Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, June 23, 2013

ဆုတောင်း


မြေပြင်ဂယက်၊ အိုးထိန်းစက်သို့
သွက်သွက်ခါရမ်း၊ မျက်ရည်ခမ်းမည့်
အလွမ်းညတို့လွန်ပါစေ...။

ရင်မှပုံရိပ်၊ ခြောက်လှန့်ထိတ်၍
တို့ဆိတ်ကျီစား၊ ထင်မှတ်မှားသည့်
ခြောက်ခြားညတို့လွန်ပါစေ...။

ပူဆွေးလှိုက်ဖို၊ ယိုင်လဲပြို၍
အငိုသက်သက်၊ အရှိုက်ခက်သည့်
အိပ်ပျက်ညတို့လွန်ပါစေ...။



ရေးသားသူ : မိုးသက် // 6:06 PM
အမျိုးအစား:

5 comments:

  1. လာဖတ်သွားတယ်နော်
    မောင်မောင်လေး မိုးသက်

    ReplyDelete
  2. ဒီကဗျာမျိုးက သိပ်ကို ခံစားရပါမှ
    ထွက်ကျတဲ့ အမျိုးဗျ...။

    ဘယ်လောက်ဖတ်ဖတ်
    ရိုးမသွားတတ်ဘူး..။

    ကျနော် ကော်ပီပြီး သိမ်းထားလိုက်တယ်
    ခွင့်ပြုနိုင်ပါစေဗျာ.....။


    မင်းဧရာ

    ReplyDelete
    Replies
    1. အာ.. ရပါတယ်အစ်ကိုရာ.. ပြောဖို့မလိုပါဘူး.. :))

      Delete
  3. ဆုတောင်းတွေပြည့်ပါစေ...

    ReplyDelete
  4. ကဗျာ​လေးအရမ်းကြိုက်​လို့ copyကူးပါရ​စေခင်​ဗျာ..
    က​ဗျာအားလုံးကိုလည်း အား​ပေးသွားပါတယ်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List