Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, December 16, 2014

Sweet December!

ဘလော့မှာ ဘာပို့စ်မှလည်း မတင်တာကြာပါပြီ.။ လူကလည်း အလုပ်ရှုပ်နေတာရော အင်တာနက် လိုင်းမကောင်းတာကြောင့်လည်းပါတာပေါ့..။ အားလုံးကိုတော့ သတိရပါတယ်…။ တပ်ကနေ ပြောင်းသွား တဲ့အချိန် ဒီဖက်မှာ ကွန်ပျူတာနဲ့ပတ်သတ်တဲ့အလုပ်တွေ လုပ်နေရတာဆိုတော့ နည်းနည်းတော့ ကိုယ့်ဝါသနာ နဲ့နီးတော့ ပိုအဆင်ပြေပါတယ်.။ လောလောဆယ် ကျေနပ်တာက ကိုယ့်တာဝန်ကိုယ် ကျေရင် ကိုယ်ပိုင်အချိန်ကို အပြည့်အဝ သုံးခွင့်ရတာလေး သဘောကျတယ်.။ ခုတော့ ဓာတ်ပုံတွေ ပြန်ရိုက်ဖြစ်နေတယ်.။


ဒီပုံက စနေနေ့ညက ရေပန်းဥယျာဉ်မှာ ရိုက်လာတဲ့ပုံ.။ Long Exposure ခေါ်တာပေါ့.။ Aperture အလင်းဝင်ပေါက်ရဲ့ ပိတ်ချိန်ကို ကြာပေးလိုက်တော့ ကြားထဲမှာစီးသမျှ ရေတွေကို အကုန်ဖမ်းထားလိုက်တဲ့သဘောပေါ့.။ တစ်ခုရှိတာက လှုပ်နေတာကိုရိုက်ရင် အဲဒီလို ရောသွားပါတယ်.။ ဆိုလိုတာက လူရိုက်လို့ မရဘူးပေါ့.။ Tripod တော့ သုံးရပါတယ်.။ (Click နှိပ်ပြီး ချဲ့ကြည့်လို့ရပါတယ်.
)

နောက်တစ်ပုံကတော့ လှေခွင်းတောင်မှာ ရိုက်လာတဲ့ပုံ.။ Ultra Wide Lens မရှိလို့ ကိုယ့်မှာရှိတဲ့ 18-200 Lens နဲ့ပဲ ရိုက်လာရတယ်.။ ဆိုးတော့ မဆိုးပါဘူး.။ 18 ဆိုတော့ တော်တော်လေး Wide ပါတယ်.။ မြစ်ပြင်က လှပေမယ့် အပေါ်က တွဲလောင်းကျနေတဲ့သစ်ရွက်တွေကို ရှောင်ရင်းနဲ့ ၁၈ မရပဲ ၃၅ မီလီမီတာ ယူလိုက်ရတယ်.။ 

ဒီပုံလည်း ရေပန်းဥယျာဉ်မှာပဲ ရိုက်လာတာ.။ Night shot ကိုတော့ သေချာမရိုက်တတ်သေးတော့ စမ်းရိုက်ရင်းနဲ့ လက်လွန်သွားတော့ Exposure time က ၃၀ စက္ကန့်အထိသွားတော့အလင်းတွေ အများကြီးဝင်သွားတယ်.။ နောက်မှ ထပ်ရိုက်ဦးမယ်.။
လောလောဆယ်တော့ ကျန်းမာရေးက နှာစေး၊ ချောင်းဆိုးဖြစ်နေတယ်.။ ဒီနေ့တော့ သက်သာပါပြီ.။ ဘလော့ကို မဝင်ဖြစ်တာလည်းကြာပြီ.။ ရောက်တတ်ရာရာ ပို့စ်လေးတွေလည်း မရေးတာကြာပြီမို့ပါ.။ နောက်ဆိုရင် ဓာတ်ပုံဆိုပြီး Category တစ်ခု သက်သက်ခွဲဦးမယ်လို့ ကြံထားတယ်.။ ဒီလကတော့ အေးဆေးပါ.။ ကျွန်တော် သင်တန်းမပါသေးဘူး..။ အစ်မမဒမ်ကိုး နေပြည်တော်လာရင် တွေ့ဖို့ရှိသေးတယ်.။ လောလောဆယ်တော့ ဒီဇင်ဘာက ချိုမြိန်နေတုန်းပဲ..။ 
လောလောဆယ် ရုံးဆင်းပြီမို့ ထမင်းစားဖို့ လိမ့်ဦးမယ်ဗျာ.။ တော်သေးပြီ..။

သင်တို့၏…
~ငမိုးသည်ဂရိတ်~



ရေးသားသူ : မိုးသက် // 9:19 PM
အမျိုးအစား:

4 comments:

  1. ဘလော့ဂါတိုင်း စာရေးဖြစ်သည်ဖြစ်စေ မရေးဖြစ်သည်ဖြစ်စေ ကိုယ့်ဘလော့လေးကို လွမ်းနေကြမယ်ဆိုတာ ယုံကြည်ပြီးသားပါ။ ဓာတ်ပုံတွေလှတယ် အချိန်ရရင် ဘ၀ဖြစ်စဉ်လေးတွေ ဆက်ရေးပါအုံးလား မိုးသက်ရေ။

    ReplyDelete
    Replies
    1. ဟုတ်ကဲ့တီတင့်.. ရေးမှာပါ.. :)

      Delete
  2. ခုထိချိုမြိန်တုန်းဆိုပဲ....:P

    ReplyDelete
  3. မိုးသက် ..နင်ဘယ်ကိုပြောင်းရတာလည်း...သင်ကြားရေး ပိုင်းလား..

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List