Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, May 25, 2012

Who am I ??

        Who am I?? ဆိုလို့ ဂျက်ကီချမ်းကား အကြောင်းပြောမလို့မဟုတ်ပါဘူး. ။ ကိုယ့်ကိုယ်ကို
ပြန်မေးခွန်းထုတ်လိုက်တာပါ.။ ကိုယ့်ကိုယ်ကို စိတ်လွတ်လက်လွတ်နေနေခဲ့တာကြာခဲ့ပါပြီ..။တစ်ပတ်လို့
စိတ်ထဲမှာ သတ်မှတ်ထားပေမယ့်. ၂ပတ်ကျော်သွားပါတယ်.။ ဘာဖြစ်လို့လဲ မေးရင်တော့. ဘာမှ မဖြစ်ပါ
ဘူးလို့ပဲ ပြောရမှာပါ.။ဒီကြားထဲမှာ ကျွန်တော့်ဘာတွေလုပ်နေတယ်ဆိုတာကတော့ ဖွဘုတ်ပေါ်သာ
ကြည့်ပါတော့လို့ ပြောရမလားပဲ.။ ကျွန်တော် နောက်ဆုံးပို့စ်တင်ခဲ့တာ ၁၃ ရက်နေ့ပေါ့.။ဒါပေမယ့်
တကယ်တမ်း ကိုယ့်ဖာသာရေးဖြစ်ခဲ့တာ ပုံမှန်အခြေအနေနဲ့စိတ်မလေခင်မှာရေးခဲ့တာက မေလ ၂ ရက်နေ့ပေါ့ဗျာ.။အဲ့ဒီနောက်ပိုင်းမှာဘာတွေဖြစ်လဲဆိုတာ ကျွန်တော်ရေးထားတဲ့ ဒိုင်ယာရီလေးထဲကပြန်
ပြောပြပါ့မယ်.။ ပထမဆုံးပြောပြစရာက..ကျွန်တော်တို့အဆောင်မှာ ၀ိုင်ယာလက်စ်သုံးတဲ့ ဦးကပ်စီးသူ
ငယ်ချင်းတွေရှိတယ်.။သူတို့သုံးတဲ့YOTA လို့ခေါ်တဲ့ Wi-max router က ဗားရှင်းအသစ်ပြောင်းတာကို
လဲဖို့သွားကြတယ်.။မြေအောက်ရထားဘူတာရောက်တော့သူငယ်ချင်းဆီဖုန်းဆက်ပြီး အဲ့နားက ပန်းခြံလေးထဲ
ကိုဝင်ပြီး ဓါတ်ပုံရိုက်ကြတယ်.။နွေဦးပေါက်စ (ဒီပေါက်စကပါလာပြန်ပြီ..ကတောက်..ငါ့နှယ်နော်..) ဆိုတော့.
ပန်းခြံထဲမှာစကိတ်စီးသူက စီး အတွဲလေးတွေနဲ့ထိုင်သူက ထိုင်ပေါ့ဗျာ.။ကျွန်တော်တို့လို ခေါင်းမည်းအာရှသား
ရွှေတစ်စုကတော့ ဖာသိဖာသာ ဟန်ထူးလွင်သီချင်းထဲကလို ခင်ဗျားတို့နဲ့ ကျွန်တော် မဆိုင်သလိုပဲ ပေါ့.။
       ဘာပန်းမှန်းတော့မသိ...လှတော့လှပါအိ..။

အဲ့နေ့က ၀ိုင်ယာလက် Router မရပဲနဲ့ နောက်ဆုံးတော့.....
     အဲ့လို ဖန်ဆင်းပစ်လိုက်တယ်..အေးရော...။
အဲ့တာက တစ်ခု .နောက်တစ်ခုက.. .။ ၇ ရက်နေ့မှာ ကျွန်တော်တို့တပ်ခွဲက အစ်ကိုတွေဆီကို..သွားတယ်.။
အလည်အပတ်ပေါ့ဗျာ..။ ဟိုရောက်တော့ ညီလေးမပြန်ပါနဲ့.ထမင်းချက်ကျွေးမယ်ဆိုတော့အားနာပြီးနေဖြစ်
သွားပါတယ်. ။ညနေပိုင်းရောက်တော့..အစ်ကိုတွေစကိတ်စီးတော့ စီးတတ်သလားမေးတဲ့အခါ.ကျွန်တော်
စီးချင်စိတ်ပြန်ပေါ်လာတယ်.။ တကယ်တမ်းကျွန်တော်စကိတ်မစီးတာ..၈နှစ်ကျော်၉ နှစ်ထဲမှာရှိပြီ.။၇ တန်း
နှစ်ကနောက်ဆုံးစီးခဲ့တာဆိုတော့. နဲနဲတော့စိမ်းသလိုဖြစ်နေတယ်.။ ဒါပေမယ့်သေချာပြန်စီးကြည့်တော့
လည်း အိုကေပါတယ်.။အဲ့နေ့က မော်စကို မြစ်ကမ်းအထိ ၄ မိုင်လောက် စီးကြတယ်.။ လဲလိုက်သမှ တစ်ဖုန်း
ဖုန်းနဲ့ပဲ.။ကျွန်တော် အဲ့လောက် တာဝေးကိုတစ်ခါမှ မစီးဖူးတာလဲ ပါပါတယ်.။ လူက မရဲပါဘူးဆိုမှ မီးပွိုင့်က
၅ ခါလောက်ဖြတ်ရတာလဲ ပါတာပေါ့.။ :p . ပြောဖို့မေ့သွားတာက.. အဲ့ဒီမှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်
ကျော်ကြီး နောင်တော်ကိုမောင်နှစ်လုံးနဲ့ တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ်.။
   ဟိုးဖက်ကတိုက် ကြီးတွေနေထိုးနေတာလန်းလို့ရိုက်ထားလိုက်တာ..။
      အမှန်က အောက်က ခွေးများနင်းမိရင်ပြဿနာပဲလို့တွေးနေတာ.. ဟီး..။
နောက်တစ်ခုက အမေများနေ့ ကပေါ့..အဲ့နေ့က ကျွန်တော် ဘာသာပြန်ကဗျာလေးတစ်ပုဒ်
တင်ဖြစ်ပါတယ်.။ အဲ့နေ့က. ဆရာမတွေနဲ့ တိရစ္ဆာန်ရုံသွားကြတယ်.။ အဲ့တိရစ္ဆာန်ရုံက ဒုတိယ ကမ္ဘာစစ်
ကတည်းက ဖြစ်ပါတယ်.။ ဆရာမတွေက တစ်လမ်းလုံးရှင်းပြ..။ သဘောကောင်းလှချည်လားမှတ်နေတယ်..။
ပြန်လည်းပြန်ရော..။ အဲ့အကြောင်းစာစီစာကုံး ရေးခိုင်းတော့တာပဲ.။ >.<..။ တော်သေးတာပေါ့.. Wiki လေး
ရှိနေလို့..။ 

 ရှေ့ကကလေးလေးပုံကို သဘောကျလို့ရိုက်လိုက်တာ..။သူ့ခမျာတုတ်ချိုချဉ်လေးကိုင်ပြီးပျော်နေတာ.။
 လီဗာပူးတွေ..ဟုတ်ပေါင်.. ကြိုးကြာနီတွေ.......။
အရှေ့က တံဆိပ်....
လူကောင်သေးပေမယ့်.. ကြောက်ရတဲ့ ဆရာမ အာလျော့နာ..။

ပိုလာဝက်ဝံကြီးနဲ့သူ့ကလေးတွေ...ဆော့လိုက်တာလဲ မျောက်ရှုံးပါ့.၀က်ဝံရယ်.။
  တိရစ္ဆာန်ရုံထဲမှာ သဘောအကျဆုံးအကောင်လေးပါ..။ငယ်ငယ်က  Discovery Channel မှာကြည့်ခဲ့ဖူး
တယ်.။ Meerkat ဆိုတဲ့တွင်းအောင်းသတ္တ၀ါလေးပါ.။ တစ်ခြားအကောင်တွေ အစာစားနေချိန် ဆော့ကစား
နေချိန်မှာ တစ်ကောင်ကောင်က အခုလို အလှည့်ကျကင်းစောင့်ကြရပါသတဲ့.။ ..

အပေါ်က ကျားဖြူက ကိုက်မယ့်ပုံမပေါ်ဘူးနော်.။ ချစ်စရာကြီး.. ဟီးဟီး..။ အောက်ကကလေးမလေးကတော့
ချစ်စရာကောင်းလွန်းလို့လှမ်းရိုက်လိုက်တာ.။ ငယ်ငယ်ကတည်းကစကားပြောရင်အမူအယာတွေနဲ့မျက်လုံး
မျက်ခုံးတွေနဲ့ပြောတာဗျာ.။ တကယ့်ကလေးမလေး.။
      ပို့စ်လဲရှည်သွားပြီ.။ ပုံတွေက အများကြီးပဲ အားလုံးတင်မပေးနိုင်တာကိုနားလည်ပေးပေါ့ဗျာ.။
နောက်တော့လည်း ဒီလို သွားတဲ့လာတဲ့အခါ Up to date ဖြစ်အောင်တင်ပေးပါ့မယ်.။ (ပေးပြန်ပြီ ဒီကတိ..)
အခုတစ်လော ဖွဘုတ်ပေါ်မှာပဲ အမြစ်တွယ်နေတဲ့ရောဂါကို ဖြတ်ပြီး.ဘလော့ဘက်ပြန်လှည့်ပါမယ်.။ ပြီးတော့
နောက်တစ်ပတ်ကျော် လောက်မှာ စာမွဲရှိတဲ့အတွက်.။ ခန နားချင်နားပါဦးမယ်.။ဒီနေ့တော့ ဒီလောက်ပါပဲ
ဗျာ.။ 
       



ရေးသားသူ : မိုးသက် // 3:33 PM
အမျိုးအစား:

17 comments:

  1. အိုမ်း ကိုရင်.., n ယူ အာ မေ :D

    ReplyDelete
  2. ဟင်
    စိတ်လွတ်ကိုယ်လွတ် ၂ ပတ်နားပြီး
    ခန ထပ်နား အုံးမယ် :D :D
ှဖတ်လို့ကောင်းတယ်တော့
    ကျားဖြူကြီးက ချစ်စရာလေးကြီး နော် ( လိုချင်တယ် တကောင်လောက် ပို့ပေးပါလားးးးးးးးး)

    ReplyDelete
  3. ဟိုတနေ့က သူငယ်ချင်းတယောက် rolling in the sky လုပ်တာ ဒူးပြဲသွားတယ်တဲ့

    ReplyDelete
  4. ရှေ့က တုတ်ချိုချဉ်ကိုင်ပြီး ပျော်နေတဲ့ကလေးပုံ ရိုက်တာကို နောက်ကတစ်ယောက်က သူ့ကို ရိုက်တယ်ထင်ပြီး လက်နှစ်ချောင်းကို အမိအရ လက်မြှောက်ပြီး ထောင်လိုက်သေးတယ်..........:P

    ReplyDelete
  5. နားအုံးမို့လား

    များနေပီနော်

    ReplyDelete
  6. လာကြည့်သွားတယ်နော် ကိုမိုးသက်

    ReplyDelete
  7. ရိုက်ချက်တွေလန်းသလို သရုပ်ဆောင်တွေလဲ လန်းပါတယ်

    ReplyDelete
  8. စကိတ်စီးတာ လဲတဲ့ပုံမပြပဲ.. စီးနေတဲ့ပုံတွေချည်း ဖွဘုတ်မှာတင်ထားတော့ ငါ့မောင်လေး တော်တော်စီးတတ်ပါလားလို့ ကြိတ်အားကျနေမိသေးတာ :D :D

    ReplyDelete
  9. ကြိုးကြာနီဆိုတာခုမှမြင်ဖူးတယ် ကျားဖြူကြီးကိုချစ်တယ်ဗျို့
    ပုံတွေအားလုံး ဖလန်းဖလန်းထနေပါ့ရောလား

    ReplyDelete
  10. စကိတ်အစီးမတော်ရင် ဒူးပြဲတတ်တယ်။ ခေါင်းမထိခိုက်အောင်တော့ ဂရုစိုက်အုံး မေမြို့မိုးရေ။ ရိုက်ချက်တွေ အားပေးသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  11. ဪ မောင်နှစ်လုံးနဲ့ တွေ့ခဲ့တယ်လား။ မှတ်ချက်။ ။ ပေါက်စ မပါပဲ ပို့စ် တစ်ပုဒ် ရေးပါ။ :P အစ်မတောင် ဒီဇင်ဘာ ပိတ်ရက် အဲဒီကို လာလည်ရင် ကောင်းမလားလို့။

    ReplyDelete
  12. လာခဲ့လေ.အစ်မ... ။ ဘလော့ဂါတွေစုပြီး ဂဲသားရင်းလုပ်တာပေါ့.။ :P

    ReplyDelete
  13. ကျားဖြူကြီးက အိပ်ငိုက်နေတယ်

    ReplyDelete
  14. နားနိုင်သူတွေ နားကြပါ.....ဘေးကကောင်မလေးက ပေါက်စသိရင် နာမည်နော် ဦးလေး

    ReplyDelete
  15. ရောက်ခဲ့ပါတယ်။
    ကြိုးကြာနီတွေ လှလိုက်တာ...။
    ကျားဖြူကြီးကတော့ ချစ်...ကြောက်...။

    ReplyDelete
  16. ဆရာမလေး ချောတယ်...
    ငါ့မောင်က ပိုချောတယ်..း))
    ပန်းပုံလေး ရိုက်ထားတာ အရမ်းလှတယ် ရုတ်တရက် ပန်းချီထင်နေတာ..
    အိမ်မက်စေရာ

    ReplyDelete
  17. ပိုလာဝက်ဝံတွေကိုတော့ချစ်တယ်ဗျ.....ကျားပုံကလဲ..အရင်ကတီဗီကြော်ငြာမှာလွှင့်တဲ့ ကိုနီကာဖလင်ထဲက..ကျားပုံကြနေတာပဲ...လန်းပါတယ်...မရောက်ဖူးတဲ့နေရာကပုံတွေမြင်ရတဲ့အတွက်လဲ.ကျေးဇူးပါဗျာ...

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List