Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Sunday, April 15, 2012

သင်္ကြန်တဲ့လား.။

၁၃-၄-၂၀၁၂(မဟာသင်္ကြန်အကျနေ့.)
           သင်္ကြန်တဲ့.။ သင်္ကြန်ဆိုတာ ကလေးတုန်းကလို ဘာညာရှင်းပြမလို့တော့မဟုတ်ဘူး.။အား
လုံးလည်းသိပြီးသားဖြစ်မှာပါ.။သင်္ကြန်ဆိုသည်မှာလို့ ခေါင်းစဉ်တပ်လိုက်တာက. သင်္ကြန်ဆိုတာ ဘာမှန်းမသိ
လိုက်လောက်အောင်ဖြစ်သွားတဲ့..။သင်္ကြန်အကျ နေ့အကြောင်း ညည်းတွားဦးမလို့ပါ..။
      အစောကတည်းက ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျွန်တော်တို့ မုန့်ဟင်းငါးချက်ဖို့ပစ္စည်းတွေသွား
ဝယ်ကြတယ်.။ ကျွန်တော်ရယ်.  ကျွန်တော်တို့ အပတ်စဉ်က မေဂျာခေါင်းဆောင်နဲ့. ကျန်တဲ့သူငယ်ချင်း
တစ်ယောက် သုံးယောက်ပေါ့.။ မာရီနာရိုရှာ ဆိုတဲ့ ဘူတာနားက အာရှန် ဟိုက်ပါမားကတ်ကိုသွားကြတယ်.။
ကျွန်တော်ကအရင်က အဲဒီမားကတ်ကို အရင်က တစ်ခါမှ မရောက်ဖူးဘူး.။ အာရှန်အကြီးကြီးတစ်ခု ရှိတယ်
ဆိုတာတော့သိပါတယ်.။အဲဒီ အာရှန်ဆိုတာ ရုရှားရဲ့ ဝေါမတ်လို့ပြောရမယ်ထင်တယ်.။ကုန်စိမ်းတွေကအစ
ပရိဘောဂအဆုံးအကုန်ရတဲ့နေရာတစ်ခုပေါ့.။ မော်စကိုမှာတော့ အာရှန်တွေအများကြီးရှိတယ်.။ဘယ်နှခု
လောက်ရှိလဲတော့ မသိပါဘူး.။ ကျွန်တော် သိတာက ၄ ခု လောက်ရှိတာပေါ့.။
မာရီနာရိုရှာ ဘူတာ ကနေ မြေပေါ်ကို ပြန်တက်တဲ့ စက်လှေကားမှာ အောက်ကို လှမ်းရိုက်ထားတာ.။



        အာရှန် စီးတီး ဟိုက်ပါမားကတ်တဲ့.. ရှေ့မှာရေးထားတယ်.။
        အထဲကိုရောက်တော့ မှာလိုက်တဲ့ ပစ္စည်းတွေဝယ်ကြတယ် ။ဟိုတစ်နေ့ကတွေ့ခဲ့တဲ့စပါးလင်ကိုလည်း
ရှာမတွေ့ဘူး.။ မုန့်ဟင်းခါးချက်ဖို့က စပါးလင်မပါရင်မကောင်းဘူးလေ.။ စပါးလင်ကိုရုရှားလို ဘယ်လိုမေးရ
မလဲမသိဘူး. Муж риса (စပါးရဲ့လင်ယောက်ျား) လို့သွားမေးရင်ကောင်းမလားလို့စဉ်းစားနေသေးတယ်.။
နောက်မှ ပေါက်ကရတွေဖြစ်နေမှာစိုးလို့ အဲဒီပေါကြောင်ကြောင် အတွေးကိုဖျောက်လိုက်ရတယ်.။ ကျန်တဲ့
ခွက်တွေ. ။ ဆရာမတွေကို လက်ဆောင်ပေးရင်ထုပ်ဖို့ ပါကင်စက္ကူတွေ ၊ ဖဲကြိုးတွေ.၊ လိုက်ရှာနေတာနဲ့..။
အချိန်က သုံးနာရီလောက်ကုန်သွားတယ်.။

       အဲဒီမှာကျွန်တော် လိုချင်တဲ့ မိုက်ကို ရှာလို့မရဘူးဖြစ်နေတယ်.။ ကျွန်တော်အခုရှိတဲ့မိုက်က အသံသိပ်
မထွက်ဘူးလေ.။ သီချင်းဆို ပြိုင်မှာဆိုတော့ အသံမထွက်လို့မှမရပဲ.။ အဲဒီတော့မိုက်ကိုရှာရတယ်.။ ဒါပေမယ့်
မတွေ့ဘူး.။ အဲဒါနဲ့ ဖုန်းလှမ်းဆက်တော့.. အဆင်ပြေသလိုလုပ်ခဲ့ပါတဲ့.။ အဲဒီတော့ဟိုးအောက်ကခါတိုင်းသွား
နေကျ.လီနင်စကီးလမ်းမ နားက အာရှန်ကိုထပ်သွားဖို့လုပ်ရတာပေါ့.။မသွားခင် ဦးရွှေရိုးနဲ့ ဒေါ်မိုးကဖို့.ဒေါ်မိုး
အတွက် ဘရာစီယာ ၀ယ်ဖို့ကြံကြတယ်.။ ဘယ်လို ၀ယ်ရမယ်ဆိုတာလည်းမသိဘူးလေ.။ ကျန်တဲ့ပစ္စည်းတွေ
ကို သံရုံးက ငှားလာပေမယ့်. ဒေါ်မိုးအတွက် ဘရာ လိုနေတာ.။ နဲနဲ မာတာ ၀ယ်လာခဲ့တဲ့ . ။မှာလိုက်တဲ့သူက
ဒီအတိုင်းမှာလိုက်ပေမယ့် ၀ယ်ရမယ့်အဖြစ်က.. ဘရာလိုသူ ဒေါ်မိုး.၊ အခိုး အဲလေ. အသွားစေခိုင်းသူဇာတ်ဆ
ရာ.၊(ရှေ့ကမိုးနဲ့ ကာရံသွားထပ်မိလို့ ဗျာ ဟီး..)၊ အရှာတော်သူ သုံးဦး အနက်တွင်မှ ကံကွက်ကြားသူကျွန်
တော် မောင်မိုးသက် ကို ခေါင်းဆောင်တင်ပြီး.. အမျိုးသမီး အတွင်းခံတွေရောင်းတဲ့ ဆိုင်ထဲကို တွန့်ဆုတ်
တွန့်ဆုတ်နဲ့ ၀င်လာခဲ့ကြတာပေါ့ဗျာ.။ (ဓါတ်ပုံတော့မရိုက်ခဲ့ဘူးဗျာ..၊ ကိုယ့်ဖာသာ ရှက်နေလို့. )
     အထဲရောက်တော့ အထဲက ဆိုင်ကရုရှားမက..ဖုန်းပြောနေလို့ သူ့ကိုစောင့်ရင်း ကိုယ့်ဖာသာ.ရွေးနေကြ
တယ်. ။ဟို အကြားလေး လှမယ်ထင်တယ်.။ အာ . မဲလုံးနဲ့တော်ပါ့မလားကွ..။ အစ်ကိုကြီးက တောင့်တာရွေး
ခဲ့ လို့ပြောထားတယ်.။အမဲလေးကမာမယ်ထင်တယ်.။မှန်း ညှစ်ကြည့်မယ်.အင်းမဆိုးဘူးကွ.ဘာညာပေါ့ဗျာ
ကိုယ့်ဖာသာရွေးနေတုန်း..။စောစောက ရုရှားမက..ဘာလာဝယ်တာတုန်း ဘာညာနဲ့ရောက်လာပါလေရော.။
အဲဒီမှာ စပြီး လစ်တာပဲ.။ ကျွန်တော်တို့က အဲလိုပေါ့ဗျာ.။ အဲဒါလာဝယ်တာပါဆိုတော့.. ဘာမှ မမေးပဲ ဈေးကို
ပြောတယ်။ နောက်တော့လည်း  သင့်တော်တဲ့ဟာတစ်ခု ၀ယ်လာခဲ့ရတယ်ဗျာ.။ ဒါပေမယ့် အဲဒီမိန်းမကြည့်တဲ့
အကြည့်ကြီးက တစ်မျိုးကြီး ကျွန်တော်တို့တွေကိုပဲ အခြောက်တွေလိုလို ဘာလိုလိုနဲ့. တော်တော်ခံရခက်
တယ်.။  
       အဲဒီနေ့က ပြန်ရောက်တော့ မုန့်ဟင်းခါးချက်တဲ့ ပုဂ္ဂိုလ်တွေဆီကို ပြေးပြီးမှတ်တမ်းတင်ရသေးတယ်.။


























  ထမင်းလွတ်မြည်းကြမယ့် ချက်ပြုတ်ရေးအဖွဲ့ပေါ့ဗျာ. ။
    



























ကြက်ဥ လှီးပြီးစီထားတာ ကဗျာဆန်နေသလိုလို..

၁၄-၄-၂၀၁၂ (မဟာသင်္ကြန်အကြက်နေ့..) 
      မနက်ခင်း မထစဖူး. ၇ နာရီ ကျတော့ အလေ့အကျင့်အတိုင်း ဖျက်ကနဲနိုးလာတယ်.။အရင်ဘယ်နှနာရီ
ထထ . ၇ နာရီထမယ်လို့ စိတ်ပိုင်းဖြတ်ပြီးတာနဲ့ ၇ နာရီ အတိပဲ နိုးလာတယ်.။ နိုးနိုးချင်း ရေမိုးချိုး အ၀တ်အ
စားလဲနေတုန်းကျမှ ကြိုဆိုရေးအဖွဲ့ပါတဲ့သူငယ်ချင်းက အမျိုးသား ၀တ်စုံလေး လာတောင်းသွားတယ်.။ သူ
က ကြိုဆိုရေးဆိုတော့ ကျွန်တော် က Suit ပဲဝတ်ရတော့တာပေါ့.။
      အောက်က ကွန်ပျူတာနဲ့ သူငယ်ချင်းဆီက 5 channel Woofer အကြီးကြီးချတယ်.။လိုတာတွေပြင် .။
အသံတွေဘာတွေစမ်းရသေးတယ်.။


























ဘာမှ မပါပဲရိုးရိုးရှင်းရှင်းလေးပါပဲ.။ 
      ကျွန်တော်တို့ပထမနှစ်တွေချည်းပဲနေတဲ့ကျောင်းဆိုတော့ လူလေး ၂၈ ယောက်စာနဲ့ ဆရာဆရာမတွေ
အတွက်ပဲဆိုတော့ သင်္ကြန်လေးက ကပွဲတွေဘာတွေမလုပ်ပဲ ရိုးရိုးရှင်းရှင်းလေးပါပဲ.။ ရိုးရာမပျက်ပဲ ဆရာ
မတွေကို မြန်မာဆိုတာ ဒီလိုရှိတယ် ဆိုတာ ပြချင်လို့ပါ.။
       ၁၀နာရီထိုးတော့ ဆရာမတွေလာတယ်.။ ကျွန်တော်တို့ ကျောင်းသားခေါင်းဆောင်က သင်္ကြန်အကြောင်း
နဲ့ မိတ်ဆက်စကားကို ရုရှားဘာသာနဲ့ ပြောတယ်။ ပြီးတော့ဆရာမတွေကို မုန့်ဟင်းခါး နဲ့ ရှန်ပိန် နဲ့ဧည့်ခံပါ
တယ်။ ကျွန်တော်တို့ကတော့ နောက်မှာ တုပ်ကြတာပေါ့.။
ဆရာမပွဲကို နှိုက်ဖို့ချောင်းနေတဲ့ မောင်မောင်. ။
    ကျွန်တော်တို့ကတော့ ကိုကာကိုလာ နဲ့ မုန့်ဟင်းခါးပေါ့.။ နောက်တော့ သီချင်းဆိုပြိုင်ပွဲ စပါတယ်.။































ဦးရွှေရိုး နဲ့.. ဒေါ်မိုး..(ဒေါ်မိုးကဘယ်ပျောက်နေပါလိမ့်)


























လှဘူးလား လို့. ဟီး..


























မယ်မယ်..ရှက်နေလိုက်တာ..


























ဆရာမများနှင့်. အစ်ကိုကြီးများက ရုရှားသီချင်း ကာကျူးရှာ နှင့် ဆက်ဖျော်ဖြေကြပါတယ်.။
































 အားလုံးပြီးတော့ဆုရတဲ့ သူငယ်ချင်းတွေနဲ့ဆရာမတွေကို ပန်းစည်းများလက်ဆောင်ပေးကြပါတယ်.။
  
မင်းသားက နောက်ဆုံးမှပေါ်လာတော့တယ်...။ (အဲ့ဒါ အပေါ်ကိုတက်ပြီး ဖုန်းခိုးဆက်ပြီးပြန်ဆင်းလာတဲ့မျက်နှာ.. )
       ဘာပဲပြောပြောပေါ့ဗျာ.။ ကျွန်တော်တို့ ရဲ့ ရိုးရာမပျက်ပဲ သင်္ကြန်လေးကို ဆင်နွှဲခွင့်ရခဲ့တဲ့အတွက် သိပ်ကို
ဝမ်းသာပါတယ်. ။ ဆရာမတွေထဲက စာသင်အင်မတန်ကောင်းတဲ့ ဆရာမ အာလျော့နာ က ဒေါ်ခင်မျိုးချစ်လို့
တင်စားရလောက်အောင် လူမျိုးကြီးဝါဒရှိပါတယ်.။ သူတောင် တော်တော် အံ့အားသင့်သွားတဲ့အကြောင်းကို
နိဂုံးနှုတ်ဆက်စကား ပြောတော့ ထည့်ပြောသွားတာကိုတွေ့ရတော့..ရင်ထဲမှာ ပြောမပြတတ်အောင် ၀မ်းသာ
မိပါတယ်..။ ဘာပဲပြောပြောပေါ့ဗျာ.။ အရှေ့တိုင်းသားတွေရဲ့  အထူးသဖြင့် ကျွန်တော်တို့ မြန်မာတွေရဲ့ ချစ်စ
ရာကောင်းတဲ့ ဓလေ့ ထုံးတမ်းတစ်ခုကို အခုလို ဥရောပက လူတွေကိုထုတ်ဖော်ပြသခွင့်ရတဲ့အတွက် ကျွန်
တော်က တော့ အင်မတန်ဝမ်းသာမိပါတယ်.။
     သင်္ကြန်ကာလတစ်လျှောက်လုံး Facebook မှာ ပျံ့နေတဲ့ ပုံ တွေကိုတွေ့ရတော့ ရင်ထဲမယ်မကောင်းဘူး
ဗျာ..။ ကိုယ့် သားသမီးလက်ထက်ကျရင်ဘယ်လိုများဖြစ်နေမလဲဆိုတာ မတွေးတတ်တော့ဘူး.။ လွတ်လပ်
မှုကို အလွဲသုံးစားလုပ်ပြီး.၊ အခွင့်အရေးကို လက်တစ်ဆုံးနှိုက်ချင်တဲ့စိတ်ဓါတ်တွေနဲ့တော့.အနာဂါတ်က ရင်
လေးဖို့ကောင်းတယ်လို့ထင်ပါတယ်.။ကဲ ပုံတွေလည်းအရမ်းများသွားပါပြီ.. ။သဗ္ဗေသတ္တာ ဝေနေယျာ ချမ်း
သာကိုယ်စိတ်မြဲ ကြပါစေဗျာ.။ နှစ်သစ်ကူးကာလမှာ ကုသိုလ်ကောင်းမှုနဲ့မွေ့လျော်ပြီး.၊ စိတ်၏ချမ်းသာခြင်း
ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေဗျာ.။



ရေးသားသူ : မိုးသက် // 2:56 PM
အမျိုးအစား:

11 comments:

  1. ကတာတွေလဲလှ ၀တ်တာတွေလဲလှ မယ် မြန်မာတွေနီးနီးလောက်ကိုလှ :P

    ReplyDelete
  2. ယောက်ျားလေးတွေ ဘရာသွားဝယ်တာကိုပဲ ရီချင်တယ် ဟီးဟီး
    မိန်းကလေးလုပ်တဲ့လူ ၀တ်ထားတဲ့ ထမီက ပုဆိုးကျနေတာပဲ ဟိဟိ အစက ထွက်နေသေးတယ်.. :P
    ဒါနဲ့ မင်းက ဘာလို့ ပုဆိုးမ၀တ်တာတုန်း သူများတွေက ပုဆိုးလေးတွေနဲ့ ဘယ်လောက်လှတုန်း :D

    ReplyDelete
  3. အာအစ်မကလည်း တစ်ယောက်တစ်စုံရှိတဲ့ အမျိုးသားဝတ်စုံလေးကို ဧည့်ကြိုက သူငယ်ချင်းက မသွားလို့ပါဆိုမှ..။အဆောင်မှာနေရင် ပုဆိုးပဲဝတ်တာ အစ်မရဲ့.. ကိုမျိုးချစ်လို့တောင်နာမည်ပြောင်းမလို့.. ။

    ReplyDelete
  4. ကြက်ဥစိတ်လေးတွေ စီထားတာကို သဘောကျတယ်.. တစ်ကယ်အနုပညာဆန်တယ်နော်..။ ပါတိတ်အင်္ကျီနဲ့ သနပ်ခါးဘဲကြားနဲ့ အစ်မကြီးလဲ မိုက်တယ်ဗျို့ :D

    ReplyDelete
  5. မင်းသားကကုတ်အကျီနဲ့ပေါ့လေ..ဟုတ်လား
    ဒေါ်မိုးက လှချက်တော့
    ပြောလိုက်စမ်းပါ မိုးသက်..အမပစ်ပစ်ကပြောတယ်လို့
    ဒေါ်မိုးကလှတယ်လို့ :)

    ReplyDelete
  6. ပုံတွေကြည့်ပြီး ပျော်ဖို့ကောင်းမယ့်ပုံပဲ.. :D.. နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေဗျာ... ဆုတောင်းပေးပါတယ်..း)))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  7. ဒေါ်မိုးကိုကြိုက်သွားပြီဗျို့..:P
    ကိုယ့်သားသမီးကိုယ့်သားသမီးနဲ့သိပ်ကိုတင်တင်စီးစီးရှိတာပဲနော့...
    ပြောကြပါပြောနိုင်တဲ့သူတွေပဲ...:D

    ReplyDelete
  8. ပုံတွေကြည့်ရတာပျော်ဖို့ကောင်းတယ် သူတို့လဲ က တတ်တယ်နော် ဟီး

    ReplyDelete
  9. ပါတိတ်နဲ့ အစ်မကြီးက လန်းတယ်.....:P

    ReplyDelete
  10. မေးစရာ ရှိလို့နော် သနပ်ခါးက ဘယ်ကရတာလဲဟင်...... ဟိဟိ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List