Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, July 4, 2012

ဒီနေ့...

      ဒီနေ့ကိုတော့မှတ်မှတ်ရရဖြစ်နေမှာသေချာပါတယ်.။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်အရမ်းသဘောကျ
တဲ့သင်ကြားရေးပုံစံတစ်ခုရဲ့ Programတစ်ခုရဲ့အစိတ်အပိုင်းတစ်ခုလို ပါဝင်လှုပ်ရှားခဲ့ရလို့ပါ.။ မနေ့ညက သူငယ်ချင်းတစ်ယောက်ကလာပြောတယ်.။ ဒီနေ့ Concert ကို လိုက်ခဲ့ဖို့နဲ့.သီချင်းဆိုရမှာဖြစ်ကြောင်းကိုပါ..။
ကျွန်တော်သိပ်ပြီးစိတ်မပါလှပါဘူး.။ ဘာဖြစ်လို့လဲ ဆိုတော့ အရင်ဆိုနေကျသီချင်းတွေ ပဲ ဆိုရမှာဖြစ်ပြီး..။ သီချင်းအသစ်တွေနားမထောင်ဖြစ်တာလဲ ပါပါတယ်.။ရုရှားသီချင်းကလည်းအပျင်းပြေလောက်ပဲနားထောင်
ဖြစ်တော့စာသားတွေမရဘူး ဖြစ်နေတယ်.။ အဲ့ဒါကြောင့် သီချင်း မဆိုတော့ပဲ ဂစ်တာတီးပေးဖို့သဘောတူ
လိုက်ပါတယ်.။
      ဒီနေ့မနက်ခင်းကျတော့ တကယ်သွားခဲ့တဲ့ကျောင်းက မြေအောက်ရထားနဲ့ တစ်နာရီကျော်စီးရအောင်
ဝေးပါတယ်.။ မော်စကိုမြို့ရဲ့ နိုင်ငံခြားကျောင်းသားများအတွက်.ရုရှားဘာသာစကားတက္ကသိုလ်ဖြစ်ပါတယ်.။ဟိုကိုရောက်တော့ ကျွန်တော်တို့ အုပ်စုကို ဘယ်နိုင်ငံကလဲ မေးတော့. မြန်မာနိုင်ငံကပါလို့ ပြောလိုက်တဲ့
အခါ.။ ကျောင်းသား(၂) ယောက်ထွက်ခဲ့ဖို့ ပြောပါတယ်.။ဘာလုပ်မှာမှန်းလဲ မသိတော့.. ခါတိုင်းဘယ်သူမှ 
မထွက်ချင်တိုင်းထွက်နေကျထုံးစံအတိုင်းပဲ မောင်မိုးသက် နဲ့ သူငယ်ချင်း တစ်ယောက်ရှေ့ကိုရောက်သွား
ပါတော့တယ်.။ ဟိုကိုရောက်တော့ ကိုယ့်လို ဆွဲထုတ်ထားတဲ့ နိုင်ငံအသီးသီးကကျောင်းသား/ သူများကို
တွေ့ပါတယ်.။ အသီးသီး အုပ်စု တစ်စုမှာ ကျောင်းသူ/သား (၇) ယောက်စီနဲ့ အုပ်စု (၃) စုခွဲလိုက်ပါတယ်..။
         ကျွန်တော်နဲ့ ကျွန်တော့်သူငယ်ချင်းက အပြာရောင် ပန်းပွား တင်ထားတဲ့အပြာခုံမှာကျပါတယ်.။ကျွန်
တော်တို့ အုပ်စုမှာ ရိုမေးနီးယားက ဂျာနယ်လစ်ကနေ ရုရှားဘာသာသင်နေတဲ့ ကျောင်းသားတစ်ယောက်.၊ စပိန်ကကောင်မလေးတစ်ယောက်.၊အီတလီ ကကောင်မလေး သုံးယောက် ၊ကျွန်တော်တို့ မြန်မာကျောင်း
သား(၂)ယောက်.စုစုပေါင်း (၇) ယောက်ပေါ့.။ 
       ပွဲစစချင်းမှာ.. အစီအစဉ်ကိုဆရာမတစ်ဦးကပြောပြပါတယ်.။ အခုအချိန်ကစပြီး မိမိအသင်းသူအသင်း
သားအချင်းချင်း မိတ်ဆက်ရမှာဖြစ်ကြောင်း.။ အချိန်ကို (၅) မိနစ်ပေးထားကြောင်းနဲ့.နာမည်၊ ဘယ်နိုင်ငံက
လာတယ်ဆိုတာနဲ့.၊ ၀ါသနာ.၊ ဘာကို နှစ်သက်တယ်.၊ ဘာကို မနှစ်သက်ဘူးအစရှိသဖြင့် မိတ်ဆက်စရာ
တွေကိုလမ်းကြောင်းပေးထားပါတယ်.။ ကျွန်တော်တို့စားပွဲက ဂျာနယ်လစ်နာမည်က ရောဘတ် ၊ပြီးတော့ 
စပိန်ကကောင်မလေးက အုပ်စုခေါင်းဆောင်ပါ.၊ (သူ့နာမည်တော့မေ့သွားပြီ..)အီတလီက ကောင်မလေး 
နှစ်ယောက်ကဂျူလီယာ (၁) နဲ့ ဂျူလီယာ (၂) တဲ့၊ နောက်ထပ်အီတာလျံမလေးနာမည်လည်း မေ့သွားပြီ..။
ထားပါတော့အဲ့ဒီလို တွေခွဲကြတယ်.။ ပထမဆုံး တစ်ဖွဲ့ချင်း မိတ်ဆက်ပြီး ဘယ်ဟာကိုကြိုက်တယ်ဘယ်ဟာ
ကိုမကြိုက်ဘူး အစရှိသဖြင့်ပေါ့ဗျာ.။ တစ်ယောက်ချင်းမိတ်ဆက်ကြပါတယ်.။ ကျွန်တော်တို့ အဖွဲ့ကပထမ
ဆုံးမိတ်ဆက်တာပါ.။

“ကျွန်တော့်နာမည်က တော့ မိုးသက်ပါ..။မိုး လို့ပဲ ရိုးရိုးလေးခေါ်နိုင်ပါတယ်.။ မြန်မာနိုင်ငံကနေ လာတာပါ.။ကျွန်တော့်ဝါသနာကတော့ သီချင်းဆိုတာ ဂစ်တာတီးတာနဲ့ ၊ စာဖတ်တာတွေပါ.။(ဒါက သဘောလောက်ဖြေခဲ့တာနော်.။ တကယ်တမ်းဝါသနာပါတာတွေပြောရမယ်ဆိုရင်.ဟီး.. မိုးလင်း
သွားမယ်ထင်တယ်.။) ဖတ်ဖူးသမျှ ရုရှား စာအုပ်တွေထဲမှာ အီဗန်တူရဂေညက်ဗ်ရေးတဲ့ အချစ်ဦး ဆိုတဲ့ စာအုပ်ကိုအကြိုက်ဆုံးပါပဲ.။အဲဒီစာအုပ်ကို အင်္ဂလိပ် ၊ မြန်မာ ၊ ရုရှား သုံးဘာသာနဲ့ ဖတ်ခဲ့
ပါတယ်.။(ထိုနေရာတွင် Wow နှင့်အဓိပ္ပါယ်တူသောရုရှား အာမေဋိတ်သံများ ဖုံးလွှမ်းသွားပြီး.. လက်ခုပ်သြဘာပေးကြတယ်..။တကယ်တမ်းက အစအဆုံးဖတ်ဖူးတာ အဲ့တစ်အုပ်တည်းရယ်..ဟိ.)
ကျွန်တော်နှစ်သက်တာကတော့..အများကြီးပါပဲ..။ မနှစ်သက်တာကတော့ သိပ်မရှိပါဘူး.။
ဒါပါပဲခင်ဗျာ.....”
        အဲ့လို တစ်ယောက်ချင်းမိတ်ဆက်ပြီးတော့..  ပြိုင်ပွဲစပါတယ်.။ ပထမဆုံး. ရုရှားလူမျိုး အကျော်အမော်
တွေရဲ့ဓါတ်ပုံကို ပရိုဂျက်တာနဲ့ထိုးပြပြီး. အုပ်စုလိုက် လက်ထောင်ကာ ဖြေကြရပါတယ်.။မိမိစားပွဲက ပန်းပွား
လေးတွေကိုထောင်ပြီးတော့ ဖြေရတာပါ..။ထောင်တာချင်းတူနေရင်.အရင်ထောင်တဲ့အဖွဲ့က ဖြေရပါတယ်.။
အကျော်အမော်တွေဆိုတာ.၊ လီယိုတော်စတွိုင်းတို့.၊ယူရီဂါဂါရင်တို့.၊ရှာရာဗိုပါ.၊ ချယ်လ်ဆီးသူဌေး အေဗရာ
မိုဗစ်ခ်ျ အစရှိတဲ့သူတွေပေါ့..။ ကျန်တဲ့ကျွန်တော်တို့ မသိတဲ့သူတွေလည်းပါပါသေးတယ်.။ အဲ့ဒီပွဲမှာ ကျွန်တော်တို့အဖွဲ့ ဒုတိယ ၊ လိမ္မော်ရောင်အသင်းက ပထမ ၊အနီရောင်အသင်းက တတိယ ပါ.။နောက်ထပ်ပွဲက.သီချင်းတစ်ပုဒ်ကို ဖွင့်ပြပြီး. Lyrics စာရွက်ပေးပြီး နောက် ၅ မိနစ်ကြာတော့စင်ပေါ်တက်
ဆိုကြရပါတယ်..။ အဲဒီပွဲမှာတော့အရှုံး အနိုင်မရှိ သရေပါ..။ အဖွဲ့အားလုံး ၅ မှတ်စီရကြပါတယ်.။
       ဒီတစ်မျိုးပြီးတော့ မြန်မာကျောင်းသားတွေက မြန်မာလို“ ဘယ်တော့မှ မမေ့ဘူး.”လို့အဓိပ္ပာယ်ရတဲ့ သီချင်းနဲ့ဖျော်ဖြေပါတယ်.။ ကင်မရွန်းကကျောင်းသူ သားအမိက. စပိန်သီချင်းတစ်ပုဒ်နဲ့ဖျော်ဖြေပါတယ်.။
ကင်မရွန်းက ကျောင်းသူနဲ့သူ့သမီးလေး..
          
       အဲဒီပွဲပြီးတော့. အကပြိုင်ပွဲဖြစ်ပါတယ်.။ တန်ဂို၊ ရော့ခ်အန်ရိုး အစရှိသဖြင့် ရှေ့က အော်ပေးတဲ့အတိုင်း
လိုက်ကရပါတယ်..။ သူအော်အော်ချင်းမှာ ကကွက်ကို ချက်ချင်းပြောင်းရတာပါ.။တစ်ဖွဲ့ကို သုံးတွဲထွက်ကြတဲ့
အထဲမှာ ကျွန်တော်နဲ့ ဂျူလီယာ(၁) နဲ့ ကရပါတယ်.။အနောက်တိုင်းအက နဲ့မယဉ်ပါးပေမယ့် ကြိုးစားပြီးကရ
ပါတယ်.။ ဒိုင်တွေက သူအော်တဲ့အက ခြောက်မျိုးကနေ မှားတဲ့ အတွဲတွေကို တစ်တွဲချင်း ပြန်ဆင်းခိုင်းပါ
တယ်.။နောက်ဆုံးကျန်တဲ့အတွဲက ပထမ ရမှာဖြစ်ပါတယ်.။ ကျွန်တော်ကလည်း ဒိုင်မမြင်အောင် အနောက်
က ချောင်လေးထဲမှာ တိတ်တိတ်လေးက ရင်းနဲ့ ဆန်ကာတင်သုံးတွဲထဲမှာ ကျန်နေခဲ့ပါတယ်.။
 ဟိုးချောင်ထဲမှာ ..
              အဲဒီပွဲမှာ ကျွန်တော်တို့ အဖွဲ့က အရှည်ကြီးနဲ့ အပုလေး အတွဲက ပထမရသွားပါတယ်..။ ပွဲအား
လုံးပြီးတော့ အမှတ်တွေပေါင်းတော့.. အားလုံးထင်ထားတဲ့အတိုင်း လိမ္မော်ရောင် အဖွဲ့က ပထမ ၊ ကျွန်တော်
တို့ အပြာရောင်အဖွဲ့က ဒုတိယနဲ့. အနီရောင် အဖွဲ့က တတိယ ရပါတယ်.။
        ဒီသင်ကြားရေးပုံစံကို အရမ်းသဘောကျပါတယ်.။ကိုယ်သန်ရာသန်ရာ ၊ Talent ရှိရာကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြသခွင့်ရတဲ့ အစီအစဉ်ပါ.။ ပွဲပြီးတော့ ကင်မရွန်းက နီဂရိုးမလေးကို အသည်း
ယားလို့ ဓါတ်ပုံတူတူရိုက်ခဲ့ပါသေးတယ်.။




















                                                     မည်းမည်းသေးသေးလေး ..ဟိဟိ.
         ဒီပွဲက သင်ခန်းစာရော အတွေ့အကြုံတွေပါ အများကြီးရခဲ့တဲ့ပွဲပါ.။ကမ္ဘာပေါ်က လူမျိုးတွေအချင်းချင်း
မခွဲမခြားပဲ.ရင်းနှီးခဲ့တဲ့နေ့.ပေါ့.။ ထပ်ပြီးပြောရရင်. မြန်မာတွေ တင့်ခဲ့တဲ့ မြန်မာတွေရဲ့ပွဲလို့တောင်ပြောရမ
လိုပါပဲ.။ ပွဲပြီးခါနီး အမှတ်ပေါင်းတော့. ကျွန်တော်တို့ထဲက သူငယ်ချင်းတစ်ယောက်က Brad Paisley ရဲ့Whiskey Lullaby  သီချင်းကို ဂစ်တာနဲ့ တီးပြီးဆိုတော့ အမေရိကန် ကကောင်မလေးတွေ  က လက်ခုပ်သြဘာတွေတီးလို့.လိုက်ဆိုကြလေရဲ့.။ဒါတောင် မောင်မိုးသက်တို့ အပြန်မှာ ကိုရီးယားမလေးတွေ
ကိုအညာဆယ်ရော် လုပ်ခဲ့သေးတယ်.။ အားလုံးကို အမှတ်တရတစ်ခု မျှဝေခွင့်ရလို့ဒီပို့စ်လေးက နဲနဲတော့
့လန်းသွားမှာအမှန်ပါပဲ.။အားလုံး ကောင်းပါသည်.ခင်ဗျာ............။



ရေးသားသူ : မိုးသက် // 3:05 PM
အမျိုးအစား:

15 comments:

  1. ဖတ်နေရင် သဘောကျပြီး
    ကိုယ်ပါ ရော ပျော်နေမိတယ်
    မည်းမည်းသေးသေးလေးနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံလေး သဘောကျတယ်
    :D
    Whiskey Lullaby ဖျော်ဖြေခဲ့တာလေး ဗီဒီယို ရိုက်ခဲ့သေးလား
    :D အရမ်းကြိုက်တဲ့ သီချင်းလေးမို့
    နားထောင်ချင်လို့ :)
    ပို့စ်လေးအတွက် ကျေးဇူးတင်ပါတယ်နော်

    ReplyDelete
  2. တကယ်ကိုပျော်စရာကောင်းလိုက်မယ့်ဖြစ်ခြင်း
    ပုံတွေကြည့်ပြီးပျော်မိတယ်

    ReplyDelete
  3. ပျော်စရာကြီးပဲ..... မျှဝေပေးတာတောင် ပျော်ရရင် ကိုယ်တိုင်ပါဝင်ဆင်နွဲတဲ့သူတော့ ဘယ်လောက်ပျော်မလဲလို့...:):)

    ReplyDelete
  4. ကနေတာ ကြည့်ရတာ ကြည်နူးနေသလိုဘဲနော်း)))
    ဘာဘဲပြောပြော ဒီလိုသင်ကြားရေးစနစ်တွေဟာ ပြည်တွင်းက ကျောင်းတွေမှာသာ သင်ပေးနိုင်ရင် သိပ်ကောင်းမယ်နော်။ ရင်းနှီးပွင့်လင်းမှုရှိပြီး လူကြားထဲ မတိုးရဲတာမျိုးလည်း မဖြစ်တော့ဘူး ..
    ပြီးတော့ ပျော်ဖို့လည်း ကောင်းတယ်။
    မေမြို့မိုး ကတော့ တော်တော်ပျော်နေတယ်ဆိုတာ သိသာပါတယ်လေ :P

    ReplyDelete
  5. အပျော်တွေကို မျှဝေယူသွားပါတယ်မောင်လေးရေ။

    ReplyDelete
  6. ခါးကိုဖက်ထားလိုက်တာ ပယ်ပယ်နယ်နယ် ဒန်တန်တန် ပေါက်စနဲ့ တိုင်ပြောမယ်း))

    ပျော်စရာကြီး မိုးသက်ရေး)))

    ချစ်ခင်လျှက်
    အမ ဂျာရစ်

    ReplyDelete
  7. ကိုမိုးသက်ရေ အကို့အတွက် ဒီနေ့ပေမဲ့ ကျွန်တော့်အတွက်မနေ့ကဖြစ်ခဲ့ပါတယ်။ ဟိဟိ ။ မိုက်တယ်အကို ဒီလို Program တွေမှာ မြန်မာ့ အကြောင်းပြနိုင်ခဲ့ရင်အကောင်းဆုံးပေါ့အကို
    လေးစားလျက်ပါ။

    ReplyDelete
  8. မေဇော်ရေ...ဟောဒီမှာ... ဟီးး အဲဒီလိုအော်မပြောပါဘူးလို့....။ ဟုတ်လို့နေ၏ မောင်မိုးသက်...။ မြန်မာအတွက်ဂုဏ်ယူပါတယ်...။

    ReplyDelete
  9. ကလေးနဲ့တွဲရိုက်ထားတာ သူ့အဖေလား..
    အဖေတူ သမီးလေးပဲ :D

    ReplyDelete
  10. တန်ဂိုတို့၊ ရော့ခ်အန်ရိုး တို့လည်း ရတာပဲလား? တော်တော်ပျော်ဖို့ကောင်းမှာပဲ။ :D

    ReplyDelete
  11. ပျော်စရာတွေ လာခံစားသွားတယ် :D

    ReplyDelete
  12. အကျီ အသစ်တော့ဝယ်သင့်ပြီလို့ထင်တာဘဲ
    အနီတွေချည်းတွေ့နေရသလားလို့..အဟီးးး

    မားမားပြောသလိုဘဲ နင်ကလည်းမိုးသက်၇ယ်
    သွားကိုဖြီး ခါးကိုဖက်ဆိုတော့ လွန်တာပေါ့ဟယ်..
    ပေါက်စကိုလက်တို့ပြီးပြောဦးမယ်.

    ReplyDelete
  13. အလန်းပဲနော် သယ်ရင်း...
    နောက်တစ်ခါ ငါ့ကိုလည်းခေါ်ဦး....:-)

    ReplyDelete
  14. ပျော်စရာပဲနော် ဒီလိုအုပ်စုလိုက်
    ပျော်စရာမကြုံရတာအတော်ကြာခဲ့ပြီ
    လွမ်းလာသလိုလိုပဲ

    ReplyDelete
  15. လာဖတ်ပြီး အပျော်ကူးစက်သွားတယ်ညီလေးရေ...စကားမစပ် ဟိုမဲမဲလေးက ကိုယ်တို့ဆီက ကရင်မလေးနဲ့တူတယ်..:D

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List