Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, November 11, 2012

ပြောင်းမှ ရမယ်...



       ခေါင်းစဉ်လေးကိုပြောင်းမှ ရမယ် လို့တပ်လိုက်ပါတယ်.။ ဘာဖြစ်လို့ဒီလိုတပ်လိုက်လဲ အားလုံးသိလို
ကြမှာပါ.။ ငမိုးတို့ကတော့လုပ်ပြီ..ခါတိုင်းလို တန်းပလိတ်တွေပြောင်းဦးမလား ၊ နာမည်ပြန်ပြောင်းဦးမလား၊
ရင်ခုန်သံ Definition အသစ် လေးပြောင်းလဲ Update ဖြစ်နေတာကိုပဲ ကြွားဦးမလား.(ဖဘမှာတော့တော်
တော် မျက်စိနောက်နေပြီထင်တယ်..) ၊ အစရှိသဖြင့်ပေါ့. အတွေးများစွာရှိပါလိမ့်မယ်.။ တကယ်တမ်းကျွန်
တော်ပြောမယ့် အကြောင်းအရာတွေက ဒီအရာတွေထက် အများကြီး ကျယ်ပြန့်ပါတယ်.။
              You must be the change
               you wish to see in the world
                                                  Mahatma Gandhi
          ကမ္ဘာကြီးကိုပြောင်းလဲ ဖို့မြင်တွေ့လိုလျှင်. ၊
          သင်သာပြောင်းလဲရမည်...
                                                 မဟတ္တမဂန္ဒီ
         ဟုတ်ကဲ့. စာကို တန်ဖိုးတက်သွားအောင် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးနဲ့ပဲ အစပျိုးလိုက်ပါတယ်.။တကယ်
တော့ စာရေးမကောင်းပေမယ့် ကိုယ်ရေးတဲ့စာကိုကောင်းစေချင်လို့ပါ.။ ကမ္ဘာကြီးကိုပြောင်းလဲ ချင်တယ်ဆို
တဲ့ဆန္ဒကတော့ ခပ်သေးသေးဆန္ဒတစ်ခု မဟုတ်တာ အမှန်ပါပဲ.။ ဘာကြောင့်ပြောင်းလဲချင်ရတာလဲ ဆိုတဲ့
အချက်ကလည်း သေးနုတ်မှာမဟုတ်ပါဘူး.။ ကမ္ဘာကြီးတစ်ခုလုံးကိုပြောင်းလဲ သွားအောင် လုပ်ဖို့ကလည်း
မလွယ်လှပါဘူး.။ အဲဒီတော့ ဘာလုပ်ရမလဲ ၊ ဘာလုပ်သင့်သလဲ.။ ကမ္ဘာကြီးပြောင်းလဲသွားပြီလို့ မြင်တဲ့အ
မြင် တစ်ခုကိုပြောင်းလဲရမှာပေါ့..။
          ကောင်းပါပြီ.၊ ကျွန်တော်တို့ရဲ့ အမြင်တွေကိုပြောင်းလဲရတော့မယ်.ဆိုရင်.၊ ဘယ်လိုကနေ ဘယ်လို
အမြင်တွေကိုပြောင်းကြမလဲ.၊ မေးခွန်းတွေရှိလာပါတယ်.။ လူတစ်ယောက်နဲ့တစ်ယောက်မှာအမြင်တွေမတူ
ကြပါဘူး.။ အဲဒီအမြင်တွေကြောင့် စိတ်ညစ်နေရတဲ့သူတွေရှိသလို အဲဒီအမြင်တွေကြောင့်ပဲ ပျော်ရွှင်နေရ
တဲ့သူတွေရှိပါတယ်.။ သူတို့တွေဘာကြောင့် စိတ်ညစ်ရသလဲ? ဘာကြောင့်ပျော်ရွှင်ရတာလဲ ?
            ရေတစ်ဝက်ထည့်ထားတဲ့ဖန်ခွက်တစ်ခွက်ကိုချထားပြီး လူတွေကိုမေးကြည့်ပါ. ။တစ်ချို့ကတစ်
ဝက်ရှိတယ်လို့ ပြောကြပြီး ၊ တစ်ချို့က တစ်ဝက် လျော့နေတယ်လို့ဖြေကြပါလိမ့်မယ်.။ သူတို့ဘာကြောင့်
အဖြေတွေမတူတာလဲ.။ တကယ်တမ်း အဖြေအားလုံးမှန်ပါတယ်.။ကွာခြားသွားတာ အမြင်တွေပါပဲ.။
              ကျွန်တော်တို့အားလုံးဟာ အရာရာကို အပြုမြင်တတ်ရမယ်.။ အပြုဆိုတာ အကောင်းမြင်စိတ်နဲ့
မတူပါဘူး.။ အကောင်းမြင်စိတ်ဆိုတာကအရာရာကိုအကောင်းမြင်တာပါ .။အပြုမြင်စိတ်ဆိုတာကဟုတ်မှန်
တာကိုလက်ခံပြီး မဟုတ်မှန်တာကို ငြင်းပယ်ခြင်းတစ်မျိုးပါပဲ.။အကောင်းမြင်စိတ်အကြောင်းကိုနဲနဲထပ်ရှင်း
ပြပါမယ်.။
            တစ်ခါက အမရပူရမြို့မှာ ဆရာတော်တစ်ပါးရှိပါတယ်.။ အဲဒီဆရာတော်က စကားကိုလိုက်လျော
ညီထွေပြောတတ်လို့ အကောင်းမြင်စိတ်ရှိတယ်လို့နာမည်ကြီးပါတယ်.။ ဟင်းချက်လို့ဆားငန်ရင် သွေးကြေ
တယ်လို့ မိန့်တော်မူပြီး ၊ ဆားပေါ့တဲ့ဟင်းကျွေးရင်လည်း ရေငတ်ပြေတယ်လို့ မိန့်တော်မူပါသတဲ့..။တကယ်
တမ်း ဆရာတော်က အပြစ်ကင်းတဲ့ အမြင်ကိုပြောတာဖြစ်ပါတယ်.။ တကယ်လို့ ဆရာတော်ကိုသာ “ အရှင်
ဘုရား ဒီကြက်ကလေးကို သတ်ပြီးဆွမ်းကပ်ပါရစေဘုရား” လို့လျှောက်တင်တဲ့အခါ “ အေးကောင်းသကွာ
ဒီကြက်လေးလည်း တိရစ္ဆာန်ဘ၀က ကျွတ်လွတ်သွားတာပေါ့” လို့ မိန့်မှာမဟုတ်သလို အဲဒီဆွမ်းကိုလည်း
ဘယ်လိုကပ်ကပ် ဘုန်းပေးမှာမဟုတ်ပါဘူး.။ ဒါဆိုရင် အပြုမြင်စိတ်နဲ့ အကောင်းမြင်စိတ်ကို ခွဲခြားသိပြီ
လို့ထင်ပါတယ်.။
          ဟုတ်ကဲ့ ကျွန်တော်တို့ဗိုလ်လောင်းဘ၀က စားရိပ်သာမှာထမင်းစားရပါတယ်. ။ ရုံးဖွင့်ရက်များမှာ
ထမင်းစားတဲ့ ပုံစံခွက်(Tray)တွေကို စီထားပေမယ့် ရုံးပိတ်ရက်လိုနေ့မျိုးမှာ ကိုယ့်ဖာသာ သွားယူရပါတယ်။
အဲဒီလိုယူတဲ့အခါ. ငယ်ရွယ်သူတို့ဘာသာဘာဝ ဟင်းတုံးအကြီးအသေး ရွေးချယ်ကြတာရှိပါတယ်.။ကျွန်
တော်လည်း ရွေးခဲ့ဖူးတာပါပဲ.။ ဒါပေမယ့် နောက်တော့ အတွေးတစ်မျိုးဝင်လာပါတယ်.။ဒီဟင်းတုံးအနည်း
ငယ်လေးသေးသွားတာက.. ငါ့အတွက်ဘယ်လောက် များပိုနစ်နာသွားမလဲ.။ အနည်းငယ်ကြီးသွားတော့
ရော ဘယ်လောက်ပိုဝ သွားမလဲ.။ ငါမယူရင် ငါ့သူငယ်ချင်းတွေစားရမှာပဲ.။ ငါဂျူနီယာ ညီလေးတွေစားရ
မှာပဲ။ ငါစီနီယာ အစ်ကိုတွေစားရမှာပဲ အစရှိသဖြင့်တွေးမိပါတယ်.။ နောက်တော့ ကျွန်တော် ဟင်းတုံးရွေး
တဲ့အကျင့်ပျောက်သွားပါတယ်.။ဒါဟာလည်း အမြင်ပါပဲ..။
        ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလဲ လူတွေဟာ မတူညီတဲ့အမြင်တွေအတွက် ဒုက္ခများနေကြရတယ်.။
မိမိကိုယ်ကိုစိတ်ဆင်းရဲနေကြရတယ်.။ အုပ်စုလိုက် ကွဲလွဲမှုတွေဖြစ်နေကြတယ်. ။ နိုင်ငံအချင်းချင်း လည်း
စစ်မက်တွေဖြစ်ပွားနေကြတယ်.။ ဒါတွေဟာ မတူညီတဲ့ အမြင်(Version) တွေကြောင့်ဖြစ်လာတာတွေပါ.။
ဘာသာတရားအရ ကြည့်မယ်ဆိုရင်လည်း အပြုသဘောဆောင်တဲ့ အမြင်ရှိသူတွေဟာ လောကဓံတရား
ကိုအခြားသူတွေထက်ပိုပြီးခံနိုင်ရည်ရှိသူတွေပါ.။
        တစ်ချို့ကညည်းငြူတတ်ကြပါတယ်.။ “ အင်မတန်ကံဆိုးတဲ့ ငါပါလား ” ဆိုတဲ့စကားကို အကြိမ်ကြိမ်
မြည်တမ်းရင်း ကျရှုံးမှုကို ခေါင်းပေါ်ရွက်ပြတတ်ကြပါတယ်.။တကယ်တမ်းက လောကကြီးမှာ ဘယ်အရာမှ
မတည်မြဲပါဘူး.။ ကျွန်တော်ရေးခဲ့ဖူးတဲ့. တာဂျစ်ကစ္စတန်တစ်ယောက်ရဲ့ ဒီဇင်ဘာတရားတစ်ပုဒ် ဆိုတဲ့
ဆောင်းပါးထဲမှာပါသလိုပါပဲ.။ ၀မ်းနည်းစရာရှိရင်လည်း အရမ်းဝမ်းမနည်းပါနဲ့  အမြဲမဟုတ်ပါဘူး.။ ပျော်စရာ
ရှိရင်လည်း လွှတ်မပျော်ပါနဲ့ ထာဝရမဟုတ်ပါဘူး ဆိုတဲ့စကားလိုပါပဲ။
       တစ်ခါက ရွာတစ်ရွာမှာ ပညာရှိပုဂ္ဂိုလ်ကြီးတစ်ဦးရှိပါတယ်.။အဲဒီရွာကလူတွေအကုန်လုံးဟာ ပြဿနာ
တစ်စုံတစ်ရာရှိတိုင်း ပညာရှိကြီးဆီကိုပဲ အကူအညီတောင်းကြပါတယ်.။ တစ်ရက်တော့ ရွာမှာရှိတဲ့လယ်
သမားတစ်ယောက်ရဲ့ နွားဟာသေသွားပါတယ်.။ လယ်သမားလည်းကြံရာမရဖြစ်ပြီးပညာရှိကြီးဆီမျက်နှာ
မသာမယာနဲ့ရောက်လာပြီး
 “ ပညာရှိကြီးခင်ဗျား. ကျွန်တော်အတော်ကိုကံဆိုးမိုးမှောင်ကျနေပါတယ်..။ ကျွန်တော်လယ်ထွန်နေတဲ့
တစ်ကောင်တည်းရှိတဲ့ နွား မနေ့က သေဆုံးသွားပါတယ်.။ အဲဒါ အရမ်းဆိုးတာပဲဗျာ ” လို့စကားဦးသန်း
လိုက်ပါတယ်.။
   အဲဒီအခါပညာရှိကြီးက “ ဟာ . အဲဒါ အရမ်းဆိုးတာ ဟုတ်ချင်လည်းဟုတ်မယ် မဟုတ်ချင်လည်းမဟုတ်
ဘူး.. ” လို့ပြန်ပြောပါတယ်.. ။
     အဲဒီအခါလယ်သမားက. ဘာမှ ဆက်မပြောတော့ပဲ ပြန်လာခဲ့ပါတယ်.။ရွာထဲရောက်မှရွာသားတွေကို
အကျိုးအကြောင်းပြောပြတဲ့အခါ ရွာသားတွေက  ဒီလောက်လွယ်တဲ့ ပြဿနာကိုမဖြေရှင်းနိုင်ပုံထောက်
တော့ ပညာရှိကြီးရူးသွားပြီ ထင်လိုက်ကြပါတယ်.။
     နောက်တစ်ရက်မနက်စောစောမှာပဲ စောစောက နွားသေတဲ့လယ်သမားဟာ လယ်ကွက်ဘေးတောစပ်
မှာ မြင်းတစ်ကောင်ကိုတွေ့မိပါတယ်.။ တောမြင်းဖြစ်တာကိုချက်ချင်းသိတဲ့အတွက် စပါးတွေကျွေးပြီး ခြံထဲ
သွင်းယူနိုင်ခဲ့ပါတယ်.။
          အဲဒီနောက်မှာ အဲဒီမြင်းကိုလေ့ကျင့်ပေးပါတယ်.။ အဲဒီတော့မြင်းဟာ လယ်ယာလုပ်ငန်းမှာအသုံး
ဝင်လာတာပေါ့.။
      သူက မြင်းနဲ့လယ်ထွန်ရင်းနဲ့ “ ပညာရှိကြီးပြောတဲ့စကားမှန်လိုက်တာ..၊ ငါကံမဆိုးဘူးလို့ကိုယ့်ကိုယ်
ကိုတွေးမိပြီး ၊လယ်ယာထွက်ကုန်အချို့ကိုယူသွားပြီး ပညာရှိကြီးဆီကိုပြောပါတယ်.။
   “ ပညာရှိကြီးပြောတာမှန်ပါတယ်.။ကျွန်တော်ကံမဆိုးပါဘူး.တကယ်လို့နွားသာရှိမယ်ဆိုရင် မြင်းကိုသတိ
ထားမိမှာမဟုတ်ဘူး.အခု ကျွန်တော်ကံတော်တော်ကောင်းတာပဲ ”လို့ပြောပါတယ်.။
     အဲဒီအခါ ပညာရှိကြီးက “ ဟုတ်ချင်လည်း ဟုတ်မယ် ၊ မဟုတ်ချင်လည်းမဟုတ်ဘူး” လို့ထပ်ပြောပါ
တယ်.။
       အဲဒါကိုကြားတော့ လယ်သမားကလည်း ပညာရှိကြီးတကယ်ကိုရူးသွားပြီလို့ထင်ပြီးပြန်လာပါတယ်.။
     နောက်ထပ်ရက်အနည်းငယ်ကြာတော့ လယ်သမားရဲ့တစ်ဦးတည်းသောသား လူပျိုပေါက်အရွယ်လေး
က မြင်းပေါ်တက်စီးရင်ပြုတ်ကျလို့ ခြေထောက်ကျိုးပါတယ်.။ အဲဒီအခါ လယ်သမားက ပညာရှိကြီးထံထပ်
သွားပြီး အကျိုးအကြောင်းပြောပြတော့. ပညာရှိကြီးက  “ ဒါဟာ ကံဆိုးတာ ဖြစ်ချင်လည်းဖြစ်မယ် ၊ မဖြစ်
ချင်လည်း မဖြစ်ဘူး ” လို့ပြောပြန်ပါတယ်.။
       ဒီတစ်ခါတော့ လယ်သမားကြီးက ပညာရှိကြီးတော့သွက်သွက်ခါအောင်ရူးသွားရှာပြီလို့ ထင်ပြီး စိတ်မ
သက်မသာနဲ့ အိမ်ကိုပြန်လာခဲ့ပါတယ်.။
      နောက်ရက်အနည်းငယ်အကြာမှာတော့ လယ်သမားကြီးတို့ရွာကို ဘုရင့်ထံကတပ်ဖွဲ့တွေရောက်ရှိလာ
ပြီး “ နိုင်ငံတော်ကို တိုင်းတစ်ပါးသားတွေကျူးကျော်ဝင်ရောက်လာတယ်.။ ဒါကြောင့်ဒီရွာမှာရှိတဲ့ လူငယ်
လူရွယ်မှန်သမျှ စစ်ထဲဝင်ရမယ် ” လို့အမိန့်ချမှတ်တယ်.။
     လယ်သမားကြီးရဲ့သားကတော့ခြေကျိုးနေတဲ့အတွက် စစ်ထဲပါမသွားရှာဘူး.။
      ဒီအခါလယ်သမားကြီးဟာ လောကရဲ့ပရိယာယ်တွေကိုနားလည်သွားတယ်.။ ပညာရှိကြီးကွယ်လွန်
တော့ သူကိုယ်တိုင်ပညာရှိတစ်ယောက်ဖြစ်လာပါတယ်.။
       လောကမှာကိုယ့်မျက်မြင်စိတ်ထင်နဲ့တော့ တစ်ဖက်တည်းမြင်လို့မရတာအမှန်ပါ.။အထက်ပါပုံပြင်မှာ
လယ်သမားကြီးဟာ လောက ရဲ့ဖြစ်လေ့ဖြစ်ထရှိတဲ့သဘောတရားတွေကို အမှန်မမြင်တတ်တာဖြစ်ပါ
တယ်.။ တစ်ခါတစ်ရံ အဆိုးဝါးဆုံးရွေးချယ်မှုတွေဟာ အကောင်းဆုံးကို ပို့ဆောင်ပေးတတ်ပါတယ်တဲ့.။
         လူဆိုတာအမှားမျိုးဖြစ်ပါတယ်.။
       ခဲတံထွင်တဲ့သူကတောင်ခဲတံနောက်ပိတ်မှာ ခဲဖျက်ထည့်ထားပေးပါတယ်.။ဘယ်လောက်တော်တော်
အမြဲတမ်းတော့ မမှန်နိုင်ပါဘူး.။ ကိုယ့်မှားယွင်းခြင်း ၊ လောကကြီးရဲ့လွဲချော်ခြင်းများကို စာဖတ်သူတို့ ကျွန်
တော်တို့ ဘယ်လို မြင်ကြမှာလဲ.။
    အားလုံးရဲ့အမြင်တွေအပြုသဘောဆောင်လာကြတဲ့အခါ.ပျော်ရွှင်စရာတွေဟာ မိမိဘေးနားမှာ အလိုလို
ရောက်ရှိလာမှာပါ.။ စာဖတ်သူများအနေဖြင့်.အောက်က အချက်လေးတွေကိုသင့်ရာ စိတ်ကူးဖြင့်ဖြည့်တွေး
ကြည့်ပါ.။
  ရေတစ်ဝက်ရှိတဲ့ခွက်လား ၊ ရေတစ်ဝက်လျော့နေတဲ့ခွက်လား.?
  ကံသိပ်ဆိုးနေလား ၊ ကံအလွန်ကောင်းနေလား ?
  သင့်အမြင်ပြောင်းရမှာလား ၊ ပြောင်းပြီးပြီလား ?

    



ရေးသားသူ : မိုးသက် // 6:32 PM
အမျိုးအစား:

12 comments:

  1. Great idea!!
    အိမ်ကမောင်လေးတောင်ပြောရမယ်..ဟင်းရွေးမစားနဲ.နော်လို. :)

    ReplyDelete
  2. ရေးထားတာလေးကောင်းတယ်

    Facebook မှာတော့လား...ဟင်းးဟင်းးဟင်းးး
    နင့်ကိုမျက်စိနောက်နေတာဘဲ

    ReplyDelete
  3. ပြောင်းဖို့တော့အမြဲစဉ်းစားမိတယ်
    မပြောင်းဖြစ်သေးဘူး
    ခင်တဲ့ sis jasmine

    ReplyDelete
  4. ပို့စ်ကောင်းလေးပါနော်....စာရေးတာကောင်းသားပဲ
    မကောင်းဘူးလို့ ဘယ်သူကပြောလဲဟင်..(မြှောက်ပေးနေပြန်ပြီ).....:P
    ခင်တဲ့.....မိုးနတ်

    ReplyDelete
  5. အားလုံးရဲ့အမြင်တွေအပြုသဘောဆောင်လာကြတဲ့အခါ.
    ပျော်ရွှင်စရာတွေဟာ မိမိဘေးနားမှာ အလိုလို
    ရောက်ရှိလာမှာပါ.။ မမမစာပိုစ်.လေးအားပေးဖတ်ရှု.
    သွားပါတယ်။ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  6. ပိုစ့်လေးရေးထားတာကောင်းလို့သေချာဖတ်ခဲ့တယ် မောင်လေး စွံသွားပြီလားမြန်လိုက်တာဟယ်

    ReplyDelete
  7. ကမ္ဘာကြီးကိုပြောင်းလဲ ဖို့မြင်တွေ့လိုလျှင်. ၊
    သင်သာပြောင်းလဲရမည်
    ပိုစ့်လေးအရမ်းကောင်းတယ်သူငယ်ချင်း
    လာရောက်ဖတ်ရှုသွားပါတယ်နော်။

    ReplyDelete
  8. ဘယ်လိုပြုပြင်ပြောင်းလဲမှုမျိုးဖြစ်ပါစေ စိတ်ကြည်နူးမှုလေးတွေနဲ့အတူ စိတ်အားထက်သန်စွာနဲ့ ပြောင်းလဲမှုလေးအတွက် ဝမ်းသာပါတယ် မေမြို့မိုးရေ။
    ဟုတ်ပါ့ ဖေ့ဘုတ်မှာ မပြောချင်လို့ မမြင်ချင်ယောင်ဆောင်နေတာ ဟွန်း :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ဖတ်ရင်းနဲ့ အမှုမဲ့ ၊အမှတ်မဲ့ တွေးမြင်မိလာတာတွေ ရှိတာတယ်..
      ပို့စ်လေးအတွက် ကျေးဇူး မောင်လေး

      Delete
  9. တွေးတောစရာလေးကို တွေးဖို့အတွက် အစ်မ အိမ်စာယူသွားတယ် မောင်လေးရေ ... ကိုယ့်ကိုကိုယ် သေချာဆန်းစစ်အုံးမှပဲ ... :)

    ReplyDelete
  10. ဘာမှမရှိတဲ့ ခွတ်အလွတ်ကြီးဟ ..
    ငါ့ကိုကဗျာတစ်ပုဒ်လောက် ငှဲ့ပေး .. :)

    ReplyDelete
    Replies
    1. ရေ နဲ့လား ဆိုဒါနဲ့လား...။
      ပြီးမှ ရေသပ်သပ်သောက်မလား..

      Delete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List