Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, July 26, 2013

အလွမ်းရောင် အနားသတ်...


တိမ်ညိုတွေမလွှမ်း...
လေနီတွေမကြမ်း...
အရာရာမဆန်းပဲနဲ့...
ရင်မှာ လွမ်းနေတာ သူ့ကြောင့်...။

အဲဒီလိုမကြည့်ပါနဲ့လား.ဟန်နီ..
နှလုံးသား တစ်ဆတ်ဆတ်...
အလွမ်းဖျားလေးတက်မှာစိုးနေလည်း...
ကိုယ့်အိပ်မက်တွေက သူ့ဆီမှာ..
သူ့မျက်ဝန်းတွေက ကိုယ့်ဆီမှာ...။

သူ့အနမ်းတို့ စက္ကန့်နဲ့အမျှရနေတဲ့ ၀င်သက်ထွက်သက်ကို ကျွန်တော် မနာလိုဘူး...
သူ့ပါးပြင်ကို မကြာခဏ ထိသပ်ခွင့်ရတဲ့ သူ့တယ်လီဖုန်းကို ကျွန်တော် မနာလိုဘူး...
သူ့မျက်ဝန်းကို အမြဲမြင်တွေ့နေရတဲ့ သူ့မျက်မှန်ကို ကျွန်တော် မနာလိုဘူး...
သူမနဲ့ပတ်သတ်လာရင်.. တိတ်တခိုးချစ်နေတဲ့ ကိုယ့်ကိုယ်ကိုတောင် မနာလိုဘူး...။

သူမက ၀ိုင်ချိုခါးတစ်ခွက်ဆိုရင်..
ကျွန်တော်က မသောက်ခင်က မူးချင်နေသူ..
သူမက နှင်းဆီပန်းတစ်ပွင့်ဆိုရင်...
ကျွန်တော်က မပွင့်ခင်ကတည်းက နမ်းရှိုက်ချင်သူ..
သူမက လမင်းလေးဆိုရင်လည်း ....
ကျွန်တော်က မမြင်ခင်ကတည်းက မော်ဖူးချင်နေသူပေါ့..။

အလွမ်းတွေဖုန်ထ...
(ကိုယ့်ရင်မှာလည်း)
သူ့နာမည်လေး တသသပေါ့.
သောကလည်းမဆို...
သုခလည်း မပိုပဲနဲ့...
အတွေးတွေကို မြိုသိပ်ရင်း..
(ဒီညတော့..)
ကိုယ်အိပ်ဖို့ကြိုးစားနေတုန်းပဲလေ...။

~မိုးသက်ဦးလွင်~
(27-7-2013)



ရေးသားသူ : မိုးသက် // 4:49 PM
အမျိုးအစား:

3 comments:

  1. တိမ်ညိုတွေမလွှမ်း...
    လေနီတွေမကြမ်း...
    အရာရာမဆန်းပဲနဲ့...
    ရင်မှာ လွမ်းနေတာ သူ့ကြောင့်-------အရမ်းကိုကောင်းတဲ့ကဗျာပါပဲ

    ReplyDelete
  2. မိုက်တယ်ဗျို့ :D :D

    ReplyDelete
  3. ရာသီဥတု ညီမျှဖို့ဆိုရင်
    တောတောင်တွေကလည်း စိမ်းမြနေရမယ်
    ငှက်ကျေးတို့ တေးသံနဲ့ သူမလွင့်ပျံလာနိုင်ပါစေ ။

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List