Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, March 27, 2012

ကျွန်တော်ရေကူးချင်သည်....






         ခေါင်းစဉ်ကိုကြည့်ပြီး..။ဟဲ့ အရူးရဲ့. ကူးချင်ကူးပေါ့ဟ လို့ ပြောကြမလားမသိဘူး.။ကူးချင်တာကတော့
အင်မတန် ကူးချင်တာပါ.။ ဒါပေမယ့် ကျွန်တော် ခုချိန်ထိ ရေမကူးတတ်ဘူး.။အဲဒါက ကျွန်တော် မလုပ်တတ်
သော အရာများစွာထဲက တစ်ခုပါ.။
    ငယ်ငယ်လေးကတည်းကလုပ်တတ်ချင်တဲ့အရာတွေအကုန်လျှောက်သင်ဖူး၊ လျှောက်လေ့လာဖူးတယ်.။
စကိတ်စီးမလား၊ဘောလုံးကန်မလား၊စားပွဲတင်တင်းနစ်၊ မြေပြင်တင်းနစ်၊ဂေါက်လည်းရိုက်ဖူးရဲ့။ဘိလိယက်၊
စနူကာလည်းထိုးတတ်ရဲ့.၊ ဂိမ်းလည်းဆော့တတ်ရဲ့...။စစ်တုရင်လည်းထိုးတတ်ရဲ့.။ကျန်တဲ့ ကားမောင်းတာ၊
ဆိုင်ကယ်မောင်းတာ.တွေကအစ.၊ စာသင်တာ၊စာရေးတာနဲ့ ကုန်ကုန်ပြောရရင်.. ဟင်းတွေဘာတွေကောင်း
ကောင်းချက်တတ်တာအထိ. တော်တော်များများကို တတ်မြောက်အောင်သင်ကြားဖူးပါတယ်.။
           သို့သော်ငြား..အဆိုပါ ရေကူးခြင်းတည်းဟူသော(ကျွန်တော့်အတွက်)ခက်ခဲလှစွာသောပညာရပ်ကြီး
ကို ဆရာ့ဆရာပေါင်းများစွာ ဖြင့် သင်ကြားသော်လည်း . ကျွန်တော်မောင်မိုးသက်တို့ မည်သူမှတတ်မြောက်
အောင်သင်ကြားပေးနိုင်ခြင်း မရှိသေးပါဘူး.။
        ပထမဆုံးသင်ပေးတဲ့ သူက ကျွန်တော့် အစ်ကိုဝမ်းကွဲဖြစ်တဲ့ မိုးကုတ်က ကို အာကာပါ.။
         သူက ကျွန်တော့်ကိုရွာက  ရေအင်းကြီးထဲမှာအကူးစသင်ပေးတယ်.။လူကိုတွဲပြီးခေါ်သွား..၊ပြီးတော့
လွှတ်ပေးလိုက်ပြီး ခြေယက် ပါ ၊လက်ယက်ပါနဲ့..ပြော.။ ဒီက ကောင်ကတော့ တစ်ဗွမ်းဗွမ်းသာ ခတ်နေတယ်.
လူကနေရာမရွေ့ပါဘူး.။ပြောမယ်ဆိုရင် သူသင်တာက စနစ်မကျဘူးပေါ့ဗျာ..။(တကယ်တော့ ကျွန်တော်က
လည်းအသုံးမကျတာပါ.. ဟီးဟီး.).။ အဲဒါနဲ့သူက ပြောတယ်.. မင်း ရေနစ်ဖူးရင်ကူးတတ်သွားမှာပါတဲ့. ။
အဲဒီလိုပြောတဲ့နေ့ကစပြီး ကျွန်တော်သူနဲ့ ရေလိုက်မကူးတော့ဘူး.(အကူးမသင်တော့ဘူး..)။ ဘာဖြစ်လို့လဲ
ဆိုတော့ ညီအစ်ကိုချင်း လုပ်ကြံမှာစိုးလို့..။(သိတယ်မလား. စကားကပလ္လင်ခံထားတာဆိုတော့..)တစ်လ
လောက်ကြာတာ့ ကျွန်တော်က မနေနိုင်ဘူး.။ သွားစရာကလည်း  အဖော်ကသူပဲရှိတော့..သူနဲ့ပဲ ကူးနေကျ
ရေအင်းကြီးကိုသွားတယ်.. ။ ရေစပ်နားမှာ ဟိုဟိုသည်သည်ဆော့နေတုန်း..အစ်ကိုက ညီလေး အဲဒီနားမှာ
ရေနောက်တယ်...။ဒီဘက်ကိုလာခဲ့တဲ့..။ ကျွန်တော်က သူ့ကိုမ ယုံဘူး.။ သူ့ပြတဲ့နားကိုကျွန်တော်တစ်ခါမှ
မရောက်ဖူးဘူး.. ။ အဲဒီနားကရေကတော့ တော်တော်ကြည်ပါတယ်..။ဒါပေမယ့် အဲဒီနားကိုမသွားရဲဘူး.။
သူ ကျွန်တော့်ကိုရေနစ်အောင်လုပ်မှာစိုးလို့လေ..။ဒါပေမယ့် သူက မတ်တတ်ရပ်ပြတော့ရေကတိမ်တိမ်လေး
ဖြစ်နေတာကိုတွေ့တယ်..။ တကယ် ကျွန်တော်သွားတော့လည်းတိမ်ပါတယ်.။ တစ်ရွေ့ရွေ့နဲ့သွားနေရင်း
အစ်ကိုက ဒီကိုလာဆိုပြီး လက်ကိုအဆွဲမှာ ကျွန်တော် ချော်လဲတယ်..။ ကျွန်တော့်အစ်ကိုက ကျွန်တော့်
အောက်မှာ... ။ကျွန်တော်က သူ့ကို ဖိထားပြီး အမေရေ..၊ အဖေရေ ကယ်ပါဦး..လုပ်နေတဲ့အချိန်မှာ....။အရှေ့
ကျောင်းလို့ခေါ်တဲ့ ရွာအရှေ့ဖက်က ဘုန်းကြီးကျောင်းကကိုရင်ကြီးတစ်ပါးကဧကသီကိုချွတ်ပြီးသင်းပိုင်လေး
ခါးတောင်းကျိုက်လို့.. ကမ်းပါး ပေါ်ကဒိုင်ဗင်အပစ်မှာ. ရေကတိမ်တိမ်ဆိုတော့..ကိုရင်ကြီးနဖူးကွဲသွားပါရော
ဗျာ..။
         နောက်မှ သိရတာ ရေက ပေါင်လောက်ပဲရှိတယ်..။ ကျွန်တော်က အစ်ကို့ကို မယုံတဲ့အတွက်ကြောင့်
ကိုယ့်ဖာသာ ချော်လဲပြီးနစ်တာကို..ရေအနက်ထင်နေတယ်.။ အစ်ကိုတော့အောက်မှာမရုန်းနိုင်ဘူး.။ကျွန်
တော်က သူ့ကဖိထားတာ..။အဲဒီကိုရင်ကြီးကိုတော့.. ဆေးခန်းတွေဘာတွေခေါ်ပြီး ဆေးထည့်..။အိမ်မှာဆွမ်း
ကပ်တွေဘာတွေလုပ်လိုက်ရသေးတယ်။ ကိုရင်ကြီးတော့ ဘာမှမပြောရှာပါဘူး.. ။ အဲဒီတုန်းကကျွန်တော်က
လည်းငယ်သေးတာကိုး..။
         နောက်တစ်ခေါက်က .. ပိတ်ချင်းမြှောင် လှိုဏ်ဂူတော်ရှေ့က ရေကူးကန်မှာပါ..။အဲဒီတုန်းက အစ်ကိုကို
ငြိမ်းချမ်းဦး(ယခုဗကဒေါက်တာ ငြိမ်းချမ်းဦးပေါ့)သူက ကျွန်တော့်ကိုရေကန်ဘောင်ကိုကိုင်ခိုင်းပြီးခြေထောက်
ယက်ခိုင်းတယ်.။ ဟုတ်ပြီ မှန်လာပြီ..။ လက်တစ်ဖက်လွှတ်.. ။ ဟုတ်ပြီ...။လည်တော့မယ်တွေ့လား.. ။ဟုတ်
ကိုကြီး.။နောက်တစ်ဖက်လွှတ်.။ အု... ပလုတ်.. .။ ဟ.. မြုပ်သွားပြီ.. မြုပ်သွားပြီ..  ။ထို့နောက်. ...........
             အဲဒီလိုနဲ့ ဒုတိယ ဆရာ  ဖြစ်တဲ့နောင်တော် ကိုငြိမ်းချမ်းဦးလည်း..လက်လျှော့သွားတဲ့အခါ. ကျွန်
တော့်ရဲ့ ထုံးစံအတိုင်း.. ကိုယ်တိုင်ကျင့်ယူရမယ်ဆိုတာနားလည်သင့်သလောက်နားလည်လာပါတယ်..။
အဲဒီနောက်ပိုင်းသူငယ်ချင်းရှိတဲ့.ငါးရံ့ချောင်းရွာကိုသွားတယ်.။ ချောင်းထဲမှာရေဆင်းချိုးတယ်.။အနက်ထဲကို
သွားတယ်..။ နဲနဲတိုးတက်လာတယ်ပြောရမယ်.။ ဘာဖြစ်လို့လဲ ဆိုတော့ .. မကြာခဏ ရေနစ်လာတာနဲ့ အမျှ
ကျွန်တော်ရေကို မကြောက်တော့ဘူး.။နောက်ပိုင်း ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတော့..ကျွန်တော်
ရေ ဘယ်လောက်နက်နက် ကျွန်တော် ဆင်းတယ်..။ မမြုပ်အောင် ဘယ်လို နေရမယ်ဆိုတာ သိလာတယ်.။
သို့သော် ကျွန်တော် Position ကိုရွှေ့လို့ မရဘူး..။လူကို လင်းပိုင်လိုနေတတ်လာတယ်. ။ဒါပေမယ့်ကျွန်တော်
ဟိုဟိုသည်သွားလို့မရဘူး..။
           ဗထူးမှာ ကျွန်တော့်ကိုမော်လမြိုင်သားသူငယ်ချင်းတွေ ၊မွန်ပြည်နယ်ကသူငယ်ချင်းတွေဝိုင်းသင်ပေး
ကြတယ်.။ သူတို့တွေက ကျွမ်းကြတယ်.။ စစ်တက္ကသိုလ်မှာရေကူးပြိုင်ပွဲမှာကျွန်တော်တို့ အပတ်စဉ်တစ်ခုလုံး
မှာစံချိန်တင်ထားတဲ့ ညီညီမော်ဆိုတဲ့သူငယ်ချင်းက..သူ့အိမ်က သံလွင်မြစ်ကမ်းဘေးမှာရှိတာ.. ။ သူကမြစ်
ကို ဆန်ကူးပြီးလေ့ကျင့်တယ်လို့ဆိုတယ်..။ရေပျော်ငါးတစ်ကောင်လို နေနိုင်တယ်.။ ဒါပေမယ့်ကျွန်တော်က
တော့ သူသင်ပေးခဲ့ဖူးတဲ့သူတွေထဲမှာ ချွင်းချက်လိုဖြစ်နေတယ်.။ ရေနစ်ရင်ကူးတတ်သွားမှာပါဆိုတဲ့ အစ်ကို
ရဲ့စကားကို ပြန်သတိရတယ်.။ ဒါပေမယ့် ကျွန်တော်ရေ အကြိမ်ပေါင်းများစွာ နစ်လာတဲ့အခါ ရေကိုလုံးဝ
မကြောက်တော့ဘူး.။ ဒီအတွက် အဲဒီနည်းလမ်းနဲ့လည်း. ကျွန်တော် ရေကူးတတ်မလာတော့ဘူး.။ဗထူးမှာ
တုန်းက ရေကန်ထဲကို ကျွန်တော် အရှိန် နဲ့ ဒုံးပျံလို ဆင်းပြီးဆော့ဖူးတယ်. ။ အဲဒီရေကန်က ကျွန်တော့်အရပ်
ထက် နက်ပါတယ်.။ ကျွန်တော်ရေပေါ်မှာပေါ်နေနိုင်တယ်..။ ဒါပေမယ့် ကျွန်တော်ကူးခတ်ရင်.. အောက်ကို
စိုက်ဆင်းသွားတယ်..။ဘာ့ကြောင့်လဲဆိုတာတော့ မသိဘူး.။ခြေ ၊လက်လှုပ်ရှားပုံမှားနေတယ်လို့ထင်တယ်။
       အဲဒါနဲ့ ကျွန်တော်ဒီကိုမလာခင် ကျွန်တော်နဲ့ရင်းနှီးတဲ့ ကြံ့ခိုင်ရေးဌာနက ဆရာကြီးတစ်ယောက်ကိုသင်
ခိုင်းတယ်.။ ဗိုလ်ကြီးရေကန်ထဲဆင်းကြည့်ဆိုတော့.. ကျွန်တော်က ရေအတိမ်ပိုင်းဘက် ကိုမသွားပဲနဲ့ အနက်
ပိုင်းတင် ဗွမ်းဆိုခုန်ချပြီး ပြန်ပေါ်လာတော့ ဘေးဘောင်ကိုကိုင်ထားတော့ .  ဗိုလ်ကြီးက ရေကူးတတ်ရဲ့သားနဲ့
ကျွန်တော့်ကို အလုပ်ရှုပ်အောင်လုပ်နေတယ်တဲ့..။ကျွန်တော်ဘာပြောလို့ပြောရမှန်းမသိတော့ဘူး.။ကိုယ့်ဝမ်း
နာကိုယ်သာသိပါတယ်.။ ကျွန်တော်လည်း အကြံကုန်နေပါပြီ..။ရေမကြောက်လို့ ရေမကူးတတ်တာဆိုတော့
ရေကြောက်အောင်ပဲ ကိုယ့်ကိုယ်ကို ခဲဆွဲပြီး ရေထဲခုန်ချရမလိုဖြစ်နေပြန်ပါပြီ...။အခုတော့..ကျွန်တော်နွေရာ
သီကျမှ ထပ်မံကြိုးစားကြည့်ရဦးမှာပေါ့ဗျာ...။တေးထားပါတယ်...။ ဒီနှစ်နွေရာသီ .မတော်တဆ . ရေကူးတတ်
ခဲ့ရင်.. မြန်မာစကားနားမလည်တဲ့လူတွေရှိတဲ့မြစ်ကမ်းမှာ.“ ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့လား ကွ.... ” လို့ ကြုံးဝါး
ဦးမယ်လို့ တွေးထားပါကြောင်း.....။



ရေးသားသူ : မိုးသက် // 2:37 PM
အမျိုးအစား:

11 comments:

  1. ဘုရားရေ ငါနဲ့လာတူနေပြန်ပြီ
    ဘယ်ဆရာနဲ့သင်သင်မတတ်တဲ့ဂျာရစ်ကတော့ ခုဆို အိုင်တွေ့တောင်မဆင်းရဲတဲ့ဘ၀း)))

    ReplyDelete
  2. တော်ပါသေးရဲ့ နာ ကငယ်ငယ်ကတည်းက ဆရာမရှိပဲ
    ကူးတတ်နေလို့

    ReplyDelete
  3. အစ်မတော့ ဟိုယက် ဒီယက် နဲ့ ပေါ်နေတာပဲ။ :D

    ReplyDelete
  4. ဟားးး ဟားးးး နာလိုလူရှိသေးတာပဲ. အားငယ်စရာမလိုတော့ဘူး.. :D

    ReplyDelete
  5. Ha Ha ကျွန်တော်ရေကူတက်လို့တော်သေးတာပါ့ဗျာ ဟဟဟ

    ReplyDelete
  6. အကိုနဲ့တူတယ် တူတယ်ဆိုတာထက်ပိုဆိုးတယ်အကိုက
    လုံးဝကိုမကူးတတ်တာ့မကူးတတ်လဲလာဖစ်တာမှတ်လို့
    အကိုတို့ လားရှိုးမှာ ငယ်ငယ်က ရေဆိုအဝေးကြီးရယ်
    လေ့နောက်ကြီးလာမှ အတွေးလေးရင့်ကျက်လာတော့
    ဟိုက့်ကမ္ဘာကြီးရဲ့ ၃ပုံ၂ ပုံကရေတွေပါလား မဖြစ်ဖူး
    ရေမကူးတတ်တောင်တစ်ခုခုလုပ်မှဆိုပြီးတော့အခုဆို
    ရင်အကို လှေလှောက်တာ ဆရာတပါးဖြစ်နေပါပြီ
    အားတိုင်းယားတိုင်းအပျော်တမ်းလှေလှောင်ကျင့်နေတတ်လို့လေ

    ReplyDelete
  7. အကြံပေးမယ်မောင်လေးရေ
    တကယ်နော် အမအဲလိုပဲတတ်လာတာ
    အပေါ်ကမောင်လေးတင်ထားတဲ့ပုံအတိုင်းကူးကြည့်
    တကယ်တတ်တာ :D

    ReplyDelete
  8. တတ်တာတွေများလိုက်တာဟယ်နာလိုဘူးနော်
    အဲလောက်ကြီးတတ်နေတာ
    ရေကူးတာသင်ပေးမယ်လာခဲ့

    ReplyDelete
  9. ညီရေ အစ်ကိုလည်း လုံးဝ မကူးတတ်ဘူးဟ....ရေတော့ ၃ ခါလောက်နစ်ဘူးတယ်..... ငါလည်း ဘယ်တော့ ရေကူးတတ်ပါ့မလဲနော်........ အဖော်လေးရှိတော့ တော်သေးတာပေါ့......

    ReplyDelete
  10. ကြိုးစားပါမောင်လေး
    ကြိုးစားခြင်းက အောင်မြင်မှုရဲ့ လမ်းစပါ
    မေငယ်ငယ်ကတော့ ရေခဏ ခဏ နစ်တယ်
    နစ်လဲကူးတယ်
    ခုတော့ ရေကူးတတ်ပါတယ်
    စနစ်တကျ ကူးတဲ့ ရေကူးနည်းမဟုတ်ပေမဲ့ အရေပေါ်သက်လုံကောင်းတဲ့ ရေကူးနည်းတော့ တတ်ပါတယ်။
    ရွာမှာ နေတဲ့သူတေံ ကူးတဲ့ ခွေးရေကူးနည်း(ခေါ်) ခေါင်းတစ်လုံးပဲ ရေထဲ ဖော်တဲ့ နည်းလေ..ဟီးဟီး

    ReplyDelete
  11. ရေဆိုရင်တော့ကြောက်ကြောက်လွန်လွန်းလို.ပါတော့်။ရေတောင်မတတ်သာလို.ချိုးနေတာ :P

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List