Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Monday, July 1, 2013

ဒီည (၂)


သက်ပြင်းနဲ့ သက်မ
ချတာချင်းမတူ.
ဘ၀လာခြင်းလည်းမတူသူမို့…
အပူဂယက်တွေနဲ့..
အဆူသက်သက် ဖြစ်နေတဲ့ည…

အရူးမီးဝိုင်း..
ညည်းတိုင်းလည်းမပျော်
ပျော်ရာကလည်း မတော်ခဲ့…
မျှော်သာမျှော်ပေါ်မလာသူကို
(အရူးတစ်ယောက်သာသာနဲ့)
အခါခါခေါ်ခဲ့ရတဲ့ည…။

ငြိမ်နေတဲ့ သဏ္ဍာန်
ပုံမှန်တဲ့ စည်းချက်.
ရိုက်ခတ်တဲ့ နှလုံးသား.
သူ့စကားတွေနဲ့ပဲ လာနှိုး..
သူ့စကားတွေကြောင့်ပဲ.. ဘ၀ ဆိုးခဲ့တဲ့ည..

တော်ပါတော့မိုး..
ထပ်ရွာရင် ဒီထက်ဆိုးမယ်လို့…
တိုးလျှိုးလို့တောင်းပန်..
ကိုယ့်ရင်ဘတ်မှာ ဗြောင်းဆန်ခဲ့တဲ့ည.။

ကိုယ်စိတ်ကိုချိုး…
(ဝေဒနာထပ်မတိုးဖို့..)
(အကြင်နာရစ်မပျိုးဖို့..)
(ဝေဒနာသိပ်ဆိုးလို့…)
မိုးများပဲသည်းထန်
သူဆိုတဲ့ ရွှေဘုံစံကြောင့်…
ဒဏ်ရာတွေကြီးစိုး..
(ကိုယ့်ရင်ကိုယ်ရှို့ဖို့)
ကိုယ်တိုင်မီးပျိုးခဲ့တဲ့ည..။

ပြိုမှာလားမိုး..
အညှိုးကုဋေကုဋာ…
မိုးတွေရွာနေခဲ့ပေမယ့်…
အခါခါ ယောင်ယမ်း..
စွဲလမ်းရင်း သွေးပျက်ခဲ့တဲ့ည…။



ရေးသားသူ : မိုးသက် // 2:58 PM
အမျိုးအစား:

3 comments:


  1. ကိုယ်စိတ်ကိုချိုး…
    (ဝေဒနာထပ်မတိုးဖို့..)
    (အကြင်နာရစ်မပျိုးဖို့..)
    (ဝေဒနာသိပ်ဆိုးလို့…)
    မိုးများပဲသည်းထန်
    သူဆိုတဲ့ ရွှေဘုံစံကြောင့်…
    ဒဏ်ရာတွေကြီးစိုး..
    (ကိုယ့်ရင်ကိုယ်ရှို့ဖို့)
    ကိုယ်တိုင်မီးပျိုးခဲ့တဲ့ည..။


    လာအားပေးသွားတယ်နော်..။

    ReplyDelete
  2. သက်ပြင်းချသွားတယ် :P

    ReplyDelete
  3. အပျိုးတော့ဘူး ဆိုပါမှ
    ခပ်ဖွဖွ ပုတ်နှိုး
    သိပ့် ဆိုးတဲ့ ကဝေ
    ဘယ်အငြိုးနဲ့ ချေ နေသလဲ ။


    မင်းဧရာ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List