Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Sunday, May 13, 2012
ငါသေသွားခဲ့ရင်...
အရာရာမတည်မြဲတဲ့လောကကြီးထဲမှာ...
ငါတကယ်လို့ အမှတ်မထင်သေဆုံးသွားခဲ့ရင်..
- ဖန်တီးခဲ့တဲ့. ၊ ဖန်တီးနေဆဲ အရာအားလုံးအတွက်
   ငါနှမြောတယ်....
   အဲ့ဒီအတွက်..
   လောကကြီးကို တာဝန်မကျေမှု အတွက် ခွင့်လွှတ်ဖို့ပြောပေးပါ....။
- ထမ်းဆောင်ခဲ့တဲ့ ၊ ထမ်းဆောင်နေဆဲ့ ၀တ္တရားအားလုံးအတွက်
  စိတ်မကောင်းဖြစ်တယ်...
  အဲဒီအတွက်...
  မိခင်နိုင်ငံတော်ကို..အလေးပြုတောင်းပန်ခဲ့ကြောင်း ပြောပေးပါ....။
- မျှော်လင့်ခဲ့တဲ့ ၊ မျှော်လင့်နေဆဲ အိပ်မက်အားလုံးအတွက်
  အဲဒီအတွက်..
  နောင်လာမယ့်သူတွေကို ငါ့အိပ်မက်တွေအကြောင်းပြောပေးပါ...။
- ငါ့ကိုချစ်ခဲ့သူ ၊ငါ့ကိုချစ်တဲ့သူတွေ အားလုံးအတွက်
  အားနာတယ်...
  သူတို့ကို ၀တ္တရားပျက်ကွက်မှုအတွက် ခွင့်လွှတ်ဖို့ပြောပေးပါ...။
- ငါချစ်ခဲ့တဲ့..၊ ချစ်နေဆဲ.၊ အမြဲချစ်သွားမယ့်..
  အမြတ်နိုးဆုံး သူမ အတွက်လည်း...
  ငါ ကြေကွဲတယ်...
  သူမ ကို..
  ငါမသေဆုံးမီက
  ဒီလောကကြီးထဲမှာ
  သူမကိုဘယ်လောက်ချစ်ခဲ့တယ်..
  ဘယ်လောက်မြတ်နိုးခဲ့တယ်..
  ဘ၀ တစ်ခုလုံးစာ နှစ်မြုပ်ပြီး...
  (သူမကလွဲရင်) အရာရာကိုဆန့်ကျင်ခဲ့တယ်
  သူမက ငါ့ရဲ့ ကမ္ဘာတစ်ခု ၊ ငါ့ရဲ့ အသက်တစ်ခု ၊ ငါ့ရဲ့ ဘ၀တစ်ခု လို သဘောထားခဲ့တယ်
  ရှင်သန်ခြင်းနဲ့ ဆက်စပ်တဲ့ ရင်ခုန်သံတိုင်းမှာ...
  သူမ အကြောင်းကိုတွေးတောနေတယ်...
  ပြီးတော့...
  အဲဒီလိုတွေးတောရင်းနဲ့ပဲသေဆုံးသွားတယ်ဆိုတာ...
  သူမ သိအောင် ပြောပေးပါ...။
ရေးသားသူ : မိုးသက် // 8:57 AM
အမျိုးအစား:
11 comments:
  1. ချစ်တတ်ပါပေ့ကွယ်..
    ချစ်သူတိုင်းပျော်ရွှင်စွာပေါင်းနိုင်ကြပါစေ
    ReplyDelete
  2. အမောင်ပြောက်ကျားတိုင်းပြည်အားကို ဘာများမှာကြားလိုသနည်း။ ဟီးဟီး
    ဖတ်သွား အားပေးသွားတယ်နော်အကို
    ReplyDelete
  3. အရေးအသားတွေကတော့ ပြောင်မြောက်တယ်နော်။ ဖတ်တဲ့သူတိုင်းရဲ့ရင်ထဲမှာ တစ်ခုခုကျန်ခဲ့မှာ သေချာတယ် ~~~~
    ReplyDelete
  4. သူမကိုပြောပေးပါမယ်စိတ်ချပါ
    ReplyDelete
  5. ခံစားသွားတယ် သယ်ရင်းရေ...:)))
    ReplyDelete
  6. အကို အားလုံးကို တတ်နိုင်သလောက် ပြောထားပေးပါ့မယ် ညီလေး..
    သွားစရာရှိတဲ့ခရီးကိုသာ ဖြောင့်ဖြောင့်သွားပါ :D
    ReplyDelete
  7. ငါ့မောင်ရေ...
    အားတင်းထားပါဦးး)
    အလကားနောက်တာပါ...
    ဒီလိုအတွေးနဲ့ စာလေးတစ်ပုဒ်ဖြစ်အောင် စဉ်းစားတက်တာကိုပဲ ချီးကျူးပါတယ်..စာကောင်းလေးတွေ များများရေးနိုင်ပါစေ..
    ခင်တဲ့
    အမ အိမ်မက်
    ReplyDelete
  8. အမအတွက်အရမ်းတိုက်ဆိုင်နေလို့ fbကshareခွင့်ပြုပါ....
    ကျေးဇူးတင်ပါတယ်........
    by satekuchochomyar blog
    ReplyDelete
  9. မြတ်နိုးသူ(MUFL)July 27, 2012 at 7:20 AM
    ရှင်သန်ခြင်းနဲ့ ဆက်စပ်တဲ့ ရင်ခုန်သံတိုင်းမှာ...
    သူမ အကြောင်းကိုတွေးတောနေတယ်...
    ပြီးတော့...
    အဲဒီလိုတွေးတောရင်းနဲ့ပဲသေဆုံးသွားတယ်ဆိုတာ...
    သူမ သိအောင် ပြောပေးပါ.
    ဘယ်ကိုသွားပြောပေးရမလဲနော်သွားပြောပေးမယ်လေလိပ်စာလေးပေးခဲ့ပါလား
    အားပေသွားပါတယ်နော်
    ReplyDelete
  10. မဟာဆန်သူAugust 7, 2012 at 3:05 AM
    အော်..ဒီလောကမှာ ဒီလိုချစ်တတ်တဲ့သူတကယ်ရှိတယ်ဆိုတာ
    ယုံကြည့်ခဲံပါတယ်
    ReplyDelete
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......
My Blog List