Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Tuesday, December 18, 2012

MyStart by Incredibar ဆိုတဲ့ကောင်လေးကြောင့် စိတ်မညစ်ရစေဖို့...

ဝင်းဒိုးတင်နေရင်းနဲ့ တစ်ခုကိုသွားတွေ့တယ်
ကျွန်တော်တို့ VZO အပါအ၀င် Downloader မှာပါလာတဲ့
My Start ဆိုတဲ့ စိတ်ရှုပ်စရာကောင်လေးတစ်ကောင်ရှိပါတယ်.။
အဲဒါတွေကိုသွင်းပြီးတာနဲ့.
နံပတ်(၁) - firefox အပါအ၀င် သုံးနေတဲ့ Browser အားလုံး ရဲ့ Home Pages တွေအားလုံးက My Start Search Engine ဖြစ်သွားပါတယ်.။
နံပတ်(၂) - အဲဒီကောင်က Default Browserဖြစ်သွားတဲ့အပြင် အသစ်ဖွင့်သမျှ Tab တွေအားလုံးကလည်း My Start ဖြစ်ကုန်ပါတယ်.။
နံပတ်(၃) - ဘရောက်ဇာတွေမှာ My Start tool bars တွေပေါ်လာပါတယ်.။
     အန်တီဗိုင်းရပ်စ်တော်တော်များများက သူ့ကို လက်မခံပါဘူး.။ ဆိုလိုတာက ဒီကောင်လေးကလည်း
Malware အနွယ်ဝင် ပါပဲ. ။ Virus မဟုတ်ပေမယ့်.။ Browser Hijacker တစ်ကောင်ဖြစ်တဲ့အတွက် စိတ်
ရှုပ်ဖို့ကောင်းသလို... ဒုက္ခလည်းပေးနိုင်ပါတယ်.။

     ကျွန်တော်က Chrome မသုံးပါဘူး.။ ဘာလို့လဲဆိုတော့ IDM ရဲ့ Addon က မီးမြေခွေးအတွက်မရှိလို့ပါ.။ဒါပေမယ့် ခရုမ်းအတွက်လည်းရေးပေးပါမယ်.။
အဲဒါ စောစောက VZO တင်ပါတယ်.။ ခုခေတ်အလကားရတဲ့ software တွေတော်တော်များများကို တင်တဲ့
အခါမှာ. သူတို့ ကုမ္ပဏီစာမျက်နှာကို Homepage ထားဖို့နဲ့. tool bars တွေ ထည့်ပေးဖို့ အမှန်ခြစ်ခိုင်းလေ့
ရှိပါတယ်.။ ကျွန်တော်ကတော့ဘယ်အချိန်တင်တင် အဲ့ဒါတွေကို အမှန်ခြစ်ဖြုတ်ပြီးမှ တင်လေ့ရှိပါတယ်.။
Tools bar တွေများလေလေ browser ကနှေးကွေးလေလေပါပဲ.။ တစ်ခါတစ်လေ လက်တစ်လုံးခြားလုပ်ပြီး
အဲဒီအမှန်ခြစ်ခြစ်တဲ့နေရာလေးကို သေးသေးလေးလုပ်ထားတာမျိုး. မှိန်ထားတာမျိုးရှိပါသေးတယ်.။ကဲ
ထားပါတော့.။ ခုနက VZO တင်ပါတယ်.။တင်တော့ ကျွန်တော်လည်း ခါတိုင်း သေချာကြည့်ပါလျက်နဲ့
ဘယ်တုန်းက ဘယ်လို မျက်စိမှားပြီး ကျော်သွားလဲမသိပါဘူးတင်ပြီးတဲ့အခါ ကြည့်လိုက်တော့လက်စွဲတော်
မီးမြေခွေးမှာ အမြင်ကတ်စရာကောင်းတဲ့ Tools ဘားတစ်ခုရောက်နေပါတယ်.။
ဒီလိုပုံလေးပါ..(ပုံကတော့ Googling လုပ်ပြီးရှာထားတာနော် ကျွန်တော့် ဆီမှာ အဲဒီလောက်မရှုပ်ဘူး.)
 ကျွန်တော် အနီနဲ့ကွင်းပြထားပါတယ်.။ ဒီဥစ္စာမှမဟုတ်ပါဘူး.။ အဲဒီလို တစ်ခြား Tool bars တွေရှိပါသေး
တယ်.။ ဘယ်ကောင်ပဲဖြစ်ဖြစ် လေးတာပါပဲ.။
အဲ့လိုဖြစ်နေပြီဆိုရင် အရင်ဆုံး. Windows key + R ကိုနှိပ်ပါ..။ ပြီးရင် appwiz.cpl လို့ရိုက်ပြီး
 Mysearch ဒါမှမဟုတ်.Incredibar နဲ့ပတ်သတ်တာမှန်သမျှ အကုန် Uninstall လုပ်ပါ.။ ပြီးရင်..

မော်ဇီလာကိုအရင်စပြောပါ့မယ်.။
မော်ဇီလာမှာ.. Home Page ကို မိမိယခင်က ထားတဲ့ဥစ္စာဒါမှမဟုတ် သဘောကျတဲ့ဟာ ပြန်ပြောင်းပါ.။
ကျွန်တော်ကတော့ Google ပဲထားပါတယ်.။ အားရင် ရှာရတာလွယ်ပါတယ်.။Home Page ထားရတာ
လည်းလွယ်ပါတယ်.။ အပေါ်က Adress Bar မှာ.။ Google လို့ရိုက် Ctrl+Enter နှိပ် အာ့ဆို.
http://www.google.com ပေါ်လာပြီ.။ အဲဒီအခါ အဲဒီ Tab လေးကို Drag ဆွဲပြီး ညာဖက်က Close
သင်္ကေတ ကြတ်ခြေခတ်လေးအောက်လောက်က အိမ်ပုံလေးထဲကို ဆွဲထည့်လိုက်ရင်  ဒီဥစ္စာကို Home page ထားမှာလားဆိုတဲ့ Dialog box တစ်ခုပေါ်လာပါလိမ့်မယ်. ။အဲဒီအခါ Yes ပေးလိုက်ပေါ့. အဲဒါဆို
ရပါပြီ.။
အဲဒါပြီးရင်.  Firefox ရဲ့ Menu bar ကနေ Tools/Add-ons/Extensions/ ကိုသွားပါ.။ ပြီးရင် Mysearch ဒါမှမဟုတ်.Incredibar နဲ့ပတ်သတ်တာမှန်သမျှအကုန် Remove လုပ်ပါ.။ Firefox ကို Restart ချပါ.။၏
ပြန်ပွင့်လာတဲ့အခါ Home Page ပြန်ပြောင်းနေတာတွေ့ရမှာပါ.။
ပြီးရင် အဲဒီ Adress bar မှာပဲ.။ about:config လိုရိုက်ပြီး Enter ခေါက်ပါ.။ အောက်ပုံလိုပါ..။
 အဲဒီအခါကျရင်.. အဲဒီပေါ်လာတဲ့ I'll be careful, I promise! ကိုနှိပ်ပါ.။နှိပ်ပြီးရင် အောက်မှာ
စာကြောင်းတွေ အများကြီးပေါ်လာပါလိမ့်မယ်.။ အဲဒီအခါကျရင် အပေါ်က Search Box မှာ Mystart
လို့ရိုက်ရှာပါ.။ အဲဒီမှာ ထွက်လာတဲ့စာကြောင်းအနည်းငယ်ရှိပါလိမ့်မယ်.။ တစ်ကြောင်းချင်းစီပေါ်မှာ
Right နှိပ်ပြီး Reset ကိုရွေးပေးရုံပါပဲ..။
       အဲဒါတွေပြီးရင်တော့ မီးမြေခွေးအတွက်အဆင်ပြေပါပြီ.။
Chrome အတွက်ကတော့ လွယ်ပါတယ်.။
Chrome ရဲ့ညာဖက်အပေါ်ထောင့်က ဂွပုံလေးကို နှိပ် ပြီး Toos/Extensions ကိုသွားပါ.။
အောက်ပုံအတိုင်းပေါ့.။
 အဲဒါပြီးတဲ့အခါ Incredibar Addons ကို အမှိုက်ပုံးပုံလေးနှိပ်ပြီးဖျက်ပစ်လိုက်ပါမယ်.။
အောက်ပုံလေးအတိုင်းပါ.။



အဲဒါပြီးရင် Settings/manage search engines..ကိုသွားပါ.။ 

ပြီးရင် Mystart Search Engine ကို အမှားခြစ်နှိပ်ပြီး ဖျက်လိုက်ပါ.။ Google ကို Default ထားလိုက်
ပါ.။
 ဒါဆိုရင် Chrome အတွက်လည်းရပါပြီ.။
     အားလုံးအဆင်ပြေကြပါစေဗျာ.။ ပေါ့ပါးသွက်လက်တဲ့ Browser တွေနဲ့ဖလန်းဖလန်းထနိုင်ကြပါစေ.။




ရေးသားသူ : မိုးသက် // 6:13 PM
အမျိုးအစား:

5 comments:

  1. အသလိုလုပ်စမ်းဘာ အနှစ်တွေလာပီ မသိသူတွေသိသွားတာပေါ့ idm က chrome မှလည်း ရတယ်ဦးလေး ဂယ်ကြောတာနော တားလည်း ပြောင်းသုံးနေတာ

    ReplyDelete
  2. နည်းပညာပိုင်းမှာ အားနည်းသူပီပီ လေ့လာမှတ်သားသွားတယ် မိုးသက်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. မေမြို့မိုးရေ
    နည်းပညာတော့ဘာမှတိဝူးနော်...ဖတ်တော့ဖတ်တာပဲ

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List