Friday, March 27, 2026

မပိတ်ရသေးတဲ့တံခါး

မသင့်တော်ပေမယ့်

Painkiller တွေခဏခဏ သောက်ဖြစ်တယ်...

ထမင်းမစားဘဲ စီးကရက်တွေ ဝယ်ဖြစ်တယ်...

ဟိုးအဝေးကြီးကို အကြောင်းပြချက်မရှိပဲ ငေးတယ်။

အနာဂတ်က ကိုယ့်ကို ချစ်တတ်လာအောင်

အတိတ်က ကိုယ့်ကို မဖြစ်မနေမုန်းနေရတယ်...

အိပ်မက်တွေထဲမှာ

အိပ်ဖို့ကြိုးစားရင်းနဲ့

အိပ်မပျော်ဖြစ်နေတဲ့ အိပ်မက်မျိုးပဲ

အခါတစ်ရာမက ပြန်ပြန်မက်ခဲ့။


အရိပ်မှ မခိုခဲ့သူအတွက်

အခက်ချိုးခဲ့မှုကို အပြစ်မတင်လို

အမြစ်မခိုင်တဲ့ ကိုယ့်သစ်ပင်အတွက်

ရှင်သန်ရတဲ့ စက္ကန့်တိုင်းဟာ

နာကျင်အချိန်ပို...။

- မိုးသက်ဦးလွင်

(Wed, June 21, 2023)





ရေးသားသူ : မိုးသက် // 12:16 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List