Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Thursday, October 3, 2013

ဟိုလိုလို ဒီလိုလို

          ကျွန်တော် ၀တ္ထု၊ ကဗျာတွေပဲ အရေးများလာတော့ အရင်ကလို ဒေသန္တရ ဗဟုသုတ တွေရစေမယ့် ရောက်တတ်ရာရာလေဘယ်အောက်က ခရီးသွားပို့စ်လေးတွေ၊ ဟိုဟိုသည်သည် ပို့စ်လေးတွေ မရေးဖြစ်တာ ကြာပြီ.။ တကယ်တမ်း ကျွန်တော်ကိုယ်တိုင်လည်း Stress တွေများနေတာ ကြောင့် ဘယ်ဟာမှ ရေရေရာရာ မရှိတာလည်းပါတာပေါ့.။ လောလောဆယ်တော့ မျောက်အုန်းသီးရနေတယ်.။ ဟီးဟီး.။ ကင်မရာလေးတစ်လုံး လက်ထဲ ရောက်နေသကိုး.။ လူက နဂိုကတည်းက ဓါတ်ပုံရိုက်တာကို ၀ါသနာပါတယ်.။ ဓါတ်ပုံရိုက်တယ်ဆိုတာ အရိုက်ခံတာကို ပြောတာမဟုတ်ဘူး . ။ ကျွန်တော်က လိုက်ရိုက်ရတာကို ၀ါသနာပါတာ.။  Facebook မှာ ဓါတ်ပုံဆရာတွေ တင်တဲ့ပုံတွေကြည့်ပြီး. ငါသာဆိုရင် ဆိုပြီး စိတ်ကူးယဉ်နေခဲ့တာလည်း ကြာပေါ့.။ အရင်က မချော(အစိမ်းရောင်လွင်ပြင်) ဆီက ပြင်ဦးလွင်ပုံတွေကြည့်တုန်းကတည်းက ကင်မရာတွေကို ရူးသွပ်နေတာ.။ DSLR အလတ်စားတစ်လုံးလောက်တော့ ၀ယ်မယ်လို့ စိတ်ကူးမိတယ်.။ ပြီးတော့ ဟိုးတစ်နေ့က ကျွန်တော် ဖဘ မှာ ဒမီသရော့ဖ် ဆိုတဲ့ မြို့လေးကို သွားလည်တဲ့ အယ်လ်ဘမ်တွေ့မိသလားမသိဘူး.။ အဲဒီနေ့က ကျွန်တော်တို့နဲ့ အတူတူပါလာတဲ့ ရုရှား သင်းအုပ်ဆရာ ကိုင်တဲ့ Mirrorless လေးကိုတွေ့တယ်. ။ ကင်မရာ ကိုယ်ထည်လေးက လက်ထဲမှာပျောက်နေတယ်.။ ရှေ့က Lens ကြီးက အကြီးကြီးထွက်နေတယ်.။ ပုံထွက်တွေက အင်မတန်ကောင်းတယ်.။ အဲဒါနဲ့ အဲဒီလို Mirrorless လေးကို စိတ်ဝင်စားပြန်ရော.။ နောက်တော့ http://snapsort.com/compare/ အဲဒီဆိုက်မှာ ကင်မရာတွေ Compare လုပ်လို့ရတယ်.။ ယှဉ်ကြည့်တော့ ကျွန်တော် အခုဝယ်ထားတဲ့ DSLR လေးက ပိုကောင်းတာကိုတွေ့ရတယ်.။ အဲဒါနဲ့ ၀ယ်ဖြစ်သွားရော.။ အခုတော့ မျောက်အုန်းသီးရသလိုလို ဖြစ်နေလေရဲ့.။
ပတ်စ်ပို့ပုံသွားရိုက်တုန်းက ရိုက်ထားတာ...
ကော်ဖီသောက်ခါနီး ရိုက်ထားတာ..
သူငယ်ချင်းပုံ ရိုက်ပေးထားတာ...
 ကလစ်နှိပ်ကြည့်ရင် အကြီးကြီးပေါ်ပါလိမ့်မယ်..)))
          လောလောဆယ်တော့ ကျွန်တော့်ရဲ့စာတမ်းတွေနဲ့ အလုပ်ရှုပ်နေတုန်းပဲ ။ အခု ဒီစာကိုရေးနေတုန်းက Facebook အကောင့်ကို ဖျက်ထားတယ်.။ ဖျက်ထားတယ်ဆိုတာ Deactivate လုပ်လို့မရလို့ ဖျက်ထားတာ.။ ၁၄ ရက်မတိုင်ခင် ပြန်ဖွင့်ရင် ရတယ်.။ ဘာလို့ Deactivate လုပ်လို့မရလဲ ဆိုတော့ ကျွန်တော့် အကောင့်က Developer account ဖြစ်နေလို့တဲ့.။ ကျွန်တော်က ကိုယ့်ဖာသာ လက်တည့်စမ်းပြီး Facebook Apps လေးတွေ ရေးထားတာ ရှိတာကိုး.။ (မပြတော့ဘူး.. သိကုန်မှာစိုးလို့ ဟီးးး) ။ လောလောဆယ်တော့ ဒီနေ့ Supervisor အတန်းရှိတော့ နားတဲ့ အနေနဲ့ ဇာတ်ကားကြည့်နေတယ်.။
          အခုစာရေးနေတုန်း ခုတစ်လော နာမည်ကြီးနေတဲ့ The conjuring ကိုဒေါင်းနေတယ်.။ ဖြစ်ရပ်မှန်ကို ရိုက်ထားတဲ့ သရဲကားတဲ့.။ အဲဒီကားနောက်ခံ က အရုပ်ကလေးက ပြတိုက်မှာမတို့မထိရ နေရာမရွှေ့ရ ပစ္စည်းအဖြစ် ခုထိ ရှိနေတယ်လို့ ပြောပါတယ်.။ (http://badassdigest.com/2013/07/23/the-true-story-of-annabelle-the-haunted-doll-from-the-conjuring/မှာဖတ်ရန်) ဇာတ်ကားက3 GB ကျော်ကျော် လောက် ရှိတယ်.။ HD version မို့ပါ.။ လူက ကြီးကြီးကျယ်ကျယ်ဗျ.။ ဇာတ်ကားဆိုရင် အကြည်မှ ကြည့်ချင်တာ.။ စိတ်ရှည်လက်ရှည်တော့ ဒေါင်းရတာပေါ့.။ ဇာတ်ကားအစ၊ စာအုပ်အဆုံး၊ ဂိမ်းတွေအပါအ၀င်၊ ဆော့ဖ်ဝဲလ် အကြီးကြီးတွေက အစလိုချင်ရင် Express files ဆိုတာလေးရှိတယ်.။ http://express-files.com/ မှာသွားဒေါင်းလို့ရတယ်.။ သူက Downloader လေးပေါ့.။ အပေါ်မှာ Search Box လေးပါတယ်.။ လိုချင်တာ ရိုက်ရှာယုံပဲ.။
      ဘေးက Download ဆိုတဲ့ ခလုတ်လေးကို နှိပ်ပြီး ဘယ်နားမှာ ထားမလဲဆိုတာလေး ရွေးပေးရတယ်.။ ပြီးရင် ခဏစောင့်ပြီးရင် စ ဒေါင်းပါပြီ.။

ကျွန်တော်ကတော့ဘာလိုလို အဲဒီကောင်လေးနဲ့ပဲ ဒေါင်းတယ်.။ အကုန်ရတယ်ဗျာ.။ ဟိုးတစ်နေ့ကမှ ဓမ္မပဒ အင်္ဂလိပ်-ပါဠိ နှစ်ဘာသာဒေါင်းထားတယ်.။ အဲဒီကောင်လေးနဲ့ပါပဲ.။ မဆိုးဘူးနော်.။
မကန်ဒီနဲ့ အစ်မမဒမ်ကိုး ဗုံတီးတဲ့ ဗွီဒီယိုလေး သဘောအရမ်းကျတယ်.။ နှစ်ယောက်စလုံးပျော်နေတာ လေ.။ စိတ်ထဲမှာ နဲနဲ မွှန်းကြပ်လာရင် အဲဒီဗွီဒီယိုလေး ပြန်ပြန်ကြည့်ဖြစ်တယ်.။ အစ်မတွေကို မြင်တော့ ပျော်သွားတာများပါတယ်.။ ဘာပဲပြောပြော အွန်လိုင်းမှာပဲ ရင်းနှီးချစ်ခင်ခဲ့တဲ့ မောင်နှမတွေကို အပြင်မှာ တစ်ခါလောက်တော့ ဆုံချင်သေးတယ်.။ (ကျွန်တော်နဲ့တော့ ဆုံချင်ပါ့မလားမသိဘူး.ဟီး)
ဒီနှစ်မော်စကိုဆောင်းဦးက သာမာန်မဟုတ်ဘူးလို့ပြောပါတယ်.။ ရောက်ခါစက ဒီလိုအချိန်မှာ ကျွန်တော်တို့ လည်လို့ ပတ်လို့ကောင်းတုန်း.။ အနွေးထည်ခပ်ပါးပါးလေးနဲ့ ဆိုရင် အေးအေးဆေးဆေးပဲ..။ အခုတော့ နှင်းဦး တောင်ကျပြီးသွားပြီပြောတယ်.။ ခုချိန်က Autumn လို့ခေါ်တဲ့ ဆောင်းဦးပေါ့.။ တကယ်တမ်းဆိုနှင်းကျလေ့ မရှိဘူး.။ Winter လို့ခေါ်တဲ့ တကယ့်ဆောင်းရာသီကျမှ နှင်းကကျရမှာ.။ ဒီနှစ်တော့ ထူးထူးခြားခြား အအေးထူး နေတယ်.။
          ဒီစာရေးတော့ ဇာတ်ကားကြည့်ပြီးတဲ့အချိန် နေ့လည်က ဒါရိုက်တာရင်နဲ့ မင်းသမီး Cecilia Cheung သရုပ်ဆောင်ထားတဲ့ The Promise (2005) ဇာတ်ကားကိုကြည့်တယ်.။ ကြည့်ပြီးတာ ၂ ခေါက်ရှိပြီ.။ သတိရလို့ ပြန်ကြည့်တာ.။ ဇာတ်လမ်းဆင်ထားတဲ့ ပုံကိုသဘောကျလို့ .။ ဇာတ်လိုက်လုပ်တဲ့ ဒါရိုက်တာရင်က ရေခဲနိုင်ငံက လူမျိုးဖြစ်ပေမယ့် ကျွန် ဖြစ်နေတယ်.။ သူတို့ ရေခဲနိုင်ငံက လူတွေက မမောမပန်းနိုင်တဲ့သူတွေ၊ ကမ္ဘာ့အမြန်ဆုံးလူသားတွေ.။ အဲဒီခေတ်အခါက ကျွန် တွေက သူတို့ကိုသူတို့ မတ်တတ်ရပ်ရကောင်းမှန်း မသိခဲ့ဘူး.။ မွေးဖွားသည်ကနေ သေဆုံးသည်အထိ လေးဖက်ပဲ သွားကြရတာ အဲဒီလို.။ ကြည့်ပြီးသူတွေလည်း ရှိမှာပါ.။ မကြည့်ရသေးရင် ကြည့်ကြည့်ဗျာ.။
          ကျန်တာတော့ ထူးထူးခြားခြားမရှိပါဘူး.။ Facebook ကိုတော့ ခဏ ပစ်ထားဦးမယ်လို့ စိတ်ကူးမိတယ်.။ ကျန်တာကတော့ အရင်အတိုင်းပဲ အရင်လိုပါပဲပေါ့လေ.. :))))။ ဒီနေ့တော့ စိတ်ကူးပေါက်လို့ လျှောက်ရေးပစ်တာ. ဘာမှလည်း မဟုတ်ဘူးဆိုပြီး ငြိုငြင်ကြရင်တော့ တောင်းပန်ပါတယ်လို့ ..။






ရေးသားသူ : မိုးသက် // 3:18 PM
အမျိုးအစား:

10 comments:

  1. ဟိုလိုလို--ဒီလိုလိုနဲ့ရောက်ပြီး...ပုံတွေကြည့်တယ် စာမဖတ်ဖြစ်ခဲ့ဘူး....ဟိုယောင်ဒီယောင်နဲ့ နုတ်ဆက်ခဲ့တယ်မိုးသက်ရေ....

    ReplyDelete
  2. ကင်မရာလေးရတာအားကျသား.........
    downloaderလေးညွှန်ပေးတဲ့အတွက်ကျေးဇူးပဲမိုးသက်ရေ..ဒါလေးနဲ့soundcloudကသီချင်းတွေဒေါင်းရင်ကောရလားဟင်

    ReplyDelete
    Replies
    1. အစ်မ အရီးယဲသူ ရေ. Soundcloud က သီချင်းတွေကဒေါင်းလုပ် ကို Enable ပေးထားရင် ရတယ်.။ မပေးထားရင်တော့ IDM နဲ့ဒေါင်းလို့ရပါတယ်.။

      Delete
    2. အော်.ကျေးဇူးပါမိုးသက်ရေ...
      အဲ့တာလေးသိချင်နေတာကြာပြီ..:)

      Delete
  3. ဟိုလိုလိုဒီလိုလို ကို
    လာရောက်ဖတ်သွားတယ်ဗျိုးးးးးးး ။

    ကိုယ်တိုင်လည်း အခုတလော ဟိုမရောက် ဒီမရောက်ဖြစ်နေလို့ :p ။

    ReplyDelete
  4. ဒါနှင့် Fb app လေးတခုလောက်မျှပါဟ via လေးသုံးကြည့်ချင်လို့ :D

    ReplyDelete
    Replies
    1. proceed your own risk နော်.။ ကမိုးဇက်... :D

      Delete
  5. ပထမဆုံးအကြိမ်လာလည်ခြင်းပါ... မျောက်အုန်းသီးရသလို လျှောက်စမ်းဘို့ ကင်မရာကောင်းကောင်းတစ်လုံးဝယ်ဘို့ စိတ်ကူးမိတာကြာပြီ... ခုထိမဝယ်ဖြစ်သေးဘူး

    ReplyDelete
  6. တူလေးရေ.. နေကောင်းဟုတ်တယ်ဟုတ်.. နာကြိုက်တဲ့သရဲကားတော့ ဒေါင်းကြည့်ဦးမှ :P
    အဆင်ပြေပါစေ ရာရာ။

    ReplyDelete
  7. အဲတာလေး ငါဒေါင်းလိုက်တယ်သိလားမိုးတက်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List