Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, January 17, 2015

အရုပ်နည်းနည်းစာများများ

အဖုံးကမသပ်မရပ်နဲ့ဆိုတော့
သွေးစက်စက်ကျနေတာတောင် စိတ်ဝင်စားမခံရဘူး...
တစ်ချက်နှစ်ချက်လှန်ကြည့်သူတွေ ထားခဲ့ကြပေါင်းမနည်း
တန်ဖိုးတင်ကြည့်ပြီး မဲ့ရွဲ့ပြန်သွားသူတွေလည်းမရှား
အပျင်းပြေတောင် စာမဖတ်တဲ့သူ ငြီးငွေ့တာဘာဆန်းသလဲ...
ကိုယ်ဟာ အရုပ်နည်းနည်းစာများများကောင်ပါ...
ထွက်ခွာသူ အားလုံးရဲ့နောက်ကျောပြင်တွေကို
သော့ချိတ်လေးတစ်ခု ကျစ်ကျစ်ပါအောင်ဆုပ်ရင်း ငေးကြည့်လို့....။


~မိုးသက်~



ရေးသားသူ : မိုးသက် // 4:57 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List