Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, March 2, 2012

ငါးထောင်တန်ဖုန်းအပေါ် ဘလော့ဂ်ဂါတို့အမြင် (Tag )


မအူမလည်တောသားမြို့ရောက် မောင်မိုးသက်တစ်ယောက်. မော်စကိုမှာ ဖုန်းဝယ်တုန်းကပေါ့...။ကြင်
နာသူနဲ့ ဆင်တာယူမယ်ဆိုပြီး.. Sony Ericsson W595 လေးကို မရရတဲ့နေရာကရှာဝယ်..။ဖုန်းကဒ်သွားဝယ်
တော့ ရုရှားငွေနဲ့.. ရူဘယ် ၂၀၀ သာပေးရတယ်.။ မြန်မာငွေနဲ့ တွက်ကြည့်တော့. ၅၀၀၀ ကျော် ၆၀၀၀ နီးပါး
သာကျသင့်မယ်ဆိုတာ တွက်မိတယ်.။ အဲဒီအချိန်ကတည်းက.. အော်သူတို့နိုင်ငံ တိုးတက်လှချည့် ..။ တို့ အမိ
နိုင်ငံမှာလည်း ဒီလိုဖြစ်ရင်သိပ်ကောင်းမှာပဲ ဆိုတာ တွေးမိပါရဲ့..။ ဒါပေမယ့်လည်း. ..အသိဥာဏ်နည်းပါးတဲ့.
တောင်ပေါ်သား..လူအ တစ်ယောက်ဖြစ်လေတော့..ကိုယ်လိုက်မမီတဲ့ နည်းပညာ ဆိုတာကြီးကိုပဲ..လွှဲချပြီး.
အဲဒါကြီး တို့နိုင်ငံမှာ မရှိလို့ နေမှာလို့ တွက်ဆမိပါရဲ့...။ သိပ်မကြာခင်မှာပဲ.. ရွှေပြည်တံခွန်ဆိုတဲ့ မိုးကျရွှေ
ကိုယ်ကြီးတစ်ဦး ပေါ်လာတယ်.။ ၅၀၀၀ တန်ဖုန်းဆိုတဲ့ သတင်း က ထွက်လာတယ်.။ကျွန်တော်တို့ စသိတဲ့အ
ချိန်မှာ နယ်က လူတွေမသိသေးဘူး.။ လှမ်းပြောတဲ့အချိန်မှာ တစ်ချို့ဆို ယုံတောင်မယုံနိုင်ဘူး..။လက်ကိုင်ဖုန်း
ဆိုတာကို ကြေးရတတ် လူတန်းစားတစ်ရပ်အတွက် သီးသန့် အသုံးတော်ခံပစ္စည်းတစ်ခု လို့ထင်မှတ်နေကြရ
တဲ့ အခြေအနေပဲရှိသေးတယ်.။ သေချာပြန်တွက်ကြည့်တော့လည်း နိုင်ငံတကာမှာ ဒီဈေးပဲ..။မှတ်မှတ်ရရ
တစ်ချို့ဖုန်းကဒ်တွေဆိုရင်. မြေအောက်ရထား ဘူတာတွေမှာအခမဲ့လိုက်ဝေတယ်.။ ကြော်ငြာတဲ့သဘောပေါ့။
ဒါဟာ တကယ်ဖြစ်နိုင်တဲ့ကိစ္စရပ်တစ်ခုပါ...။ဘာပဲပြောပြောပါ.. ကျွန်တော့်အနေနဲ့လည်း ဒီလိုဖြစ်လာမယ်ဆို
ရင် ကြိုဆိုပါတယ်...။ကျွန်တော်တို့ နိုင်ငံလည်း တိုးတက်မှုရဲ့အသီးအပွင့်ကို သိသာစွာခံစားရတာပေါ့.။

၁။ ယခု ဆက်သွယ်ရေးက ချထားပေးမယ်. နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို. သင်မြင်ပါသလား ။
     ယခင့်ယခင် ဖုန်းတွေထက်စာရင်. တန်ဖိုး အတော်ကိုနည်းသွားပါတယ်. ။ဒါပေမယ့်နိုင်ငံတကာဈေးနှုန်းနဲ့
     ယှဉ်ထိုးကြည့်ရင် မြင့်နေတုန်းပဲ..။ဒါပေမယ့် မကြာခင်မှာပဲ..အားလုံးရဲ့ ဆန္ဒတွေအကောင်အထည်ပေါ်လာ
     မှာပါ..။ 
၂။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို. စတေကာကပ်ခြင်း နဲ. တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင်မိပါ

     သလဲ။ 
     စည်းစနစ်ကျစွာနဲ့..အေးချမ်းစွာတောင်းဆိုတာဟာ အားလုံးရဲ့အမြင်မှာ သင့်တင့်ကောင်းမွန်ပါတယ်.။
     လက်မခံနိုင်စရာမရှိပါ.။
၃။ ငါးထောင်တန်ဖုန်းပေါ်လာဖို. စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိ
     ပါသလဲ ။ 
     ကောင်းပါတယ် .. ။ ဘယ်ကိစ္စကိုမဆို . ဥပဒေဘောင်အတွင်းက သက်ဆိုင်ရာကိုတင်ပြတောင်းဆိုတဲ့အ
     အလေ့အကျင့်ကို အင်မတန်သဘောကျပါတယ်.။ အဲဒီထက် သပ်ရပ်စနစ်ကျ ထိရောက်မှုရှိတဲ့ နည်းလမ်း
     မရှိနိုင်ပါဘူး..။ ဘာပဲလုပ်လုပ် ဘောင်ထဲကလုပ်..။
ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို. သင်.အနေနဲ. ကြိုဆိုပါသလား။ 
     အခြေခံလူတန်းစားပါ သုံးစွဲနိုင်မည်ဖြစ်သည့်အတွက်..ကြိုဆိုပါသည်. ။ တကယ်သာဖြစ်လာမည်ဆိုပါက
    အတိုင်းမသိဝမ်းသာမိမှာဖြစ်ပါတယ်.။ 
      အစ်မ အိန်ဂျယ်နဲ့ ကိုအလင်းသစ်တို့ တဂ်ထားတဲ့ပို့စ်ဖြစ်ပါတယ်.။ မောင်မိုးသက်တစ်ယောက်လည်း
ထိုကိစ္စကို စိတ်ဝင်စားပါတယ်.။တစ်ခု ဖြစ်သင့်တာက.. ဖုန်းဆိုလျှင်လည်းတစ်မျိုးတည်း..။ တစ်တန်းစား
တည်းဖြစ်သင့် ပါတယ်.။ ဒီမှာကြည့်ရင်. သမ္မတ လည်း ဒီ ၂၀၀ တန်ဖုန်းကဒ်ပဲကိုင်ပါတယ်.။စားသောက်ဆိုင်
ကအလုပ်သမားလည်း ဒီ ၂၀၀ တန်ဖုန်းကဒ်ပဲကိုင်ပါတယ်.။ မြန်မာနိုင်ငံမှာလို ၁၆ သိန်းတန်က တစ်စား.၊
၅ သိန်းကတစ်စား.မဖြစ်သင့်ဘူးထင်တာပါပဲ.။ဒါပေမယ့်. ၁၆သိန်း၅သောင်းဖုန်းဝယ်ထားတဲ့သူတွေက မုဒိ
တာမပွားပဲ. တို့ကတော့ ရှုံးပြီးရင်ရှုံးရင်းပဲလုပ်တဲ့သူတွေရှိပါတယ်.။ တကယ်တမ်းဆို ကြိုဆိုရမှာပါ.။တစ်ခု
တော့ တွေးရပါလိမ့်မယ်. ။ သိပ်မလောပါနဲ့.. ဖြည်းဖြည်းချင်းသွားနေပါတယ်.။ အချိန်တန်ရင် ရောက်မှာပါ.။
အခု ကျွန်တော်တို့ နိုင်ငံက တစ်ခုပြီးတစ်ခု တိုးတက်လာနေပါပြီ.။ အဲဒီသတင်းတွေကြားလေ ကျွန်တော်က
တော့ မြန်မာပြည်ကိုလွမ်းလေပဲ...။ ခေါင်းစဉ်နဲ့ မဆိုင်တာတစ်ခုပြောပါ့မယ်.။ နိုင်ငံတော်ကိုချစ်တဲ့သူမှန်သမျှ
ကို. ၊နိုင်ငံတော်ကို တိုးတက်အောင်လုပ်မယ့်သူ မှန်သမျှကို ကျွန်တော်ကြိုဆိုပါတယ်.။ မောင်မိုးသက်မှာ
ပုဂ္ဂိုလ်စွဲမထားပါ.။ Facebook မှာ ကျွန်တော်တို့ဂရုလေးတစ်ခုရှိပါတယ်.။ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံခြား
လွှမ်းမိုးမှုအန္တရယ် စောင့်ကြည့်ကာကွယ်ရေးဖြစ်ပါတယ်.။ ကျွန်တော်တို့ အပါအ၀င် . တစ်ခြားအရပ်သား 
နိုင်ငံရေးပါတီပေါင်းစုံကလူတွေပါပါတယ်..။ အားလုံးက သူ့အမြင်ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောကြ
တယ်.။ တစ်ခြားဖိုရမ်တွေ ဘလော့တွေလို ရိုင်းပြစွာမပြောကြဘူး.။ အလွန်အကျွံမငြင်းကြဘူး.။ သူ့ဖက်ကိုယ့်
ဖက် လိုအပ်ချက်တွေ မဖြစ်သင့်တာတွေ ဖြစ်သင့်တာတွေကိုထောက် ပြကြတယ်.။ အားလုံးက အမြင်မတူ
ကြလို့  ၀ါဒတွေကွဲပြားကောင်းကွဲပြားနေနိုင်ပါတယ်.။ ဒါပေမယ့် အားလုံးရဲ့ မိခင်က မြန်မာပြည်ပါ.။ အားလုံး
ကလည်း မြန်မာပြည်ကိုချစ်မြတ်နိုးကြသူတွေပါ.။ ဒီအတွက်. ကျွန်တော်တို့ ဂရုလေးက..သိပ်ကိုပျော်စရာ
ကောင်းပါတယ်.။ ပွင့်လင်းစွာပြောကြသလို.. ငြိမ်းချမ်းစွာပဲဆွေးနွေးကြပါတယ်.။ တကယ်ဖြစ်သင့်တဲ့ အနေ
အထားတစ်ခုကို ဂရုတည်ထောင်သူ က သေချာဖန်တီးထားတာပါ.။ စည်းကမ်းမညီတဲ့ မန်ဘာကို ဘန်းပါ
တယ်.။ သိပ်ကိုကောင်းတာပေါ့.။ ကျွန်တော်တို့ လို တပ်မတော်သားတွေပါသလို.. တစ်ခြားပါတီပေါင်းစုံက 
လူတွေကလည်း သူ့အမြင်ကိုယ့်အမြင်ကို ပြောကြပါတယ်.။ အားလုံးက နီးကပ်သည်ထက် နီးကပ်လာတယ်.။
အမြင်တွေလည်း ရှင်းလင်းသည်ထက်ရှင်းလင်းလာတယ်.။ ယုံကြည်မှုတွေရှိသထက်ရှိလာတယ်.။ ပုဂ္ဂိုလ်ရေး
ရင်းနှီးမှုတွေကနေ. တစ်ဦးနဲ့တစ်ဦး အထင်အမြင်လွဲမှားမှုတွေ နည်းပါးလာတယ်.။ အဲဒါက ဖြစ်သင့်တဲ့ ရလဒ်
ကောင်းတစ်ခုပါ.။ ဒါပေမယ့် ကျွန်တော် အကန့်တွေခွဲထားပါတယ်.။ ဒီဘက်ဘလော့မှာ အဲဒီအကြောင်းပြော
တာ ပထမဆုံးအကြိမ်ပါ...။ ဟိုဘက်ကကိစ္စတွေကို ဟိုဘက်မှာပဲထားပါတယ်.။ ကျွန်တော့်ကိုယ်ကိုလည်းစံပြ
ဖြစ်အောင်နေတဲ့အတွက်.. ကျွန်တော် ဘယ်သူ့ကိုမဆို ကောင်းမွန်စွာရှင်းပြနိုင်ပါတယ.်။ 
       ခြုံပြောရမယ်ဆိုရင်.. ကျွန်တော့်အနေနဲ့ ငါးထောင်တန်ဖုန်းကဒ် ထွက်ပေါ်လာမည့်အပေါ် လှိုက်လှိုက်လဲ
လဲ ကြိုဆိုပါတယ်.။ဖြစ်သင့်တယ်လို့ယူဆပါတယ်.။တိုင်းပြည်ကို တိုးတက်အောင်.၊ ပြည်သူတွေအဆင်ပြေ
အောင်.၊ ဘ၀တွေသာယာအောင်လုပ်မယ့်သူ..မှန်သမျှကို ကျွန်တော် မောင်မိုးသက်က.ရင်မှဖြစ်သောပီတိ
ဖြင့်..၀မ်းသာစွာကြိုဆိုပါတယ်လို့ ပြောချင်ပါတယ်ခင်ဗျာ...။



ရေးသားသူ : မိုးသက် // 1:11 PM
အမျိုးအစား:

9 comments:

  1. အတွေးအမြင်လေးလာဖတ်သွားပါတယ်။။။။

    ReplyDelete
  2. အမြင်လေးကို အားပေးဖတ်ရှု့သွားပါတယ်

    ReplyDelete
  3. ဖြည်းဖြည်းချင်းတော့ ဖြစ်လာမှာပေါ့ ဟုတ်တယ်ဟုတ်
    မောင်မိုးသက်ဆိုတာ မေမြို့မိုးနာမည်လား
    သုံးနေကျမဟုတ်တော့ ဘယ်သူကြီးလဲဆိုပြီး ကြောင်တောင်တောင်ဖြစ်ဖြစ်သွားတယ် :P

    ReplyDelete
  4. ညီလေးရေ တစ်ဖြေးဖြေးတော.တိုးတက်လာမှာပါ။ အမြင်လေးတွေ ယူသွားတယ်နော်။

    ReplyDelete
  5. အမြင်လေးတွေ ဖတ်သွားပါတယ် ညီလေးရေ... ပုဂ္ဂိုလ်စွဲဆိုတာ အသိဥာဏ်နည်းတဲ့ လူတွေရဲ့ စိတ်ဓာတ်အင်အားနည်းတဲ့ ပြယုဂ်တစ်ခုပါပဲလေ... မြန်မာပြည်ကိုချစ်ရင် မြန်မာပြည်အတွက် အကောင်းဆုံး လုပ်ဆောင်ပေးနိုင်သူကို ဝန်းရံပေးရမှာပါပဲ... တစ်ခုတော့ရှိတာပေါ့.. လေဖမ်းဒါန်းစီးတဲ့သူကိုတော့ မဝန်းရံရဲဘူး.. အသည်းအေးရင် ကြောက်တတ်လို့... :P

    ReplyDelete
  6. ကြိုဆိုတဲ့လူတွေများပေမဲ့

    အကြိုခံမဲ့သူက တိုက်ပွဲကြားမှာသာ

    ရှေ့တန်းတာဝန်ထမ်းနေဆဲမို့

    တိုက်ပွဲမကျဖို့အရေး ဒို့တွေအားပေါ်ကြစို့လေး

    ReplyDelete
  7. အမြင်တွေလေ့လာသွားတယ်ကိုကြိးရေ

    ReplyDelete
  8. အမြင်တွေလေ့လာသွားတယ်ကိုကြိးရေ

    ReplyDelete
  9. မောင်လေးရဲ့ အမြင်လေးကိုတော့ ဖတ်ရှု့သွားပါတယ်ရှင်
    လေးစားလျက်
    မေသဇင်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List