Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, March 7, 2012

မေ...

လွင့်နေတဲ့ နှင်းပွင့်ကလေးတွေက ငါ့အိပ်မက်တွေဆိုရင်
တိုက်ခတ်နေတဲ့လေကလေးက နင်ပဲဖြစ်ရမယ်...

အဆုံးမဲ့ကောင်းကင်ကြီးက ငါ့အနာဂါတ်တွေဆိုရင်
နေရောင်ခြည်နွေးနွေးလေးကနင်ပဲပေါ့..။


မော်စကိုတစ်မြို့လုံးကြားအောင် အော်ဟစ်ပစ်ချင်ပေမယ့်
သက်ဆိုင်သူ မကြားနိုင်လို့ ရင်ထဲမှာပဲသိမ်းထားတဲ့စကားတစ်ခွန်းရှိတယ်...။

မိုးအဆုံးမြေတစ်ခွင်
ဘယ်မှာပဲနေနေ ၊ ဘယ်ကို ပဲရောက်ရောက်...
ရင်ခုန်သံတွေတစ်ထပ်တည်းပဲဆိုတာ.....
ဟိုးဝေးဝေးက “ မေ ”တစ်ယောက် သိနိုင်ပါ့မလား....။





ရေးသားသူ : မိုးသက် // 8:27 AM
အမျိုးအစား:

11 comments:

  1. ခံစားချက်လေးတွေနဲ့ သီကုံးထားတာမို့
    ဝေးတစ်နေရာက 'မေ'လည်း
    ရင်ထဲကသိနေမှာပါမေမြို့မိုးရေ။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဘာဖြစ်ရပြန်တာတုန်းအေ..
    အထိတ်တလန့်ရှိလိုက်ပါဘိ

    ReplyDelete
  3. အော်ရင်အော်လိုက်ပါ။ ရှက်နေတာမဟုတ်လား? နောက်တာ။ အောင်မြင့်သူကိုသိလား?

    ReplyDelete
  4. ကောင်းတယ်....
    ချစ်သူ တမ်းချင်း ကဗျာ မှန်ရင်
    ဘယ်လိုရေးရေး လှတယ်..

    ReplyDelete
  5. သိတယ် အစ်မမြတ်ကြည်... တစ်မေဂျာတည်းလေ..
    အစ်မနဲ့သိတယ်လား..

    ReplyDelete
  6. မေသိနိုင်ကြားနိုင်ပါစေ
    ချစ်သူတိုင်းပျော်ရွှင်နိုင်ကြပါစေ

    ReplyDelete
  7. ခံစားလို့ ကောင်းပါ၏

    ReplyDelete
  8. ကံကောင်းပါစေ
    မေကြွာှောင် ရင်ဖွင့်လိုက်တော့လေ

    ReplyDelete
  9. မကြာခင်မှာ မော်စကိုမြို့မှာ နေရောင်နွေးနွေးတွေ လွှမ်းခြုံတော့မယ် မဟုတ်လား။။
    အဲဒီခါကျ တစ်မြို့လုံးကြားအောင် ထပ်အော်ကြည့်ပေါ့။
    သူမလေး ကြားပါလိမ့်မယ်း)

    ReplyDelete
  10. ကဗျာလေးဖတ်သွားတယ်.....ကောင်းပါတယ်ညီရေ...
    ထပ်ရေးပါဦးကဗျာလေးတွေ...

    ReplyDelete
  11. ကဗျာလေးကောင်းတယ်အကို

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List