Saturday, March 24, 2012

စာပေခရီးနီးသလား...(၄)

                    နောက်ထပ် နဲနဲ အဆင့်မြှင့်ကြည့်ရအောင်...။ကျွန်တော် အစမ်းကဗျာတစ်ပိုဒ်ဖော်ပြထားပါ
တယ်..။
     
သင်သေသွားသော်

သင်သေသွားသော်..
သင်ဖွားသောမြေ၊သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏..။
 အဲဒီကဗျာပိုဒ်မှာကြည့်ရင် ၄-၃-၂ ကာရန်ကို သွား ဆိုတဲ့၃ကာရံကနေ စထားတာကိုတွေ့ရမှာပါ..။ပြောရမယ်
ဆိုရင်.. ကဗျာဆိုတာ သံကြိုးလေးတွေလိုပါပဲ..။ စလိုတဲ့နေရာကနေစနိုင်ပါတယ်.။ 
အစမ်းတစ်ပိုဒ်လောက်ရေးကြည့်ရအောင်..။
စစ်သားကောင်းတို့..
အလောင်းမြေခ၊ ပျက်ကြွေရလည်း
ရဲကမသေ၊
သေက ငရဲမလား၊ ဆိုရှိထားသည့်
စကားသစ္စာ၊ ရှိသည့်ရာတိုင်း
ဝန်တာကျေပွန်၊ အားစိတ်သွန်သည့်
ပြည့်မွန်ချစ်စွာ၊မင်းရှိရာကို
ငါသည်ဦးညွတ်လိုက်ပါ၏......။
          အောက်မှာ ရဲကမသေ ၊ နေရာမှာ ရဲကမသေ၊သေက ငရဲမလားလို့ကျွန်တော်ပါဒ တစ်ခု (နံပတ် ၃ နေ
ရာ)ကိုချန်ခဲ့ပါတယ်.။ အားလုံးသဘောပေါက်မယ်လို့ထင်ပါတယ်.။ အဲဒီလို တစ်ပါဒလေးတွေချန်ခဲ့တဲ့အတွက်
ဆိုရတာ သွက်သွားပါတယ်.။ ဥပမာ ပြရလျှင်နာမည်ကျော် ပျဉ်းမငုတ်တို ကဗျာကိုကြည့်နိုင်ပါတယ်.။ 
ပျဉ်းမငုတ်တို
ဖုထစ်ရွတ်တွ ၊ ဌက်လင်းတသို့
ပျဉ်းမငုတ်တို ၊ သက်ကြားအိုသည်
ကုန်မိုထက်တွင် ၊ တစ်ပင်တည်း ။

ခွဆုံအကွေး ၊ သစ်ခေါင်းဆွေးလည်း
အဖေးတက်လှာ ၊ အိုင်းအမာသို့
ကျယ်စွာဟက်ပက် ၊ ခြအိမ်ပျက် ။

ကုန်းမိုကမ်းပါး ၊ မြေပပ်ကြားတွင်
စစ်သားခမောက် ၊ ပိန်ခြောက်ခြောက်လည်း
စစ်ရောက်စခန်း ၊ လက်ပြညွှန်း ။


ထိုပင်ငုတ်တို ၊ ပျဉ်းမအိုသည်
စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်
ဓားထစ်လည်းခံ ၊ နေလျှံလည်းတိုက်
လေပြင်းခိုက်လျှက် ၊ မငိုက်ဦးခေါင်း
နွေသစ်လောင်းသော် ................
ရွက်ဟောင်းညှာကြွေ ၊ ရွက်သစ်ဝေ၍
လေပြည်ထဲတွင် ၊ ငယ်ရုပ်ဆင်သည်
အသင်ယောကျာင်္း ကောင်းတကား ။ ။ ။

( မင်းသုဝဏ် )
              အောက်ဆုံးအပိုဒ်မှာရေးထားတဲ့.. စစ်ကိုလည်းကြုံ ၊ ခြအုံလည်းဖြစ်၊ဓားထစ်လည်းခံ၊နေလျှံလည်း
တိုက်၊ အထိ တစ်ဆက်တည်းရေးထားပြီးမှ.နေလျှံလည်းတိုက်၊လေပြင်းခိုက် လျှက် ၊ မငိုက်ဦးခေါင်းမှာ.ပြန်ဝင်
သွားတာကိုတွေ့ရမှာပါ..။
         ၄-၂နဲ့တစ်ဆက်တည်းရေးသွားပြီး မှ ၄-၃-၂ ထဲပြန်ဝင်သွားတာပါ.။ကဗျာရေးနည်းလေးတွေက စိတ်ဝင်
စားဖို့ကောင်းသလို အပျင်းလည်းပြေပါတယ်...။ကျွန်တော်ငယ်ငယ်က ဖတ်ဖူးတဲ့. ဆရာကြီးမောင်ထင်ရဲ့.. 
ငဘ ဆိုတဲ့ ၀တ္ထုထဲက. ကဗျာလေးတစ်ပိုဒ်ကို ဖတ်ကြည့်ပါဦး..။
သားကိုလက်ငင်
လင်ကိုလက်တို့ ၊မျက်ရည်စို့ဖြင့်
ခွေးအို့ခေါ်ကာ၊ ပြေးရရှာသည်.
ချွေးတပ်လာ၍ဆွဲစဉ်က...။
                  ဖက်ဆစ်ဂျပန်တို့ လက်ထက်က ထွက်ပေါ်ခဲ့တဲ့ကဗျာတော်တော်များများမှာ ခေတ်ရဲ့နိမိတ်ပုံ
တွေထင်ဟပ်နေတာကိုတွေ့ရပါတယ်...။ရင်တွင်းခံစားချက် ရှိတဲ့အရာ ကို စကားလုံးတွေနဲ့.ဖော်ညွှန်းတဲ့အ
တတ်ပညာတစ်ခု လို့ပဲ အကြမ်းဖျဉ်းမှတ်ယူနိုင်မှာပေါ့..။ ကျန်တဲ့ကဗျာအမျိုးအစားတွေလည်း ဆက်လေ့လာ
ပေါ့ဗျာ.. ။ ဒွေးချိုး. ၊ လေးချိုးတွေကလည်းနက်နဲသလောက် ဖတ်ရတာ အင်မတန် နားဝင်ပီယံရှိပါတယ်.။ 
ကဗျာတစ်ပုဒ်ကို ဖတ်မိရင်.  ကာရံယူထားတာဘယ်လောက်သပ်ရပ်စနစ်ကျတယ်ဆိုတာနဲ့ အကြောင်းအရာ
အတိမ်အနက် လေးနက်မှုရှိတယ်ဆိုတာကို သုံးသပ်ပြီး ကဗျာကောင်းတစ်ပုဒ်ဖြစ်မဖြစ် ကိုသုံးသပ်တာပါ.။ 
နောက်တစ်ခုက... ။ မော်ဒန်ကဗျာတွေပေါ့..။
            ကျွန်တော်အစက မော်ဒန်ကဗျာတွေကို လက်မခံပါဘူး.။ မြန်မာကဗျာအရေးများခဲ့တဲ့သူပီပီပေါ့ဗျာ
ကာရံကိုဦးစားပေးတယ်.။ အဲဒီအစွဲတစ်ခုရှိခဲ့တယ်ပေါ့.။ ဒါပေမယ့်. အဲဒီတုန်းက ကာရန်မဲ့ကဗျာတွေမှာ လွတ်
လပ်မှုရှိတယ်ဆိုတာကို သိပ်သတိမထားမိဘူး.။ စကားလုံးစီရီမှုနဲ့.. လွတ်လပ်မှုဆိုတာ..ယနေ့ခေတ်မှာ ကာရံ
မဲ့ကဗျာတွေ အားသာသွားစေတဲ့ အချက်တစ်ချက်ပဲ..။ တစ်ပိုဒ်လောက် ဖတ်ကြည့်ပေါ့..။
မိသားစုဆိုတာ..
အကုန်တက် ၊အကုန်ဆင်း 
ကစားနေကြရတဲ့ ဘောလုံးတစ်သင်း... တဲ့.။
         အပေါ်က ကာရံမဲ့ကဗျာတစ်ပုဒ်ပေါ့ဗျာ .။ သေချာကြည့်ကြည့်ရင် . ဥပမာပေးထားပုံအင်မတန်ကောင်း
တာကိုတွေ့ရမှာပါ.. ။ ဒီကဗျာက ကျွန်တော်ရေးတာမဟုတ်ပါဘူး.။ မဂ္ဂဇင်းတစ်ခုမှာဖတ်ဖူးတာပါ.။ 
အကုန်တက်အကုန်ဆင်းကစားနေရတဲ့ဘောလုံးအသင်းတစ်သင်း  ကိုမြင်ကြည့်ပေါ့..။တစ်ဖက်အသင်းကိုဖိ
ထားတဲ့အခါမှာလည်း အကုန်လုံးက အထက်ဖက်ကနေ.သော်လည်း တစ်ဖက်အသင်းက ဖိတဲ့အခါမှာ တစ်
သင်းလုံးပဲ ဆင်းပြီး ခုခံ ဖျက်ထုတ်ကြရတာကို မိသားစုဆိုတဲ့ အရာကိုတင်စားထားတာပါ.. ။ ဘယ်လောက်
ကောင်းတဲ့ ဥပမာလဲ..။ မိသားစုဆိုတာလည်း ပြေလည်တဲ့အခါမှာ တစ်မိသားစုလုံးကောင်းစားပြီးအေးအေး
ချမ်းချမ်းနေရပေမယ့်.ကြပ်တည်းတဲ့အခါမှာလည်း ဒုက္ခပေါင်းစုံကို အားလုံးကတက်ညီလက်ညီခံစားကြရ
တာကိုဆိုလိုထားတာပါ.။
                  ကဗျာတွေကိုလေ့လာတာနဲ့အမျှ .. ကဗျာတွေကို ခံစားတတ်လာပါလိမ့်မယ်.။ အချုပ်ဆိုရရင်
တော့ မဝေးသော်လည်း မနီးလှတဲ့စာပေခရီးထဲ..မှာ ကဗျာ..ပိုင်း၊ စာပိုင်း တွေကို လေ့လာခြင်းအားဖြင့်အမျိုး
သားစာပေတစ်ခုကို ထိန်းသိမ်းရာရောက်မယ်ဆိုတာ သိထားသင့်ပါတယ်.။ မြန်မာစာသည် ငါတို့ပြည်၊မြန်မာ
စာသည် ငါတို့စာ၊မြန်မာစကားသည် ငါတို့စကား ဆိုတဲ့စကားထဲကလိုပါပဲ.။ မြန်မာစာပေနဲ့. မြန်မာ့ယဉ်ကျေးမှု
ကိုခွဲခြားလို့မရနိုင်သလို.. ကမ္ဘာ့အခက်ခဲဆုံးဘာသာစကားတွေထဲမှာတစ်ခုအပါအ၀င်ဖြစ်တဲ့ မြန်မာစာမြန်မာ
စကားကိုလည်း ထိန်းသိမ်းသွားကြဖို့ဆိုတာ.. အားလုံးရဲ့ရင်ထဲက ဆန္ဒ ဖြစ်မယ်ဆိုတာ ယုံကြည်ပါတယ်..။



ရေးသားသူ : မိုးသက် // 6:38 AM
အမျိုးအစား:

4 comments:

  1. အပိုင်း (၄) လာဖတ်သွားတယ်မောင်လေးရေ. ကျောင်းတုန်းက တစ်ကယ်မသင်ဖူးခဲ့တော့.. ကဗျာအကြောင်းကို သိပ်မသိတာ အခုမှပဲ တီးမိခေါက်မိရှိလာရပြီ. ကျေးကျေးပါ. :)

    ReplyDelete
  2. ကဗျာက ကျောင်းတုန်းက ဖတ်ခဲ့တယ်..ခုမှ ရေးနည်းလေ့လာရာတာ..ဆရာမ သားကိုလည်း သင်ပေးနော်..ခိခိ

    ReplyDelete
  3. မြန်မာ့စာပေကိုချစ်မြတ်နိုးပေမယ့်
    ကဗျာကိုစပ်တတ်တဲ့ပါရမီကမပါလေတော့
    ကဗျာမှန်သမျှကိုအိမ်လည်ဖတ်တယ်မေမြို့မိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ဘယ်နှတန်းလဲမသိပေမယ့်ငယ်ငယ်ကသင်ခဲ့ရတာမှတ်မိတယ်ပျဉ်းမငုတ်တိုကဗျာလေ
    ခက်လို့ စိတ်ညစ်ထှာဟယ်ပြောပါနဲ့တော့
    ကြီးလာတော့အဲဒီကဗျာကိုကြိုက်သွားပြန်ရော
    ဘ၀ဆိုတာခက်ဖူးလား

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List