Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Friday, December 7, 2012

အချစ်သာလျှင်


နေခြည်သက်ဆင်း
မြူနှင်းလွင့်ပြယ်၊ ပျောက်လွင့်ကွယ်သို့
ရင်ဝယ်နာကျင်၊ ပူဆွေးလျှင်လည်း.
ကြင်သူမျက်သွင်
မြင်လျှင်ခဏ၊ ထိုကာလတွင်
နေခနှင်းပေါက် ၊ လွင့်ကွယ်ပျောက်သို့
ချမ်းသာရောက်နိုင်သည်တကား...။
                                               မိုးသက်ဦးလွင် (၈-၁၂-၂၀၁၂)



ရေးသားသူ : မိုးသက် // 12:40 PM
အမျိုးအစား:

8 comments:

  1. ကဗျာလေးခံစားဖတ်ခဲ့တယ်
    မေမြို့မိုးရဲ့ ချစ်သူလဲအမြန်နေကောင်းပါစေ
    နှစ်ယောက်အတူ အမြန်နီးကြပါစေလို့

    ReplyDelete
  2. ချစ်သူသက်တမ်း တစ်လပြည့်အတွက် ကဗျာတစ်ပုဒ်ဆိုတော့....
    မင်္ဂလာမဆောင်ခင် ၁၀နှစ် x ၁၂လ = အပုဒ် ၁၂၀ ဖတ်ရချည်သေးရဲ့ :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. အိ..ဆယ်နှစ်တော့မ ကြာပါရစေနဲ့တီတင့်ရယ်..

      Delete
  3. အားကျလိုက်တာ သူများကတော့တစ်လပြည့်အထိမ်းအမှတ်တောင်ရှိသေးတယ် ^_^
    ကဗျာကောင်းလေးတစ်ပုဒ်ကိုခံစားသွားတယ်နော်
    မေမြို့မိုးရဲ့ချစ်သူလည်း အမြန်နေကောင်းပြီး ဘ၀ကိုအတူလက်တွဲသွားနိုင်ပါစေနော်
    ခင်တဲ့(အိပ်မက်ကောင်းကင်)

    ReplyDelete
  4. ချစ်သူသက်တမ်းတစ်လပြည်.ကဗျာလေးအားပေးရင်း
    မမမရဲ.ချစ်သူလေးအမြန်နေကောင်းပြီးဘ၀ကိုနားလည်မှု.တွေနဲ.အတူ
    သက်ဆုံးတိုင်လက်တွဲသွားနိုင်ကြပါစေ။
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  5. ချစ်သူတစ်တမ်း ၁လမှသည် ၁သက် ၁၀ ဘ၀ ကြည်နူးချစ်ခင် နားလည်မှု့များနဲ့
    အချစ်ကဗျာတွေများများရေးနိုင်ပါစေ။

    ReplyDelete
  6. ချစ်ခြင်းများစွာနဲ့ ... ရွှေလက်တွဲကြမယ့် နေ့တွေထိ တူညီစွာ
    လျှောက်လှမ်းနိုင်ပါစေလို့..
    ဆန္ဒပြုလျှက်ပါ မောင်လေးရေ...

    ReplyDelete
  7. ကောင်းလိုက်တဲ့ ကဗျာ....
    ခံစားမှု့အားကြောင့်ထင်ရဲ့
    ပီသ ကြည်မြနေတယ်။

    ( မင်းဧရာ )

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List