Saturday, March 9, 2013

ဆရာစား


          ကိုဌေး လက်က သူရဲ့ HP Laptop ကွန်ပျူတာလေးရဲ့ Touch pad လေးပေါ်မှာ တစ်ရွေ့ရွေ့သွားနေ သည်.။ ဟိုနားတို့ လိုက် ၊ သည်နားတို့ လိုက်ဖြင့် . ။ မိုးသက် ကတော့ ဘယ်သောအခါမျှ Touch Pad ကို သုံးလေ့မ ရှိ.။ မောက်စ်ဖြင့် ရွှီးတောက် ရွှီးတောက် လုပ်ရသည်ကိုသာ သဘောခွေ့လှသည်.။ တစ်ချက်တို့လိုက် ပွတ်ဆွဲ လိုက်လုပ်ရသည်ကို သိပ်ပြီး စိတ်မရှည်လှ.။
          “ ညီလေးက Programming ပိုင်းကိုပဲ ဆက်လုပ်မယ်ဆိုရင်တော့ ကိုယ်ပြောသလောက်နဲ့မရဘူးနော်.။ ပြီးတော့ ညီလေး လိုင်းတစ်ခုခုကိုရွေးရမယ်.။ Web Design လား၊ Web Application လား၊ Security လား.၊ ဒါမှမဟုတ်ရင် Software Developer လား.။ ကိုယ့်ဖာသာ စာတော့ အများကြီးဖတ်ဖို့ လိုလိမ့်မယ်.။ ပြီးတော့ အင်္ဂလိပ်စာ လည်းကျေမှ ရမယ် ၊ အင်္ဂလိပ်စာအုပ်တွေများများဖတ်ညီလေး.၊ အစပိုင်းတော့ အခက်အခဲတွေ့မှာ ပဲ ကိုယ်လည်း မင်းကို စာအုပ်တွေပေးထားတာတွေရှိတယ်.။ အဲဒီထဲမှာ အကုန်လုံး Methodology တွေအကုန် ပါတယ်.။ သူတို့က ဆရာစား မချန်ဘူးကွ.။ အကုန်ပြောပြ ထားတာ. ”
          “ ကိုဌေး .. ဆရာစားဆိုတာ ဘာကိုပြောတာလဲ ဟင်. ”
          မိုးသက် နားဝေတိမ်တောင်ဖြင့်မေးတော့ ကိုဌေးက ပြုံးသည်.။
          “ ဆရာစားဆိုတာ ပြောရရင် ဆရာကပညာ အကုန်မသင်ပေးပဲ သူ့အတွက် အကွက်ချန်ထားတာပေါ့. ။ ပြောရရင် သူ့ကိုမီမှာ စိုးလို့ ချန်ထားတဲ့သဘောပေါ့.။ အဲဒါ ဆရာမပီသ တာပဲညီရ.။ ကိုယ်မင်းကို သင်မပေး ခဲ့တာတွေရှိကောင်း ရှိလိမ့်မယ်.။ ဒါပေမယ့် အဲဒါက ညီ့ကိုသင်ပေးတာထက်စာရင် ကိုယ်တိုင်လေ့လာ ဖို့ လမ်း ကြောင်းပေးတာက ပိုသင့်တော်မယ်ထင်လို့ ကိုယ်က မသင်ပေးတာ. နားလည်လား. ”
          “ ဟုတ်ကဲ့ ကိုဌေး ”
          ဟုတ်ကဲ့ သာပြောလိုက်ရသည်။ တကယ်တော့မိုးသက် ကိုဌေး ပြောသည့် ဆရာစားကို ကောင်း ကောင်း အဓိပ္ပာယ်မပေါက်ခဲ့ပါ.။
++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
          မိုးသက် ကျောင်းပြီးတော့ မာစတာ အမှတ်မီသဖြင့် မာစတာ ဆက်တက်ဖြစ်သည်.။ ကွန်ပျူတာ မာစတာ သမားဖြစ်တော့ စာတော့ တော်တော်ဖတ်ရသည်။ မျက်မှောက်ဖြစ်နေသည့် နည်းပညာရပ်ဝန်းက အကြောင်း တွေ မိမိတို့ မသိသေးသော အချက်အလက်တွေကို မျက်ခြေမပျက်အောင် ကြည့်နေရသည်. ။
          ကျောင်းတက်နေရင်းပင် အပြင်မှာ အခန်းလေးတစ်ခု ငှားပြီး စတူဒီယိုလေးတစ်ခု ကို ၀ါသနာတူသူငယ် ချင်းများနှင့်အတူ ဖွင့်ဖြစ်ခဲ့သည်.။ မိုးသက် က ငယ်ငယ်ကတည်းက ဂစ်တာတီးတာဝါသနာပါသည်.။ ကျောင်း မှာက တည်းက ပွဲတွေဘာတွေရှိရင် မိုးသက်တို့ အမြဲတမ်း တီးခဲ့ဆိုခဲ့ကြသည်.။ ယခုလည်းမိုးသက်တို့ စတူဒီယို လေးက ကိုယ့် ဖာသာ တီးခတ်အသံသွင်းဖို့ လုပ်ထားခြင်းသာဖြစ်သည်.။
          ယခုလည်း ကျောင်းတုန်းက သူငယ်ချင်းတွေချည်း စုထားတာဖြစ်သည်.။ Mixing ကိုလည်း မိုးသက် ပဲလုပ် သည်.။ မိုးသက်က ကွန်ပျူတာ အသံဖမ်းခြင်း ၊ တီးခတ်ခြင်း များကိုလည်း ၀ါသနာပါပါ လေ့လာဖူး သည်ကိုး.။
          တစ်ရက်ကျတော့ မိုးသက်တို့ မာစတာကျမှ သိသော သူငယ်ချင်းတစ်ယောက် ကစတူဒီယိုကို ရောက် လာသည် ။ ကျော်မင်းဆိုသော ထိုသူငယ်ချင်းက မိုးသက်တို့ အဖွဲ့နှင့် သိပ်မပေါင်းလှ .။ နေပုံထိုင်ပုံ သိပ် မကြိုက် လှ၍ မိုးသက်လည်း မရောဖြစ်.။ မျက်မှန်းတမ်းမိရုံလောက်သာရှိသည်.။ မိုးသက်သိပ်လိုလိုလားလား မရှိသော်လည်း အခြား  သူငယ်ချင်းများမျက်နှာနှင့် သူ့ကို စတူဒီယိုအဖွဲ့ထဲ ထည့်လိုက်ရသည်.။
          နောက်ပိုင်းတော့ သူနဲ့ မိုးသက်နည်းနည်းတော့ရင်းနှီးလာသည်.။ ပေါင်းကြည့်တော့လည်း နားလည်ပေးနိုင် သော ကိစ္စများသာဖြစ်၍ မိုးသက်သိပ်ပြီး မစိမ်းတော့ပဲ. ရင်းရင်းနှီးနှီးပေါင်းဖြစ်သည်.။ နောက်ပိုင်းသူက Mixing ၀ါသနာပါသည်. ဆိုသောကြောင့် မိုးသက်သူ့ကို သင်ပေးရသည်.။
          “ အသံက ကူးပြီးရင် Filter ကို အဆုံးထိ မထားနဲ့ Noise Gate ကို နည်းနည်းပဲထား.။ တော်ကြာပင်ကို သံအရမ်းတိုးသွားရင် လုပ်ရခက်တယ်သူငယ်ချင်း.၊ ပြီးတော့ Drum သံတွေဆိုရင်လည်း ဘယ်ညာ Pan ပေးဖို့ မမေ့နဲ့. ”
          “ အင်း..မိုးကြီး မင်းက တော်တော်ကျွမ်းတာပဲကွ..၊ ပြီးရင် ငါ့ကို Piano Key စီတာလေးပြောပြဦးနော် ”
          မိုးသက်သူ့ကို သင်ပေးရတာ မခက်လှပါ.။ သူကလည်း ခပ်ထုံထုံထဲကမဟုတ်လို့လဲ ပါပါလိမ့်မည်.။ နောက် ပိုင်းသူ့ကို မိုးသက် လုပ်စရာမလိုပဲ မျက်နှာလွှဲလို့ရသည်အထိ ကျွမ်းကျင်လာသည်.။ ကျောင်းမှ သူငယ်ချင်းအချို့ Sample အခွေတွေလုပ်တာပဲဖြစ်ဖြစ် ၊ ခွေကြမ်းသွင်းတာပဲဖြစ်ဖြစ် မိုးသက် မအား ချိန်တွင် သူကိုယ်တိုင်လုပ်နိုင် လာသည်.။
          နောက်တစ်ပတ်လောက်ကြာတော့ မိုးသက်သူငယ်ချင်း ထက်အောင် နှင့် အပြင်မှာဆုံဖြစ်ကြသည်.။
         “ မိုးကြီး. မင်းတို့ စတူဒီယိုက ကျော်မင်းဆိုတဲ့ကောင်က ကြော်ငြာတွေလိုက်ကပ်နေတယ်.ကျောင်းမှာ သိလား.၊ အဲဒါမင်းတို့ စတူဒီယိုလား . ”
          “ ဟေ.. မဟုတ်ဘူးဟ..၊ ဒီကောင်နဲ့မတွေ့တာ ၂ ပတ်လောက်ရှိနေပြီ.. စတူဒီယိုကိုလည်း မလာဘူး.”
          “ အေး.. အခု သူ့ဖာသာသပ်သပ် ဖွင့်နေတာနေမှာ. ”
          “ သြော်..ဟုတ်မယ်သူငယ်ချင်းရာ.. ငါလည်း သူနဲ့တွေ့မှပဲ မေးလိုက်တော့မယ်. ”
 ပြောသာပြောလိုက်ရသည်. မိုးသက် စိတ်ထဲမှာ သိပ်တော့မကောင်းလှ..။ အမှန်တကယ်ဆိုလျှင့် အကျိုး အကြောင်းလေးတော့ ပြောသင့်သည်ထင်သည်.။ နောက်ရက်တော့ သူကပ်သည့် ကြော်ငြာမှ လိပ်စာ အတိုင်း သူ့ စတူဒီယို သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားသည်.။
“ ကျော်မင်း.. မင်းဘာတွေလုပ်နေလဲ သူငယ်ချင်း.. ”
“ ငါလား. အခု ဒီမှာလေ.. အပ်ထားတဲ့အခွေတွေလုပ်နေတာ.။ ကျောင်းကကောင်တွေကလည်းကွာ ဆိုလိုက်ကြတာ.။ ငါ့မှာ လက်ကိုမလည်ဘူး. ”
စာရင်းစာအုပ်နှင့် စီဒီချပ်များကို လက်ဖြင့်ပုတ်ပြရင်း ကျော်မင်းက ဆိုသည်. ။ ပြီးတော့ နောက်လှည့်ပြီး မိုးသက်ကို မထီသော အကြည့်ဖြင့်ကြည့် ပြီး ဆက်ပြောသည်.။
“  အားကျနေတာလား. ၊ ကြိုးစားပေါ့ကွာ ” တဲ့.။
          မိုးသက်အံ့သြသွားမိသည်.။ သူ့ကိုလည်း ဘာမှ ဆက်မပြောဖြစ်တော့..။ အံ့သြခြင်းတွေ တစ်ပွေ့တစ် ပိုက်နှင့် အိမ်ကို ပြန်လာမိသည်.။ လမ်းတစ်လျှောက်လုံး ဒီလိုလူတွေရှိသေးသလားဆိုတာ ဆက်တွေးမိသည်.။ အိမ်ကိုရောက်သည့်အခါ အိမ်ကခွေးက ထွက်ကြိုသလားမကြိုသလားဆိုတာလည်း မသိမိ ၊ မမြင်မိတော့.၊ ဘယ်အချိန်ရှိပြီးလဲ ဟု စိတ်မရှည်သလိုလိုမေးတတ်သည့် အမေ့အသံကိုလည်း မကြားမိတော့.။ ဒီလိုလူမျိုးကို မိမိတတ်သမျှ အိတ်သွန်ဖာမှောက် သင်ပေးခဲ့တာ မှန်သလား၊မှားသလား လည်း ဝေခွဲမရတော့.။ “ ဆရာစားဆိုတာ ပြောရရင် ဆရာကပညာ အကုန်မသင်ပေးပဲ သူ့အတွက် အကွက်ချန်ထားတာပေါ့. ။ ပြောရရင် သူ့ကိုမီမှာ စိုးလို့ ချန်ထားတဲ့သဘောပေါ့.။ အဲဒါ ဆရာမပီသ တာပဲညီရ ” ဆိုသည့် ကိုဌေးစကားက လည်းနားထဲက မထွက်.။



ရေးသားသူ : မိုးသက် // 10:37 AM
အမျိုးအစား:

10 comments:

  1. ဟဲဟဲ ကြုံဖူးတယ်။
    လူ့သဘောလို့ပဲမှတ်ရတော့မှာပဲနော် :)

    ReplyDelete
  2. တကယ်ထောင်ထားတာလား studio က..... သီချင်းဆိုချင်ပါ၏.... :)

    ReplyDelete
  3. လူ့သဘာဝထဲက အဖြစ်အပျက်အမှန်တစ်ခုပဲလေ။
    ဖြစ်တတ်တဲ့သဘောလေး ချရေးပြထားတာကို ဖတ်သွားပါ၏။

    ReplyDelete
  4. အော် မောင်လေးရယ်...
    လူတွေဆိုတာ အင်းးးးးးး လူတွေပါပဲ
    လူတိုင်းကို မဆိုလိုပေမဲ့ လူတော်တော်များများကတော့
    အဲဒိအတိုင်းပဲ ဆိုတာသိထားရင် ဆရာစားဆိုတာလဲ
    ချန်သင့်ချန်ရတော့မပေါ့...မချန်လို့မှ မရတော့ဟာမင့်ကို...
    ကိုယ့်စိတ်အတိုင်း လူတိုင်းလဲ ကိုယ့်လိုပဲလို့ တွေးချင်ပါတယ်
    တခါတခါ ယုံကြည်မိလိုက်ချင်ပါတယ် အမလဲ သို့သော် >>>>>>>>>>
    ချတူဒီယိုက အပြင်မှာ ထောင်ဖြစ်ခဲ့တယ်ဆိုရင်
    ကောင်းတာပေါ့...အမလဲ ဂီကကို အားကြီးဝါသနာပါတယ်
    အိမ်ကလုပ်ခွင့်မပေးတာရယ်...မအားတာရယ်ကြောင့်
    နဲနဲငြိမ်နေရတာ....ဟိုတစ်လောက တွေ့လိုက်ပါတယ်
    ဖဘမှာ ဂီတာကြီးးးးးးးးးးး နဲ့ :P

    ReplyDelete
  5. အော် မောင်လေးရယ်...
    လူတွေဆိုတာ အင်းးးးးးး လူတွေပါပဲ
    လူတိုင်းကို မဆိုလိုပေမဲ့ လူတော်တော်များများကတော့
    အဲဒိအတိုင်းပဲ ဆိုတာသိထားရင် ဆရာစားဆိုတာလဲ
    ချန်သင့်ချန်ရတော့မပေါ့...မချန်လို့မှ မရတော့ဟာမင့်ကို...
    ကိုယ့်စိတ်အတိုင်း လူတိုင်းလဲ ကိုယ့်လိုပဲလို့ တွေးချင်ပါတယ်
    တခါတခါ ယုံကြည်မိလိုက်ချင်ပါတယ် အမလဲ သို့သော် >>>>>>>>>>
    ချတူဒီယိုက အပြင်မှာ ထောင်ဖြစ်ခဲ့တယ်ဆိုရင်
    ကောင်းတာပေါ့...အမလဲ ဂီကကို အားကြီးဝါသနာပါတယ်
    အိမ်ကလုပ်ခွင့်မပေးတာရယ်...မအားတာရယ်ကြောင့်
    နဲနဲငြိမ်နေရတာ....ဟိုတစ်လောက တွေ့လိုက်ပါတယ်
    ဖဘမှာ ဂီတာကြီးးးးးးးးးးး နဲ့ :P

    ReplyDelete
  6. ဟုတ်တယ် မောင်လေးရေ ... တော်တော်များများကတော့ ဆရာစားချန်ကြတယ် ... ကိုယ့်စေတနာကိုယ့်အကျိုးပေးမှာပါကွယ် ... ပြောသာပြောရတာ ... မမလည်း ခံစားဖူးတယ် ... အောင့်သက်သက်နဲ့ရယ် ... :P

    ReplyDelete
  7. အင်း ဟုတ်တယ်..လူတွေက အဲ့လို ဆရာစားဆိုတာ ချန်လဲ မကောင်း မချန်လဲ မကောင်းနဲ့ ..လူကြည့်ပြီးသာ ဆက်ဆံ ငါ့မောင်ရေ။

    အိမ်မက်စေရာ

    ReplyDelete
  8. အင်း....
    အဲသည့်လူတော့ သူ့ဘ၀တစ်လျှောက်လုံးအတွက်
    လုံလောက်ပြီထင်သွားသလားမသိဘူးနော်။
    တကယ်လို့ မလုံလောက်သေးဘူးဆိုရင်တောင်
    သူ့အတွက် ပညာတွေနောက်ထပ် ရစရာမရှိတော့ဘူးပေါ့။

    ReplyDelete
  9. ဆရာကိုကာပြန်ရင် အာခေါင်ကိုလှံစူးတတ်လေရဲ့....သူ့အရှိန်နဲ့သူသာလွှတ်ထားလိုက်ပါ မိုးရယ်... :)

    ReplyDelete
  10. လူတွေ.....လူတွေ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List