* A mother is like a turbine, creating warmth and power
Running very smoothly for the family every hour
*A mother is like a seeding machine,
sowing her love.
Nurturing children's knowledge beyond and above.
*A mother is like an artist, painting a pretty scene.
A priceless master piece, created with thought so keen
*A mother is like a railroad or city transit train
Moving to new achievements, more knowledge to attain .
*A mother is like a restaurants, a master chef to know
Serving scrumptious snacks and meals to family on the go
*A mother is like a medical team,
doctor and nurse combined.
To held the house hold maladies with chars in mind.
*A mother is like a fashion show,
displaying all the styles.
A glowing jewels of family joy that
shines on life's green isles .
That's "Mon", isn't the "GREAT".
(Jack Brock)
မိခင်အားမာန်..
* အမေဟာ
ရေနွေးငွေ့နဲ့လည်ပတ်နေတဲ့ စက်တစ်လုံးလို
နွေးထွေးမှု နဲ့အားအင်တွေ
မိသားစုအတွက်
အချိန်တိုင်း ချောမွေ့စွာ လှုပ်ရှားပေးနေတယ်..။
* အမေဟာ
ပျိုးကြဲစက်တစ်လုံးလို
သူ့ရဲ့ချစ်မေတ္တာတွေကို
ကြဲပက်စိုက်ပျိုးပေးနေတယ်..။
မီးမီးသားသား ကလေးငယ်များ
မြင့်မြတ်အသိတရားနဲ့ ဗဟုသုတ တွေရအောင်
အမြဲပြုစုပျိုးထောင်ပေးနေတယ်...။
* အမေဟာ
ပန်းချီဆရာတစ်ယောက်လည်းဖြစ်တယ်.။
လှပတဲ့မြင်ကွင်း
ရှုမျှော်ခင်းကြီးတစ်ခုကိုရေးဆွဲနေတာလေ..။
သူဟာသူ့ရဲ့အတွေးတွေနဲ့..
တန်ဖိုး မဖြတ်နိုင်တဲ့ အကောင်းဆုံးလက်ရာ
ပန်းချီကားကြီးတစ်ချပ်ကို
အလွန်စိတ်အားထက်ထက်သန်သန်နဲ့..
ဖန်တီးချယ်မှုန်းနေတာဖြစ်တယ်.။
* အမေဟာ မီးရထားလမ်းတစ်ခု
(ဒါမှမဟုတ်).. ရှုပ်ထွေးလှတဲ့
ရထားလမ်းတွေဆုံတဲ့ မြို့တစ်မြို့ဖြစ်တယ်.။
သားသမီးတွေကို..
အောင်မြင်မှု အသစ်များရအောင်..
ဗဟုသုတ အကြားအမြင်တွေပိုမိုရရှိအောင်
အမြဲလှုပ်ရှားဆောင်ရွက်ပေးနေသူဖြစ်တယ်.။
* အမေဟာ
စားသောက်ဆိုင်ကြီးတစ်ခုနဲ့လည်းတူတယ်.။.
မိသားစုအတွက်.
ဘယ်လို စားကောင်းမယ့်အစားအစာတွေကို
ချက်ပြုတ်ကျွေးမွေးရမယ်ဆိုတာ သိတဲ့
စားဖိုမှူးကြီးတစ်ယောက်လည်းဖြစ်တယ်.။
* အမေဟာ
ဆေးရုံတစ်ခု(ဆေးကုသတဲ့အဖွဲ့) နဲ့လည်းတူတယ်.။
သူပဲဆရာဝန်
သူပဲ သူနာပြု
နေထိုင်မကောင်းဖြစ်တဲ့
အိမ်သားတွေကိုပြုစုကုသပေးဖို့ရာ.
(သူ့စိတ်ထဲမှာ..)
အဲဒီအမှုကိစ္စလေးတွေနဲ့ပဲ
အလုပ်ရှုပ်နေတတ်တယ်.။
* အမေဟာ
ဖက်ရှင်ပြပွဲတစ်ခုနဲ့လည်းတူတယ်.။
သူဟာ
အိမ်ကို ပုံစံအမျိုးမျိုးနဲ့ အလှဆင်..
မိသားစု ပျော်ရွှင်ကြည်နူးမှုရဲ့
တောက်ပတဲ့ရတနာ တစ်ပါးပေါ့...။
အဲ့ဒီရတနာတစ်ပါးက
ဘ၀ရဲ့ စိမ်းလန်းကျွန်းများအပေါ်မှာ
(ဂုဏ်သရေ) တောက်ပ စေတယ်..။
ဒါဟာအမေပဲလေ..။
အမေဟာ..
“ ကြီးမြတ်သူကြီး ” လို့
မဆိုနိုင်ပေဘူးလား...။
(နောင်တော်အစ်ကိုတစ်ဦး ဘာသာပြန်ဆိုထားတာပါ.။ ပြန်လည် တည်းဖြတ်.. Trace လုပ်ခိုင်းပေမယ့် သူ့ရင်ထဲက သဏ္ဍာန်လေးပျောက်သွားမှာစိုးလို့.. စာလုံးပေါင်းကလွဲရင်..မဆိုစလောက်လေးပြန်ဆိုလိုက်ပါတယ်. ။)
မနက်ဖြန် ပြာသိုလပြည့်နေ့မှာကျရောက်မယ့် အမေများနေ့ကို ကြိုဆိုရင်း..ကမ္ဘာပေါ်က အမေဆိုတဲ့ ပုဂ္ဂိုလ်တစ်ဥိးကို ရှိခိုးဦးချလိုက်ပါတယ်.။ ကျန်းမာပါစေအမေရေ....။

ကြီးမြတ်သူကြီးလို ဆိုထိုက်ပါတယ် သယ်ရင်းရေ...
ReplyDeleteအားပေးသွားတယ် သယ်ရင်း....:)
ရင်ထဲကိုေ၇ာက်သွားတဲ့ကဗျာပါပဲ။ ၃ခါလောက်အေးအေးဆေးဆေးဖတ်လိုက်တယ်
ReplyDeleteကဗျာလေး ခံစားသွားတယ်နော်
ReplyDeleteNice post brother.......... thank for your post.
ReplyDeleteမူရင်းကဗျာကကောင်းသလို ဘာသာပြန်ထားတဲ့ ကဗျာကလည်း အရမ်းကောင်းပါတယ်. သားသမီးတိုင်းရဲ့ရင်ထဲကို ထိတယ်
ReplyDelete