Follow me on facebook
ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။
Sunday, December 9, 2012
သန်းခေါင်ယံ ၃၆၅ ခု လွန်မြောက်ပြီးနောက်.(မေမြို့မိုးတစ်နှစ်ပြည့်)
သို့ မခင်သီတာ…
မေမြို့မိုးတစ်နှစ်ပြည့် လွမ်းဆွတ်.. ။ ဟုတ်ပေါင်..။ မေမြို့မိုးဘလော့တစ်နှစ်ပြည့် မွေးနေ့ပါ.။ 
 ဟီးဟီး.. မပေါတော့ပါဘူး.. ။အတည်ပြောပါ့မယ်.။  ဒီနေ့ဘာနေ့လဲသိကြလားဟင်..။ ဒီနေ့ ကျွန်တော့်ဘ၀ရဲ့ 
အစားထိုးမရတဲ့ အရာတွေထဲက တစ်ခုအပါအ၀င်ဖြစ်တဲ့. မေမြို့မိုး ဆိုတဲ့ဘလော့ဂ်လေး တစ်နှစ်ပြည့်တဲ့နေ့
လေ.။ပြီးခဲ့တဲ့ နှစ် ၅-၉-၂၀၁ မှာ OD ဆိုတဲ့နာမည်နဲ့ နည်းပညာဆိုက်လေးတစ်ခုရေးခဲ့ဖူးတယ်.။ နောက်တော့
ကျွန်တော်စဉ်းစားမိတယ်..။ နည်းပညာဆိုက်ဆိုတဲ့အမျိုးက အသစ်အဆန်းဆိုတာထက်စာရင် ဒီနည်းပညာတွေ
ကိုပဲ အာဘော်ပြောင်းပြီး တင်နေကြတယ်ဆိုတာ သတိထားမိတယ်.။ ကျွန်တော်က အဲဒီလိုလုပ်ချင်တာမဟုတ်
ဘူး.။ ဒါပေမယ့် အဲဒီဘလော့လေးကို ကျွန်တော် ဆက်ရေးနေခဲ့တယ်. ။ ကြည့်ရှုသူ  ၊ ဖတ်ရှုသူအင်မတန်နည်း
ပါးပါတယ်.။ စာရေးစာဖတ် ၀ါသနာပါတဲ့ ကျွန်တော် ပျော်ရွှင်မှု ဆိုတဲ့ အရာကိုမရခဲ့ဖူးဘူး.။ ကျွန်တော်တစ်ခုခု
လိုနေသလို ခံစားရပါတယ်.။
            ဟုတ်ပါတယ်.။  ကျွန်တော်လိုနေတာ နွေးထွေးမှုပါ.။နည်းပညာအသိုင်းအ၀ိုင်း ကလူတွေ နွေးထွေးမှု
နည်းပါးကြပါတယ်.။ Blog-walking ဆိုတာ သူတို့အသိုင်းအ၀ိုင်းမှာ မရှိကြဘူး.။သူများဘလော့ကိုသွားလည်ရင်
ပဲ ကိုယ်ရေးထားတာကို နည်းလမ်းခိုးမလိုလို ထင်ခံရမှာကတစ်ကြောင်း ၊ ကိုယ်မှင်ကြီးနဲ့ကိုယ်နေနေကြတာက
တစ်ကြောင်း ဆိုပါတော့.။ပြီးတော့နည်းပညာ ဆိုက်ကို လာတဲ့သူတော်တော်များများက အပူသည်တွေများပါ
တယ်။ ပြဿနာတစ်သီကြီးပါလာတတ်ကြတယ်.။ ဒါမှမဟုတ်ရင် ရေးတဲ့ ဘလော့ဂါကို စမ်းသပ်တဲ့ မေးခွန်းမျိုး
တွေ. စသဖြင့်ပေါ့.။ သူတို့အလုပ်ကလည်းလူတွေကို အကျိုးပြုတာပါပဲ..။ ဒါပေမယ့် အချိန်သိပ်ပေးရလွန်းတယ်။
ပြီးတော့ အချင်းချင်း စိမ်းကားအေးစက်လွန်းတယ်လို့ ကျွန်တော်ထင်တယ်.။ ကျွန်တော်တို့ မိတ်ဆွေကြီး ကို
မောင်တစ်လုံးကတော့ ချွင်းချက်ပေါ့လေ.။
            အဲဒါနဲ့ ကျွန်တော် မမေသိမ့်သိမ့်ကျော်ရဲ့ မိုဘာ ၀က်ဘ်ဆိုက်နဲ့ အနာဂါတ်ကောင်းကင် ၀က်ဘ်ဆိုက်မှာ
စာတွေ စရေးဖြစ်ခဲ့ပါတယ်.။ မေမြို့မိုး ဆိုတဲ့ နာမည်နဲ့ပေါ့.။ အဲဒါမတိုင်ခင်က ယခင်စာအုပ်တွေမှာရေးတဲ့
မုတ်သုံ ဆိုတဲ့နာမည်နဲ့ရေးခဲ့တာပါ.။ အဲဒီဆိုက်နှစ်ခုမှာ မေမြို့မိုးဆိုတဲ့နာမည်ကို စသုံးဖြစ်ခဲ့တာပါ.။ အဲဒီမှာရေး
တော့ အားပေးကြပါတယ်.။ နေ့စဉ် Top Ten ဘလော့ဂါတွေထဲမှာ ပါတော့ စာဖတ်နေကျအစ်မတစ်ယောက်က
ဘလော့ဂ်တစ်ခုရေးဖို့ အကြံပေးပါတယ်. ။ အဲဒါနဲ့ပဲ လွန်ခဲ့တဲ့ နှစ် ဒီလို အချိန်မှာပဲ မေမြို့မိုးဆိုတဲ့ဘလော့ဂ်
လေးတစ်ခုကို စရေးဖြစ်ခဲ့ပါတယ်.။ စရေးရေးချင်းမှာတော့ ထုံးစံအတိုင်းပါပဲ..။ လူဝင်လူထွက် မရှိပေါ့ဗျာ..
ကောင်တာလေးကိုကြည့်လိုက်ရင် Russian Federation 1 ဆိုတာလေးကိုပဲ မြင်နေခဲ့ရပါတယ်.။တစ်ခါတစ်ရံ
မျက်စိလည်လမ်းမှားပြီး ရောက်လာတတ်တဲ့သူတွေက လွဲလို့ပေါ့..။  ကျွန်တော့်ဘ၀မှာပထမဆုံးရောက်လာတဲ့
ကွန်မန့်လေးကတော့ အစ်မဂျက် လို့ချစ်စနိုးခေါ်တဲ့ အစ်မ ဂျက်စမင် ကရေးပေးခဲ့တဲ့ ကွန်မန့်လေးပါ..။ တော်
တော်လည်းေ ပျာ်ရွှင်ခဲ့ရပါတယ်.။ အစ်မဂျက် ၊ ချောကလတ်ကျူးပစ်လေး ၊မကန်ဒီ နဲ့ အန်တီတင့်တို့က ကျွန်
တော့်ကို အရင်ဆုံး လက်တွဲကူညီခဲ့ကြတဲ့သူတွေပါ.။  နောက်တော့ ကျွန်တော် အရမ်းလေးစားအားကျတဲ့
အစ်မ မဒမ်ကိုး တို့ ဇနီးမောင်နှံ ၊ ရေးဟန်တစ်မျိုးနဲ့ ဆွဲဆောင်ထားပြီး ပရိသတ် မပြတ်တဲ့..  မကွန်တို့.ပေါ့.။
နောက်ထပ် ကျွန်တော့်ကို ကူညီလက်တွဲခေါ်ခဲ့ကြတာကတော့ အစ်မသမံစီး ၊ မပစ်ပစ် ၊ ကိုအလင်းသစ် ၊အန်တီ
ကျူတီ၊ ကိုတူးနဲ့ ကိုမောင်နှစ်လုံး တို့ပါ.။ ညီအစ်ကိုမောင်နှမတွေလိုချစ်ခင်လေးစားရပါတယ်.။ ညီလေးတွေ
ထဲကဆို ၀ိဝိ ၊လက်ဝဲတို့လည်း ပါတာပေါ့.။ဒါနဲ့ မှတ်မှတ်ရရ..။ ဘလော့စရေးခါစက မကန်ဒီဘလော့ကိုသွား
လည်တော့ ညီမလေး ဆိုပြီးရေးခဲ့တယ်.။ အာ့နဲ သူကလည်း ဟုတ်ကဲ့ ကိုမေမြို့မိုးကြီး ဆိုပြီး (ဟိဟိ ) လာလာ
မန့်တာ.. တစ်လလောက်ကြာမှ သူ့မွေးနေ့ ဗွီဒီယိုကြည့်မှ အိတ်အိတ်ဘွန်း မှန်းသိပါတယ်.။အဲ့ကျတော့ ထုံးစံ
အတိုင်းဆူခံရတော့ တာပဲ.။ အစပိုင်းကတော့ အသက်မသိရင် ညီမလေးတွေချည်းခေါ်ပါတယ်.။ ညီမလေး
သမီးစံ ၊ ညီမလေး မြတ်ကြည်လို့လဲခေါ်ခဲ့ ဖူးပါတယ်.။ မချိုချဉ်ပြောပြမှ.. အကြီးတွေမှန်းသိတာပါ..  J
            ကဲ တစ်နှစ်တင်းတင်းတော့ပြည့်ခဲ့ပါပြီ.။ စာမျက်နှာပါးပါးလေးတော့ ရေးခဲ့ပြီလို့ထင်ပါတယ်.။အရေးစိတ်
ဖို့ထက် စာကို အနှစ်သက်သက်ပေးချင်တဲ့အတွက်ကြောင့် စာမူများကျဲ တာကို စိတ်မဆိုးကြဘူးထင်ပါတယ်.။
မှတ်မှတ်ရရ နောက်မှ ရေးကြပြီး ခြေလှမ်းကြဲကြသူတွေကတော့ အစ်မ စနိုးနဲ့  မြတ်နိုးသူ ပါ ။ အစ်မစနိုးတို့
သွက်ချက်ကတော့ ကျွန်တော့်ထက်တောင်များနေပြီ.. ။အင်းပေါ့လေ.. မိန်းခေးဆိုတော့လည်းအဲလောက်တော့
ချိမပေါ့..(တကယ်တော့ ကိုယ်ကိုယ်တိုင်က ချာတာပါ..ဟီးဟီး..) ။ မြတ်နိုးမ ကလည်း ဂျက်လွင်ပြင် သမီးပီပီ
ဂျက်တပ်ပြီးပြေးလားအောက်မေ့ရပါတယ်.။ လှစ်လှစ်နေတာပါပဲ.။
            ဘာပဲပြောပြောပါ..။ တစ်နှစ်အတွင်းမှာ . ကျွန်တော်ရေးတဲ့စာက စာဖတ်သူအတွက် အဆိပ်အတောက်
မဖြစ်ခဲ့ဘူးလို့ တော့ထင်မိပါတယ်.။ အကောင်းဆုံးပေးနိုင်ဖို့ ကြိုးစားခဲ့ပါတယ်.။အကောင်းဆုံးကိုပဲ ပေးချင်ပါ
တယ်.။ ကျွန်တော့် အသိုင်းအ၀ိုင်း ၊ ကျွန်တော့်မောင်နှမတွေက ကျွန်တော့်အတွက် မရှိမဖြစ်တဲ့ သူတွေပါ.။ အ
ပေါ်မှာ မရေးခဲ့တဲ့ သူတွေလည်းပါပါသေးတယ်.။ အပေါ်မှာရေးဖြစ်ခဲ့သူတွေက.. ကျွန်တော့်ကို လက်တွဲခေါ်ခဲ့
တဲ့ ကျွန်တော့်ရဲ့ ကျေးဇူးရှင် ဘလော့ဂ်လက်ဦးဆရာတွေပါ.။ ဒါနဲ့ စကားမစပ် သီတင်းကျွတ်တုန်းက မချိုချဉ်
ကိုတောင်သွား ကန်တော့သေးတယ်.။ သိပ်မကြာဝူးကျွန်တော်လည်း  ရည်းစားရတာပဲ.. :D..။ (အဲ့လို ပေးတဲ့
ဆုနဲ့ပြည့်တာ..။ )
         အကျင့်ကမရဘူး. ။ အတည်ပြောရင်းနဲ့ ဖောက်ဖောက်လာတယ်. ။ ကျွန်တော်လည်းအခုတစ်လော သိပ်
မအားဘူးဗျ.(ဘယ်အားမှာလဲ.ဖဘမှာချည်း ဖလန်းနေတာကိုး) မအားဆို စာမွဲကလည်းရှိ ၊ အလုပ်တွေကလည်း
ရှုပ်နေသေးလို့ပါ.။ ဖဘကတော့ ဖွင့်ထားတာပါ.။ ဘာမှလုပ်ပါဝူး.(တော်သေးတာပေါ့..လုပ်များလုပ်ရင်..).။
ကဲကဲ.. ပေါသင့်သလောက်.လည်းပေါပြီးပါပြီ.။ အားလုံးကို လေးစားအားကျစွာဖြင့်. ရှေ့က စီနီယာ ဘလော့ဂါ
ကြီးများ နည်းတူ ကောက်ကောက်ပါအောင် လိုက်လာမည်ဖြစ်ကြောင်း တစ်နှစ်ပြည့် မွေးနေ့တွင် ကတိက၀တ်
ပြုအပ်ပါသည်.။
                                                                                                     မေမြို့မိုး
                                                                                             (၁၀-၁၂-၂၀၁၂)
ရေးသားသူ : မိုးသက် // 12:24 PM
အမျိုးအစား:
23 comments:
  1. ဘလော့သက်တမ်း တစ်နှစ်ကနေ နောင်နှစ်ပေါင်းများစွာတိုင်
    အတွေးအမြင်အသစ်တွေလောင်းလို့ ဘလော့ဂင်းနိုင်ပါစေ မိုးသက်ရေ။
    ရည်းစားရတာလဲ ကြွားလိုက်သေးတယ် ဟိဟိ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
    မေတ္တာဖြင့်
    အန်တီတင့်
    ReplyDelete
    Replies
    1. ပေးတဲ့ဆုနဲ့ ပြည့်ရပါစေ တီတင့်ခင်ဗျာ.။
      Delete
  2. တစ်နှစ်ပြည့်ကလည်း အချိန်တွေကုန်မြန်လွန်းတော့ သိပ်မကြာလိုက်သလိုပဲနော်..။ နောက်နှစ်တွေအများကြီးထိ ဒီဘလော့ဂ်မှာ အကျိုးပြု သုတရသစာတွေ ရေးရင်းနဲ့ ပရင့်မီဒီယာမှာလည်း အောင်မြင်လာနိုင်ပါစေလို့..။
    အစ်မသွက်တာက ကျနော့်ထက်တောင်များနေပြီဆိုလို့ ဘာတွေများများတာပါလိမ့်လို့ ပြီးမှ အစ်မပေါက်ကရရေးတဲ့ ပို့စ်တွေ ပိုများနေတာကိုပြောတာမှန်း သိတော့တယ် :D
    ReplyDelete
    Replies
    1. အာ ဟုတ်ပါဝူး.. ကောင်တာတက်တာများတာကိုပြောတာပါအစ်မရ..။ဟီး.။
      Delete
  3. ဖဘမှာ တော်တော်ဖလန်းနေတယ်..ဘလော့လေးဘာလေး ရေးဦး မမမ ရေရရရရရရရရ
    ReplyDelete
  4. ဟီးးးးဟီးးးးး
    အစ်မတော့ သွားကို စိချိန်မရလိုက်ပု
    သဘောကျတယ် ဘာဒွေမှန်းလဲ မတိပု
    အိတ်အိတ်ဘွန်းမှာ ထစ်နေလို့ ၁ မိနစ်လောက် ကြာတွားသေးဒယ်
    ပြီးမှ သိဒယ်...
    အမက အိတ်သယီးနော် မှတ်ထားအူး
    ဟတ်ပီဘတ်ဒေး ပါကွယ်...
    လူသားအကျိုးပြု သုတ ရသ စာပေတွေ နေ့စဉ်ဖြတ်သန်နေရတဲ့ အတွေ့အကြုံတွေကို ကလောင်စွမ်းထက်ထက် ရေးနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်
    ReplyDelete
    Replies
    1. ပေးတဲ့ဆုနဲ့ပြည့်ပါစေ အစ်မ.။
      Delete
  5. မ-မ-မ ရေ အဲတာလဲ မေမြို့မိုးလို့ပြောတာနော် ဟီး
    နောင်နှသ်ပေါင်းများစွာ စာတွေရေးနိုင်ပါစေလို့ မမြဲအားပေးပြီး
    မကြာခဏရောက်ဖြစ်နေမှာပါ.....ကိတ်လေးလဲစားခဲ့တယ် နောက်လူတွေအတွက်လဲချန်ထားပေးပါတယ်လို့
    ကိုလွင်ပြင်နဲ့ မကြီးဂျက်လိုစိတ်တူ ကိုယ်တူလေးကိုရှာနော်......
    ဒါမှစာရေးဖော်....ဘ၀ဖော်ဖြစ်မှာပေါ့......
    အကျိုးပြုစာတွေရေးတတ်အောင်အားတဲ့အချိန်လေးသင်ပေးပါအုန်းနော်...
    ခင်မင်လျှက်
    ReplyDelete
  6. ညီးအနှစ်တွေက ဂျိုင်လူဆီပဲပေးနေတာကိုးနှစ်ပတ်လည်မှပဲ ပြန်ရောက်လာတယ်အေ အချစ်ပေါ့အောင်မိလုပ်နဲ့ အတွင်းင်တိတွေနော် ဆွဲစိလိုက်လို့ ဂစ်ဂစ် ဖစ်တွားမယ် ခိခိ
    ဘလော့တနှစ်ပြည့်မှသည် တသက်လုံး ဂျိုင်လူနဲ့ မွေးလာမယ့် သားသားမီးမီး ၁၂၃၄၆၆၇၈၉ အထိ ဆွေစဉ်မျိုးဆက် ဘလော့ရေးနိုင်ပါစေတော်းးးးးးးးး) ကလေးတွေ နံပတ်ပြည့်တွားလို့ နော မလောက်သေးရင် ရောမ ဂဏာန်းနဲ့ ရေးပေးအုံးမယ်း တိန်းးးးးးးး))))
    ReplyDelete
    Replies
    1. အွင်း..ေ ပးတဲ့ဆုနဲ့ပြည့်ပါစေ.. ဟီး.(နဲနဲတော့လန့်တယ်.)
      Delete
  7. ဘလော့သက်တမ်းတော့ တစ်နှစ်ပြည့်သွားပြီ.. စာက သိပ်မရေး.. တချိန်လုံးဖေ့ဘွတ်မှာ ဖလန်းနေတယ်.. နာထုလိုက်ရ နာတော့မယ်.. :P
    ReplyDelete
    Replies
    1. ကြောက်ပူး.. ။ အတက်စွန့်ပီးကယ်မယ့်တူချိတယ်.
      Delete
  8. ဘလော့သက်တမ်း တစ်နှစ်မှသည် နောင်နှစ်ပေါင်းများစွာ ၀ါသနာတူ စာပေချစ်သူများနှင့်
    စာပေခရီးဆက်နိုင်ပါစေ ။
    ReplyDelete
  9. မမမ
    ဘလော.သက်တမ်းတစ်နှစ်ပြည်.မှ
    နောင်နှစ်ပေါင်းများစွာမှာသုတရသစာပေနှင်ကဗျာတွေစာတွေရေး၇င်း
    ခင်တဲ.အန်တီလေးမေခင်
    ReplyDelete
  10. အခါလည်သားလေးပေါ့လေ....၊နှစ်ပေါင်းများစွာတည်တံ့ပါစေဗျားးးးးးးးးးးး
    ReplyDelete
  11. စာတွေအများကြီးရေးနိုင်ပါစေမမမရေ
    ReplyDelete
  12. တိန် တိန် တိန် ... တစ်နှစ်ပြည့်ဖိုးသားလေးပို့ကို ခုမှဖတ်ရတယ် .. ကိုယ်ကလဲ ဖေ့ဘွတ်မှာ ကဲနေမိတာကိုး .. ဘလော့ဝေါကင်းကို ခုမှ လည်ဖြစ်တယ် ... စာမှန်မှန်ရေး ဆော်သိပ်ကျူမနေနှင့် ငိငိငိ .. ;D
    ReplyDelete
  13. အမလဲတူတူပဲ..ဟိုရက်ကဆိုပိုတောင်ဆိုးသေးတယ်..ဘလော့ကဖွင့်မရလို့...နေ့တိုင်းလိုလို
    fb ပေါ်တင်စား fb ပေါ်တင်အိပ်ဆိုသလိုဖြစ်နေပြီ..အမေကလဲ မျက်စောင်းထိုးလှပြီ...:).ဟိ..
    ဒါပေသိ...လိုင်းကတော့မကောင်းဘူးကိုယ့်လူ...၀င်သက်ထွက်သက်ပဲ......:P
    မောင်လေးရဲ့ ရင်နှစ်သည်းချာ ရတနာလေး တစ်နှစ်ပြည့်မှသည်...နောင်နှစ်ပေါင်းများစွာတိုင်အောင်....
    ခင်တဲ့...အမမိုးနတ်
    ReplyDelete
  14.်တစ်နှစ်ပြည့်မှ ..နှစ်စဉ်နှစ်တိုင်း နောင်နှစ်ပေါင်းများစွာထိ ဆုတောင်းပေးပရစေ မောင်လေးရေ..
    အကြောင်းအမျိုးမျိုးကြောင့် မရေးဖြစ်တော့တဲ့ ဘလော့ဂါတွေ မြင်မိတိုင်း စဉ်ဆက်မပြတ် သံယောဇဉ်တွေနဲ့
    တည်ရှိနေတဲ့ ဘလော့လေးတွေကို ..ကျေးဇူး တင်မိတယ် ...
    ပျော်ရွင်ဖွယ် ခရစ်စမတ်နဲ့ အတူ Happy New Year ..ပါ မောင်လေး....ရေ..
    ReplyDelete
  15. အေးဗျာ..ဘလောဒ့်တစ်နှစ်ပြည့်ကလေးကလည်း ဖတ်လို့အကောင်းသား
    ဆက်လက်ပြီးများများရေးပါဗျာ ကျွန်တော်ကတော့ အလုပ်အားတာနဲ့ လည်ဖတ်တော့တာဘဲ
    ပိုစ့်တင် တင်ခြင်းသာ မဖတ်နိုင် မရောက်နိုင်တာပါ အလုပ်အားလို့ အချိန်ရပြီဆိုရင် အကျန်အကြွင်းက အစ ၀င်ဖတ်တော့တာ ။
    ဤ ၁ နှစ်ပြည့်နေ့လေးမှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် ချစ်စွာသော ဘလောဒ့်ဂါ အပေါင်းနှင့် ဆက်လက်ထုဆစ်နိုင်ပါစေဗျာ။
    ReplyDelete
မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......
My Blog List