ကောက်ရိုးပုံထဲ ကျပျောက်သွားတဲ့အပ်လို
ငါတို့ ယုံကြည်ချက်ဟာ အစအနရှာမရ(ဘယ်နေ့/ဘယ်အချိန်/ဘယ်လို/ဘယ်လောက်)
အဖြေမရှိတဲ့ မေးခွန်းတွေအတွက်
လွတ်ကျကွဲသွားတဲ့ အရာအားလုံးဟာ ဟိုနား သည်နား တစ်စစီ။
ခံယူချက်တွေ မြင့်မြင့်လာတယ်
တစ်နေ့နေ့မှာ မစင်ပုံကြီးကို ခေါင်းတိုးရဖို့။
မျက်နှာချင်းမဆိုင်မိကြသူတွေမို့
နီးနီးလာဖို့လည်းမရှိ၊ ဘယ်လောက်ဝေးသွားသလဲ မသိနိုင်ကြတော့။
လက်ညှိုးတစ်ချက်ကွေးတတ်ဖို့ ၁၀ နှစ်ကြာမယ်ဆိုရင်တောင်
ကျွန်တော် လက်ညှိုးကွေးတတ်ခဲ့ပါပြီ။
ကျွန်တော်ကွေးမိတဲ့ လက်ညှိုးလေးကိုသာ ပြန်ဆန့်ခွင့်ပေးကြပါတော့ဗျာ။
မိုးသက်ဦးလွင်
(၃-၂-၂၀၂၁)
0 comments:
Post a Comment
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......