Follow me on facebook

ပရဟိတစိတ်ရှိသူအားလုံးကို စိမ်းလန်းမြေ ပရဟိတအဖွဲ့မှကြိုဆိုပါသည်...အသေးစိတ်သိရှိနိုင်ရန်ဤနေရာတွင်ဖတ်ရှုပါ.။

Wednesday, October 3, 2012

တီးတိုးစကား..

        မရေးတာလည်း တော်တော်ကြာနေပါပြီ.။ ကျွန်တော်ကိုယ်တိုင်ကလည်း အလုပ်များနေတယ်လို့ ဆင်
ခြေပေးမလို့ အစကကြံပါသေးတယ်.။ နောက်တော့ ဒီလူနဲ့ဒီလူ ဖဘ မှာ အားအားယားယား ကွိကွိကွကွလုပ်
နေတာတွေ မမြင်တာ မှတ်လို့. ညာတော့ပါဝူးလေ ဆိုပြီး. ၀န်ခံရပါတယ်. ။ဟုတ်ကဲ့ ကျွန်တော် အပျင်းထူ
သလိုလို အလွမ်းပူသလိုလို ဖြစ်နေတာ ပါ.။
       လူက အရည်ထွက်မတတ်ပျင်းနေတဲ့အချိန်မှာ အားထားစရာတစ်ခုတည်းသော ကွန်ပျူတာလေးကို
ဝင်းဒိုးတင်မယ်လုပ်ပါတယ်.။ ကွကို အေးဆေးတင်လည်းရရဲ့သားနဲ့ ပုံးမဖွင့်တာလဲ ကြာပြီ.၊ ဖုန်လေးဘာ
လေးသုတ်ဦးမှ ဆိုပြီး. စက်ကိုဖွင့် fan ကိုဖြုတ်.၊ အောက်က Processor ကို ဖြုတ် ၊ ကော်တွေဘာတွေပြန်
သုတ်ပေါ့ဗျာ။ ပြန်တပ်တော့ ဆရာသမား မော်နီတာ က တက်မလာတော့ဘူး.။ အဲဒါနဲ့ ကြိုးတွေ သေချာ
ပြန်စစ် ၊ တစ်ညလုံး ထိုင်ရှာတာကို ဘာဖြစ်မှန်းမသိပါဘူး.။နောက်တော့ စစ်စရာက မားသားဘုတ်နဲ့
processor ပဲကျန်တော့ တယ်ဆိုပြီး ပြန်ဖြုတ်မှ. လားလား မျက်စိ မှုန်ခြင်းရဲ့အကျိုးဆက်ကို ခံစားရတာပဲ။
Processor လေးကို အံမကျပဲ ကလစ်ပိတ်လိုက်တော့ အောက်က socket လေးတွေကို ထောက်မိပြီး socket
သေးသေးလေး ၂ ချောင်း ၊(သေးသေးလေးမှ တကယ့်သေးသေးလေး ၂ ချောင်း )အထဲကိုကျွံဝင်နေတာ
တွေ့တယ်.။ သေရောဗျာ..။ မားသားဘုတ် အသစ်လဲမှ ရတော့မယ်ဆိုတာ သိလိုက်တယ်.။
        ဒီနေ့မနက် အဖော်မရှိတာနဲ့ ယောက်ဖ လုပ်သူကို ဇွတ်မရရအောင်ခေါ်ပြီး မော်စကို မှာ အဲဒါသွားဝယ်
ဖို့လုပ်တယ်.။ ဆိုင်ဝက်ဘ်ဆိုက် http://www.forum3.ru မှာကိုယ်နဲ့သင့်တော်တဲ့ မားသားဘုတ်ကိုရှာ၊ပြီးတော့
နံပတ် မှတ်.၊ မနက်ကျတော့ ကော်ဖီသောက်ပြီးထွက်ခဲ့ကြတယ်.။ အရင်ဆုံး စာတိုက်မှာ E-bay က မှာထား
တဲ့ပစ္စည်းတွေ ရောက်လို့ သွားယူတယ်။ ပြီးတော့ ပစ္စည်းသွားဝယ်တယ်.။ အဲဒီဆိုင်ရဲ့ System က တစ်မျိုး၊
စနစ်တော်တော်ကျပါတယ်.။ ဆိုင်မှာ နံရံကပ် ကွန်ပျူတာတွေရှိတယ်.။ အဲဒီမှာ ပစ္စည်းအမျိုးအစား အလိုက်၊
မော်ဒယ်အလိုက် ၊ ဈေးနှုန်းအလိုက် ၊ ရှာလို့ရတယ်.။ (ကျွန်တော့်လို ဆိုင်ဝက်ဘ်ဆိုက်က တစ်ခါတည်းရှာ
လာရင်လည်းရတယ်. ) ပြီးရင် ပစ္စည်းနံပတ်ကို စာရွက်လေးနဲ့ ရေးပြီး ဘောက်ချာသွားဖြတ် ၊ ပြီးတော့ အဲဒီ
ဘောက်ချာကိုယူပြီး တစ်နေရာမှာ ငွေသွားရှင်း.၊ ပြီးရင် အောက်ထပ်မှာ ကိုယ့်ပစ္စည်းကို သွားထုတ် ရုံပဲ.။
 ဒီနေ့ကျောင်းဘဏ်မှာ ဒေါ်လာသွားလဲ ရင်းနဲ့ရိုက်လာတာ.. လူကြည့်တော့ လက်တောက်လောက်ရှိသေး
တယ် .။ စကေးကတော့ မသေးလှဘူး။
                စကိတ်မစီးဖြစ်တာလဲ ကြာပါပြီ.။  ရာသီဥတုက နည်းနည်းချမ်းလာပြီ..။ အနွေးထည်တွေဝယ်
နေကြပြီ.။ ကျွန်တော်လည်း Ebay က တစ်ထည်ဝယ်ထားတယ်.။ အရမ်းအထူကြီးတော့မဟုတ်ဘူး.။ အထူက
တစ်ထည်ထပ်ဝယ်ရမယ်ထင်တယ်.။ ပုံစံလေးသဘောကျလို့ပါ.။
           ဟိုတစ်နေ့က ဖဘ မှာတွေ့သလို လေ.။ သူပြထားတာက လှတပတ ကိုယ်ဝတ်လိုက်မှ ကိုးလိုးကန့်
လန့်ဖြစ်နေမှာက ကြောက်ရသေးတယ်.။ဘော်ဒီလည်း တောင့်မှ လှမှာဆိုတော့ ကွကို ကြိတ်ပြီးလေ့ကျင့်
နေရတယ်.။ဒါနဲ့ ကျွန်တော် ဗိုက်ခေါက်နဲနဲ ထူလာသလိုပဲ.(သများကို လျှောက်ပြောနေလို့ဝဋ်လည်တာလား
သိဝူး..:'(....)ဘောဆင်းမကန်တာ ကြာလို့လားမသိဝူး.။ ဘာမှလည်းသောက်ပဲနဲ့ ဗိုက်ပူချင်နေတယ်.။
အသိသာကြီးတော့မဟုတ်ဘူး .။ တိတ်တိတ်ကလေး ခိုးပူနေတာ.။
            ထားပါတော့.အဲ့တာနဲ့ လိုရင်းမရောက်တော့ဘူး.။ မားသားဘုတ်ဝယ်ပြီး ပြန်လာတော့ တစ်သက်
နဲ့တစ်ကိုယ်တစ်ခါမှ မကြုံဖူးတဲ့ လူကြပ်တာကိုကြုံတယ်.။ခါတိုင်းတစ်ခါမှမကြပ်တာတော့မဟုတ်ဘူး.။
ဒီတစ်ခါ ကြပ်တာက နိုင်းလောက်ရှိတယ်.။ အရင်က ဆရာတွေပြောဖူးတယ်။ မော်စကိုမှာ လူဦးရေရဲ့
တစ်ဝက်လောက်ကမြေအောက်ထဲမှာ ပုံမှန်ရှိတယ်တဲ့.။ ဒီတစ်ခါ မက်ထရိုစီးတာလောက်ကြပ်တာမကြုံဖူး
သေးဘူး.။ တကယ့်ကို ငါးပိသိပ်ငါးချဉ်သိပ်ဖြစ်နေတာ.။ မြေအောက်ရထားကထွက်တော့လည်း မြေပေါ်ရ
ထားမှာ တစ်ခါကြပ်ပြန်ရော.၊ မြေပေါ်ရထားပေါ်မတက်ခင်.. မျှော်နေတဲ့သူဆီ ဖုန်းဆက်လိုက်သေးတယ်.။
ဒီနေ့လည်း မအားပါ ဆိုတဲ့အကြောင်းကိုစိတ်မကောင်းစွာဖြင့်ပေါ့.။
         အခုတစ်လော လည်းတော်တော်ပင်ပန်းပါတယ်.။ ကျွန်တော်တို့ ယူထားတဲ့မေဂျာက စီနီယာမရှိတဲ့
မေဂျာဖြစ်နေတယ်.။ မေဂျာယူတုန်းကလည်း ရီရတယ်.။ ပရော်ဖက်ဆာက အခန်းထဲခေါ်ပြီး သူက ရူပဗေ
ဒဆိုင်ရာ တွေမေးတယ်.။ ကျွန်တော်တို့ကလည်း မေ့တဲ့ဟာကမေ့ဆိုတော့ ဟုတ်တိပတ်တိ မဖြေနိုင်ကြဘူး။
ပြီးတော့တစ်ချို့ဟာတွေက အင်္ဂလိပ်လိုသိပေမယ့်. ရုရှားလိုကကျတော့ terms တွေက မတူတော့ သိတဲ့
ဥစ္စာတောင် ဘာမေးမှန်းမသိတာမျိုးတွေဖြစ်နေတယ်.။ သူက Informal ပြောတဲ့ စကားနဲ့မတူတာလည်းပါ
မှာပေါ့.။ အဲဒီမှာ သူကဘာမေးလည်းဆိုတော့ နာနို အကြောင်းပြောတယ်.။ Nano-electronics  ကိုရုရှားလို
အသံကျတော့ နာနို အလက်သရိုညိကာ လို့ပြောတော့အားလုံးကနားလည်ပြီး အလုအယက်ရှင်းကြတော့
ဆရာက သဘောကျသွားပြီး ကျွန်တော်တို့လုပ်ရမယ့်စာတမ်းကို နာနို လို့ရွေးပေးလိုက်ပါလေရော.။ အခု
ကျတော့ စီနီယာ မရှိတော့ နဲနဲတော့အလုပ်ရှုပ်ပါတယ်. ။ သူပေးတဲ့ စာအုပ်ကြီးတွေကို ဖတ်ရတာ ၊ဘာသာ
ပြန်ရတာ.၊ Presentation လုပ်ရတာ တွေနဲ့ဆိုတော့ တစ်ခါတစ်လေ မအားဘူး.။(ဒါမဲ့ ဖဘတော့ဝင်သား..)
အခု မရေးဖြစ်တာလည်းတော်တော်ကြာနေပြီ.။ ဒီပို့စ်ကတော့ ဖြစ်ကတတ်ဆန်းရေးလိုက်တာတော့မဟုတ်
ပါဘူး.။ ကိုယ့်လက်ရှိ အခြေအနေလေးကို Update ဖြစ်အောင်လုပ်တာပဲပြောပြော..။ မောင်နှမတွေကို
တီးတိုးစကားလေးတွေဆိုပြီး  တွတ်ထိုးတဲ့သဘောပါပဲ....။ ပြီးတော့ ၀တ္ထု.၊ ကျွန်တော်ဝတ္ထုမရေးတာကြာပြီ
ထင်တယ်နော်.။ ဆက်ရေးပါမယ်.။ သိပ်မကြာခင် လာပါမယ်..။ အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်း
ဖလန်းဖလန်း ထနိုင်ကြပါစေဗျာ.။
             



ရေးသားသူ : မိုးသက် // 2:20 PM
အမျိုးအစား:

15 comments:

  1. ခင်လို့ အကြံပေးမယ်မောင်နွေမိုး အင်္ကျီအနီပဲဝတ်ပါ အခြားအရောင်တွေဝတ်ရင် မှတ်မိတော့ဘုရော.. :P

    ReplyDelete
  2. အင်္ကျီလေးမိုက်တယ် အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ထည်ရှိမှ ကြည့်ကောင်းမှာဆိုတော့ နွေမိုးလည်း ဂျင်လေးဘာလေး မှန်မှန်ကစားပေါ့း)
    ငါးပိရည်နဲ့တို့စရာစုံစုံလင်လင် အပ်ဒိတ်လေးဖတ်သွားတယ်နော် :P
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. ကျွန်တော်စက်လေးလည်း ညကကလိလိုက်လို. ပြတင်းပေါက်ပြန်လဲရတော့မယ်။အဟင့်
    ဟုတ်တယ်။ကျွန်တော်တို.ကနွေမိုးအနီဝတ်မှမှတ်မိတာ။:DD

    ReplyDelete
  4. မြတ်နိုးသူ(MUFL)October 3, 2012 at 10:05 PM

    အင်္ကျီလေးမိုက်တယ်သယ်ရင်းဒါပေမယ့်
    သယ်ရင်းနဲ့မလိုက်ဘူးထင်တယ်ဟိနောက်တာ
    အားပေးသွားတယ်သယ်ရင်း

    ReplyDelete
  5. အင်္ကျီလေးလဲလှတယ် ၀တ္ထုလေးတွေလဲ မျှော်နေပါ့မယ်

    ReplyDelete
  6. ဘာမှလည်းသောက်ပဲနဲ့ ဗိုက်ပူချင်နေတယ်-----
    အင်းလေ----ပြောတော့လဲယုံပေးရတာပေါ့
    မထင်ပေါင်ကွယ်---
    ခင်မင်တဲ့ sis jasmine

    ReplyDelete
  7. အင်္ကျီလေးကတကယ်တမ်းဝတ်လိုက်ရင်တော့
    နွေမိုးနဲ့လိုက်မှာပါကွယ်ဗိုက်ပူနေတာလေးတော့
    နည်းနည်းလျှော့လိုက်ပေါ့
    အားပေးသွားပါတယ်ခင်တဲ့အန်တီလေးမေခင်

    ReplyDelete
  8. အကျီလေးက လှတယ်....မိုးနတ်တို့ အရင်က မခင်ဘူးပေမဲ့...စာတွေ
    ဆက်လက်ပြီးထုဆစ်နိုင်ဖို့ မျှော်လင့်မိတယ်..
    ခင်မင်နေတဲ့...မိုးနတ်

    ReplyDelete
  9. ဟင်းးဟင်းးဟင်းး
    ဘာမအားဘူးလည်း
    နင်တနေ့လုံးဖဘ မှာ ဖလမ်းဖလမ်းထနေတာ
    ငါမမြင်ချင်မှအဆုံး
    စီအိုင်အေက လျှင်ပြီးသား
    ဟွန့်

    ReplyDelete
  10. တီးတိုးစကားတွေ အကုန်ကြားသွားပါတယ် နွေမိုးရေ... စာသင်ရတာ အစစအရာရာအဆင်ပြေပါစေ :)

    ReplyDelete
  11. အင်္ကျီ လေးကို ကြိုက်တယ်။

    ReplyDelete
  12. ဖုန်အသုတ်လွန်သွားလို့ မားသားဘုတ်ဝယ်လိုက်ရတယ်။ မိုက်ပါဘူး ဘရားသားရာ။ ပိုက်ပိုက် ဘယ်လောက်ကုန်သွားလဲ။

    ReplyDelete
  13. အိမ်း ငမမ တစ်ယောက် အမြန်ဆုံးဖလမ်းဖလမ်း ထနိုင်ပါစေဗျာ

    ReplyDelete
  14. ဆက်ပြီးအားပေးနေပါတယ် အစ်ကို
    ဆက်ရေးမယ့် ဝတ္ထုတွေကို မျှော်နေပါကြောင်း
    ဟဲဟဲ ... နာမည်က နည်းနည်းဆင်သွားသလိုပဲ
    နွေမိုး နဲ့ နွေလ

    ReplyDelete
  15. နွေမိုး=ဗိုက်ပူ ခစ်ခစ် :P

    ReplyDelete

မိတ်ဆွေတို့ရဲ့ မှတ်ချက်က ကျွန်တော့်ရဲ့ စာမူခလို့ ဆိုလို့ရသလို..
နောက်တစ်ပုဒ်ဖန်တီးဖို့ အားဆေးတစ်ခွက်ပေါ့ဗျာ......

 

My Blog List