Sunday, February 5, 2023

နှစ်ဖက်သောမိဘများနှင့် မင်္ဂလာမောင်နှံတို့မှ ...


အချစ်သာပါပါစေ ။
အသွားအပြန်ဟာ
အပ်ဖျားတစ်ထောက်စာပဲ ဝေးတယ်
Expiry date မပါတဲ့ ဇောတွေက မောချင်စရာ ။
သောက်နေကျ Lemon Tea တံဆိပ်လေးကနေ
ဖိနပ်ကြိုးပေါ်က Pattern လေးတွေအဆုံး
ငါ့အိပ်ရာဝင်ချိန်တွေကို
မညှာမတာ ခလုတ်တိုက်နေလိုက်ကြတာ။
နဖူးပေါ်က အမာရွတ်လေးကရော
ငါ့အကြောင်းတွေးနေမလား မသေချာ...
သွယ်လျလျ လက်ချောင်းကလေးမှာ
လက်စွပ်အပါးလေးရှိသေးလား။
ငါ့ခေါင်းပေါ် တည့်တည့်ကျတဲ့
အမှောင်နဲ့ အရောင်တွေကို
လူကြားသူကြားထဲ လိုက်လိုက်သိမ်းနေရတဲ့
ယိုဖိတ်မှုတွေကပြဿနာ ။
လက်လွှတ်ဆုံးရှုံးမှုနဲ့
ရှက်ရွံသိမ်ငယ်မှုဟာ
ငါ့တစ်သက်လုံး အပိုင်ရခဲ့တဲ့အရာပဲ။
မြင်ရင်လည်းကြားတယ်
ကြားရင်လည်း မြင်တယ် ။
နာကျင်မှုတွေဟာ
စီမထားလည်း ညီပါတယ်
ညတိုင်းရဲ့ ညလည်စာဟာ
နားရွက်ထဲကို နားထင်ကနေဖြတ်ပြီး စီးတဲ့
မြစ်ပြင် ပူပူတွေ...။
အချစ်သာပါပါစေ။
တချို့ဆုတောင်းတွေအတွက်
ကြယ်တစ်လုံး ကြွေပေးစရာမလို
မနက်ဖြန် ရာသီဥတုသာယာပါစေ
စစ်ပွဲတွေငြိမ်းပါစေ
ချစ်သူနှစ်ဦး ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေ ပေါ့...။ ။
- မိုးသက်ဦးလွင် -
(ဒါနောက်ဆုံးပါပဲ... )

Feb 6, 2023 (Monday)



ရေးသားသူ : မိုးသက် // 6:36 PM
အမျိုးအစား:

0 comments:

Post a Comment

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List