မော်စကိုမြို့ရဲ့ နွေရာသီကျောင်းအားရက်တစ်ရက်တွင်.. ပီတာစဘတ်သွားချင်သော်လည်းသွားနိုင်စွမ်း
မရှိသော မောင်မိုးသက်တစ်ယောက်.. မြို့စွန်တစ်နေရာရှိ ကျောင်းတစ်ကျောင်းသို့အလည်အပတ်ရောက်ရှိခဲ့
သည်.။ ထိုကျောင်းမှာ မိုးသက်၏ စီနီယာနောင်တော် များ ပြန်ခါနီးပြီဖြစ်ရာ.သွားနှုတ်ဆက်ခြင်းဟုလည်းပြော၍
ရသည်..။ အဲ့ဒီထက်ထူးခြားတာက ထိုကျောင်းမှာ မိုးသက်နှင့် ရေးဖော်ရေးဖက် သူငယ်ချင်း ၊ ချယ်ရီမြေ မှ
ကလောင်တစ်လက်ဖြစ်သော.“ မုန်းမောင်မောင်” ရှိသည်.။
ချယ်ရီမြေမှာ စာသင်သားအဖြစ်အတူတူရုန်းကန်ခဲ့ကြစဉ်က. မိုးသက် ၊မုန်းမောင်မောင် ၊လွမ်းစစ်နိုင် ၊
အစရှိသူတွေ စာပေပြိုင်ပွဲများတွင် အပြိုင်အဆိုင် နွှဲခဲ့ကြဖူးသည်.။ နိုင်သည့်အခါရှိသလို ၊ ရှုံးသည့်အခါလည်း
ရှိ.၊အချင်းချင်း မျှဝေ ဖလှယ်ကြသည်များလည်းရှိရာ..အတော်ပင် မြိုင်ဆိုင်ခဲ့ဖူးသည်.။ ပန်းချီကျော်အများအပြား
ရှိသော မိုးသက်တို့ တပ်ရင်းမှ အနိုင်ရရှိသည်ကများသည်.။ ကျပန်း၊ စကားရည်လုပြိုင်ပွဲဆိုလျှင်လည်း ထုံးစံ
အတိုင်း အကြိတ်အနယ်ရှိလှသည်.။ ခုတော့လည်း အားလုံးကတစ်နေရာစီလွင့်ကုန်ကြပြီ.. ။
ထိုကျောင်းမှာ ကိုရောက်ရောက်ချင်း ကျောင်းသားညအိပ်ခွင့် မှတ်ပုံတင်၍.၊ အဆောင်ပေါ်တက်ကြ
သည်.။ နောင်တော်များထံ ဂါရ၀ပြုနှုတ်ဆက်ပြီး ကလောင်ရှင်သူငယ်ချင်း ဆီ အလည်တစ်ခေါက်ရောက်ဖြစ်
ခဲ့သည်.။
အခန်းထဲကိုဝင်ဝင်လိုက်ချင်း.၊ Air Freshener အနံ့က နှာခေါင်းထဲကိုတိုးဝင်သည်.။ ကွန်ပျူတာသုံးလုံး
ကိုအစဉ်လိုက်တွေ့ရသည်.။ အိပ်ရာခင်းတွေက တစ်ရောင်စီ.၊ နံရံမှာ ထောင်ထားသည့် ဂစ်တာက ဖုံပင်တက်
နေပြီ.။ကျန်သူများ ကိုမတွေ့.၊ ကိုယ်တွေ့ချင်သည့် ကိုယ့်ဆရာက တော့ စာပေလောကမှာ အပြည့်အ၀ ဈာန်ဝင်
နေပုံရသည်.။ လူဝင်လာတာကိုပင် သတိထားမိဟန်မတူ..။
အော်.. မုန်းမောင်မောင် .မုန်းမောင်မောင်.၊ စာအုပ်၊ဘောပင်ခေတ်ကနေ.၊ MS office မှာ ကွန်ပျူတာ
နှင့်ရိုက်သည့်ခေတ်တွေသာ ပြောင်းလာခဲ့သည်.။ သူ့လက်ရာတွေပြောင်းမသွား. ၊ အရင်လို ထက်မြဲ ၊ ထိမြဲ၊နက်
မြဲ..။
မြန်မာနိုင်ငံမှာတုန်းကနောက်ဆုံးဖတ်ခဲ့ရသည့်နှစ်ပတ်လည်မဂ္ဂဇင်းမှာ သူလက်ရာ တွေကိုတွေ့ရသည်။
မိုးသက် ပထမဆုံးရေးသည့် ၀တ္ထုရှည် နှင်းခချယ်ရီ ၊ လွမ်းပန်းချီ (၁) ရေးစဉ်ကတည်းက.၊ သူကမြူနှင်းဝေလွင်
ဟိုယခင် ဆိုသည့် လုံးချင်းစာအုပ်ကို ပုံနှိပ်ပြီးသွားပြီ.။ ပြောရမည်ဆိုလျှင် သူက စီနီယာပိုကျမည်ထင်သည်.။မိမိ
ပြန်ဖတ်တော့လည်း သူ့အရေးအသားကို နှစ်ခြိုက်မိသည်.။
အခန်းထဲဝင်ပြီး ကွမ်းနှစ်ယာညက်လောက်မှ ချောင်းဟန့်လိုက်မှ ဆရာသမားကလှည့်ကြည့်သည်.။ဟာ
သားကြီး. မင်းဘယ်တုန်းကရောက်တုန်း. လာလေ.. ထိုင် ညအိပ်မှာမဟုတ်လား..၀က်သားဝယ်ထားတယ်ကွာ.
ဘီယာသောက်မလား.. ဟုစကားတွေ စီးဆင်းလာလျက် လူက ခပ်ရို့ရို့ ကိုင်းပြီး ရွှင်ပြစွာပြုံးသည်.။မိမိလာတာ
ကို ပင် သူက အလွန်အမင်းဝမ်းသာ သွားသလို.။
စိတ်ထဲမှာတော့ ၀မ်းသာမိသည်..။စာပေသမား ချင်းကတော့ ဒီလိုပါပဲ.။ အချင်းချင်း.တိုင်ပင်နှီးနှော
ရင်းနှီးကျွမ်းဝင်ကြသူချင်း. ခင်မင်တ်ကြသည်ပဲ.။ တစ်ကျောင်းတည်း ဆင်းသည် “ဒေါ်စိန်အေး” သားများဖြစ်
သည်က တစ်ကြောင်း.၊ ၀ါသနာ တူညီသည်က တစ်ကြောင်းကြောင့် ခင်မင်မှုပိုခြင်းဖြစ်ပေမည်.။
ပြန်တွေ့တော့လည်း ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောမိကြသည်. ။ ဂျီတော့ မှာအကောင့်ရှိပါလျက်.
ကိုယ့် အလုပ်ကိုယ်လုပ်ရင်း စကားမပြောမိကြသည်ကိုလည်း သတိထားမိသည်.။ ကျောင်းတုန်းက အဖြစ်အ
ပျက်တွေ. မှအစ သူကြားသည့် သတင်း ၊ ကိုယ်ကြားသည့် သတင်း အပြန်အလှန်ဖလှယ်ကြသည်.။ သူ့ကျောင်း
ကိုယ့်ကျောင်း အကြောင်းတွေမေးကြသည်.။ မြန်မာနိုင်ငံက လတ်တလော သတင်းတွေ ၊ ပြည်တွင်းမှ သူငယ်
ချင်းတွေအကြောင်းပြောဖြစ်ကြသည်.။ တိုက်ပွဲကျသူငယ်ချင်းများ ၊ ခြေလက်အင်္ဂါစွန့်သူငယ်ချင်းများအကြောင်း
ပြောမိတော့ မိုးသက်တို့ စိတ်မကောင်းကြ.။ မိမိတို့အရွယ်က အပြင်လောကမှာ လူငယ်ထဲမှာတောင် အကြီး မ
ဖြစ်သေးသည့်အရွယ်.။နုနယ်ငယ်ရွယ်သော. ကာလမှာပင် မိမိတို့ သမိုင်းကို မှတ်ကျောက်တင်သူက တင်သွား
နှင့်ကြပြီ.။ ဘာပဲဖြစ်ဖြစ်လေ. မိမိနိုင်ငံ တာဝန်ဆိုတာ နယ်ပယ်၊ အချိန်ကာလ ကန့်သတ်၍ မှမရတာကိုး..။
ပြီးတော့ မိုးသက်တို့ ဂစ်တာတီး သီချင်းဆိုကြသည်.။ Feeling သမားများပီပီ စိုင်းထီးဆိုင် သီချင်းက
အစ အကြိုက်ချင်းတူကြသည်.။ မြင်းမိုရ်မို့လား.၊ မန္တလေးရောက်ရှမ်းတစ်ယောက်. ၊ စဉ်းစားပါဦး.၊ ချယ်ရီပင်
အောက်နောက်တစ်ခေါက် .၊ပြီးတော့ .. မေမြို့မိုး နဲ့ လေညာရပ်က အချစ်..
ဘီယာသောက်မလား မေးတော့ မိုးသက်မှ မသောက်ကြောင်းငြင်းဆိုမှ..ဆရာသမားက သူလည်း မ
သောက်ကြောင်း ၀န်ခံပါသည်.။ ဗီယက်နမ်ဈေး ကပြန်လာသော သူငယ်ချင်းမှ လက်ဖက်တွေသုတ်ကျွေးတော့
အတော်ပင်ကျေးဇူး တင်မိသည်.။ လက်ဖက်ခြောက်ကတော့ ရုရှားသောက် လက်ဖက်ခြောက်ပေါ့ဗျာ.။ ရေနွေး
ကြမ်းဝိုင်းလေးမှာ လက်ဖက်သုတ်လေး တစ်ပန်းကန်ကြောင့်စိုပြေသွားသည်.။
မနက်မိုးလင်းခါနီး ကျမှ ၀င်မပြောပဲ ငြိမ်နေသော.၊သားရွှေသွေးနာမည်ဖြင့် စာတွေရေးနေသူ. ညီမင်း မှ
စကားတစ်ခွန်းဝင်ပြောသည်.။
“ ငါတို့အားလုံးက အချိန်သာ မတူချင်မတူမှာ အားလုံးက တော့ မြန်မာနိုင်ငံကို ပြန်မယ့်သူတွေပါ.။ ဒီ
တော့ မပြန်ခင် အချိန်လေးထဲမှာ.ကိုယ်သန်ရာ နယ်ပယ်တစ်ခုခုကနေ.. နာမည်တစ်လုံးတော့ ကျန်ခဲ့ချင်တယ်
ကွာ..”
သူ ပြောရင်းပင် ရေနွေးကြမ်းခွက်ထဲမှ လက်ကျန်ရေနွေးကြမ်းကို မော့ သောက်လိုက်သည်.။အားလုံး
၏ မျက်လုံး များမှာ အသွေးအရောင်တစ်ချို့လက်သွားသည်.။ ပြတင်းပေါက်အပြင်မှာ နေထွက်လုခင်ရောင်နီ
များနှင့် တိမ်လွှာခပ်နီနီ တို့ကို မြင်ရသည်.။
အကယ်၍ အဆိုပါတိမ်လွှာနီနီ များသည်. ဘ၀၏ အခက်အခဲများဖြစ်၍. အားကောင်းစ ရောင်နီတို့
သည်..လူငယ်တို့၏ အားမာန်များဖြစ်အံ့. အနာဂါတ်တစ်ချိန်ချိန်အတွက်. မိုးသက်တို့ မျှော်မှန်းသည့် အချင်း
အရာ တို့သည်. တိမ်ကိုခွဲ၍ ရင်သို့ ဆင်းသော အားမာန် ရောင်နီအလင်းတန်းတို့ အတိုင်း..အားကောင်းသည်
ထက်ကောင်းလာမည်ပဲလေ……….။
မေမြို့မိုး
လွမ်းစရာ..အတိပါလား...မောင်လေးရေ..
ReplyDeleteချယ်ရီရိပ်ခို အမိတက္ကသိုလ်အကြောင်းတွေ ပြန်တွေးတြေ့ နံရံကပ် စာစောင်မှာ စားရိပ်သာကို သရော်တဲ့ ကာတွန်းလေး ဆွဲမိလို့ တန်းပေါင်းစီကွင် ၃ ပတ်လောက် အုံးအွမ်ခဲ့ရတာ မှတ်မိတယ်...:P
ReplyDeleteမန္တလေးရောက်ရှမ်းတစ်ယောက်. ၊ စဉ်းစားပါဦး.၊ ချယ်ရီပင်
ReplyDeleteအောက်နောက်တစ်ခေါက် .၊ပြီးတော့ .. မေမြို့မိုး နဲ့ လေညာရပ်က အချစ်-----------
အားလုံးကိုစိတ်နဲ့ခံစားနားထောင်လိုက်တယ်
တစ်လှေထဲစီးပြီး တစ်ခရီးထဲသွားတဲ့သူတို့ရဲ့ဖြစ်ရပ်အကြောင်းလေးတွေကို ဖတ်ရတိုင်း စိတ်ကြည်နူးမှုဖြစ်စေတယ် မိုးသက်ရေး) ချယ်ရီမြေဆိုလို့ တီတင့်အစ်ကိုကြီးဆီက အမြဲလိုလို ကြားနေရတဲ့ ကျောင်းတော်ကြီးပေါ့နော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
ခေါင်းစဉ်ပေးထားတာနဲ့ သရုပ်ဖော်အတွေးလေးကို သဘောကျတယ် မောင်လေးရေ
ReplyDeleteဝါသနာတွေအရင်းတည်လို့ ဆန္ဒတွေ ပြည့်ဝကြပါစေလို့ ဒေါ်စိန်အေးသားတွေအတွက် ဆုတောင်းပေးလိုက်ပါတယ်...
ReplyDeleteစာပေကိုချစ်မြတ်နိုးတတ်တဲ့ လူငယ်လေးတွေကို စာပေလောက ကလဲ အမြဲကြိုဆိုနေတာပါ...။
ReplyDeleteရေနွေးတစ်ခွက်သောက်ပြီး မျက်လုံးထဲမှာ အရောင်းတွေ လက်သွားတယ်ဆိုတာကိုတော့ နည်းနည်း သံသယဖြစ်တယ်.. :D
ReplyDeleteပြန်ရောက်ကျရင် ပိုဆိုးအုန်းမယ်ထင်တယ်နော်။ကိုယ့်တာဝန်နဲ.ကိုယ်...တွေ.ဖို.တောင်လွယ်ကျမယ်
ReplyDeleteမထင်ဘူးနော်။နိုင်ငံရပ်ခြားမှာမှအင်တာနက်လိုင်းတွေကျေးဇူးနဲ.နှုတ်မဆက်ဖြစ်တောင်
တစ်ယောက်နဲ.တစ်ယောက်တွေ.ဖြစ်နေအုန်းမယ်။ဒီပြန်လာရင်တော့သေချာတယ်။
ဖုန်းတောင်လှမ်းဆက်ဖို.အနိုင်နိုင်ဆိုတာ..:)
ရည်မှန်းချက်တွေအောင်မြင်နိုင်ပါစေကွယ်။
လွမ်းစရာပါလားနော်
ReplyDeleteအရေးတော့ ကောင်းတယ်ဟ ဒို့ဘော်ဒါကြီးက .....း)
ReplyDeleteစာတွေကအရမ်းဖတ်လို့ကောင်းတယ်
ReplyDelete