ဝမ်းနဲ့လွယ်ပြီး မွေးထုတ်လိုက်တဲ့အမေက
ကိုယ့်သားကိုယ် မမှတ်မိတော့တဲ့ ဇာတ်ဝင်ခန်းလို
ငါ့မြို့ကလေးဟာ ငါ့အပေါ် စိမ်းစိမ်းကားကား။
ရင်ခုန်သံသီချင်းဟောင်းကလေးဟာ
နောက်ဆုံးပေါ်တီးလုံးနဲ့ သီဆိုခွင့်မရှိတော့ဘူး
ယူကလစ်ရနံ့တွေနဲ့ မြင်းလှည်းခွာသံတွေက
မျိုးတုံးတော့မယ့် ရှားပါးမျိုးစိတ်တွေတဲ့
မျက်နှာစိမ်းဆိုတဲ့အကြည့်တွေကို
ကိုယ်မခံချင်ဘူး ချယ်ရီရယ်။
ငါ့အမေအိမ်မှာ ငါကဧည့်သည်
ငါ့အတိတ်တွေမှာ ငါတကယ်မရှိခဲ့သလိုမျိုး
ကိုယ့်အသက်ရှုသံကအစ သူစိမ်းဆန်နေသတဲ့
ပြင်ဦးလွင်...။
မထင်မှတ်ဘဲ Comment လေးတွေ့လိုက်ရတော့ အရမ်းကိုထူးဆန်း၊ အံ့ဩလည်းဖြစ်မိ၊ ဝမ်းလည်းသာမိပါတယ်ဗျာ။
ReplyDelete