Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, December 25, 2011

ချစ်သည်...သို့သော်..

သံယောဇဉ်လား
ရှိတာပေါ့ကွာ.. ပိုတောင်နေသေးတယ်.။
မင်းတို့ထက် ဘယ်သူသာခဲ့လဲ ..
ကိုယ့်ဝမ်းနာကိုယ်သာသိပါ..။
ကိုယ့်ကိုယ် ကိုသာ အကောင်းမြင်တတ်တဲ့ လောကကြီးမှာ
ဘာမဆို သူများလုပ်သမျှကို ဝေဖန်ဖို့ ကြီးပြင်းမယ်လို့ တော့ တွက်မထားနဲ့...။

နားလည်မှုလား
ပြောစရာမလိုဘူးထင်တယ်.။
နေပုံထိုင်ပုံနဲ့တင်..အမှတ်ပြည့်
ကွက်လပ်ဆိုတာ..
စာမေးပွဲရောက်မှ မြင်ဖူးသလိုထားခဲ့တာတောင်
တစ်ခါတစ်ခါ..
တွေ့တာ မြင်တာတွေထောက်တတ်တာပိုဆိုးတာပဲ..။

သစ္စာ.
ရယ်ဖို့တောင်ကောင်းနေပြီ..
ကိုယ့်ဖက်က နာလွန်းလို့
ဘေးကတောင် အားမရဘူး.။
မှတ်ထားဖို့က အဲဒီစကားနဲ့ မယဉ်ပါးသ၍
ငါ့ကို လာမတိုက်ခိုက်ကြနဲ့....
သစ္စာစူး မယ်......။

အချစ်....
တကယ်ပဲ မသိတာလား...။
ချစ်တတ်လွန်းလို့လေ..
အရာအားလုံးပြာကျ...
ရည်မှန်းချက်ဆိုတာတောင်ဘေးခေါက်ထားခဲ့လို့
တစ်ခါတစ်ခါ အရူးလို့ပြောခံရသူလေ..။

အမုန်း...
ပြောဖို့လိုသေးလား...
ငါလိမ်တာကိုမုန်းတယ်...။
ဟန်ဆောင်တာလား..။
ဟန်ဆောင်မှုအရေခြုံထားတဲ့လက်တွေနဲ့တော့.
အပျင်းပြေ ပခုံးလာမဖက်နဲ့တော့..။
သူငယ်ချင်းတွေ...........
မင်းတို့ကိုချစ်ပါတယ်....ဒါပေမယ့်.....
သိက္ခာ ဆိုတာနဲ့.. တစ်ခုခု အခဲမကြေတိုင်း..
အနာကိုနင်း
အရင်းကို တိုက်ခိုက်တာကတော့..
ယောက်ျားသိပ်မပီသဘူးထင်တယ်..နော်..။
မင်းလည်းလူငါလည်းလူပဲ..
သိမ်မွေ့တဲ့ ဟန်ဆောင်မှုကြောင့်
လူမသေပေမယ့်..
စိတ်ဓါတ် .. သေသွားမယ်....။
မင်းတို့ကိုချစ်ပါတယ်....ဒါပေမယ့်....။



ရေးသားသူ : မိုးသက် // 11:00 PM
အမျိုးအစား:

2 comments:

  1. သိက္ခာ ဆိုတာနဲ့.. တစ်ခုခု အခဲမကြေတိုင်း..
    အနာကိုနင်း
    အရင်းကို တိုက်ခိုက်တာကတော့..


    အဲဒါမျိုးတွေခဏခဏခံနေရတယ်ညီလဲ
    စိတ်ပျတ်မိတယ်ဗျာ

    ReplyDelete
  2. ကဗျာလေးဖတ်ရင်း ဆိုဒ်ကလေးလေ့လာသွားတယ် မေမြို့မိုးရေ။
    ရိုးရိုးရှင်းရှင်းနဲ့ ထူးထူးခြားခြားမို့ သဘောကျတယ်။ သီချင်းလည်းကောင်းတယ်
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List