Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Saturday, January 10, 2015

သော့ချိတ်



သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်..
သော့ချိတ်ဟာ သော့မှာမချိတ်ပဲ. သံယောဇဉ်မှာချိတ်တယ်. မင်းလမ်းမုန့်တီမှာချိတ်တယ် နွေဦးကံ့ကော်မှာချိတ်တယ်... အင်းယားညနေစောင်းတွေမှာချိတ်တယ် ... ရွှေတိဂုံတောင်ဖက်မုခ်က နှင်းဆီဖြူဖြူတွေမှာချိတ်တယ်...
သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်...
အသည်းနှလုံးပုံလို့ ဆိုပေမယ့် အသည်းနှလုံးပုံမဟုတ်တာ သူရောကိုယ်ပါသိတယ်..။
အသည်းနဲ့ နှလုံး မတူဘူးဆိုတာလည်း သူရောကိုယ်ပါသိတယ်..။ 
ရင်ခုန်သံနဲ့ အနီးဆုံးအိပ်ကပ်မှာထားတဲ့ သော့ချိတ်က အင်္ကျီကိုဖောက်တယ်..
အရေပြားကိုဖောက်တယ်..။ အဆီပြင်ကိုဖောက်တယ်.။ အသားစိုင်ကိုဖောက်တယ်.။ ကြွက်သားမျှင်တွေကိုဖောက်တယ်.။ နံရိုးခွေကိုဖောက်တယ်.။ နှလုံးသားအထိ ပေါက်တယ်.။
သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်...။
မရေမတွက်နိုင်တဲ့ Miss calls တွေဟာ သော့ချိတ်ကို မျှော်တယ်.။ Reply ပြန်မလာတဲ့ မက်ဆေ့ခ်ျတွေဟာ သော့ချိတ်ကို မျှော်တယ်.။ ဒုတိယမ္ပိ အင်းယားညနေစောင်းဟာ Spy ရနံ့သင်းသင်းနဲ့ သော့ချိတ်ကိုမျှော်တယ်.။ ဒုတိယမ္ပိနွေဦးကံ့ကော်ဟာ တမင်တကာ နှင်ထုတ်မှုအမူအယာတွေကြားကသော့ချိတ်ကိုမျှော်တယ်..။ ရွှေတိဂုံဘုရားတောင်ဘက်မုခ်က နှင်းဆီဖြူတွေဟာ ဟန်ဆောင်နေမှန်းသိသိလျက်နဲ့ သော့ချိတ်ကိုမျှော်တယ်..။ 
အဖက်မတန်ခြင်း၊ အရေးမထားခြင်း၊ စိတ်ကုန်ငြီးငွေ့ခြင်းတွေဟာ သော့ချိတ်ကို ပြန်ခေါ်မလာတော့ဘူး...။ 
သေချာတယ်... ကျွန်တော်ရခဲ့တာ သော့ချိတ်အတုပဲ...
သော့ချိတ်ဟာ အတုနဲ့အစစ် ခွဲမရအောင်တူတယ်...။

~မိုးသက်~



ရေးသားသူ : မိုးသက် // 6:54 AM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List