Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Wednesday, June 20, 2012
ဆိုင်းမဆင့်ဗုံမဆင့်...
     ကျွန်တော်တို့ မြန်မာစကားမှာရှိပါတယ်.။ဆိုင်းမဆင့် ဗုံမဆင့်တို့.၊ ခရီးရောက်မဆိုက်တို့..။ အဲဒီလိုစကား
တွေရှိပါတယ်.။ဒါက ဘာကိုပြောတာလဲဆိုတော့ အမှတ်မထင် လူတစ်ယောက်နဲ့တစ်ယောက်တွေ့တွေ့ချင်း
မှာ စကားဦးမသန်းပဲနဲ့ ပြောလိုက်တာမျိုး.၊ ကိစ္စတစ်ခုကို အမှတ်မထင် လုပ်လိုက်တာမျိုးကိုဆိုလိုတာပါ.။
ကျွန်တော် စာမရေးပဲ ပျောက်နေတာလဲ ကြာပါပြီ.။ဘာလို့ပျောက်နေတာလဲ ဆိုတာ မသိသူထက် သိသူများ
မယ်ထင်ပါတယ်.။ဟုတ်ကဲ့မောင်မိုးသက်တစ်ယောက် မပြီးဆုံးသေးသောပညာရေးခရီးရဲ့ လမ်းကွေ့တစ်နေ
ရာကိုကျော်ဖြတ်နေလို့ပါ.။ ပွင့်ပွင့်လင်းလင်း (ဒဲ့) ပြောရရင်တော့ စာမွဲ ဖြေနေတာဖြစ်ပါတယ်.:D.။(သည်းခံ
ပါခင်ဗျ.။ကျွန်တော်ကတစ်ခါတစ်ခါ ဖောက်တတ်ပါတယ်. :D. ။)
     ဒီကြားထဲမှာ အများကြီးဖြစ်ပျက်ခဲ့တာတွေအများကြီးပါပဲ.။ရခိုင်ကိစ္စတွေဖြစ်တယ်.။ ဘင်္ဂလားဒေ့ရှ်နဲ့
ဆိုက်ဘာ တိုက်ခိုက်မှုတွေ အပြန်အလှန်ဖြစ်တယ်.။အဲဒီမှာ ကျွန်တော် တစ်စုံတစ်ရာကို သတင်းဆိုးများကြား
ကနေ သတင်းကောင်းတစ်ခုအဖြစ်နှစ်ထောင်းအားရစွာမြင်မိတာ(၂)ခုရှိပါတယ်.။
ပထမတစ်ခုက ဘယ်လို ကွဲလွဲမှုတွေရှိပါစေ..။ လူမျိုး၊ ဘာသာ ၊သာသနာ နဲ့ပတ်သတ်လာရင် မိမိတို့ကွဲလွဲ
မှုတွေကို အားလုံးက မေ့ထားပြီးတစ်စိတ်တည်းတစ်ဝမ်းတည်းဖြစ်သွားတဲ့ မြန်မာတွေရဲ့ မျိုးချစ်စိတ်ဓါတ်
ကို မထင်မှတ်ပဲတွေ့ရတယ်.။ဒါကတစ်ချက်.။
နောက်တစ်ခုက ကျွန်တော်တို့ရဲ့နောက်ပိုင်းတော်တော်လေးကိုငယ်တဲ့ လူငယ်တွေကို ပညာရပ်နယ်ပယ်
အသီးသီးမှာတွေ့လာရတာပါ.။ ဒီကိစ္စကိုအရင်ကတည်းက ရေးမယ်လို့တေးထားပါတယ်.။
ဥပမာပြောရင်.GhostArea.net hacking blog ကိုရေးတဲ့ Negative Thunder (၁၈ နှစ်)
Myanmar Hacker Uniteam က Cyber Coder ဆိုတဲ့ညီလေးကလည်း ၁၈ နှစ်ပဲ.။ ကျွန်တော်တို့ဘလော့
ဂါတွေထဲမှာလည်းထူးထူးခြားခြား ညီလေး ၀ိဝိက.၁၅နှစ်လောက်ပဲရှိသေးတယ်.။ဘာသာပြန်ဆောင်းပါးတွေ
ရေးနေတဲ့ စင်ကာပူက ညီမလေးဖြူအိတို့ အစရှိသဖြင့်ပေါ့.။ ဘာပဲပြောပြော ကိုယ့်နောက်က Generation
တစ်ခုရဲ့ အုတ်မြစ်ကို ခိုင်ခိုင်မာမာတွေ့ရတဲ့အတွက် ကျွန်တော် အတိုင်းမသိဝမ်းသာမိပါတယ်..။
ဒီလိုလူငယ်လေးတွေ အများကြီးရှိပါသေးတယ်.။
      စာမေးပွဲကိစ္စကတော့ရှင်းပါတယ်.။ ပထမနှစ်ရဲ့ နောက်ဆုံးစာမေးပွဲကိုဖြေရတာပါ.။ပုံမှန်လေးစာလုပ်
သွားတော့အခက်အခဲမရှိခဲ့ပါဘူး.။စာမေးပွဲမဖြေခင်က. မြန်မာပြည်ကိုပြန်မယ့်အစ်ကိုတွေကိုနှုတ်ဆက်ဖို့
မော်စကို မြို့ရဲ့ဟိုဘက်ကို တစ်နာရီလောက်ကားစီးရတဲ့ မြန်မာလို မြို့စိမ်းကလေး လို့နာမည်ရတဲ့မြို့ကို
သွားခဲ့ပါသေးတယ်.။အဲဒီတုန်းက တစ်ခါမှ ကားမမူးဖူးဆိုတဲ့သူငယ်ချင်းနှစ်ယောက်ရော ကျွန်တော်ပါ အလဲ
လဲအကွဲကွဲဖြစ်ခဲ့တဲ့နေ့ ပါ.။ယာဉ်ကျောပိတ်ဆို့နေတာကြောင့် ဖြည်းဖြည်းလေးသွားလိုက် ဆောင့်ပြီးရပ်လိုက်
နဲ့.ဆိုတော့ တောင်ပေါ်လမ်းမှာ ကားမမူးခဲ့တဲ့ မောင်မိုးသက်တစ်ယောက်ခေါင်းမထူနိုင်ပါဘူး.။ဇကောထဲ
ဇီးဖြူသီးထည့်ပြီးလှိမ့်သလို မဟုတ်ပါဘူး.။နို့ဆီခွက်ထဲ ဆီးဖြူသီးထည့်ပြီးခလောက်သလိုပါပဲ.။ ဒီကြားထဲ
ဘေးက ထိုင်တဲ့အဘွားကြီးက သူ့အသားကိုမတော်တဆထိမိရင်ယောင်တတ်လို့ မနည်း ဂရုစိုက်ရပါသေး
တယ်.။ 
         ကားပေါ်ကနေ လှမ်းဆွဲလိုက်တာ..။ မော်စကိုမြစ်ကြီးပေါ့ဗျာ.။
               သွားရင်လာရင်ရိုက်ခဲ့တဲ့ ဘုရားရှိခိုးကျောင်းတစ်ခု..
ဒါက အပြန်ရထားပေါ်ကရိုက်ထားတာထင်တာပါပဲ. ဘာတိုင်ကြီးလဲတော့မသိဘူး.. :D။
       ဟိုရောက်တော့ ညနေပိုင်းမှာ ဂါဒီယန်ရဲ့သူငယ်ချင်းနဲ့ မုန့်စားလိုက်သွားရင်းကနေ ဟိုဟိုသည်
သည် ကားပတ်မောင်းဖြစ်ပါသေးတယ်.။ မြန်မာနိုင်ငံမှာကတည်းက ကားမောင်းသင်တုန်းက ကျွန်တော်
မောင်းရင် နောက်မဆုတ်တတ်ဘူး.။နောက်ဆုတ်ရင် တစ်ခုခုနဲ့မတိုက်ရင် မြောင်းထဲကျပါတယ်.။
မမောင်းတာလဲ ကြာပြီဆိုတော့ မမောင်းဖြစ်ခဲ့ပါဘူး.။
       အဲဒီကနေ လူရှင်းတဲ့ဘက်ပတ်မောင်းကြရင်းနဲ့ သင်္ချိုင်းတစ်ခုကိုရောက်ပါတယ်.။ဟိုဟိုသည်သည်
ဓါတ်ပုံရိုက်ရင်းဆိုပါတော့.။ သင်္ချိုင်းလေးကလည်း ပန်းပေါင်းစုံနဲ့ အနံ့အသက်ကင်းလို့ လှပနေတာကိုတွေ့
မိပါတယ်.။
 ဓါတ်ပုံရိုက်ရင်းနဲ့ အဆောင်ရောက်လို့ပြန်ကြည့်ရင် သရဲမ ပုံတွေဘာတွေပါလာမလားတွေးမိပါသေးတယ်။
         အားလုံးကောင်းပါသည်..ခင်ဗျား..လို့ပြောရမှာပေါ့. .။ကြားထဲမှာ ပျက်ကွက်ခဲ့တာတွေအတွက်..
မောင်နှမများနားလည်ပေးကြမယ်ထင်ပါတယ်.။အော်. မေ့တော့မလို့.. ။မနေ့က ဆရာစိုင်းခမ်းလိတ်သီချင်း
တွေပြန်ဆိုထားတဲ့အခွေနားထောင်မိပါတယ်.။ ယနေ့ခေတ်အဆိုရှင်တွေပြန်ဆိုထားတာပါ.။ ပွင့်ပွင့်လင်း
လင်းပြောရရင်. ကိုထီးသီချင်းတွေ ကိုပြန်ဆိုမယ့် အဆိုရှင်ဟာ အင်မတန်တာဝန်ကြီးပါတယ်.။ တစ်ခေတ်
တစ်ခါက ကရုဏာသံပိုင်ရှင်ရယ်လို့ နာမည်ကြီးခဲ့တဲ့ ကိုထီးအသံနဲ့မတူနိုင်ရင်တောင်ဆိုပုံဆိုပေါက်တူ
အောင်ဆိုရမယ်လို့ ကျွန်တော်ထင်မိပါတယ်.။ဒါပေမယ့် နားထောင်ရတာ ရင်ထဲမှာ မကောင်းပါဘူး.။
ဘယ်တီးဝိုင်းနဲ့တီးသလဲတော့ ကျွန်တော်မသိပါ.။ ဒါပေမယ့် မိမိဖာသာ ပြောင်းလဲ တီးခတ်လိုက်တော့ သီ
ချင်းရဲ့ မူရင်း အနှစ် တွေပျောက်ကုန်သလိုပါပဲ.။ Rock ဆိုနေကြသူက Rock ပုံစံနဲ့ဆိုပစ်လိုက်ပါတယ်.။
Punk တွေဆိုနေကျသူက Punk ပုံစံပြောင်းပစ်လိုက်ပါတယ်.။ ပြောရမယ်ဆိုရင် သီချင်းတွေပျက်စီးသွား
တယ်လို့တောင်မြင်မိပါတယ်.။ ဘယ်လို Band တွေ သုံးသုံးဘယ်လို စက်တွေသုံးသုံးပါ.။ Analog ခေတ်
က ကိုထီးဆိုခဲ့တဲအခွေကို ခြေဖျားတောင်မမီတာအမှန်ပါ.။ (ကြုံရင်နားထောင်ကြည့်ပါခင်ဗျာ..)
 ကဲ ပြောခဲ့တာတွေလည်းများသွားပါပြီ.။ အားလုံးလည်း လတ်တလောအခြေအနေအရ စိတ်တွေပင်ပန်းနေ
ကြမယ်ထင်ပါတယ်.။အဲဒါကြောင့်ဒီနေ့တော့ ဒီလောက်ပါပဲလို့.....။
ရေးသားသူ : မိုးသက် // 4:23 PM
အမျိုးအစား:
11 comments:
  1. This comment has been removed by the author.
    ReplyDelete
  2. မော်စကိုမြစ်ကို.တစ်နေ့ တော..လာကြည့်ချင်လိုက်တာ...
    တစ်နေ့ တော့..လာခဲ့ရမယ်.မော်စကို..ကို
    ReplyDelete
  3. @၀ိဝိ.
    လာခဲ့ပါညီလေး.အစ်ကိုမပြန်သေးရင် မင်းကို နေရာအစုံလိုက်ပို့မယ်..။ .
    ReplyDelete
  4. သချိုင်းထဲတောင်အလွတ်မပေးတဲ့ဘလော့ဂါများး)
    မြန်မာလူငယ်များအတွက်အင်မတန်ဂုဏ်ယူမိပါတယ် .
    ချစ်ခင်လျှက်
    အမ
    မဒိုးကန်
    ReplyDelete
  5. ဘလော့ဂါကြီးတွေ ဘယ်ဟာမှ အလွတ်မပေးပါလား ဟရို့.....
    လာအားပေးသွားတယ်နော်အကို ။
    စာမွဲဖြေနိုင်ပါစေ ညီဆုတောင်းပေးတယ်။
    လေးစားလျက်
    ReplyDelete
  6. မုန့်လုံးရေပေါ်ကြီး ပြန်ပေါ်လာပြီ ဟီးဟီး
    စာမွဲရှိတာကို သူရေးလိုက်မှ ငါ့မှာ တော်တော်တွေးလိုက်ရတယ် >.<
    ReplyDelete
  7. ဆိုင်းမဆင့် ဗုံမဆင့် သမီးက ပါလာသေးတယ်လား xD
    ReplyDelete
  8. အရမ်းလှတဲ့ မော်စကိုမြစ်ကြီး ကိုကြည့်ခဲ့ရလို့
    လာဖတ်ရတာဝမ်းသာမိတယ်
    ReplyDelete
  9. ကင်မရာမန်းတော်တယ် သုဿန်တောင်မချန်ဝူး
    သတ္တိရှိချက်ဗျာ
    ReplyDelete
  10. သူများတွေ လည်တာပတ်တာ တွေ့ရင် မနာလိုထှာနော်.. ကိုယ်မှ မသွားနိုင်တာလို့...:)))
    ReplyDelete
  11. မေ့မောင်လေး ပျောက်နေတာကိုတော့ လွမ်းနေမိသားပဲ။
    စာမေးပွဲ ဖြေနိုင်တယ်မဟုတ်လား။
    အခုတော့ နားရက်လေးမှာ ပျော်ရွှင်စွာ အေးအေးဆေးဆေး အနားယူပေါ့။
    ReplyDelete
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......
My Blog List