Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, March 14, 2012

ရင်နာခဲ့ရတဲ့နေ့

           စိတ်ထဲမှာတော်တော်ကို မခံစားနိုင်လို့ ရေးလိုက်တာဖြစ်ပါတယ်..။ ဘယ်သူမှ မရေးသေးဘူးလို့ထင်မိ
ပါတယ်..။ မနေ့က မတ်လ (၁၄) ရက်နေ့ပေါ့..။ သိပ်ကိုထူးခြားတဲ့နေ့ပါ..။ ၀န်ထမ်းတွေ ထောက်ပံ့ကြေးတိုးတဲ့
နေ့၊ ၂သိန်းတန်ဖုန်းတွေချထားပေးတဲ့နေ့ ၊ မြန်မာ့ရုပ်မြင်သံကြားကနေ အန်တီစု စကားပြောတဲ့နေ့.၊ဘင်္ဂလား
ဒေ့ရှ်နဲ့ မြန်မာရေပိုင်နက် ကိစ္စ အဆုံးအဖြတ်ပေးမယ့် နေ့ ...အဲဒီနေ့ မှာ မနက်ခင်းနိုးကတည်းက စိတ်ဝင်စား
နေတာကဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနဲ့ အဆုံးအဖြတ်ပေးမယ့်ကိစ္စပါ..။ဝန်ထမ်းတွေထောက်ပံ့ကြေးတိုးတာ ကိုယ်
မပါပေမယ့်.. မုဒိတာပွားပြီးသွားပြီ.။ ၂ သိန်းတန်ဖုန်းတွေထုတ်ပေးတာလဲ ကြိုသိပြီးသွားပြီ..။ အန်တီစုပြောတဲ့
စကားလည်း Facebook မှာနားထောင်ပြီးသွားပြီ။သိပ်ကိုသိချင်နေတာစိတ်ဝင်စားနေတာစိတ်လှုပ်ရှားနေတာ

က..မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်ကိစ္စပါ.။မရှုံးနိုင်ဘူးလို့ကိုယ့်ကိုယ်ကို ယုံကြည်ထားမိတယ်။ဘာဖြစ်လို့လဲ
ဆိုတော့ အဲဒီ နေရာတွေ အဲဒီ နေရာမှာရှိတဲ့လ်ုကွက်တွေက ကျွန်တော်တို့ဘက်က အစဉ်အဆက်လုပ်လာတဲ့
နေရာတွေဖြစ်လို့ပါ.။ စာသင်ခန်းက ပြ န် လာတော့ ထူးခြားတဲ့နေ့မှာပဲ ထူးခြားစွာ.ပရော်ဖက်ဆာကြီး အတန်း
ကမရှိဘူး.။ အတန်းက ပြန်ရောက်ရောက်ချင်း.. Facebook ဖွင့်လိုက်တယ်..။ လင့်ခ်တွေပလူပျံနေတယ်..။
ဆဲသံဆိုသံ တွေညံနေတယ်.။ မြန်မာရှုံးသွားပြီတဲ့..။ အံ့သြခြင်းကြီးစွာနဲ့.. လင့်ခ်တစ်ခုကိုဝင်လိုက်တယ်.။
ဒါပေမယ့် အဲဒီအချိန်မှာ.. မသိတဲ့သူက မသိကြသေးဘူး.။ ပလူပျံနေတယ်ဆိုတာ ကျွန်တော်တို့ ဂရုထဲမှာ
ပြောတာပါ.။လင့်ခ်တစ်ခုကိုဝင်လိုက်တယ်..။ ဘင်္ဂလားဒေ့ရှ်သတင်းဌာနရဲ့ သတင်းဆိုက်ပါ...။

 ကျွန်တော်ဝင်တဲ့အချိန်မှာ Like လုပ်တဲ့သူ တစ်သိန်းကျော်နေပြီ..။































အဲဒီမှာတွေ့လား..
      ရင်နာဖို့ကောင်းတာက အဲဒီအချိန်မှာ ကျွန်တော်တို့ရွှေ တွေဖက်က ဘယ်သတင်းဌာနကမှ မတင်သေး
အချင်းချင်း စိတ်ဓါတ်ပြင်းတဲ့သူတွေလောက်ပဲ...လင့်ခ်တွေဝေကြ ဆဲကြဆိုကြ..။နဲ့သိလာတာပါ..။ ကျွန်တော်
ဖေ့စ်ဘွတ်အကောင့်ထဲကသူငယ်ချင်း တစ်ဦး.(မြန်မာနိုင်ငံက..) ကိုလှမ်းအကြောင်းကြားတယ်.။ သူငယ်ချင်း
မြန်မာ တွေဘင်္ဂလားဒေ့ရှ်ကို ရှုံးသွားပြီ ဆိုတော့.. သကောင့်သားက ဟေ. ကျော်ကိုကို မပါဘူးလားတဲ့..။
ကျွန်တော် စိတ်တိုပြီး CPUပုံးကို ခြေထောက်နဲ့ ဆောင့် ကန်မိတယ်ဗျာ..။ သူများနိုင်ငံက Like လုပ်တာ
၁၀၀၀၀၀ ကျော်နေတဲ့အချိန်မှာ.. ကျွန်တော်တို့က.. ဘာဆိုဘာမှ မသိကြသေးဘူး.။ (ဒီစာရိုက်နေရင်းနဲ့
တောင်..ကျွန်တော်လက်တွေဆတ်ဆတ် တုန်နေတာ..။စိတ်တိုလွန်းလို့..။ )
         ကျွန်တော်ဒီဘလော့ကို တစ်ခြားအကြောင်းမရေးဘူးလို့ ပြောပေမယ့် ဒီကိစ္စကိုတော့.. ကျွန်တော်ဘယ်
လို မှ မခံစားနိုင်လို့ ညီအစ်ကိုမောင်နှမတွေဆီ ရင်ဖွင့်တာလို့ သဘောထားပေးပါဗျာ.။ ရင်ထဲမှာတကယ်ကို
နာတယ်ဗျာ..။လူမျိုးစွဲ မထားပါဘူး..။ ဒါပေမယ့် ကိုယ့်နိုင်ငံရဲ့ မြေ မိုင်ပေါင်းများစွာ သူတို့လက်ထဲပါသွားတော့
တကယ်ကို မချိဘူးဗျာ.။ ရေနံသိုက်တွေ .၊ သဘာဝ ဓါတ်ငွေ့သိုက်တွေ ပါသွားတယ်.။ တကယ်တမ်းသူတို့
တောင်းဆိုထားတာက ရေမိုင်ပေါင်း  ၁၀၇ ၀၀၀ ပဲ တောင်းဆိုထားပေမယ့်.. ။ ကျွန်တော်တို့ တကယ်တမ်း
ပေးလိုက်ရတာက..၁၁၁ ၀၀၀ ရေမိုင်အထိရသွားပါတယ်.။မြန်မာ့ရေမြေကို မတရားသောနည်းနဲ့. ရယူပြီး  ၊ မြန်မာနိုင်ငံနဲ့ မြန်မာလူမျိုးတွေကိုစော်ကားလိုက်တာပါ..။ မြန်မာ့သမိုင်းမှာဒါဟာအမည်းစက်တစ်စက်ပါပဲ.။

ကျွန်တော် မချင့်မရဲဖြစ်မိတာက.. ဘာဖြစ်လို့များ .မီဒီယာတွေအနေနဲ့ ဒီကိစ္စကို မဖော်ထုတ်ခဲ့ကြတာလဲ.။ 
ဘာလို့များ မဖော်ပြခဲ့ကြတာလဲ.။ အပေါ်ကပုံကိုကြည့်လိုက်တိုင်းရင်နာတယ်ဗျာ.. ။သူတို့နိုင်ငံမှာ အောင်ပွဲ
ခံနေမယ်လို့ထင်တယ်.။ ကျွန်တော်တို့ကတော့ တက်တစ်ခေါက်ခေါက်နဲ့...  ငိုတဲ့သူကငိုကြတယ်.။ဒါပေမယ့်
မသိတဲ့သူကလည်း လုံးဝကိုမသိသေးဘူး. အဲဒါတော့ လုံးဝ မဖြစ်သင့်ပါဘူး..။လူမျိုးစွဲ မထားပါဘူး.။လူတိုင်း
ကို မြန်မာနိုင်ငံကနေ မိတ်ဆွေအဖြစ် နွေးထွေးစွာကြိုဆိုပါတယ်.။ဒါပေမယ့် မြန်မာ့ရေမြေနဲ့..၊ မြန်မာ့ အမျိုး
သားရေးကို တော့ မထိခိုက် မစော်ကားပါနဲ့..။အဲဒါဆိုရင်တော့ ဘယ်သူ့ကိုမဆိုရန်သူအဖြစ်သတ်မှတ်မှာပါ.။
ကျွန်တော် ဒီပို့စ်လေးကို တဂ်ပို့စ်လေးလုပ်ထားပါတယ်.။ ကျွန်တော့်စိတ်ထင်ဘယ်သူမှ ရေးချင်မယ့်ပုံမပေါ်
ပါဘူး.။ မရေးလည်း ဘာမှ မဖြစ်ပါဘူး..။ကျွန်တော်ကတော့...အရင် မြစ်ဆုံကိစ္စလိုပဲဖ်ာထုတ်သင့်တယ်လို့
ထင်ပါတယ်.။ဖြစ်နိုင်ရင်.. ညီအစ်ကိုမောင်နှမတွေ အနေနဲ့ . ဒီကိစ္စလေးအပေါ် အမြင်လေး တွေသိချင်ပါ
တယ်. ။သီးသန့် မတဂ်တော့ဘူးဆိုပေမယ့်..။ အမျိုးသားရေး အတွက် မိမိရင်ထဲမှာ ခံစားရတာလေးတွေရှိ
ရင် သိချင်ပါတယ်.။ကျွန်တော်တစ်ယောက်တည်း ရဲ့အမြင်က မှားကောင်းမှားနေနိုင်ပါတယ်.။ ဒါပေမယ့်
အားလုံးရဲ့ အမြင်တွေကို..သိရခြင်းအားဖြင့်.. မှန်ကန်တဲ့.. ခံယူချက်တစ်ခုကို ကောက်နှုတ်နိုင်မယ်လို့ 
မျှော်လင့်ပါတယ်..။ 
      အားလုံးကို အလုပ်ပေးတာမဟုတ်ပါ..။ ကျွန်တော်ကတော့. တွေးမိတိုင်းအံကြိတ်မိတုန်းပဲ..။ 
(၁) ဘင်္ဂလားဒေ့ရှ်အနိုင်ရသွားတဲ့ရေပိုင်နက်ကိစ္စကိုဘယ်လို မြင်သလဲ..။
(၂) မြန်မာလူမျိုးတစ်ယောက်အနေနဲ့ ဘယ်လိုခံစားရသလဲ..။
(၃) တိုင်းပြည်ကိုချစ်တဲ့ပြည်သူတစ်ယောက်အနေနဲ့.ဘယ်လို လုပ်သင့်သလဲ..။

မေတ္တာရပ်ခံထားတဲ့သူတွေက..
ကိုအလင်းသစ် ၊ကိုမောင်မောင်(မြစ်ဆုံ)(အစ်ကိုကရေးထားပြီးသားထင်တယ်..)၊ အစ်ကိုရင်ဆူး
အစ်ကိုစိုင်းစိုင်း၊အစ်ကိုလွင်ပြင်လှိုင်းငယ်၊ညီလေး ချော့ကလတ်ကျူးပစ်လေး.၊ညီလေး လက်ဝဲ၊
အစ်ကို.₭Ǿ2၊အစ်ကို မောင်(စွယ်စုံကျမ်း)၊ညီလေး နွေလ၊ညီလေးသီဟလုလင်
အစ်မမြတ်ကြည်(သနပ်ခါးမေ)၊အစ်မချိုချဉ်(Candy)
မဒိုးကန်နဲ့ကိုရင်(တစ်ယောက်ယောက်ရေးပေါ့.)၊အစ်မဂျက်စမင်၊အစ်မအိန်ဂျယ်လှိုင်၊ညီမလေးသမီးစံ
အစ်မချစ်စံအိမ်၊အစ်မ Snow May ၊ အစ်မ ဆုမြတ်မိုး၊ အစ်မ ဂျယ်ရီပစ်ပစ်၊အစ်မ မြတ်ပန်းနွယ်၊အစ်မ 
မေသဇင် ....
အန်တီတင့်ကတော့. လူကြီးဖြစ်နေလို့..  ကျွန်တော် မတောင်းဆိုချင်ပါဘူး.. ။ စိတ်ရှုပ်အောင်လုပ်သလို ဖြစ်
မှာစိုးလို့ပါ.။  
ကျန်ခဲ့တဲ့သူတွေရှိရင်လည်း တောင်းပန်ပါတယ်ဗျာ.. စိတ်ကတော်တော်ကို တိုနေလို့ပါ..။ကိုယ့်ဖာသာတဂ်
ပြီးရေးပေးကြပါ.။ စိတ်ထဲမှာရှိသလောက်ပေါ့ဗျာ.။ ဒီကောင် ဒုက္ခပေးတယ်ကွာလို့တော့မသတ်မှတ်ပါနဲ့

နော်..။ စိတ်ထဲမှာ မချိလွန်းလို့ပါ..။ အားလုံးကိုကျေးဇူးတင်ပါတယ်.။


 



ရေးသားသူ : မိုးသက် // 5:38 PM
အမျိုးအစား:

13 comments:

  1. ဟေ. ပြောတော့နိုင်ငံတကာခုံရုံးထိတက်တာပယ်ချလိုက်တယ်ဆို မနေ့ကဖေ့ဘွတ်မှာရှယ်ထားတာဘဲ
    ပယ်ချလိုက်တယ်ဆိုလို့ဝမ်းသာနေတာ
    ဘာမှလဲမသိရး((

    ReplyDelete
  2. Mg Lay, I have just heard about the facts, so I daren't write a tag post.. I think sooner or later, there will be exact explanation why we should give them our property land.
    I hope our President won't nod his head like this. There must be some reasons. If it can be undone,we can state it to the international org about it. It's all of the ideas i have got.
    I am not good in politics or political views but being a Myanmar, I feel really sorry .. if that area is our country's property. It is such a great loss.
    I hope you would be satisfied with my answers. :)

    ReplyDelete
  3. ဟုတ်တယ်..အဲဒီကိစ္စကို မနေ့ကကြားတော့..တော်တော်စိတ်မကောင်းဖြစ်မိတယ်.မနေ့က ဖေ့ဘွတ်မှာတော့.. အဲဒီအကြောင်း တော်တော်ပြောနေကြတယ် အဲဒီ LIke အများကြီးရတဲ့.ဆိုဒ်ကိုလည်း မြင်ပြီး. စိတ်ထဲမှာ. နိုင်ငံရဲ့.သယံဇာတတွေအတွက်. တော်တော်ဝမ်းနည်းမိပါတယ်..တဂ်ပို့စ်ရေးဖို့ကြိုးစားမှာပါ.. တကယ်ဆုံးရှုံးသွားတာသေချာလားဆိုတာကိုတော့.. ဒီနေ့စာတွေဖတ်ကြည့်ရဦးမယ်.

    ReplyDelete
  4. ညီလေးရေ အစ်ကိုလည်း အဲ့ဒီကိစ္စကြားပြီးကတည်းက ဖေ့စ်ဘုတ်ကိုမကြည့်ချင်တော့တာနဲ့ လိုင်းပေါ်ကိုလုံးဝ မတက်တာ .....ဒီနေ့မနက်မှ.....ဘာထက်ထူးလည်းဆိုပြီးကြည့်မိတော့တယ်ညီရေ......တွေ့တွေ့ချင်း လာခဲ့ပါတယ်....ငါ့ညီဘာတွေရေးထားလဲဆိုပြီးတော့ပေါ့..အစ်ကိုလည်း ဘာမှမပြောချင်ဘူး.....ပြောချင်စိတ်လည်းမရှိဘူးညီရာ....မေ့လို့မရသေးပေမဲ့....အဆင်ပြေတဲ့အချိန်တော့ အစ်ကိုကြိုးစားရေးပေးပါမယ်.....ဒါပေမဲ့ ရင်ဆူး.....စာမရေးတတ်ဘူးညီရဲ့.......သူများတွေရေးတာလောက် မပြည့်စုံ ဖတ်လို့မကောင်းလည်း သည်းခံပေးကွာ......ဒါပဲ.....မပြောချင်တော့ဘူး....စိတ်လေတယ်.......မဲမဲမြင်၇င် တီးချင်နေတယ်.....

    ReplyDelete
  5. မောင်လေးရေ
    ပြောရင်ယုံချင်မှ ယုံမယ်
    မေလဲ ကြားတော့ မျက်ရည်ကျတယ်
    ဒီည အလုပ်ပြီးရင် အဲ့ဒီအကြောင်းရေးမယ်လို့ စိတ်မှာတွေးထားတယ်
    မေ ရေးရင် နည်းနည်း ပြင်းထန်ချင်ပြင်းထန်နေလိမ့်မယ်
    ဘာလို့ဆို မဟုတ်မခံ တတ်တဲ့ စိတ်နဲ့ ပြောစရာရှိ ထည့်တိုး ပြောတတ်တဲ့ အကျင့်ကြောင့်ပဲ
    အမှန်တကယ်ကို ဝမ်းနည်းမိပါတယ်

    ReplyDelete
  6. မောင်လေးရေ အမရေးရင်နဲနဲလွန်မလားပဲ
    တကယ်တော့ရင်ထဲထားရတာတွေများနေတော့
    ပေါက်ကွဲကုန်ရင်ခက်မယ်..
    အခုရက်တော့အမ သိပ်မအားလို့အားတာနဲ့ရေးလိုက်မယ်နော်
    တဂ်ပေးလို့ကျေးဇူးတင်ပါတယ်

    ReplyDelete
  7. ငါ့မောင် စိတ်ထိန်းနော်...
    အစ်မတောင် ဒီကိစ္စခုမှ သိတာ.. >.<
    စိတ်မကောင်းစရာ :(

    ReplyDelete
  8. မေမြို့မိုးရေ ပြည်သူတစ်ယောက်အနေနဲ့
    ရင်ထဲမှာခံစားရပါတယ်ကွယ်။
    မထိုက်တဲ့အမွေမို့စွန့်ရုံကလွဲလို့ဘာတတ်နိုင်မလဲလေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေနော်။
    တီတင့်ကိုကင်းလွတ်ခွင့်ပေးတာကျေးဇူးကမ္ဘာနော်း))

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  9. ကျော်ကိုကို မပါဘူးလား ဆိုလို့ စိတ်တိုသွားတယ် ဆိုလို့ တော်တော် စဉ်းစား လိုက်ရတယ်။ နောက် မှ ကျော်ကိုကို ဆိုတာ ဘော်လုံးသမား ထင်တယ်လို့ ခန့်မှန်းမိတယ်။ အဲဒီ သူငယ်ချင်းက ပိုင်နက်ကိစ္စ ကို မသိလို့ စိတ်တိုတာကိုး။
    ငါကိုလဲ ကျော်ကိုကို ကိုတောင် မသိတဲ့သူဆိုပြီး အဲဒီ သူငယ်ချင်းက ပြန်စိတ်တို နေဦးမယ်။ ဟဲ ဟဲ။ ဘင်းဂလား နိုင်တယ်ဆိုတာ ဘင်းဂလားဝန်ကြီးရဲ့ လေသံလို့ပဲ ထင်ပါတယ်။ စိတ်တိုစရာကြီး ဟင်း ဟင်း ဟင်း ။
    တရားရုံးရဲ့ အချက်အလက် အမှန်အကန်တွေက ဒီထဲမှာပါ။
    http://www.itlos.org/fileadmin/itlos/documents/cases/case_no_16/1-C16_Judgment_14_02_2012.pdf

    ReplyDelete
  10. ဟူးးးးးး
    ရင်ဘတ်ကြီးကတော့ လေးပြီးရင်း လေးရင်း

    အင်း
    သေသေချာချာ လေ့လာပြီးရင် ရေးပေးပါ့မယ် ဘရာသားရေ

    ReplyDelete
  11. အကိုရေ နောက်ကျသွားတာ တောင်းပန်ပါတယ်ခင်ဗျာ. ရေးပြီးတာကတော့ အကိုတဂ့်တဲ့ နေ့ကတည်းကပါပဲ ဒါပေမယ့် အင်တာနက် မဝင်ဖြစ်တဲ့အတွက်ကြောင့်ပါ။ ခုတော့ တင်ပြီးသွားပါပြီ။

    ReplyDelete
  12. မေမြို့မိုးရေ
    ရေးချင်တယ် မရေးတတ်လို့ လိုက်လို့မမှီဘူးအဲတာကြောင့်မရေးဖြစ်တာ
    အမက ကဗျာနဲ့ ချစ်တာမုန်းတာလွမ်းတာလောက်သိတာလေ
    ဒါကြောင့်ပါ----ရေးခိုင်းလို့ရေးတယ်ဆိုတာလဲမဖြစ်စေချင်လို့
    မရောချချင်တာပါ---

    ReplyDelete
  13. မြန်မာမျိုးချစ်တသိုက် ကဒီမှာကိုး တွေ့ ရတာ ဂုဏ်ယူပါတယ်ခင်ဗျာ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List