ အစစ်လို့..
    ဖြစ်တည်မှုတွေ ကိုယ်တိုင်သိနေတဲ့ည...။

    ညီလေးရေ လက်စွမ်းထက်လှချေလား ။ ရင်ဘတ်ထဲက ခံစားချက်တွေ ပေါ်လွင်တယ်

    ReplyDelete
  3. ခံစားချက်တွေကပြင်းလှချည်လားးး မိုက်တယ်..(y):)

    ReplyDelete
  4. ကောင်းတယ်ဗျာ...
    ဖွဲ့နွဲ့သီကုံးသွားတဲ့ စကားလုံးလေးတွေကြောင့် ကဗျာ ပြောင်မြောက်လှတယ်။

    ဒါနဲ့ ကျွန်တော့်ဆီမှာ လင်ဒ့်တက်မလာဘူးဗျ ဘယ်လိုဖြစ်သလဲ မသိဘူး အခုတောင် သူများဘလောဒ့်ထဲမှာ တွေ့လိုက်လို့ ရောက်ခဲ့ရတာ။

    ReplyDelete
  5. ဂွတ်လှချေလား မောင်လေးရ
    တစ်ပုဒ်လုံးက စကားလုံးအသုံးအနှုန်းတွေနောက်
    ပါဝင်စီးမျောနေမိတာ....ကိုယ်တိုင်တောင်
    အဲ့ညကို ဖြတ်သန်းခဲ့ရသလိုပဲ....
    ရင်ထဲ တကယ်ကိုထိရှခဲ့ရတဲ့ ကဗျာတစ်ပုဒ်ပါ....
    မောင်လေးရေ...ဆက်လက်ထုဆစ်နိုင်ပါစေနော်..
    အားပေးလျက်....
    ခင်တဲ့ မိုးနတ်

    ReplyDelete
  6. အဲ့ဒီ ည တွေထဲမှ
    လွတ်မြောက်နိုင်ပါစေ ..မောင်လေးရေ...

    ReplyDelete
  7. ကဗျာက ဝါကျတိုလေးတွေနဲ့ ထိရောက်တယ် မောင်လေးရေ ... အင်း!!!!! သက်ပြင်းနဲ့ သက်မတွေကြား ဒီညတော့ အိပ်ပျက်ခြင်းတွေနဲ့ မိုးလင်းမှော့ပဲ ...

    ReplyDelete
  8. သွေးလန့်လို့ယောင်ယမ်း..
    မျှော်မှန်းကာ တမ်းတ..
    ရင်မှာ တစ်သသ နဲ့..
    အလွမ်းတွေဖုန်ထ..
    ကိုယ့်ရင်ကိုယ် သပ်ချ နေရတဲ့ည...။


    ထိတဲ့စာသားပဲ။။။။။။။။။။။။။။။။။။

    ReplyDelete
  9. wowwww ငါ့မောင် မိုက်လှချည်လား...
    ကဗျာလေး မိုက်တယ် တိုးးးးးးး တက်လာတယ် ငါ့မောင် :D

    ReplyDelete
    Replies
    1. တိုးတက်လာတယ်..(Bus ကားပေါ်ကိုလား)
      နအမ.:D

      Delete
  10. အင်းလေ...... တယောက်ထဲသမားတွေဆိုတော့လဲ အလွမ်းတွေ ကျောခင်းရပြီပေါ့
    ဟုတ်စ....................D
    ဒီည

    ReplyDelete
  11. ကဗျာလေးကောင်းတယ်..စိတ်တော့မကောင်းဘူး..ငါ့မောင်တစ်ယောက်ထဲ လွမ်းချင်းတွေတိုးနေတယ်ထင်တယ်..ကဗျာဆိုတာ ရင်ထဲက လာတာမို့ ခံစားချက်တွေ ပြင်းထန်းနေသလား လို့..

    ReplyDelete
  12. မသိ..မသိခြင်းတွေနဲ့...
    မရှိ. မရှိ တဲ့သူကို တမ်းတ နေမိတဲ့ည..
    မျှော်မှန်းကာ တမ်းတ..
    ရင်မှာ တစ်သသ နဲ့..
    အလွမ်းတွေဖုန်ထ..
    ကိုယ့်ရင်ကိုယ် သပ်ချ နေရတဲ့ည.

    ReplyDelete
  13. ကျွန်တော်သာဆို ဒီလိုညမျိုးမှာ
    အလွမ်းဝတ္ထုတိုလေးတစ်ပုဒ်လောက်
    အမြတ်ထုတ်မိလိုက်မှာ အမှန်ပဲ
    သြော် ... ဟုတ်သားပဲ
    အစ်ကိုလည်း ဒီကဗျာလေးကို အမြတ်ထုတ်ထုဆစ်ထားတာပဲ
    စာရေးသူရဲ့ အလွမ်းတွေကို
    ဒီကဗျာလေးက ကျွန်တော့်ကို ပြောပြသွားပါတယ်
    ခံစားလို့ကောင်းတယ် အစ်ကိုရေ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List