Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, June 5, 2012

မနှစ်ကရွာတဲ့မိုး


အပြင်မှာ မိုးတွေရွာနေတယ်..။
သည်းကြီးမည်းကြီးပဲ..။
ငါ့ရင်မှာလည်း အတူတူပေါ့ လမင်းရယ်..။
မနှစ်က ရွာတဲ့မိုးကို နင်မှတ်မိလား..။ခိုက်ခိုက်တုန်အောင်ချမ်းနေတဲ့ကြားက
နွေးထွေးမှုတွေရခဲ့တာ နင့်ကြောင့်ပဲဆိုတာ ငါမှတ်မိနေတယ်...။
အခုလည်း မိုးရွာနေတယ်..။
မိုးတစ်ဖျောက်ဖျောက်သံက..
ဂီတသံစဉ်တစ်ခုနဲ့ အလားသဏ္ဍာန်တူတယ်.။
ဒါပေမယ့်.
အဲ့ဒီအသံက ငါ့ရင်ဘတ်ထဲက ရင်ခုန်သံတွေနဲ့ ကွာခြားသွားပြီ...။
နင်ချမ်းနေလား...
အင်း..
မယုတ်မလျော့ ပဲဖြေတယ်..။
ငါနင့်ပခုံးပေါ်မှာ မှီလို့ရမလား..။
အင်း..
ဝတ်ကျေတန်းကျေလို့ မထင်ရတဲ့ မလှုပ်တစ်လှုပ် တုံ့ပြန်မှုမျိုး....။
ပခုံးသေးသေးလေးပေါ်မှာ ငါခေါင်းမှီခဲ့တယ်...
ရေစိုနေတဲ့ ဆံနွယ်စလေးတွေကို ခိုးနမ်းရင်းပေါ့..
ဒါပေမယ့်..
အဲဒီအချိန်ကတည်းက ဝေးရမယ်ဆိုတဲ့အသိနဲ့
ငါ့ရင်ထဲက လျှပ်ပန်းလျှပ်နွယ်တွေက..
မိုးကြိုးမုန်တိုင်းထန်နေတာ..
နင်သိမယ်မထင်ဘူး....။
မိုးရယ်..
မရွာပါနဲ့လားကွာ..
ငါ့ကို သနားရင်...
ငါ့ကိုကိုယ်ချင်းစာရင်..
ငါ့ဘ၀ကို မနစ်မွန်းစေချင်ရင်..
ငါ့နှလုံးသားကို မပွန်းပဲ့စေချင်ရင်...
မရွာပါနဲ့လားကွာ....။
တစ်ခါတစ်ခါပေါက်ထွက်တဲ့သံစဉ်တွေ..
အခါခါ တဆစ်ဆစ်နာကျင်နေတာတွေ..
မြန်မြန်ဇာတ်သိမ်းချင်နေပြီ...
ငါ့ဘ၀ရောပါသွားမလား...။
ရှေ့တိုးဖို့ အရှိန်ယူတာမဟုတ်ရဘူး..
ငါနောက်တစ်လှမ်းဆုတ်ထားတယ်...။
နင်သာအလိုရှိမယ်ဆိုရင်..
ကျောခိုင်းထွက်ခွာ ပေးမယ်..
နင်မမြင်ချင်ရင်..
ဒီတစ်သက် ပုန်းရှောင်ပေးမယ်...
နင်ပျော်ပါစေ...
နင်ဝမ်းသာပါစေ..
နင်စိတ်ချမ်းသာပါစေ...
အခါခါဆုတောင်းရင်းပေါ့...
တောင်းပန်ပါတယ်...
ငါမှားတယ်လို့ နင်ယူဆခဲ့သမျှ အတွက်...
အားလုံးကို ၀န်ချပါရစေ...
နင့်အတွက်..
ဒူးလည်းထောက်ထားတယ်..
ခေါင်းလည်းငုံ့ထားတယ်..
လည်လည်းစင်းပေးထားတယ်.
နင်လုပ်သမျှအားလုံးမှန်ခဲ့တယ်..
ငါမှားခဲ့တာတွေအတွက် ..
ငါထွက်သွားတော့မယ်..
နှုတ်ဆက်ပါတယ်လမင်း...
နှုတ်ဆက်ပါတယ် ပြင်ဦးလွင်...
အမှတ်တရနေရာအားလုံးအတွက်..
တိတ်တိတ်လေးပဲ နှုတ်ဆက်လိုက်ပါရစေ..
နောက်ဆုံးစကားလေးတစ်ခွန်းတော့ပြောလိုက်ချင်တယ်..
ငါ့အသက်နဲ့ခန္ဒာ တည်နေသ၍...
ငါနင့်ကိုချစ်နေမှာ...
ငါနင့်ကိုမြတ်နိုးနေမှာ..
ငါနင့်ကို ကိုးကွယ်နေမှာပါ..
နင်က ငါ့အသက် ၊ ငါ့ဘ၀ဖြစ်ခဲ့ဖူးတာကိုး..။
ခုတော့လည်း မပြေလည်တဲ့ ၀ဋ်ကျွေးတွေကြားမှာ..
ကြေကွဲနေတဲ့နှလုံးသားအပိုင်းအစတွေကိုထုပ်ပိုးပြီး...
နင့်ရယ်သံလေးနဲ့ဝေးတဲ့နေရာကို...
ထွက်သွားပါရစေဟာ...



ရေးသားသူ : မိုးသက် // 10:21 AM
အမျိုးအစား:

8 comments:

  1. ဒီကလေးခံစားနေရတာလား ဟူးးး

    ReplyDelete
  2. ဒူးထောက် ခေါင်းငုံ့ လည်စင်းထားပေးပြီပဲလေ
    ဒီထက်ဆုံးရှုံးစရာ ဘာကျန်သေးလို့လဲ။
    ကဗျာလေးအားပေးသွားတယ် မေမြို့မိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အလွမ်းအားတွေကောင်းထှာဟယ်မနှစ်ကမိုးပါပဲ
    ဒီနှစ်ထိလွမ်းကောင်းတုန်းနော်
    မကြီးဂျက်ထက်သာတယ်
    ဒူးလည်းထောက်ထားတယ်..
    ခေါင်းလည်းငုံ့ထားတယ်..
    လည်လည်းစင်းပေးထားတယ်.----အဲဒီလောက်တောင်ချစ်ရတာကိုသူလေး
    မသိလေရော့လားကွယ်

    ReplyDelete
  4. အချစ်တွေနှစ်မွန်းနေတဲ့ မိုးကဗျာလေး...။ တော်တော်ချစ်တတ်တယ် မယုံနိုင်စရာပဲ...။

    ReplyDelete
  5. ကိုယ့်တစ်ယောက်ထဲမှတ်နေတာ
    အနောက်မှာလဲညီတော်မောင်တွေပါ
    အလဲအကွဲဖြစ်နေကြတာကိုးးးးးးးး
    အော့်ငါတို့ဘလော့ဂါဒွေ ဘိုဖစ်တာပါလိမ့်

    ReplyDelete
  6. မိုးနဲ့ အတူ အလွမ်းတွေ မျှောပါသွားမယ် ဆို ရွာစမ်းပါစေ လို့သာ...

    ReplyDelete
  7. အင်...အတော့်ကို ကျွံနေပြီကိုး..

    ReplyDelete
  8. အချစ်ဆိုတာ
    မိုးရွာလဲ လွမ်းရ
    နှင်းကျလဲ ဆွေးရ
    နေပူကျဲကျဲ လဲ သတိရနေရ နဲ့..........အော်
    သူကို့ သိပ်ချစ်တာကိုက မဆုံနိုင်တဲ့ အခါ နာကျင်စရာတွေ ဖြစ်လာတော့တာ..ဟင်းးးးးးးးး

    အိမ်မက်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List