Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, October 16, 2012

ပျော်ရွှင်ပြည့်စုံသောလူသားဖြစ်လိုလျှင် မိမိကမ္ဘာကိုမိမိလက်ထဲမှာပဲထားပါ...














 
           ဟုတ်ကဲ့.. ။ ခေါင်းစဉ်က သိပ်ကြီးသွားမလားမသိဘူး.။သေချာကြည့်မယ်ဆိုရင် ရိုးရိုးရှင်းရှင်းလေးပဲ
တွေးတောနိုင်ပါတယ်.။စာဖတ်သူတို့အနေနဲ့ ပထမဆုံးသတိပြုရမှာက ဒါဟာ ဘာလုပ်ရမယ် ၊ ဘာမလုပ်ရ
ဘူးဆိုတဲ့..တက်ကျမ်းမဟုတ်ပါဘူး.။ စာရေးသူရဲ့ မူပိုင်အမြင်ပါ.။ ဒီအမြင်ဟာ ကျွန်တော့်ရဲ့ အသိုင်းအ၀ိုင်းနဲ့
ရော မိတ်ဆွေ၊သင်္ဂဟများနဲ့ပါ ဘယ်လိုမှမပတ်သတ်ပါဘူး.။ ဘယ်သူ့ဆီကမှ လာတာမဟုတ်တဲ့ ကျွန်တော့်ရဲ့
အမြင်သက်သက်လို့ ရဲရဲကြီးဆိုပါ့မယ်.။ ဒီအတွက် အယူအဆတူရင် လက်ခံနိုင်ပြီးတော့ ၊ အယူအဆ မတူရင်
လည်း လက်မခံပဲနေလို့ရပါတယ်.။ အဲဒါက ပြဿနာမဟုတ်သလို. ဝေဖန်သုံးသပ်ရုံသပ်သပ်ပဲဖြစ်တဲ့အတွက်
ကျွန်တော် ဒီပို့စ်ကို တင်ဝံ့တာဖြစ်ပါတယ်.။
            ပြောလိုတဲ့အရာကို တိုက်ရိုက်မပြောခင် ကျွန်တော့်အိမ်တွင်းက အဖြစ်အပျက်တစ်ခုကိုချပြလိုပါတယ်.။
ကျွန်တော့်အမေအကြောင်းပါ..။
ကျွန်တော့် အမေက ကျွန်တော့်ကို သိပ်ချစ်ပါတယ်.။ ဒါပေမယ့် သူချစ်တာက ကျွန်တော့်ကို ငယ်ငယ်
ရွယ်ရွယ်နဲ့အိမ်ထောင်ကျမှာကို အင်မတန်စိတ်ပူတာပါ.။ အိမ်ကိုလာလည်တဲ့ မိန်းကလေးသူငယ်ချင်းတွေရှိပါ
တယ်.။ သူတို့ရှေ့မှာ ဘာမှ မပြောပေမယ့်. သူတို့ပြန်ပြီဆိုတာနဲ့ ကျွန်တော့်ကို စောင်းပါးရိပ်ချည် ဆူပါတော့
တယ်.။
            ကျွန်တော်က မိဘနဲ့စကားပြောရင် ပြန်ခံပြောလေ့မရှိပါဘူး.။ များသောအားဖြင့်ပေါ့.။ တစ်ခါတစ်ရံမှာ
သဘောတရားဆန်ဆန်နဲ့ ပြောတတ်တယ်.။ အဲဒီလိုပြောတိုင်းလဲ မိဘတွေက လက်ခံရတာ များပါတယ်.။ ဘာ
ဖြစ်လို့လဲဆိုတော့ ကျွန်တော်က မိဘနဲ့စကားပြောရင် စကားလုံးအင်မတန်ရွေးပါတယ်.။ တစ်လုံးတည်းနဲ့ ပြော
ချင်တာကိုသိသွားမယ့် စကားလုံးမျိုးကိုပဲရွေးပြောတာပါ.။ ထားပါတော့…။ အထက်ကအကြောင်းကို ဆက်ရရင်
အမေက ရည်းစားသနာထားတဲ့ကိစ္စကို လုံးဝသဘောမကျပါဘူး.။ (မိဘတိုင်းဖြစ်မယ်ထင်ပါတယ်.) ဒါကို ကျွန်
တော်လက်ခံပါတယ်.။ တစ်ရက်တော့ အမေနဲ့ ကျွန်တော်နဲ့စကားပြောဖြစ်ပါတယ်. ။ အမေက ထုံးစံအတိုင်းမိဘ
ရှာဖွေပေးတဲ့ အိမ်ထောင်ဖက်ကို ရွေးချယ်ဖို့ စကားပြောပါတယ်.။(မယုံမရှိနဲ့ အဲဒီအချိန်က ကျွန်တော့်အသက်
၂၀ စွန်းစွန်းလေးရှိပါသေးတယ်.။)ဒါပေမယ့် ကျွန်တော်လုံးဝ လက်မခံပါဘူး.။ ဘာဖြစ်လို့လဲ လို့မေးစရာရှိပါ
တယ်.။မိဘက ကောင်းစေချင်လို့စီစဉ်တာပဲဆိုတဲ့လူတွေလည်းရှိမှာပေါ့.။ အဲဒီအချိန်မှာ ကျွန်တော်ချစ်သူမရှိရင်
တစ်မျိုးပေါ့လေ.။ တကယ်လို့သာချစ်သူရှိနေခဲ့မယ်ဆိုရင် ကျွန်တော် မိဘပေးစားတဲ့သူကိုငြင်းမှာပါ.။ အဲဒီနေ့
ကအမေ့ကို ကျွန်တော် ပြန်ရှင်းပြပါတယ်.။
            “ အမေ .. တရားသဘောကို ချွင်းချက်ထားပြီး လောကရဲ့ဖြစ်နိုင်ချေ တရားအရကြည့်မယ်ဆိုရင် အဖေ
တို့ အမေတို့က ကျွန်တော့် ဘ၀ထဲက အရင်ထွက်သွားကြမှာပါ..။ အဲဒီတော့ ကျွန်တော်နဲ့ အကြာဆုံးရှိနေမယ့်..
ကျွန်တော်နဲ့ တစ်သက်လုံးအတူနေရမယ့်.ကျွန်တော့် အိမ်ထောင်ဖက် ကို ကျွန်တော်ရွေးချယ်တာပဲကောင်းပါ
တယ်.အမေ.” လို့ပြောပါတယ်.။
            အမေ အစပိုင်းကတော့တွေခနဲဖြစ်သွားပါတယ်.။
“ နင်ကငါ့ကိုသေခိုင်းနေတာပေါ့ မိုးသက်.”
“ အာဘယ်ဟုတ်မလဲအမေရဲ့.. ဘာပဲပြောပြော အမေတို့ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ  . ကျွန်တော်က အဲဒီမိန်း
မနဲ့ပဲတစ်သက်လုံးနေရတော့မှာအမေ.”
              အစပိုင်း က အမေစဉ်းစားနေပါသေးတယ်.။နောက်တော့ အမေလက်ခံသွားပါတယ်.။
            ကိုယ့်ဘ၀နဲ့ပတ်သတ်တဲ့အိမ်ထောင်ရေးကိစ္စကို ဘယ်သူ့ကိုမှ အစွက်ဖက်မခံပါနဲ့..။နောက်တစ်ချက်
ကျန်ပါသေးတယ်.။
            နောက်တစ်ခုက အသက်မွေးဝမ်းကျောင်းကိစ္စ..။
            မြန်မာနိုင်ငံကျောင်းသားများရဲ့ ၇၅% နဲ့အထက်က မိမိတို့ ၀ါသနာနဲ့ မကိုက်ညီတဲ့အသက်မွေးဝမ်း
ကျောင်းပညာရပ်တွေကိုသင်ကြားနေကြတယ်..။ ကျွန်တော်အခု မော်စကိုမှာ တစ်ခုကိုတွေ့ရတယ်.။ဥပမာ
ကျွန်တော်တို့ ကျောင်းပေါ့.။ ကျွန်တော်တို့ ကျောင်းက ရူပဗေဒကျောင်း။ ရူပဗေဒနဲ့ပတ်သတ်ပြီး နိုဘယ်ဆု
ပေါင်းမြောက်မြားစွာ ရရှိခဲ့တဲ့ကျောင်း ၊ အာကာသ ပညာမှာ ကမ္ဘာ့နံပတ်(၁) ကျောင်း ။
            ကျွန်တော်တို့ကျောင်းက ရုရှားကျောင်းသားတွေ သိပ်တော်ကြတယ်.။ သိပ်ကြိုးစားကြတယ်.။ထူးချွန်
ကြတယ်.။ မာစတာ ဘွဲ့မရပဲ သာမာန်ဘွဲ့နဲ့ထွက်သွားတဲ့ကျောင်းသားဆိုတာ ၂၀% အောက်မှာပဲရှိတယ်.။
ဘာဖြစ်လို့လဲဆိုတာ လေ့လာကြည့်တော့ ဒီကျောင်းကိုရွေးချယ်တက်ရောက်ခဲ့တဲ့ကျောင်းသားအားလုံးနီးပါး
ဟာ ရူပဗေဒကို အင်မတန် စိတ်ပါဝင်စားပြီး ရူးသွပ်တဲ့ သူတွေ ။ ဒီဘာသာရပ်ကို ခရေဇီကျကျ လေ့လာချင်
တဲ့ကျောင်းသားတွေဖြစ်နေလို့ပဲ.။
            သူတို့အားလုံးက ရူပဗေဒကို ၀ါသနာပါကြတယ်.။ရူးသွပ်ကြတယ်.။ အားလပ်ချိန်ဆိုရင် ဒီအကြောင်း
တွေကိုစဉ်းစားနေကြတယ်.။ အသစ်အသစ်တွေကို ထပ်ပြီးရှာဖွေနေကြတယ်.။ ဓါတ်ခွဲခန်းထဲမှာနိုင်ငံတကာအာ
ကာသစခန်းက ပေးပို့တဲ့ ဥက္ကာမှုန်တွေကို ဒြပ်ခွဲနေကြတယ်.။ အဲဒီအတွက်လည်း ဒီနိုင်ငံမျိုးမှာ ကိုယ်တိုင်လေ့
လာသင်ယူခြင်းစနစ်(Self-study) ကအင်မတန်အောင်မြင်တယ်.။ထားပါတော့ ။ဒါကကျောင်းသားဘ၀.။
            အပြင်လောကမှာလဲ ဒီကကလေးငယ်တွေက ရူးသွပ်မှုတစ်ခုကို လွတ်လပ်စွာရူးသွပ်ခွင့်ရရှိတယ်.။ဥပ
မာပြောရမယ်ဆိုရင် ဂစ်တာတီးတာရူးသွပ်တဲ့ကလေးက ငယ်ငယ်ကတည်းက မိဘကဂစ်တာဝယ်ပေးထား
တယ်။ ထောက်ပံ့ပျိုးထောင်ပေးတယ် ။အဲဒီလိုပဲ ဒရမ်ကြိုက်တဲ့ကလေး ဒရမ် ၊ ရေကူးချင်တဲ့ကလေး ရေအမြဲ
တမ်းကူးရမယ်.။ (ဒါတွေကတော့ မိသားစုတစ်စုချင်းရဲ့ဝင်ငွေကွာခြားတာ စတဲ့အချက်တွေပါအကြုံးဝင်သွားပါ
တယ်.။)
            ကျွန်တော် အထက်က ဆိုခဲ့တဲ့ နှစ်ချက်ကိုပြန်ကြည့်ရရင်. နှစ်ချက်စလုံးက တစ်ဘ၀လုံးစာအတွက်
ရည်ရှည်ဆောင်ရွက်ရမယ့် အရာတွေချည်းပဲဖြစ်ပါတယ်.။ အသက်မွေးဝမ်းကျောင်းဆိုတဲ့အရာနဲ့ မိမိဝါသနာ
တစ်ထပ်တည်းကျသူအတွက် အောင်မြင်ဖို့ ရာခိုင်နှုန်း၇၀ ရှိပါတယ်.။ကျန်တဲ့ ၃၀% ဆိုတာ ကံ၊ဥာဏ်၊၀ီရိယ
နဲ့ကိုယ်စွမ်းကိုယ်စ ပေါ်မှာမူတည်နေပါတယ်.။ ဘာဖြစ်လို့ဒီလိုပြောနိုင်ရတာလဲ လို့မေးလာရင်ရှင်းပါတယ်.။
ဝါသနာဆိုတဲ့အဓိပ္ပာယ်ကိုပဲပြန်စဉ်းစားကြည့်ပေါ့.။ ၀ါသနာဆိုတာ အားလပ်ချိန်တိုင်းလုပ်ချင်တယ်.။ အဲဒီအလုပ်
ကိုလုပ်ရရင်ကို ပျော်နေတာ.။ သဘောကျနှစ်ခြိုက်ဆုံးအလုပ်ဆိုတာ ၀ါသနာပါပဲ။ ဒီတော့ အဲဒီလိုကိုယ်ဝါသနာ
ပါတာကို အသက်မွေးဝမ်းကျောင်းရွေးချယ်လိုက်တဲ့သူအဖို့ ဒီအလုပ်မှာ မပျင်းရိတော့ဘူး။ သူ့အနေနဲ့ အလုပ်
လုပ်ရတာကို ပျော်မွေ့နေတယ်. ။တစ်နေ့ထက်တစ်နေ့ ပျော်ရွှင်စွာနဲ့ ကောင်းသထက်ကောင်းအောင်ကြိုးစား
မှာပါပဲ.။ဒီအတွက် အောင်မြင်မှုဆိုတာ အဆင်သင့်ပါပဲ.။
            ခေါင်းစဉ်အတိုင်းဆိုရမယ်ဆိုရင်.. ပျော်ရွှင်ပြည့်စုံသောလူသားဖြစ်လိုလျှင် မိမိကမ္ဘာကို၊ မိမိအနာဂါတ်
ကိုမိမိလက်ထဲမှာပဲထားပါ...။ မိမိရဲ့အနာဂါတ်ကို ဘယ်သူ့လက်ထဲကိုမှ ထည့်မပေးပါနဲ့.။ယုတ်စွအဆုံး မိမိ
ကိုယ်ကို ကောင်းစွာထိန်းချုပ်နိုင်ပြီးဝေဖန်ပိုင်းခြားနိုင်တဲ့အရွယ်ရောက်လာတဲ့အခါ မိဘ လက်ထဲကိုတောင်
မထည့်ပေးပါနဲ့..။ မိမိဘ၀ကို မိမိလက်ထဲမှာပဲထားပါ.။ မိမိ စိတ်ကြိုက်ပုံသွင်းပါ.။ ကိုယ့်ဘ၀ရဲ့ အရှင်သခင်ဟာ
မိမိကိုယ်တိုင်ပဲဖြစ်ပါစေ.။  မိမိ လိုချင်သောဘ၀ကို စိတ်ကြိုက်တည်ဆောက်ရင်း အောင်မြင်မှုများရယူနိုင်ကြ
ပါစေခင်ဗျာ..။



ရေးသားသူ : မိုးသက် // 12:28 PM
အမျိုးအစား:

13 comments:

  1. မောင်လေးရေ ပိုစ့်လေးဖတ်ပြီအသိတိုးစေပါတယ် နာမည်က မမမဖြစ်ပြန်ပြီလား မူးတယ်ထှာ

    ReplyDelete
  2. အသိပညာတိုးစေတဲ့ ပို့စ်ကောင်းလေးပါပဲ ညီလေးရေ

    ReplyDelete
  3. ဆောင်ပါးလေးဖတ်ပြီး သားသမီးတွေရခဲ့ရင် ဆိုတာကို အရင်တွေးမိလိုက်တယ်
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  4. ပိုစ့်လေးဖတ်သွားတယ်။ ရင်ထဲမှာ တစ်ခုခုကျန်ခဲ့တယ်။

    ReplyDelete
  5. လူငယ်လူရွယ်လေးတွေယူတတ်ရင်
    အသိပညာလေးတွေရစေမယ်.ပိုစ်.ကောင်းလေး
    တပုဒ်ပါကွယ်။အားပေးလျှက်
    ခင်တဲ.အန်တီလေးမေခင်

    ReplyDelete
  6. ပျော်ရွှင်ပြည့်စုံသောလူသားဖြစ်လိုလျှင် မိမိကမ္ဘာကို၊ မိမိအနာဂါတ်
    ကိုမိမိလက်ထဲမှာပဲထားပါ...။ မိမိရဲ့အနာဂါတ်ကို ဘယ်သူ့လက်ထဲကိုမှ ထည့်မပေးပါနဲ့.။
    မိမိဘ၀ကို မိမိလက်ထဲမှာပဲထားပါ.မှတ်သားစရာလေးတခုတိုးသွားပြန်ပြီမမမရေသူငယ်ချင်းကျေးဇူး

    ReplyDelete
  7. ကောင်မလေးလက်ထဲမှာထားတာ အရင်က အခု မရှိတော့ဘူး..ခိခိ

    ReplyDelete
  8. နာ့ဝါသနာက Blogging ဆိုတော့ ဘယ်လိုလုပ်သင့်လဲ ဟီးဟီး xD

    ReplyDelete
    Replies
    1. အပျိုကြီး ဖြစ်သင်.တယ် :P

      Delete
  9. နင်ရေးထားတာမှန်တယ်မိုးသက်
    ကိုယ်ဝါသနာပါတဲ့အလုပ်ကိုဘဲ သတ္တိရှိရှိေ၇ွးချယ်သင့်တယ်...
    ငါလည်းပြောရရင် ငါအခုရောက်နေတဲ့ နေရာ
    လုပ်နေရတဲ့အလုပ်နဲ့
    ငါဝါသနာပါတဲ့အလုပ် ငါဖြစ်ချင်တဲ့ဆန္ဒတခြားစီဘဲဟာ...
    အခုတော့ ရောက်နေတဲ့ အနေအထားမှာဘဲ ကြိုးစားနေရတယ်

    ReplyDelete
  10. အစ်ကိုရဲ့ စာလေးက ကျွန်တော့်အတွက် အတွေးတစ ညဏ်အလင်းပေါက်စေပါတယ်။
    နောက်ထပ်လည်း ဒီလိုမျိုးတွေးခေါ်စဉ်းစားစရာ စာပေလေးတွေရေးနိုင်ပါစေ။

    ReplyDelete
  11. မှန်တာပေါ့ အခုတော့ကိုယ်ဝါသနာပါတာကိုတောင်သေချာမသိခဲ့လို လုပ်ချင်တာကတခုလုပ်နေရတာကတခုဖြစ်နေတယ်

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List