Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, March 24, 2013

မျက်ပြေပါတော့ ချစ်သက်လျာ



ကျွမ်းစ သက်လျာ.
အသာအထိတ် ၊ ၀ဠာသိပ်တည့်
တိုးတိတ်ချစ်ကြင်၊ ပြစ်မမြင်ပဲ.
သန့်စင်ချစ်ခြင်း ၊ အပြစ်ကင်းသည့်
သက်နှင်းသက်ပုံ၊ သက်ကုန်ကုန်ဖြင့်
သက်စုံအပ်သည့် ချစ်သက်လျာ...


ပြေတော့ သက်လျာ...
မဟာမြေကြီး၊ 
အထီးဆန်ဆန်၊ 
အရံမပါ၊ ဤမြေလွှာ၌
သက်လျာမျက်ရှ၊ ထိုခဏသည်
သောကမီးလျှံ ၊ ရင်ဝဆန်၍
တစ်ဖန် အောက်ဆင်း၊ ဒုက္ခတွင်း၌
လက်ငင်းကြီးစွ၊ မျက်ရည်ခသည်.
ထိုမျှစွမ်းသော ချစ်သက်လျာ...


ရင်မှသက်လျာ ချစ်သက်လျာသည်..
သဒ္ဒါကြည်ဖြူ၊ ရည်တူစိတ်သန်း
ပင်ပန်းလည်းဖြေ၊ တွေဝေလည်းပျောက်
စိတ်နောက်လည်းကြည်၊ ပထ၀ီ၌
အရယ်အပြုံး၊ စိတ်နှလုံးကို
ချယ်မှုန်းသမှု၊ စင်အောင်ပြု၍
ယခုဆက်နှင်း၊ ပေလွှာသွင်းကို..
ရင်တွင်းအပြည့်၊ ချစ်မျက်စိဖြင့်..
ရှုကြည့်စေချင်၊ သံတော်တင်သည်.။
ဖတ်မြင်ခဏ ၊ တဒင်္ဂ၌
ဒုက္ခမကင်း၊ ဤရင်တွင်းကို.
ချစ်ခြင်းသည်းထန်၊ မိုးဝဿန်ဖြင့်
မြန်စွာသွန်းဖြိုး၊ အေးရိပ်ကိုးစေ
ချစ်မိုးသက်လျာ ချစ်သက်လျာ...

                                         မိုးသက်ဦးလွင်
                                     ၂၄.၃.၂၀၁၃ ညနေ ရှစ်နာရီ ငါးမိနစ်
ကိုမင်းဧရာ တို့ ကိုကိုမောင်(ပန်းရနံ့)တို့နဲ့တော့ မယှဉ်ကြေး.. :D ကျွန်တော့်ရဲ့ မြင်ဆရာတွေပါ..။



ရေးသားသူ : မိုးသက် // 9:16 AM
အမျိုးအစား:

10 comments:

  1. ကဗျာက ရှေးရှေးတုန်းက
    ရှင်မဟာရဌသာရတို့ ရေးတဲ့ ပုံစံ
    ညီတော့ အဲ့ဒီလို ကဗျာတွေ မဖွဲ့တတ်ပါဗျာက
    ဒါက လေးလုံးစပ်လား
    ဘာကဗျာအမျိုးအစားလဲ

    ReplyDelete
    Replies
    1. ဒါက လေးလုံးစပ်ပါညီလေး..
      ၄-၃-၂ နဲ့ရေးထားတာ..။ အောက်ဆုံးပိုဒ်မှာတော့.. ၄-၃-၁ လည်း နှစ်ပါဒ လောက်ပါမယ်..။

      Delete
  2. လှလိုက်တဲ့ ကဗျာလေး :)

    ReplyDelete
  3. အစ်မလည်း ဒီလိုပုံစံကဗျာမျိုးလေး ရေးတတ်ချင်လိုက်တာကွယ် ... ကဗျာလေးက လှတယ် ... :)

    ReplyDelete
  4. တော်လိုက်တာ. နာဆို အဲ့လို မရေးတတ်ဘူး... နာရေးတဲ့ကဗျာက ကပေါက်တိ ကပေါက်ချာ..း)

    ReplyDelete
  5. ကဗျာလေးကလေးလုံးစပ်လေးထင်တယ်..
    တော်တယ်ကွယ်..
    ရဲဘော်ဆက်လုပ် :D

    ReplyDelete
  6. ငါ့မောင် တော်တယ် ရဲဘော် ဆက်လုပ် :D :D

    ReplyDelete
  7. ကဗျာလေးနဲ့ ချစ်သူချော့တေး ညီးနေတယ်ထင်ပါရဲ့။
    အသက်ထက်မက ချစ်ရတဲ့၊ တစုံတရာကြောင့် အမျက်ရှနေတဲ့
    ချစ်သူလေးကို ပေဖူးလွှာတင်တင် မျက်ဖြေလင်္ကာတင်သွင်းပုံလေးလို့ ယူဆတယ်။
    ဖတ်ရတာ အဓိပ္ပါယ်အပြည့်ရှိတယ် ညီရေ။ ဆက်လုပ် ဆက်လုပ်။ ခံစားမှုကောင်းလေ ကဗျာကောင်းလေဆိုဘဲ။း)

    ReplyDelete
  8. ဖတ်ရင်းနဲ့ကဗျာထဲကလူနေရာကိုကိုယ်တိုင်ရောက်သွားသလိုခံစားရပါတယ်

    ReplyDelete
  9. သိပ်ကောင်းတယ်ဗျာ ဖတ်ရတာ အရသာ အပြည့်ကိုရှိနေတာ လုပ်စမ်းပါဗျာ့
    များများရေးပါ ။

    ဒီချစ်သူချော့ လင်္ကာ ဖတ်ရတော့ ချစ်သက်ဝေ ဆိုတဲ့ လင်္ကာလေးကိုပါ ပြေးမြင်မိသွားတယ် လင်္ကာရှင်က ( မောင်အေးမောင် ) မှတ်တယ် ။



    သို့ပေသိ ကျွန်တော့်အမည်ထည့်ပြီး မယှဉ်နဲ့ပြောတာတော့ လွန်တာပေါ့ဗျာ ကျွန်တော်ဆို အဲလိုတောင် မရေးနိုင်ဘူး ။

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List