နှစ်သစ်ကိုကူး..
အတာကျူးချိန်မှာသူ့ကိုမွေးတ ယ်...
သြရသဆိုတဲ့သူ...
အိမ်မှာ အပူတွေ မလိုချင်ခဲ့သူပေါ့...။
မိဘကချို့တဲ့ပေမယ့်
ပညာဥာဏ်မချို့တဲ့ခဲ့သူ...
လောကကို မဲ့ပြုံးပြုံးလို့...
အချိန်ကို သုံးတတ်သူ...
နှလုံးမှာစွဲ...
ခိုင်ကြည်စွာမြဲနေတာက...
မယိုင်လဲတဲ့ ယုံကြည်မှုတွေနဲ့သူ...။
ညစ်ထေးတဲ့လောက...
ခြစားမှုတွေဗလဗွထဲက...
ကိုယ့်စိတ်ကိုရှင်း..
ကိုယ့်ဘ၀ကို အသက်သွင်းလို့...
(မရိုးသားမှုဆိုတာတွေနဲ့)
ခပ်ကင်းကင်းနေခဲ့သူ...။
အင်ဂျင်နီယာပညာ..
တက်ရောက်ဖို့ အခွင့်သာပေမယ့်
ဟာသွားတဲ့ မိသားစု
နာသွားတဲ့ နေစားမှုတွေအတွက်..
အပြုသဘောသက်သက်..
သူ့အနာဂါတ်တွေကိုရင်း..
ဆူးတွေခင်းတဲ့လမ်းကိုပဲရွေး ခဲ့တဲ့သူ...။
အခွင့်အရေးတဲ့...
မယူလည်း ပေးသူတွေ..
ပြေးယူစရာမလိုအောင်..
အလျှိုလျှိုအ၀၀
ဖေးမခဲ့ပေမယ့်...
သူ့ရင်က သိက္ခာ...
အသပြာတစ်ပြားနဲ့မှ မလဲခဲ့သူ...။
သူ့ကိုကိုယ်နင်း...
အချင်းချင်းသစ္စာဖောက်...
ဒီလိုမှခရီးရောက်တဲ့ခေတ်...
အသစ်အသစ်တွေနဲ့...
အဖြစ်အဖြစ်တွေ စုံခဲ့လည်း...
လူနုံလို့ပဲ နှိမ့်ချ..
လူအလို့ပဲ တိုက်ခိုက်..
မိုက်မိုက်မဲမဲ ရိုးသားခဲ့သူ...။
အိမ်ထောင်သက်မွေး..
အရွယ်လေးရချိန်...
မိဘတို့ဝန်တာ..
အစဉ်သာအလေးပေးခဲ့သူ...
Diary နေ့တိုင်းရေး..
သူပြောတဲ့အပြောကလေးက..
(အံမယ်)
သိပ္ပံမောင်ဝ အားကျလို့တဲ့..။
အရယ်အပြုံးကလေးသောလို့
သူခဏခဏပြောတဲ့ Favoriteက
သူသိပ်သိပ်မက်တဲ့
အဘွားအိမ်ကထမင်း..
ထူးအိမ်သင်သီချင်းနဲ့...
(သူပိုင်ဆိုင်တဲ့)
မိကျောင်းစက်ဘီးကလေးတစ်စင်း တဲ့...။
အရစ္စတိုတယ် နဲ့ပလေတိုအစ..
ရာဆာအာရာဖက်နဲ့. မာရလင်းမွန်ရိုးအဆုံး.
သူ့မျက်နှာသဲ့သဲ့ပြုံးလို့. .
သူ့ရုံးက ယူယူလာတဲ့
Newsweek မဂ္ဂဇင်းထဲက
အင်္ဂလိပ်အသံအနေအထားအကျနဲ့...
ကျွန်တော့်ကို ဖတ်ဖတ်ပြခဲ့တာ ခုထိမှတ်မိနေတုန်း..။
သတင်းစာတစ်စောင်နဲ့ ရေနွေးကြမ်းတစ်အိုးကို သူ့ကမ္ဘာလို့မှတ်ထားနိုင်သူ. ..
သူ့မိသားစုနဲ့ သူ့မိခင်ကို သူ့ဘ၀ကြီးလို့ ထင်ထားနိုင်သူ..
သူ့ဘ၀တစ်လျှောက်လုံး ရှိခဲ့တဲ့ ရူပဗေဒဌာနကို သူ့ လောကကြီးလို့ ယူဆထားတတ်သူ...
ကိုယ့်ထက်မြင့်သူတွေအများကြီးမြင်နေပေမယ့်.. သူ့ထက်နိမ့်သူတွေကိုပဲ ရှာဖွေကြည့်ရှုစောင့်ရှောက်တ တ်သူ...။
သူ့မှာ မက်လောက်စရာ ရာထူးဂုဏ်သိမ်တွေမရှိဘူး..
ဒါပေမယ့်သူ့မှာရှိတဲ့ ရိုးသားမှုဂုဏ်ရည်ကို သူဂုဏ်ယူတယ်...
သူ့မှာ မော်ကြွားစရာ ချမ်းသာကြွယ်ဝမှုတွေမရှိဘူး. .
ဒါပေမယ့် သူ့မှာရှိတဲ့ဖြူစင်မှုအတိပြီးတဲ့ မိသားစုဘ၀ကို သူရောင့်ရဲ တယ်...။
သူ့မှာ လူတိုင်းကငေးလောက်တဲ့ ရုပ်ရည်ရူပကာမျိုးမရှိဘူး..
ဒါပေမယ့် သူ့မှာရှိတဲ့ (ဘယ်သောအခါမှ) ဖုံးကွယ်မရတဲ့ ဖြောင့်မတ်မှုတွေအတွက် သူကျေနပ်တယ်..။
အလို...
သူ....
သူကကျွန်တော့် သူရဲကောင်း...။
အတာကျူးချိန်မှာသူ့ကိုမွေးတ
သြရသဆိုတဲ့သူ...
အိမ်မှာ အပူတွေ မလိုချင်ခဲ့သူပေါ့...။
မိဘကချို့တဲ့ပေမယ့်
ပညာဥာဏ်မချို့တဲ့ခဲ့သူ...
လောကကို မဲ့ပြုံးပြုံးလို့...
အချိန်ကို သုံးတတ်သူ...
နှလုံးမှာစွဲ...
ခိုင်ကြည်စွာမြဲနေတာက...
မယိုင်လဲတဲ့ ယုံကြည်မှုတွေနဲ့သူ...။
ညစ်ထေးတဲ့လောက...
ခြစားမှုတွေဗလဗွထဲက...
ကိုယ့်စိတ်ကိုရှင်း..
ကိုယ့်ဘ၀ကို အသက်သွင်းလို့...
(မရိုးသားမှုဆိုတာတွေနဲ့)
ခပ်ကင်းကင်းနေခဲ့သူ...။
အင်ဂျင်နီယာပညာ..
တက်ရောက်ဖို့ အခွင့်သာပေမယ့်
ဟာသွားတဲ့ မိသားစု
နာသွားတဲ့ နေစားမှုတွေအတွက်..
အပြုသဘောသက်သက်..
သူ့အနာဂါတ်တွေကိုရင်း..
ဆူးတွေခင်းတဲ့လမ်းကိုပဲရွေး
အခွင့်အရေးတဲ့...
မယူလည်း ပေးသူတွေ..
ပြေးယူစရာမလိုအောင်..
အလျှိုလျှိုအ၀၀
ဖေးမခဲ့ပေမယ့်...
သူ့ရင်က သိက္ခာ...
အသပြာတစ်ပြားနဲ့မှ မလဲခဲ့သူ...။
သူ့ကိုကိုယ်နင်း...
အချင်းချင်းသစ္စာဖောက်...
ဒီလိုမှခရီးရောက်တဲ့ခေတ်...
အသစ်အသစ်တွေနဲ့...
အဖြစ်အဖြစ်တွေ စုံခဲ့လည်း...
လူနုံလို့ပဲ နှိမ့်ချ..
လူအလို့ပဲ တိုက်ခိုက်..
မိုက်မိုက်မဲမဲ ရိုးသားခဲ့သူ...။
အိမ်ထောင်သက်မွေး..
အရွယ်လေးရချိန်...
မိဘတို့ဝန်တာ..
အစဉ်သာအလေးပေးခဲ့သူ...
Diary နေ့တိုင်းရေး..
သူပြောတဲ့အပြောကလေးက..
(အံမယ်)
သိပ္ပံမောင်ဝ အားကျလို့တဲ့..။
အရယ်အပြုံးကလေးသောလို့
သူခဏခဏပြောတဲ့ Favoriteက
သူသိပ်သိပ်မက်တဲ့
အဘွားအိမ်ကထမင်း..
ထူးအိမ်သင်သီချင်းနဲ့...
(သူပိုင်ဆိုင်တဲ့)
မိကျောင်းစက်ဘီးကလေးတစ်စင်း
အရစ္စတိုတယ် နဲ့ပလေတိုအစ..
ရာဆာအာရာဖက်နဲ့. မာရလင်းမွန်ရိုးအဆုံး.
သူ့မျက်နှာသဲ့သဲ့ပြုံးလို့.
သူ့ရုံးက ယူယူလာတဲ့
Newsweek မဂ္ဂဇင်းထဲက
အင်္ဂလိပ်အသံအနေအထားအကျနဲ့...
ကျွန်တော့်ကို ဖတ်ဖတ်ပြခဲ့တာ ခုထိမှတ်မိနေတုန်း..။
သတင်းစာတစ်စောင်နဲ့ ရေနွေးကြမ်းတစ်အိုးကို သူ့ကမ္ဘာလို့မှတ်ထားနိုင်သူ.
သူ့မိသားစုနဲ့ သူ့မိခင်ကို သူ့ဘ၀ကြီးလို့ ထင်ထားနိုင်သူ..
သူ့ဘ၀တစ်လျှောက်လုံး ရှိခဲ့တဲ့ ရူပဗေဒဌာနကို သူ့ လောကကြီးလို့ ယူဆထားတတ်သူ...
ကိုယ့်ထက်မြင့်သူတွေအများကြ
သူ့မှာ မက်လောက်စရာ ရာထူးဂုဏ်သိမ်တွေမရှိဘူး..
ဒါပေမယ့်သူ့မှာရှိတဲ့ ရိုးသားမှုဂုဏ်ရည်ကို သူဂုဏ်ယူတယ်...
သူ့မှာ မော်ကြွားစရာ ချမ်းသာကြွယ်ဝမှုတွေမရှိဘူး.
ဒါပေမယ့် သူ့မှာရှိတဲ့ဖြူစင်မှုအတိပြီ
သူ့မှာ လူတိုင်းကငေးလောက်တဲ့ ရုပ်ရည်ရူပကာမျိုးမရှိဘူး..
ဒါပေမယ့် သူ့မှာရှိတဲ့ (ဘယ်သောအခါမှ) ဖုံးကွယ်မရတဲ့ ဖြောင့်မတ်မှုတွေအတွက် သူကျေနပ်တယ်..။
အလို...
သူ....
သူကကျွန်တော့် သူရဲကောင်း...။
ထိုခြေရာကို တုနင်းလို့
ReplyDeleteမောင် လည်း ဖြေးဖြေးချင်းလျှောက်နိုင်ပါစေဗျာ ။
လူ့ သမိုင်းဆိုတာ အဲဒါပေါ့ ။
မင်းဧရာ