တဂ်ပို့စ်တွေမရေးတာတော်တော်ကြာလှပါပြီ... ။ ရေးစရာကလည်း လွယ်လင့်တကူ မြန်ဆန်ထိရောက်
ရလဒ်တွေချက်ချင်းတွေ့ပြီးလူတိုင်းမြင်တဲ့ Facebook မှာပဲ စတေးတပ်စ်တင်ဖြစ်နေတော့ Blog ကိုမေ့နေ
ကြတယ်..။ ကျွန်တော်ဖြတ်သန်းခဲ့တဲ့ ခုနှစ်သက္ကရာဇ် အနည်းငယ်ထဲမှာ..၂၀၁၂က တစ်မူထူးတယ်.။
အဲဒါကိုလည်းကျွန်တော်ကောင်းကောင်း မှတ်တမ်းတင်ထားနိုင်ခဲ့တယ်.။ ရက်စွဲ အချိန် အတိအကျပေါ့.။
နေ့တိုင်း ဒိုင်ယာရီရေးသာ ဖြစ်ခဲ့တဲ့ အကျင့်လေးကြောင့်ဖြစ်မှာပေါ့.။
တွေးစရာတွေစီကြည့်ရင်.ဒီနှစ်ထဲမှာ ဆွေးစရာတွေလည်း များခဲ့တာကို တွေ့မိတယ်.။ကကျွန်တော်
တို့ နှစ်ဦးပိုင်းကို သွားကြရအောင်.။ ဒိုင်ယာရီထဲမှာ စတားပြထားတဲ့နေ့လေးတွေအစီအရီတွေ့မိရဲ့ အဲဒီ
နေ့တွေထဲကမှ. ထူးခြားတဲ့နေ့လေးတွေကို ရင်ဖွင့်ပြောပြလို့.. တဂ်ပို့စ်လေးကို အစပျိုးပါ့မယ်.။
အခုမော်စကိုကိုပါလာတဲ့ ဒိုင်ယာရီလေးရဲ့ အစက ၁၄-၈-၂၀၁၁ ပေါ့.။ ဒီနှစ်အစရဲ့ပထမဆုံးထူးခြား
တဲ့ကာလတွေက.တစ်ယောက်သော သူနဲ့ ပတ်သတ်ခဲ့တာတွေများတယ်.။ ဒါကတော့ ကျွန်တော်လည်းမ
ပြောလိုတော့တဲ့ကာလတွေပေါ့.။ အဲဒီထက်ထူးခြားတာက ၁၀-၁၂-၂၀၁၁ မှာအစပြုခဲ့တဲ့ ဟောဒီ မေမြို့မိုး
ဆိုတဲ့နာမည်လေး အားလုံးရဲ့ဖေးမမှုနဲ့ အစပျိုးလာတာပါပဲ.။ (နောက်တစ်ကြိမ်စိတ်ထဲက ကျေးဇူးမနည်း
မနောကြီးတင်မိပြန်ပြီ.။) နှစ်စပိုင်းမှာတော့ ကျွန်တော့် အတွင်းသဏ္ဍာန်ကလည်း ရာသီဥတုလို သာယာ
လိုက် ၊ တိမ်ထူလိုက်၊ နေရာကွက်ကျား မိုးထစ်ချုန်းရွာလိုက်ပါပဲလေ.။
၉-၃-၂၀၁၂ ကတော့ ကျွန်တော့်ဘ၀ရဲ့ တန်ဖိုးအရှိဆုံးနေ့တစ်နေ့ပေါ့. ။ စိမ်းလန်းမြေပရဟိတအသင်း
မှာ စာရင်းပေးခဲ့တဲ့နေ့ ၊ အသင်းဝင်ဖောင်ဖြည့်ပြီးအသင်းဝင်ဖြစ်ခဲ့တဲ့နေ့ပေါ့.။
၁၂-၃-၂၀၁၂ လေးက ဘာမှတော့မဟုတ်ဘူး.။ ဒါပေမယ့် ကျွန်တော်အရမ်းသဘောကျတာပါ.။ ဘာလို့
လဲသိလား.။ အဲဒီနေ့မှာ အစ်မမဒမ်ကိုးနဲ့ အဖွဲ့ကျသွားတာလေ.။သူက အစ်မမိုးငွေ့နာမည်ကို မမိုးငွပ်လို့ဖတ်
ပြီး စတေးတပ်စ်တင်တာ.။ ကျွန်တော်လည်းဝင်ပြောရင်းနဲ့ ကျောင်းကိုနောက်ကျပါလေရော.။ ကောင်းပ မ
မိုးငွပ်.။ အဲဒီနေ့က စပြီး အစ်မမဒိုးကြီးနဲ့ဖဘမှာသောင်းကျန်းတော့တာပဲ..:)
၁၄-၃-၂၀၁၂ ရော အားလုံးမှတ်မိကြလား.။ ထူးခြားတဲ့နေ့ပါပဲ..။ ဒေါ်အောင်ဆန်းစုကြည် TV မှာစကား
ပြောတဲ့နေ့၊မြန်မာ-ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အဆုံးအဖြတ်ပေးတဲ့နေ့၊ ၀န်ထမ်းတွေလစာတိုးတဲ့နေ့၊ ၂သိန်း
တန်ဖုန်းတွေထုတ်ပေးတဲ့နေ့၊ (ထူးထူးခြားခြား)ကျွန်တော်တို့ ပရော်ဖက်ဆာကြီးမလာတဲ့နေ့ဗျ..။
သင်္ကြန်တွင်းကာလတွေက ထူးထူးခြားခြားပျော်ခဲ့တာမရှိဘူးခင်ဗျ.။ ခန်းမကြီးထဲမှာရေတွေလောင်းပြီး
သာပျော်နေရတယ်.။ ပြတင်းပေါက်မှန်ကကြည့်လိုက်ရင် အပြင်မှာရေခဲတွေနဲ့. >.<..။
၂၄-၄-၂၀၁၂ကတော့မပစ်နဲ့ ကျွန်တော်နဲ့အောင်ပွဲတစ်ဝက်ခံတဲ့နေ့.ဟီးဟီး.Chelsea FC 2-2 Barcelona
ပါ.။ အိမ်ကွင်းမှာ 1-0နဲ့နိုင်ထားတာ. ။ပျော်ထှာ..။ နော့ မပစ်.။
၂-၅-၂၀၁၂ က ချစ်လှစွာသော အစ်မ မကန်ဒီ့ မွေးနေ့..အဲ့နေ့က ညကချီးယားလုပ်ပြီး ပတ္တနာလေးနည်း
နည်းတက်သေးတယ်.။ အစ်မမွေးနေ့မို့လို့ ပျော်ရွှင်ကြောင်းအထိမ်းအမှတ်ပေါ့လေ.. ။ ချီးယားလုပ်ကြတာ.။
(ဘာမှလည်းဆိုင်ဘူးနော်..ခုတော့လည်းသောက်တော့ပါဝူး)။ ၃ ရက်နေ့ကတော့ ဘယ်သူ့မွေးနေ့လည်း
သိတယ်မဟုတ်လား.။ ထားလိုက်တော့နော်..။
၂၁-၁၂ လတော့မသိဘူးခင်ဗျ.။ ၅ရက် ၅ လပိုင်းမှာတော့ ကျွန်တော့်ရဲ့ကိုယ်ပိုင်ကမ္ဘာလေးတစ်ခု ပျက်စီး
သွားတယ်.။ အဲဒီနေ့က ဒိုင်ယာရီက စာမျက်နှာတစ်မျက်နှာလောက်ရှိတာလဲပါမှာပေါ့။ကိုယ့်အပြစ်နဲ့ ကိုယ်
ဆိုပေမယ့်. ပြန်မတွေးချင်လောက်အောင်ဖြစ်နေလို့ ပြန်မပြောပါရစေနဲ့တော့နော်.။
၇ ရက်နေ့မှာ..ကျွန်တော့်ကိုယ်ကျွန်တော် ပြန်စ ဖို့ပြင်တဲ့နေပေါ့.။ ကျွန်တော်က သွေးထွက်လွယ်ပေမယ့်
အနာကျတ်မြန်ပါတယ်လို့ ပြောဖူးတယ်ထင်တယ်နော်.။ အဲဒီနေ့ကလေ လောကကြီးနဲ့ ဘ၀တစ်ခုလုံးကို
မေ့ ထားပြီး စကိတ်စီးလို့ အဝေးကြီးကို သွားခဲ့တယ်.။ဘာကိုမှ မစဉ်းစားပဲနဲ့လေ. ။ ညရောက်တော့တစ်ည
လုံးအရက်သောက်ဖြစ်တယ်.။ ဒါပေမယ့် ထူးဆန်းစွာပဲ မမူးခဲ့ဘူး.။(အဲဒီနေ့ပြီးတော့ အစ်မပစ်ပစ်နဲ့စကား
ပြောဖြစ်တယ်.။ စိတ်ဓါတ်ကျနေတဲ့ အစ်မကို ပြန်ပြီးတော့ အားပေးဖြစ်ပါတယ်.။ အခုတော့ အေးဆေး
ဖြစ်သွားပြီ..)
၂၂-၆-၂-၁၂ ကတော့ထူးတယ်.။ အဲဒီပေ့ခ်ျကိုပါဒေါင်းလုပ်ချပြီးသိမ်းထားတယ်.။ ကြံကြံဖန်ဖန် ကျွန်တော်
က Myanmarexpress ဆိုက်ရဲ့ အက်ဒမင်ပါဆိုလို့ အစ်မတော် မဒိုးကြီးတို့ အရပ်ကူပါ လူဝိုင်းပါလုပ်ပြီး
We Fight We rich ဆိုက်ထိရောက်နေတဲ့ ကျွန်တော့်ပုံကို ပြန်ဖျက်ခိုင်းရတယ်.။ >.< ။ အဲဒီလိုပါပဲ.။
လောကကြီးမှာ မပုပ်ပဲလည်း ပေါ်ရတယ် ၊ မဟုတ်ပဲလည်းကျော်ရတယ်.။
၎-၇-၂၀၁၂ ရက်နေ့က အီတလီမလေးတွေနဲ့တွဲကတဲ့နေ့ မှတ်မိတယ်ဟုတ်.။ အင်္ဂလိပ်လိုပြောချင်လွန်း
တာ မပြောခဲ့ရသမျှ ရွှန်းရွှန်းဝေအောင်ပြောပစ်တဲ့နေ့.။ကျွန်တော်က ရုရှားမှာသာနေတာ. အင်္ဂလိပ်လို
အင်မတန်ပြောချင်တဲ့ ငတိပါ.။ အင်္ဂလိပ်စကားပြောကောင်းလွန်းလို့မဟုတ်ပါဘူး.။ အင်္ဂလိပ်စကားပြောရ
တာကို သဘောကို ကျတာပါ.။ရုရှားစကားတောင် အဲဒီလောက် မပြောတတ်ပါဘူး.။
၁၇-၇-၂၀၁၂ ရက်နေ့က မော်စကိုကနေ ဒိုကာပရုသနီအဆောင်ကိုပြောင်းလာတဲ့နေ့.။
၂၀-၇-၂၀၁၂ က ကျွန်တော့်မွေးနေ့ အမေနဲ့အဖေကို ကန်တော့ပါတယ်.။ facebook မှာ Birthday
wishes တွေက. ၁၃၅ တောင်ရတာ အရမ်းပျော်မိပါတယ်.
၉ ရက်နေ့က နေ ၂၃ ရက်နေ့ထိက တောမှာသွားပျော်ခဲ့တဲ့ကာလပါ. ။ ကျွန်တော်ဘ၀မှာနောက်ထပ်
ရေကူးခြင်း ဆိုတဲ့အတတ်ပညာတစ်ခုတတ်လာတဲ့အချိန်ပေါ့.။
နောက်ပိုင်းရက်တွေက သိပ်ပြီးထူးခြားတာသိပ်မတွေ့ရဘူ။ ဒါပေမယ့် နိုဝင်ဘာ ၁၁ ရက် မှာ.ကျွန်တော့်
ဘ၀ကို နောက်ထပ် မောင်းနှင်မယ့် ကပ္ပတိန်တစ်ဦး ထပ်မံခန့်အပ်လိုက်တဲ့နေ့ပေါ့.။
ဒီနှစ်ထဲမှာတော့ မပစ်ပြောသလိုပဲ. ပစ္စည်းကြီးကြီးမားမားဆိုလို့ အလက်ထရစ်ဂစ်တာတစ်လုံးပဲ အဖတ်
တင်တယ်.။ အသိပညာကတော့ အများကြီးရခဲ့သလို ကျွန်တော့်ဘလော့လေး ပုံပေါ်လာခဲ့တယ်.။ လူ့လော
ကရဲ့ ပရိယာယ်တွေကိုတစ်ဖြည်းဖြည်းနဲ့သိလာသလို ပါးနပ်မှုလည်းရှိလာတယ်.။ အကောင်းဆုံးမိတ်ဆွေ
မောင်နှမတွေရခဲ့တယ်.။ ဒီနှစ်ကျွန်တော် လှူဖြစ်တဲ့ငွေက ဒေါ်လာ တစ်ရာကျော်လေးပဲရှိပါတယ်..။ နောက်
နှစ်တွေမှာ ဒီထက်ပိုလှူနိုင်အောင် ကြိုးစားဦးမယ်.။ အတိတ်တွေကို ထားခဲ့ပါ. ။ သင်ခန်းစာတွေကိုမှတ်
သားသွားပါ.၊ အနာဂါတ်အတွက် ပစ္စုပ္ပာန်မှာ ပြင်ဆင်ကြရအောင်ပါနော်.။ အတိတ်တွေကအိပ်မက်ဆိုးတွေ
ဖြစ်ကောင်းဖြစ်မှာပေါ့.။ ဒါပေမယ့် ဒီအချိန် ကောင်းနေတာတွေရဲ့ အခြေခံဆိုတာ ငြင်းလို့မှ မရပါပဲနော်.။
ဟိုးနေ့က စာလေးတစ်ပုဒ်ဖတ်ရတယ်.။ သဘောကျလို့ပါ.။ ကျွန်တော်တို့ ဖဘ မှာစာတွေရေး ဘလော့
လေးတွေရေးပေမယ့် ကျွန်တော်အပါအ၀င် ကိုရင်ဆူး၊ ကိုအလင်းသစ် ၊ကိုမောင်မောင်တို့အားလုံးက တာ
ဝန်တစ်ဖက်တွေနဲ့လေ.။အချိန်တန်ရင်ကျွန်တော်တို့က ပျောက်ကွယ်သွားကြမှာပါ.။ကျွန်တော်တို့အကောင့်
လေးတွေက မီးလုံးစိမ်းလေးတွေ မြင်ချင်လို့တောင်ထပ်မြင်ရတော့မှာမဟုတ်ပါဘူး.။ တစ်ခုပဲတောင်းဆိုချင်
ပါတယ်.။ အဲဒီအချိန်ကျရင်. ဒီမိသားစုလေးထဲမှာ ပျော်ရွှင်စီးမျောခဲ့ဖူးတဲ့ မိုးသက်ဆိုတဲ့ဇာတ်ကောင်လေးရဲ့
ပိုင်ရှင်. ကျွန်တော့်ကို..မေ့သွားရင်တောင် ဘ၀နဲ့ဆန္ဒထပ်တူကျခဲ့ဖူးတဲ့အချိန်မှာ ဒီအသိုင်းအ၀ိုင်းလေးကို
ဘ၀တစ်ခု ထင်မှတ်ဖူးတယ်ဆိုတာ...အားလုံးအသိအမှတ်ပြုခဲ့မယ်ဆိုရင်.. ကျွန်တော်ဒီတဂ်ပို့စ်လေးကို
ရေးရကျိုး နပ်ပါပြီခင်ဗျာ.။
ကျန်းမာချမ်းသာကြပါစေ..
မေမြို့မိုး

ဒိုင်ယာရီရေးကျင့်ရှိတာသိပ်ကောင်းတယ်...ဦးလေးတော့ ဒိုင်ယာရီစာအုပ်နှစ်
ReplyDeleteတိုင်းဝယ်တယ်...၊ဇန်နဝါရီလလည်ကျော်ရင် ဗလာပဲ....... :)))))
မိုးသက်
ReplyDeleteရေးပေးတာကျေးဇူးနော်..
အမလည်းညတိုင်းနီးပါးဒိုင်ယာရီရေးတယ်..
ခံစားချက်ပြင်းထန်ပေါက်ကွဲလာတဲ့ အချိန်ဆိုပါတော့
ရေးပြီးရင် တစုံတယောက်ကိုဖတ်ဖို့ ပို့ပေးလိုက်တာဘဲ
ကျွန်တော်တို့ ဖဘ မှာစာတွေရေး ဘလော့
လေးတွေရေးပေမယ့် ကျွန်တော်အပါအ၀င် ကိုရင်ဆူး၊ ကိုအလင်းသစ် ၊ကိုမောင်မောင်တို့အားလုံးက တာ
ဝန်တစ်ဖက်တွေနဲ့လေ.။အချိန်တန်ရင်ကျွန်တော်တို့က ပျောက်ကွယ်သွားကြမှာပါ.။ကျွန်တော်တို့အကောင့်
လေးတွေက မီးလုံးစိမ်းလေးတွေ မြင်ချင်လို့တောင်ထပ်မြင်ရတော့မှာမဟုတ်ပါဘူး.။ တစ်ခုပဲတောင်းဆိုချင်
ပါတယ်.။ အဲဒီအချိန်ကျရင်. ဒီမိသားစုလေးထဲမှာ ပျော်ရွှင်စီးမျောခဲ့ဖူးတဲ့ မိုးသက်ဆိုတဲ့ဇာတ်ကောင်လေးရဲ့
ပိုင်ရှင်. ကျွန်တော့်ကို..မေ့သွားရင်တောင် ဘ၀နဲ့ဆန္ဒထပ်တူကျခဲ့ဖူးတဲ့အချိန်မှာ ဒီအသိုင်းအ၀ိုင်းလေးကို
ဘ၀တစ်ခု ထင်မှတ်ဖူးတယ်ဆိုတာ...အားလုံးအသိအမှတ်ပြုခဲ့မယ်ဆိုရင်.. ကျွန်တော်ဒီတဂ်ပို့စ်လေးကို
ရေးရကျိုး နပ်ပါပြီခင်ဗျာ.။
တောင်းဆိုစရာမလိုပါဘူးမိုးသက် ..
နင်တို့အကောင့်လေးတွေမီးမစိမ်းလည်း အမရင်ထဲမှာ နင်တို့လေးတွေကို
အမြဲတမ်းသတိရနေမှာပါ..
ဟုတ် ကျေးဇူး ပါအစ်မပစ်..
Delete၂၀၁၂ ဟာ ဘလော့ဂါတွေ အသည်းကွဲတဲ့ နှစ်လို့  ထည့်ရေးလိုက်မယ်နော ဦးလေးမိုး.... နေ့ စဉ်မှတ်တမ်းတော့ မရေးဖြစ်တော့ဘူး..သတိမရချင်တော့ဘူး...
ReplyDeleteဘာမှလာမပြောနဲ့ မောင်(စွယ်စုံကျမ်း)ပြောတဲ့အတိုင်းပဲ...:P
ReplyDelete၂၀၁၂ မှာ အပြောင်းအလဲတွေ ရှိခဲ့တာကို ဖတ်လိုက်ရတယ်..။ တရင်းတနှီးစကားမပြောဖြစ်ပေမယ့်လည်း Blog စရေးကတည်းက မေမြို့မိုးကို မောင်လေးတစ်ယောက်လို ခင်မင်ခဲ့ပါတယ် .။
ReplyDeleteအမ်.. သူတို့ဟာသူတို့သောက်ချင်တိုင်း ငါ့မွေးနေ့ကို နာမည်တပ်သေးတယ်. ဒီကောင်လေး နာတော့မယ်။ နောက်ဆုံးအဆုံးသတ်လေးကို အကြိုက်ဆုံးပဲ :D :D
ReplyDeleteဒိုင်ယာရီရေးပြီး ပြန်ဖတ်မိရင် ဝမ်းနည်းတက်လို့ အမတော့ မရေးဖြစ်ဘူး..ပို့စ်လေးက အသက်ဝင်တယ်.သူမအတွက်ရေးထားတာလေး အရမ်းကြိုက်တယ်..
ReplyDeleteမောင်လေးရဲ့ ကျန်ခဲ့တဲ့ ၂၀၁၂ အကြောင်းလာဖတ်သွားပါတယ်...
ReplyDeleteနောက်ဆုံးအပိုဒ်လေးက ရင်ထဲ တကယ်ထိတယ်...ရင်ထဲကစကားတွေမို့ထင်ပါတယ်...:)
အမတို့လဲ ဘယ်အချိန်ထိ ဘလော့လေး မီးစိမ်းနိုင်မယ်မသိသေးပေမဲ့ အခြေအနေပေးနေသရွေ့
တော့ ရေးဖြစ်နေအုံးမှာပါ...အလုပ်ကလဲ လုပ်ရသေးတယ်ဆိုတော့...ဒီလိုပါပဲ...:(
ခင်တဲ့ မိုးနတ်
တဂ်ပို့စ်လေးအခုမှ ဖတ်ဖြစ်တယ် မိုးသက်ရေ။ ဒိုင်ယာရီစာမျက်နှာပေါ်မှာ
ReplyDeleteအမှတ်တရ ရက်စွဲနဲ့စာသားလေးတွေ ခြေရာချန်ခဲ့တာလေးတွေ သဘောကျတယ်။
တီတင့်မှာရှိသမျှ ဒိုင်ယာရီတွေက အလုပ်ရဲ့ Schedule တွေမို့ ဖတ်လို့ကောင်းဘူး :P
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အိမ်လေးတွေရှောက်လည်ရင်းမမမဆီအလည်ရောက်ခဲ.ပြီးတဂ်ပိုစ်.လေးဖတ်တော.
ReplyDeleteနောက်ဆုံးပိုဒ်လေးဖတ်ပြီးဝမ်းနည်းသလိုဖြစ်မိတယ်။ဒိုင်ယာရီရေးတဲ.အကျင်.က
ကောင်းသောအကျင်.လေးပါ။ပစ်ပစ်လေးပြောသလိုအကောင်.လေးတွေမီးမစိမ်းလည်းအန်တီလေးတို.
ရင်ထဲမှာခင်မင်လျက်ပါကွယ်။မမမစာရေးကောင်းကြောင်းမိသားစုကိုပြောဖြစ်တယ်။
အားပေးလျှက်ခင်တဲ.အန်တီလေးမေခင်